Saturday, June 27, 2020

α€›ေတိα€™်α€›ောဂါα€–ြα€…်ပွားα€œျှင် ထ α€™ြင်ထာα€›ုံဆုံးα€›ှုံးα€™ှု α€™α€–ြα€…်α€…ေα€›α€”် α€…ော

α€›ေတိα€™်α€›ောဂါα€–ြα€…်ပွားα€œျှင် ထ α€™ြင်ထာα€›ုံဆုံးα€›ှုံးα€™ှု α€™α€–ြα€…်α€…ေα€›α€”် α€…ောα€…ီးα€…ွာα€€ုα€žα€™ှုခံα€šူα€›α€”် α€œိုထပ် α€€ြောင်း α€€ျα€”်းα€™ာα€›ေးα€”ှင့်ထားα€€ α€…ားဝန်α€€ြီးα€Œာα€”α€€ α€‘α€žိပေးα€”ှိုး ဆော်α€žα€Š်။
===============================================================

α€›ေတိα€™်α€›ောဂါα€žα€Š် α€™ျα€€်α€…ိ ထတွင်းပိုင်း α€›ေα€–ိထားပုံα€™ှα€”်ထက် α€™ျားα€œာခြင်းα€€ြောင့် α€™ျα€€်α€…ိထာα€›ုံ α€€ြော ထိခိုα€€်ပျα€€်α€…ီးရခြင်းα€–ြα€…် α€žα€Š်။ ထစောပိုင်းတွင် α€›ောဂါ α€œα€€္ခဏာα€™ျားα€€ို α€žα€ိမထားα€™ိ α€˜ဲα€”ေထိုင်α€™ိα€›ာα€™ှ α€€ုα€…ား၍α€™α€›α€”ိုင် α€žော  ထမြင်ထာα€›ုံဆုံးα€›ှုံးα€žα€Š်ထ ထိ  ဆိုးα€›ွားα€žွားα€”ိုင်α€žα€–ြင့် α€…ောα€…ီး α€…ွာα€€ုα€žα€›α€”် α€œိုထပ်ခြင်းα€–ြα€…် α€žα€Š်။

α€šα€„်းα€›ောဂါα€žα€Š် α€‘α€žα€€် ထရွα€š်α€™α€›ွေး α€–ြα€…်α€”ိုင်α€žော်α€œα€Š်း α€‘α€žα€€် (၄၀) α€”ှα€…်ထထက်တွင်ပိုα€™ို α€–ြα€…်ပွားα€œေ့α€›ှိα€žα€Š်။

ထို့ထပြင် α€™ိα€˜α€™ျိုးα€›ိုးတွင်  α€›ေတိα€™်α€–ြα€…်α€–ူးα€žူα€™ျား၊ α€™ျα€€်α€…ိထ တွင်းပိုင်း α€›ောင်α€›α€™်းခြင်း α€›ာဇဝင် α€›ှိα€žူα€™ျား၊ α€™ျα€€်α€…ိ ထိခိုα€€်ဒဏ်α€›ာ α€›α€–ူးα€žူα€™ျား၊ စတီးα€›ွိα€€်ပါα€žော ဆေးα€™ျား α€€ြာα€›ှα€Š်α€…ွာα€žုံးα€…ွဲα€”ေα€› α€žူα€™ျား၊ ဆီးချိုα€›ောဂါα€›ှိα€žူα€™ျားα€”ှင့်  ထတွင်းတိα€™်α€›ောဂါα€€ို α€›ောဂါရင့် α€žα€Š်ထထိ  α€™α€€ုα€žα€˜ဲα€€ြာα€™ြင့်α€…ွာ ထားα€žူα€™ျားတွင် α€–ြα€…်ပွားα€”ိုင်α€žα€Š်။

α€›ောဂါα€œα€€္ခဏာα€™ျားα€™ှာ α€™ျα€€်α€…ိထာα€›ုံα€€ြော ထိခိုα€€်α€žα€–ြင့် α€™ျα€€်α€…ိα€™ြင်α€€ွင်း တဖြα€Š်းα€–ြα€Š်း α€€ျဉ်းα€œာခြင်း၊  α€›ုတ်တရက်ပြင်း ထန်α€›ေတိα€™်α€™ျားတွင် ထမြင်ထား α€€ျဆင်းခြင်း၊ α€™ျα€€်α€…ိတစ်ဝိုα€€်ထ ပြင်းထထန် α€€ိုα€€်ခဲခြင်း၊ ခေါင်း α€€ိုα€€်ခြင်း၊ ပျို့ထန်ခြင်း၊ α€™ျα€€်α€…ိα€”ီ α€›ဲခြင်းတို့ခံα€…ားရတတ်α€žα€Š်။

ထဆိုပါα€›ောဂါα€žα€Š် α€›ေ တိα€™်α€–ြα€…်ပွား၍ ထိခိုα€€်α€žွားα€žော ထမြင်ထာα€›ုံα€€ြောα€€ို ပြα€”်α€œα€Š် α€€ောင်းα€™ွα€”်ထောင် α€€ုα€žα€›α€”်α€™α€–ြα€…် α€”ိုင်α€žော်α€œα€Š်း  α€™ျα€€်α€…ိထတွင်းα€–ိ ထားα€€ိုα€œျှော့ချα€›α€”် ဆရာဝန်α€Šွှα€”် α€€ြားထားα€žော α€™ျα€€်စဉ်းဆေး α€™ျားα€€ို α€Šွှα€”်α€€ြားချα€€်ထတိုင်း ပုံα€™ှα€”်ခတ်ခြင်း၊ ဆေးα€žောα€€်ခြင်း၊ α€œေဆာα€–ြင့်α€€ုα€žα€ြင်း၊ ခွဲα€…ိတ် α€€ုα€žα€™ှုခံα€šူခြင်းတို့α€–ြင့် ထမြင် ထာα€›ုံဆုံးα€›ှုံးခြင်းα€€ို α€€ာα€€ွα€š်α€”ိုင် α€€ြောင်း ဆရာဝန်α€™ျားα€€ ပြော α€žα€Š်။

α€™ြα€”်α€™ာα€”ိုင်ငံတွင် α€–ြα€…်ပွားα€™ှု α€™ျားα€žော α€™ျα€€်α€…ိα€›ောဂါα€™ျားထဲ တွင် α€›ေတိα€™်α€›ောဂါပါဝင်ပြီးα€šα€„်း α€›ောဂါα€žα€Š် ထမြင်ထာα€›ုံဆုံးα€›ှုံးα€™ှု α€€ိုα€–ြα€…်α€…ေα€žော α€™ျα€€်α€…ိα€›ောဂါα€™ျား ထနက်  တစ်ခုထပါထဝင်α€œα€Š်း α€–ြα€…်α€€ြောင်း  α€™ျα€€်α€…ိထထူးα€€ုဆရာ ဝန်α€€ြီးα€™ျားα€€ ပြောα€žα€Š်။



Crd...

α€€ိုα€—α€…် ထိα€”်းချုပ်α€›ေး α€Šွှα€”်α€€ြားချα€€် တွေα€€ို ဇူα€œိုင်α€œ (၁၅) α€›α€€်α€”ေ့ထထိ ထပ်α€™ံတိုးα€™ြှင့်

α€€ိုα€—α€…် ထိα€”်းချုပ်α€›ေး α€Šွှα€”်α€€ြားချα€€် တွေα€€ို ဇူα€œိုင်α€œ (၁၅) α€›α€€်α€”ေ့ထထိ ထပ်α€™ံတိုးα€™ြှင့်
=========================================================================α€šα€ုတစ်α€€ြိα€™်α€€ ငါးα€€ြိα€™်α€™ြောα€€် ထဖြα€…် ထပ်α€™ံ တိုးα€™ြှင့် α€œိုα€€်တာပါ။COVID-19 α€›ောဂါα€€ာα€€ွα€š်ထိα€”်းချုပ်α€›ေးထတွα€€် ဇွα€”်α€œ (၃၀)α€›α€€်α€”ေ့ ထထိ ထုတ်ပြα€”်ထားတဲ့ထမိα€”့် α€Šွα€”်α€€ြားချα€€် တွေα€€ို ဇူα€œိုင်α€œ(၁၅)α€›α€€်α€”ေ့ထထိ ထပ်α€™ံတိုးα€™ြှင့် α€œိုα€€်ပြီα€–ြα€…်α€€ြောင်း COVID-19 α€€ာα€€ွα€š် ထိα€”်းချုပ်α€€ုα€žα€›ေး α€—α€Ÿိုα€€ော်မတီα€€ α€€ြေα€Šာ α€œိုα€€်ပါα€α€š်။
α€›ောဂါပိုးα€€ူးα€…α€€်ပျံ့α€”ှံα€™ှုα€€ို ဆက်α€œα€€်ထိα€”်းချုပ်ဆောင်α€›ွα€€်α€–ို α€œိုထပ်တာα€€ြောင့် α€–ြေα€œျှော့ပေးတဲ့α€€ိα€…္စရပ်တွေα€€ α€œွဲပြီး ပြα€Š်ထောင်α€…ုထဆင့်ထဖွဲ့α€‘α€…α€Š်းတွေ၊ ပြα€Š်ထောင်α€…ုဝန်α€€ြီးα€Œာα€” တွေα€€ ထုတ်ပြα€”်ထားတဲ့ ပြα€Š်α€žူ့α€žို့ ပန်α€€ြားချα€€်၊ ထမိα€”့်α€€ြော်ငြာα€…ာ၊ α€Šွα€”်α€€ြားချα€€်တွေα€€ို ထပ်α€™ံတိုးα€™ြှင့် α€žα€်α€™ှတ် ဆောင်α€›ွα€€် ထားα€α€š်α€œို့ α€’ီα€”ေ့ ဇွα€”်α€œ ၂၇ရက်α€”ေ့α€Š ၈ α€”ာα€›ီα€™ှာ COVID-19 α€€ာα€€ွα€š် ထိα€”်းချုပ်α€€ုα€žα€›ေး α€—α€Ÿိုα€€ော်မတီα€€ α€€ြေα€Šာ α€œိုα€€်ပါα€α€š်။α€’ီα€€α€”့်α€žα€်ချα€€်တွေα€€ို ပထမထကြိα€™် ထဖြα€…်ဧပြီα€œ ၃၀ α€›α€€်α€€α€”ေ α€™ေα€œ ၁၅ α€›α€€်ထထိ၊ α€’ုတိα€šα€‘α€€ြိα€™် ထဖြα€…် α€™ေα€œ ၃၁ α€›α€€်ထထိ၊ တတိα€šα€‘α€€ြိα€™် ထဖြα€…် ဇွα€”်α€œ ၁၅ α€›α€€်α€”ေ့ထထိ၊ စတုတ္ထထကြိα€™်ထဖြα€…် ဇွα€”်α€œ ၃၀ α€›α€€်ထထိ ထပ်α€™ံ တိုးα€™ြှင့် α€œာα€›ာα€™ှာ α€šα€ုဆိုရင်တော့ ပ ဉ္စမထကြိα€™်α€™ြောα€€်ထဖြα€…် ဇူα€œိုင်α€œ ၁၅ရက်α€”ေ့ထထိ ဆက်α€œα€€် တိုးα€™ြှင့် ဆောင်α€›ွα€€် α€œိုα€€်တာပါ။

ထဆိုပါ တိုးα€™ြှင့်α€žα€်α€™ှတ်ချα€€်တွေ α€™ှာ α€œူα€…ုα€œူဝေး α€”ဲ့ပြုα€œုပ်ရတဲ့ ပွဲα€œα€™်းα€˜α€žα€„်၊ ထခမ်းထနားတွေ α€€ျင်းပခွင့် α€™α€› α€žေးတာ၊ α€œူα€…α€Š်α€€ားα€”ိုင်တဲ့ α€›ုပ်α€›ှင်α€›ုံ တွေ ပြα€”်α€–ွင့်ခွင့်α€™α€›α€žေးတာ၊ ပြα€Š်α€•α€œေα€€ြောင်း α€œိုင်းတွေ ရပ်α€”ားထားတာ၊ ပြα€Š်ဝင်ခွင့်α€—ီဇာတွေ α€šာα€šီရပ်α€”ားထားတာ စတဲ့ α€€α€”့်α€žα€်ချα€€်တွေ ပါဝင်α€”ေတာα€–ြα€…်ပါα€α€š်။ ဇွα€”်α€œα€†α€”်းပိုင်းα€œောα€€်α€€ စပြီး ထဝေးပြေး α€šာဉ်α€œိုင်းတွေ၊ α€…ားα€žောα€€်ဆိုင်တွေ α€€ို α€€ိုα€—α€…် α€€ာα€€ွα€š်α€›ေး α€…α€Š်းα€€α€™်းချα€€်တွေα€”ဲ့ α€‘α€Šီ ပြα€”်α€œα€Š်α€–ွင့်α€œှα€…်ခွင့်ပေး α€œိုα€€်ပြီး α€œာα€™α€š့် ဇူα€œိုင်α€œα€‘α€ွင်း α€™ှာα€œα€Š်း ထခြေခံα€•α€Šာ α€€ျောင်းတွေα€€ို ထထက်တန်းα€€ စတင်α€€ာ α€€ိုα€—α€…်α€€ာα€€ွα€š်α€›ေးα€…α€Š်းα€€α€™်းချα€€် α€”ဲ့ α€‘α€Šီ ပြα€”်α€œα€Š် α€–ွင့်α€œှα€…် ပေးα€žွား တော့α€™ှာα€œα€Š်း α€–ြα€…်ပါα€α€š်။.
Crd....

α€žုα€α€˜ုံα€›ဲ့ မင်းα€žားα€œေး (α€žို့) α€›ွှေတြိဂံ α€›ဲ့ ပြα€Š့်α€›ှင်မင်း ခွα€”်ဆာ ဆိုတာ

α€žုα€α€˜ုံα€›ဲ့ မင်းα€žားα€œေး (α€žို့) α€›ွှေတြိဂံ α€›ဲ့ ပြα€Š့်α€›ှင်မင်း ခွα€”်ဆာ ဆိုတာ
============================

ခွα€”်ဆာ ဆိုတဲ့ ထဓိပ္ပါα€š် α€€ α€žုα€α€˜ုံ မင်းα€žားα€œေး တဲ့ ။α€œှ
α€œိုα€€်တဲ့ α€”ာα€™α€Š် ။α€”ာα€™α€Š်ရင်း α€€ ချα€”်α€…α€…်α€–ူ ။α€›ှα€™်း တရုတ် ကပြား ။α€œူα€žိα€™ျား တဲ့ ခွα€”်ဆာ α€›ဲ့ α€…α€€ား တခွα€”်းကတော့ α€—ြိတိα€”် α€žα€α€„်းထောα€€်တစ်α€šောα€€် α€€ို ပြော ခဲ့ တဲ့ α€…α€€ား ပါပဲ ။α€›ွေးα€€ောα€€်ပွဲ α€™ှာ ထနိူင်α€› α€žွားတဲ့ထောင်ဆန်းα€…ု α€€ြα€Š် α€€ို α€€ြα€Š့် ပါα€œား ။α€žူ့ α€™ှာ α€…α€…်တပ် α€™α€›ှိတော့ α€…α€…်ထစိုးα€› ကထကျα€š်ချုပ် ထားတာ ခံα€”ေα€› α€α€š်ဆိုတဲ့ α€…α€€ား ။ခွα€”်ဆာ α€œα€€်α€€ိုင် ထားတဲ့ α€žα€˜ောတရားကတော့ခင်α€—ျား α€™ှာ α€€ိုα€š့် တိုင်းပြα€Š် ဆိုတာ α€›ှိပြီးα€€ိုα€š့် ထစိုးα€› ဆိုတာ α€™α€›ှိရင် ခင်α€—ျား α€›ဲ့α€˜α€š်ပိုင် ဆိုင် α€™ှု α€™ှ α€…ိတ်α€™ ချ α€› တော့ α€˜ူး ။ခွα€”်ဆာ α€€ို ထရှေ့တောင် ထာα€›ှ α€›ဲ့ ပါα€˜α€œိုထက်α€…α€€ိုα€˜ာ ထဖြα€…် တင်α€…ား α€€ြα€α€š် ။α€’ီ α€…α€€ား α€€ြားတော့ ခွα€”်ဆာ α€€ြီး α€€ α€›α€š်α€α€š် တဲ့ α€—ျ ။α€’ီα€€ောင် α€™ှာ ငါ့ α€œို α€œူ ၄၀၀၀၀ α€œောα€€်α€›ှိပြီး α€œေα€šာဉ် ပစ် ထမြောα€€် ပိုင် တဲ့α€…α€…်တပ် α€™α€›ှိ ပါα€˜ူး α€€ွ ။ α€€ိုα€š် ပိုင် α€™ြို့ α€œα€Š်း α€™α€›ှိ α€˜ူး ။ ထဓိα€€ ထချα€€် ကတော့α€’ီα€€ောင် α€™ှာ ငါ့ α€œ်ု ပါးα€›α€Š် နပ်α€›α€Š် α€™α€›ှိα€˜ူး တဲ့ ။ခွα€”်ဆာ α€€ြွားα€™α€š် ဆိုα€œα€Š်း α€€ြွား α€œောα€€်α€α€š် ။α€žူ့ α€‘α€žα€€် ၃ α€”ှα€…် ထရွα€š် α€™ှာ ထဖေ α€™ဲ့ ခဲ့ပြီး ပထွေး α€œα€€်ထောα€€် α€™ှာ ထနှိα€™် ခံ α€˜α€α€”ဲ့ α€€ြီး ပြင်း ခဲ့α€›α€α€š် ။ပထွေး α€–α€€်α€€ ပါα€œာတဲ့ α€žား ၃ α€šောα€€် α€›ဲ့ ခိုင်းဖတ်α€˜α€ α€›ောα€€်ခဲ့α€›α€α€š် ။ တန်းတူ α€€ျောင်း မတက် ခဲ့α€› ပဲα€œွα€š်α€™ော် တောင်တန်း α€€ α€˜ိα€”်းခင် တွေ α€™ှာထချိα€”် α€€ုα€”်ခဲ့ α€›α€α€š် ။α€‘α€žα€€် ၁၆ α€”ှα€…် ထရွα€š် α€™ှာ ခွα€”်ဆာ α€žေနတ်α€… α€€ိုင်α€α€š်။α€€ျုးα€€ျော် α€€ွα€”်မင်တန် တွေ α€€ိုα€—α€™ာ α€–α€€် α€€ ဝင် တိုα€€်ပေးရင်း တရား မဝင်α€˜ိα€”်း α€žα€š် ခွင့် α€› ခဲ့ α€α€š် α€œို့ ထဆို α€›ှိα€€ြပါα€α€š် ။
ခွα€”်ဆာ α€Ÿာ α€žေနတ် α€”ဲ့ α€œα€™ိုင်း α€žိပ်ကပ်α€α€š်။α€žူ α€žα€˜ောα€€ျ တာ α€€ မင်းα€žားα€€ြီး ဂျွα€”်ဝိα€”်း။α€žူ α€€ိုင် တာ α€€ α€”ီα€œာ α€”ဲ့α€…ိα€”် ခြα€š် ထားတဲ့ α€žေနတ်။ဂျွα€”်ဝိα€”်း α€œို α€žေနတ်ထမြα€”်ဆွဲထုတ် တာα€žိပ်α€™ြα€”်α€α€š်။ဂျွα€”်ဝိα€”်း ထက် α€žာတာ α€€α€žူ α€€ α€α€€α€š် α€œα€€်α€–ြောင့် α€α€š် ။ α€žူ့ပစ်α€™ှတ် α€Ÿာ α€žα€€်α€™ဲ့ α€…α€€်ဝိုင်း α€™α€Ÿုတ် α€˜ူး။α€žα€€်α€›ှိ ။α€›ှα€™်း တရုတ် ကပြား ခွα€”်ဆာ α€Ÿာ α€›ုပ်α€–ြောင့် α€α€š် ။ပိα€”်ပိα€”် ပါးပါး α€€ိုα€š်α€Ÿα€”် α€–ြောင့်α€–ြောင့် ။တခေတ်α€€ မင်းα€žား α€€ျော်ဆွေ α€œို စတိုင် ။ထက်α€…α€€ို α€˜ာ α€œို α€”ှုတ်ခမ်း α€™ွှေး α€”ဲ့ α€œူα€€ြα€™်းα€›ုပ် α€™α€Ÿုတ် α€˜ူး ။ ထပြော α€žိပ် α€€ောင်းα€α€š် ။ထဆို ပိုင်α€α€š် ။ α€‘α€žံ α€€ောင်းα€α€š် ။ထထူး α€žα€–ြင့် α€™ α€€ျα€™်း α€€ျေ တာ ပါ ပဲ ။α€’ါတွေ α€€ြောင့် ခွα€”် ဆာ α€€ို α€™ိα€”်းα€™ တွေα€‘α€žေ α€€ြွေ α€€ြတာ ။ ဆေးα€œိပ် α€žိပ် α€€ြိုα€€်တဲ့ ခွα€”်ဆာ α€›ဲ့ α€…ီးα€€α€›α€€် α€žောα€€် α€Ÿα€”် α€Ÿာထနောα€€် တိုင်း α€€ α€€ောင်းα€˜ွိုင် စတိုင်ထတိုင်း ပဲ α€œို့ ပြော α€… α€™ှတ် ပြု α€› α€α€š် ။α€™α€šား α€œေး α€šောα€€် α€€ို တပြိုင် α€”α€€်ပေါင်း ခဲ့ ပြီး α€‘α€„α€š် ဆုံး α€™α€šား α€€ α€‘α€žα€€် ၁၅ α€”ှα€…် တူα€™ ထရင်း ။
α€’ါတွေ α€›ေးပြ α€œို့ ခွα€”်ဆာ α€Ÿာ မင်းα€žားα€œေး α€œို α€œွα€™်းပြα€™α€š် မထင်α€”ဲ့ α€—ျ ။α€™ျα€€်α€”ှာ ၂ α€–α€€် α€”ဲ့ α€œူ ။α€žူ α€”ဲ့ ပြိုင်α€˜α€€် α€€ွα€”်မင်တန် α€—ိုα€œ်ချုပ်α€€ြီးα€œီ α€›ဲ့ ချင်းα€™ိုင် α€€ α€…ံထိα€™် α€€ို TNT α€šα€™်း ၂တန် α€žα€š်α€œာ တဲ့α€€ား α€”ဲ့ α€–ောα€€်ခွဲ α€–ျα€€်α€…ီးα€œိုα€€်တာ ထခန်း ၄၀ ပါα€…ံထိα€™်တော် α€€ြီးα€Ÿာ α€™ြေပေါ် α€—ုα€”်းα€—ုα€”်း α€œဲ α€›ော ။α€›ွာ α€œုံး α€€ျွတ် α€œူ α€›ာချီ ပြီး α€€ျင်းတူး α€—ြင်းပစ် တာတွေ ။ α€œူ α€€ို ခွေးα€…ာ α€€ျွေး ပစ်တာတွေ ။ α€œα€Š်ပင်း α€€ို ထပေါα€€် α€–ောα€€် ။ထဲ့ α€’ီ ထပေါα€€် α€€α€”ေ α€œျှာ α€€ို ဆွဲ ထုတ်ထား ပြီး α€œျှာ α€”α€€်ကတိုင်α€œုပ်တမ်း α€€α€…ားတာတွေ ။ α€’ါတွေ α€žာ ထက်α€…်α€€ိုα€˜ာα€€ြားရင် α€›ှုα€›ှုး တောင် ထွα€€်α€€ျ α€žွား α€”ိူင်α€α€š် ။ ၁၉၆၉ α€™ှာ ခွα€”်ဆာ ထဖမ်း ခံα€› α€α€š် ။α€™α€”္α€α€œေး ထောင်α€™ှာ α€žီးα€žα€”့် ထကျဉ်းချထား ပြီး α€”ိူင်ငံ တော် α€žα€…္α€…ာ α€–ောα€€်α€™ှု α€”ဲ့α€žေဒဏ် ထပေး ခံα€› α€α€š် ။ထဲ့α€’ီ ခေတ်α€€α€α€€α€š် α€žα€် တဲ့ ခေတ် ။ထောင် ထဲα€™ှာ α€˜ာ ထခွင့် ထရေး α€™ှ α€™α€› ပဲတိုα€€် ပိတ် ထား α€œိုα€€်တာ ။ α€žေα€–ို့α€€α€žေခြာ α€”ေပြီ ။ α€™ြော်α€œα€„့် ချα€€် α€™α€›ှိတော့α€˜ူး ။၁၉၇၃ α€™ှာ ခွα€”်ဆာ့ α€œူα€›ုံတော် တွေ ကတောင်α€€ြီး α€™ှာ ဆေးα€›ုံα€œာ α€…α€…် တဲ့ α€›ုα€›ှားဆရာဝန် ၂ α€šောα€€် α€€ို α€”ေ့ခင်း α€˜α€€်α€€ြီးα€—ြောင် ဝင်ဆွဲ α€žွား α€α€š် ။
ထစိုးα€›α€€ တပ်α€™ တစ်α€™ α€”ဲ့ α€œိုα€€်တာ α€™α€™ှီတော့ α€˜ူး ။ ၁၉၇၄ α€™ှာ α€‘α€œဲ α€‘α€œှα€š် α€”ဲ့ ခွα€”်ဆာ α€œွတ်α€žွား α€α€š် ။ တော ထဲ တန်းα€žွား α€α€š် ။ α€˜ာα€™ှ α€œုပ်α€™α€› α€˜ူး ။α€œα€€် ပိုα€€် α€€ြα€Š့်α€”ေα€› တဲ့ α€˜α€ α€–ြα€…်α€žွားα€α€š် ။ထဲ့α€’ီ α€™ှာတင် ခွα€”်ဆာ တပ် ထောင်တာ ပါပဲ ။Shan United Army SUA α€›ှα€™်းပြα€Š်α€žွေးα€…α€Š်း α€Šီα€Šွတ်α€›ေး တပ် ဆိုတာ ပေါ်α€œာα€α€š် ။ α€Ÿိုα€™ိα€”်း α€™ှာ α€™ြို့α€α€Š် α€α€š် ။ α€›ေထား α€œျှပ်α€…α€…်α€”ဲ့ α€™ီး ပေး α€α€š် ။ ဆေးα€›ုံ α€…ာα€žα€„် α€€ျောင်း α€›ှိα€α€š် ။ α€€ိုα€š်ပိုင် ဂေါα€€်α€€ွင်း α€›ှိα€α€š် ။α€€ျα€”ော်တို့ α€€ α€žာ တော ထဲ ထင် α€”ေတာ ။α€€α€™္α€˜ာ α€€ တော့ α€Ÿိုα€™ိα€”်းα€Ÿာ α€™ြα€”်α€™ာပြα€Š် α€€α€Ÿောင်α€€ောင် ပဲ ။ α€€α€™္α€˜ာ α€œှα€Š့် ခရီး α€žွား α€œုပ်ငန်း α€›ှိα€α€š် ။ခွα€”်ဆာ α€€ျင်းပ တဲ့ ဂေါα€€်ပြိုင်ပွဲ α€Ÿာ နထဖဂေါα€€်ပွဲထက် α€€α€™္α€˜ာ α€€ျော်α€α€š် ။ ထိုင်ဝမ်စင်္α€€ာပူ ဂျပန် ထမေα€›ိα€€ား α€€ α€œာ α€›ိုα€€ိα€€ြ α€α€š် ။ α€€α€™္α€˜ာα€€ျော်ထဆိုတော်တွေ α€œာα€α€š် ။α€—ြိတိα€”် တော်ဝင် တွေlady တွေ lord တွေတောင် α€œာα€α€š် ။α€’ီ α€žα€α€„်းα€žာ ထက်α€…်α€€ိုα€˜ာ α€€ြားရင် တက်α€žေ α€žွား α€”ိူင်α€œောα€€်α€α€š် ။ခွα€”်ဆာ α€Ÿာ α€›ွှေတြိဂံ α€›ဲ့ ထရှင် α€žα€α€„် α€–ြα€…်α€œာα€α€š် ။α€žူ ထုတ်တဲ့ α€Ÿီးα€›ိုးထင်း α€Ÿာα€€α€™္α€˜ာ α€€ျော်α€α€š် ။α€žα€”့်စင် α€™ှု 90 % α€œောα€€်α€›ှိတော့ ထမေα€›ိα€€ား α€›ောα€€်ရင် α€€ြိုα€€် α€žα€œောα€€် α€›ောထာα€”ိα€žα€„် α€™α€œျော့ α€˜ူး ။ထက်α€…α€€ိုα€˜ာ α€›ဲ့ α€€ုတ်ကင်း တောင် α€™ြောင်းထဲ α€›ောα€€်မတတ် α€–ြα€…်α€€ုα€”်α€α€š် ။α€†α€š်α€…ု α€”ှα€…် α€œေးခု α€œောα€€် ပြိုင်α€–α€€် α€…α€…်α€˜ုရင်တွေ α€™ြα€”်α€™ာ ထစိုးα€› ထိုင်း α€œာထိုထစိုးα€› ထမေα€›ိα€€α€”် CIA DEA တွေ α€”ဲ့ထွေ ပစ်တမ်း α€€α€…ား α€œာတဲ့ ခွα€”်ဆာ α€Ÿာα€€ိုα€œံα€˜ီα€šာ α€€ ထက်α€…်α€€ို α€˜ာ α€€ျဆုံးα€žွားတာ α€”ဲ့ α€žူ့ α€‘α€œှα€Š့် ဆိုတာ α€›ိပ်α€™ိα€α€š် ။
α€žူ α€Ÿာ αα‰αˆα‰ ထဲ α€€ α€’ေါ်α€œာ ၂ α€žα€”်းဆုငွေ ထုတ်ခံ ထားα€› α€žူ ။ α€žူ α€€ျား α€€ွα€€်α€›ွေ့ α€œိုα€€် α€α€š် ။၁၉၉၆ တမနက် α€™ှာ ထမေα€›ိα€€α€”် DEA α€›ုံးα€€ို α€žα€α€„်းတခု ဝင်α€œာα€α€š် ။ ခွα€”်ဆာနဝတ ဆီ α€œα€€်α€”α€€် ချ α€žွား ပြီတဲ့ ။တရုံး α€œုံး ထောင် ပွဲ ခံ ထော်α€Ÿα€…် ခဲ့ α€€ြတာ ပေါ့ ။ ၁၉၉၆ မတ် α€œ α€›ောα€€် တော့ခွα€”်ဆာ α€€ို α€œွှဲ ပြောင်း ပေးα€›ေး α€Ÿာ α€›ေပေါ် ထရုပ် α€›ေး α€žα€œို α€–ြα€…်α€žွား ပြီ ဆိုတာα€žူတို့ α€žိα€› တော့ α€”ောα€€်α€€ျ α€žွားပြီ ။(ခွα€”်ဆာ α€œα€€်α€”α€€်ချ ပြီး α€žူ့စခန်း α€Ÿိုα€™ိα€”်းα€€ို နထဖ ထံα€™ှာ ထကြွင်းα€™ဲ့ ထပ်α€”ှံ α€œိုα€€်α€α€š် ။ တောင်ပုံ α€›ာပုံ α€œα€€်α€”α€€်တွေα€œေα€šာဉ်ပစ် ထမြောα€€်တွေ ဆေးα€›ုံတရုံ α€”ဲ့ ဆေးα€›ုံ α€žုံး ပစ္α€…α€Š်းတွေ ဆိုတာထများα€€ြီး ။ထဲ့α€’ီခေတ်α€€ α€›ှားပါα€α€š် ဆိုတဲ့ α€œα€€်α€€ိုင် α€…α€€ားပြောα€…α€€် ထိုင်α€€ွα€”် တွေ ဆိုတာ တောင်ပုံ α€›ာပုံ ၊ α€€ြိုα€€်α€žα€œောα€€်α€šူ ၊ α€€ျိုင်းတုံ ပြα€”ိα€›ောα€€်ရင် α€α€œုံးα€α€žိα€”်း ၊ α€α€š်α€™α€š့် α€žူα€€ ထဆင်α€žα€„့် ။α€Ÿိုα€™ိα€”်း စခန်းα€žိα€™်း α€žွားα€™α€š့် ထရာα€›ှိတွေ α€€ α€‘α€œုα€‘α€šα€€် ပဲ ။ထဲ့α€’ီ ထချိα€”်α€€ျိုင်းတုံ ဆေးတပ် α€™ှာ α€€ျα€”ော် တာဝန်α€€ျα€”ေα€α€š် ။ α€›ှေ့တန်းဆို ထမြဲ α€™ဲ ပေါα€€်တတ်တဲ့ α€€ျα€”ော်တော့ α€’ီတခါ α€Ÿိုα€™ိα€”်းα€žိα€™်းပွဲ α€™ှာ α€™ဲ မပေါα€€်ခဲ့ပါα€˜ူး ။ α€’ါα€€α€€ိုα€š်တွေ့ α€œေး ထဲ့α€›ေးတာ )ဆွα€…်ဇာα€œα€”် α€”ဲ့ ထိုင်း α€€ ခွα€”်ဆာ ငွေ α€’ေါ်α€œာတစ်α€˜ီα€œျံ α€€ျော် α€Ÿာ ပြα€Š်တွင်း ပြα€”် ဝင်α€žွား ပြီးα€žα€š်α€šူ ပို့ ဆောင် α€›ေး တွေ α€Ÿိုα€α€š်တွေ ထပြင် ထမေα€›ိα€€α€”် α€€ Unocal α€”ဲ့ပြင်α€žα€…် Total တို့ α€™ှာα€™ြုပ်α€”ှံ α€œိုα€€် ပါပြီ ။ခွα€”်ဆာ ကတော့ α€›ှα€™်းα€™ိα€”်းα€€α€œေး ၄ α€šောα€€် ။α€žα€™ီး ၃ α€šောα€€် α€žား ၅ α€šောα€€် α€”ဲ့ ထတူα€›α€”်α€€ုα€”် α€™ှာပေါ့α€œေ ။ခွα€”်ဆာ ဇာတ်α€žိα€™်း α€Ÿာ happy ending α€—ျ ။
α€žူ α€”ဲ့ ခေတ် ပြိုင်ထက်α€…်α€€ိုα€˜ာ α€œို α€œα€™်းα€€ြို α€œα€™်းα€€ြား α€™ှာ ဝရမ်း ပြေးα€˜α€α€”ဲ့ဇာတ် α€™α€žိα€™်းα€žွား α€˜ူး ။ထရိုး ပြာ α€€ို α€œα€Š်းα€žေခါα€”ီးα€™ှာ α€žွား α€œို့ ပါ ဆိုပြီးပင်α€œα€š် ထဲထမျော မခံα€›α€˜ူး။α€˜α€š်α€™ှာ α€™ြုပ်α€”ှံထားα€α€š် ဆိုတာ α€œα€Š်း α€™α€žိα€› α€˜ူး ။α€žေခြာတာ တခုတော့ α€›ှိα€α€š် ။α€žူ့ ဇာတိ α€™ြေ α€™ှာ ခွα€”်ဆာ ပြတိုα€€် α€›ှိα€α€š် ။α€žူ့ α€›ဲ့ ထမှတ်တရ α€™ြင်းα€…ီး α€€ြေးα€›ုပ် α€›ှိα€α€š် ။ပြခန်းတွေα€‘α€žုံး ထဆောင် တွေ ပြα€žα€‘ားα€α€š် ။၂၀၀၇ ခုα€”ှα€…် ထောα€€်တိုα€˜ာ ၂၆ α€›α€€် α€”ေ့α€™ှာ ဦးခွα€”်ဆာα€Ÿာ α€žွေးတိုး ဆီးချိုα€œူα€€ြီးα€›ောဂါ α€”ဲ့ α€€ွα€š်α€œွα€”် α€žွား ပါ α€α€š် ။ခွα€”်ဆာ ထကြောင်း α€žာ α€›ုပ်α€›ှင် α€›ိုα€€် α€œိုα€€်ရင် α€€α€™္α€˜ာ α€€ျော်ပါα€α€š် ဆို တဲ့ ထက်α€…α€€ိုα€˜ာα€˜α€ ထကြောင်းα€›ုပ်α€›ှင် α€Ÿာ α€™ြောင်း ထဲα€›ောα€€် α€žွား α€”ိူင် α€€ြောင်း α€™ြα€”်α€™ာ α€›ုပ်α€›ှင်α€•α€Šာ α€›ှင် α€™ျား α€€ို α€œα€€်တို့ α€‘α€žိ ပေးα€œိုα€€် ပါα€α€š် α€”ော် ။α€—ုံ တွေ α€™ောင်း တွေ α€œို α€™α€€ျင့် α€€ြα€”ဲ့ ။α€žူတို့ α€€ တီး α€™ှα€™ြα€Š်တာ ။α€”ာα€›ီ α€œို ပြုα€™ှု α€€ြ ပါ ။ α€œိုထပ် ချိα€”် တိုင်းα€‘α€žံ ထွα€€် ပေး ပါ ။ဆရာ ထောင် ထေး (α€›α€”်α€€ုα€”် တက္α€€α€žိုα€œ် )α€›ဲ့ α€˜ိα€”်းα€˜ုရင် ခွα€”်ဆာ α€€ို ခြေα€›ာ ခံ ခြင်းα€˜ာα€žာပြα€”် α€…ာထုပ် α€™ှ ဓါတ်ပုံ α€”ဲ့ ထကြောင်းထရာ α€™ျား α€™ှီငြα€™်း ထား ပါα€€ြောင်း ဝန်ခံပါα€α€š် ။မဖတ်α€›α€žေးα€žူα€™ျားထတွα€€် ပြα€”်တင် ပေးတာပါ ။
Crd..

α€™ြα€”်α€™ာပြα€Š်α€™ြေပုံ α€›ုပ်ဆိုးα€–ို့ α€–ြα€…်ခဲ့α€˜ူးα€α€š်။ 1890 α€€ျိုင်းတုံ ထရေးထခင်းα€”ဲ့ 1894 α€œα€”်α€’α€”်α€…ာချုပ်တို့ထရ α€™α€œိခမြα€…် ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံး α€—α€”်း

α€™ြα€”်α€™ာပြα€Š်α€™ြေပုံ α€›ုပ်ဆိုးα€–ို့ α€–ြα€…်ခဲ့α€˜ူးα€α€š်။ 1890 α€€ျိုင်းတုံ ထရေးထခင်းα€”ဲ့ 1894 α€œα€”်α€’α€”်α€…ာချုပ်တို့ထရ α€™α€œိခမြα€…် ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံး α€—α€”်းα€™ော်α€”ားα€€ α€›ွှေα€œီα€™ြα€…်ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံး α€žံα€œွင်α€™ြα€…်ထရှေ့α€˜α€€် α€›ှα€™်ထရှေ့α€™ြောα€€် α€€ိုးα€€α€”့် α€™ိုင်းα€œား α€α€”α€š်တစ်ခုα€œုံး α€›ှα€™်းထရှေ့ α€žံα€œွင်α€”ဲ့ α€™ဲခေါင်α€™ြα€…်ထကြား α€€ျိုင်းတုံα€”α€š်α€€ြီးတစ်ခုα€œုံး တရုတ်တို့ ထပြင်းထထန်တောင်းဆိုခဲ့α€˜ူးα€α€š်။ α€€ြα€Š့်ရထောင် 1890 α€€ျိုင်းတုံထရေးထခင်း၊ 1879 α€žီပေါမင်း α€”α€”်းတက်α€…α€œα€€်ထက်α€™ှာ α€€ျိုင်းတုံα€…ော်α€˜ွား၏α€”ှမတော်α€™ှာ α€”α€”်းတွင်းထရေးတော်ပုံထတွင်း α€‘α€žα€်ခံခဲ့α€›ာ α€€ျိုင်းတုံα€…ော်α€˜ွားα€œα€Š်း α€™ြα€”်α€™ာα€™ှုးမတ်ထရာα€›ှိတွေα€€ို α€–α€™်းဆီးα€žα€်α€–ြတ်ပြီး α€™ြα€”်α€™ာတို့α€”ှင့်ထဆက်α€‘α€žွα€š်α€–ြတ်ခဲ့α€α€š် α€’ါα€€ြောင့် 1885α€—ြိတိα€žျှတို့ ထထက်α€™ြα€”်α€™ာပြα€Š်α€žိα€™်းပြီးတဲ့ထခါ α€›ှα€™်းထရှေ့α€€ျိုင်းတုံα€”α€š်α€€ိα€…္α€… ထတော်စဉ်းα€…ားခဲ့α€α€š် ထကျိုးα€›ှိα€™α€›ှိပါ။ ထဲα€’ီခေတ်α€€ ပြင်α€žα€…်α€”ဲ့ထပြိုင် α€€ိုα€œိုα€”ီα€”α€š်α€™ျားα€œုα€”ေစဉ်ထခါ ပြင်α€žα€…်α€›ဲ့ α€œာထို α€€α€™်α€˜ောα€’ီးα€šား α€—ီα€šα€€်α€”α€™်α€›ဲ့ α€€ိုချင်ချိုင်းα€”ားα€’ေα€žα€Ÿာ α€€ျိုင်းတုံα€™ှာ တိုα€€်α€›ိုα€€်ထိစပ်α€œာချိα€”်α€–ြα€…်α€α€š်။ α€”ောα€€်တစ်ခုα€€ တရုတ်α€”ဲ့တိုα€€်α€›ိုα€€်ထိစပ်တဲ့α€”ေα€›ာ ထဲα€’ီခေတ်α€€ α€”ိုင်ငံα€€ြီးတွေα€”ဲ့ တိုα€€်α€›ိုα€€်ထိစပ်တာα€Ÿာ α€€ုα€”်α€žွα€š်α€›ေး α€…α€…်α€›ေး ပဋိပက္ခ α€™ျားတာα€€ြောင့် α€™α€œိုα€œားα€€ြပါ။

ထခွα€”်ထကောα€€်α€‘α€›α€œα€Š်း α€”α€Š်းတာα€™ို့ ပထမပိုင်း α€—ြိတိα€žျှတို့စဉ်းα€…ားချα€€်α€€ ပြင်α€žα€…်တို့α€”ဲ့ ပြα€žα€”ာα€™α€–ြα€…်α€œိုတာα€€ြောင့် တရုတ်α€€ α€žံα€œွင်α€”ဲ့ α€™ဲခေါင်ထကြား α€€ျိုင်းတုံα€”α€š်α€€ို တောင်ဆိုα€›ာα€™ှာ ပေးပစ်α€–ို့ α€…ိတ်α€€ူးα€›ှိထားα€α€š်။ 1891 α€œα€”်α€’α€”်α€™ှာ တရုတ်တို့α€”ဲ့ α€™ြα€”်α€™ာပြα€Š်α€™ြောα€€်ပိုင်း ကချင်α€’ေα€žα€‘α€›ေး မဆွေးα€”ွေးခင် တရုတ်တို့ တောင်းဆိုα€™ှုတွေ ထတောα€™α€žα€်တဲ့ထခါ ပြα€”်α€œα€Š်α€žုံးα€žα€•်α€™ှုတွေα€œုပ်ခဲ့α€α€š်။
ထိα€”္α€’ိα€šα€›ေးα€›ာဝန်α€€ြီး ဆာထာခီα€˜ော α€™α€€္ကင်ဇီα€”ဲ့ ထိα€”္α€’ိα€šα€˜ုရင်ခံချုပ် α€œော့α€’်α€œα€„်းα€…α€’ေါင်းတို့α€€ α€žံα€œွင်α€™ြα€…်α€€ို ထဓိကထား α€”ောα€€်ဆုံးခံတပ်α€œုပ်ရင် ထဆင်ပြေပြီ။ α€žံα€œွင်α€”ဲ့ α€™ဲခေါင်ထကြား တောတောင်ထူထပ်တဲ့ α€€ျိုင်းတုံ α€”α€š်α€€ို α€™ဲခေါင်α€™ြα€…်ထထိ α€”α€š်α€•α€š်ထိα€”်းα€žိα€™်းတာ ထန္α€α€›α€š်α€™ျားα€α€š် α€šူဆခဲ့ပြီး တရုတ်တို့α€€ိုပေးပစ်α€€ာ ထခြားα€˜α€š်α€žူ့α€€ိုα€™ှ ထပ်ဆင့်α€™α€œွဲα€›α€”်ကတိခံα€…ေချင်ခဲ့α€α€š် (ပြင်α€žα€…်α€€ိုပြα€”်α€œွဲα€–ို့ α€…ိုးα€›ိα€™်ခဲ့α€α€š်) ထထက်α€™ြα€”်α€™ာပြα€Š်  တိုင်းမင်းα€€ြီး ခရော့α€…်ဝစ်ကတော့ α€™ြα€”်α€™ာα€˜ုရင်α€€ို ပဏ္ဍာဆက်α€”ေတဲ့α€”α€š်α€™ြေ α€—ြိတိα€žျှတို့ဂုဏ်α€žိα€€္ခာထရ ဆက်α€œα€€်ထိα€”်းα€žိα€™်းα€žα€„့်α€α€š်။ α€™ဲခေါင်α€™ြα€…်α€€ို ပထမရှေ့တန်းα€”α€š်α€”α€™ိတ်ထဖြα€…် α€€ာထားα€žα€„့်α€α€š် α€žံα€œွင်α€™ြα€…်α€€ြောင်းα€™ှာ α€€ာရင် α€žα€…်α€™ျောတဲ့ထခါ α€€ျိုင်းတုံα€”α€š်α€™α€žိα€™်းထားရင် α€›α€”်α€žူတွေα€”ဲ့ တစ်ချိα€”်α€™α€Ÿုတ်တစ်ချိα€”် တိုα€€်α€›ိုα€€်ပဋိပက္ခဖြα€…်α€™α€š်။ α€’ါα€€ြောင့် α€€ျိုင်းတုံα€”α€š်α€€ို မပေးတော့α€˜ူး ဆုံးα€–ြတ်α€…ေα€α€š်။

α€›ှα€™်းပြα€Š်α€”α€š် တိုင်းမင်းα€€ြီး J G Scot α€œα€Š်းထောα€€်ခံα€œို့ α€”ောα€€်ဆုံးα€™ြα€”်α€™ာα€”α€š်ထဲပဲ ပြα€”်α€›ောα€€်α€žွားα€α€š်။ α€›ှα€™်းပြα€Š်α€”α€š် တိုင်းမင်းα€€ြီး Mr. J G Scot α€Ÿာ α€€ျိုင်းတုံα€…ော်α€˜ွား စပ်ခမ်းပုဆီ α€…α€…်α€žား၂၀နဲ့ ထရောα€€်α€žွားခဲ့ပြီး ααˆα‰α α€™ှာ α€—ြိတိα€žျှ ထစောင့်α€›ှောα€€်ခံထဖြα€…် α€…ာချုပ်ချုပ်α€…ေပြီး α€”ောα€€်ဆုံးα€™ှာ α€™ြα€”်α€™ာပြα€Š်α€™ြေပုံထဲα€€ α€€ျိုင်းတုံα€’ေα€ž ထချွα€”်းα€€α€œေးα€Ÿာ တရုတ်α€œα€€်ထဲ မပါα€žွားခဲ့ပါα€˜ူး။ 1891-1894 α€œα€”်α€’α€”်α€…ာချုပ် ကချင်တောင်တန်းα€›ဲ့ α€”ောα€€်ဆုံးဆုံးα€–ြတ်ချα€€် α€—ြိတိα€žျှတို့α€”ဲ့ တရုတ်တို့α€Ÿာ α€…ာချုပ်ချုပ်α€…ေပြီး α€”ောα€€်ဆုံးα€™ှာ α€™ြα€”်α€™ာပြα€Š်α€™ြေပုံထဲα€€ α€€ျိုင်းတုံα€’ေα€ž ထချွα€”်းα€€α€œေးα€Ÿာ တရုတ်α€œα€€်ထဲ မပါα€žွားခဲ့ပါα€˜ူး။ 1891-1894 α€œα€”်α€’α€”်α€…ာချုပ် ကချင်တောင်တန်းα€›ဲ့ α€”ောα€€်ဆုံးဆုံးα€–ြတ်ချα€€် α€—ြိတိα€žျှတို့α€”ဲ့ တရုတ်တို့α€Ÿာ 1886 ပီကင်းα€…ာချုပ်α€”ဲ့ α€™ြα€”်α€™ာα€”ဲ့ တိα€˜α€€်α€€ိα€…္α€… ထပြα€”်α€‘α€œှα€”် ခြေα€™α€›ှုပ်α€–ို့ ထဓိα€€α€…ာချုပ်ခဲ့ပေα€™ဲ့ α€™ြα€”်α€™ာတရုတ် α€”α€š်ခြားα€žα€်α€™ှတ်α€›ေး α€€ြတော့ 1891- 1894 α€œα€”်α€’α€”်α€…ာချုပ်α€€ြα€™ှ ထပြီးα€žα€် ပြောပြီးα€€ြပါα€α€š်။ တရုတ်α€˜α€€်α€€ α€œα€”်α€’α€”် တရုတ်α€žံထမတ် Tsengα€”ဲ့ တရုတ်α€€ောင်α€…α€…်ဝန် တရုတ်ထကြံပေး ဆာα€Ÿောα€œီးα€’ေး α€™α€€္α€€ာတနေတို့ပါဝင်ပြီး α€—ြိတိα€žျှတုိ့α€˜α€€်α€™ှ α€—ြိတိα€žျှ α€”ိုင်ငံခြားα€›ေးဝန်α€€ြီး α€œောα€’့်ဆော့ဆဗာα€›ိီ ထိα€”္α€’ိα€šα€˜ုရင်ခံချုပ် α€œောα€’်α€œα€„်းα€…α€’ေါင်းα€—ြိတိα€žျှα€€ောင်α€…α€…်ဝန် ဆာα€žောမတ်ထင်α€’ါဆင် α€™ြα€”်α€™ာပြα€Š်ထုပ်ချုပ်α€›ေးထရာα€›ှိ α€™α€…္စတာα€Ÿα€်တို့ ၃နှα€…်α€€ြာဆွေးα€”ွေးခဲ့α€α€š်။ တရုတ်တို့ထဓိα€€ တောင်းဆိုခဲ့တာα€€ 1886 တုα€”်းα€€α€œိုပဲ တရုတ် Dehong dai, Baushan Nujiangα€”α€š်တွေα€”ဲ့ တဆက်α€α€Š်းα€–ြα€…်တဲ့ α€›ွှေα€œီα€™ြα€…်ထရှေ့α€˜α€€် တြိဂံα€™ြေα€€α€”ေ α€™ေခမြα€…် ထရှေ့α€˜α€€်တကြောα€œုံးα€€ို ထဓိကထား တောင်းဆိုα€α€š်။ 1886 ပီကင်းα€…ာချုပ်တုα€”်းα€€ α€€ျα€”်α€žွားတဲ့ α€žံα€œွင်ထရှေ့α€˜α€€်ခြα€™်း ဝ α€€ိုးα€€α€”့်α€”ဲ့ α€™ိုင်းα€œား α€’ေα€žα€ွေα€œα€Š်းပါα€α€š်။ ထဓိα€€α€€ α€™ေခမြα€…်α€›ဲ့ α€›ေဝေα€œေဲα€’ေα€žα€€ို တောင်းဆိုတာ။ α€’ါပေα€™ဲ့ α€—ြိတိα€žျှ α€”ိုင်ငံခြားα€›ေးဝန်α€€ြီးα€œောα€’့်ဆော့ဆဗာα€›ီ ပြα€”်ထောα€€်တာα€€ α€šူα€”α€”်α€˜ုရင်ခံα€›ဲ့ ααˆα‡αƒ ပန်းα€žေးα€žူပုα€”်α€€ိုα€”ှိα€™်နင်းထပြီး α€šူα€”α€”်α€”α€š်α€›ဲ့ ထာဏာα€žα€€်α€›ောα€€်တဲ့α€™ှတ်တမ်းα€™ှာ ကချင်တောင်တန်းα€’ေα€žα€€ြီးမပါတာပါပဲ။ α€’ါ့ထပြင် ααˆαˆα† α€™ှ ααˆα‰αα€‘α€‘ိ ကချင်တောင်တန်းα€’ေα€žα€…α€…်ဆင်α€›ေးထပြီး α€—ြိတိα€žျှတို့α€‘α€žေထချာα€žိα€œိုα€€်ရတာα€€
တရုတ်တို့တောင်းဆိုတဲ့ ထဲα€’ီα€’ေα€žα€”ဲ့ ကချင်တောင်တန်းα€€ြီးတစ်ခုα€œုံး တရုတ်တို့ထာဏာα€žα€€်α€›ောα€€်α€™ှု α€”ှα€…်၁၀၀ ထတွင်းα€™α€›ှိတာပဲ။ α€’ါ့ထပြင် α€™ေခမြα€…်α€–ျားα€’ေα€žα€€ို α€™α€Š်α€žα€Š့်တရုတ်တစ်α€šောα€€်α€™ျှ α€™α€œာα€˜ူးα€žα€œို တရုတ် α€€ုα€”်α€žွα€š်α€›ေးα€œα€Š်း α€œုံးα€α€™α€œုပ်α€˜ူးတာပါပဲ။ α€’ါပေα€™ဲ့ ကချင်α€’ူဝါα€™ျားကတော့ α€™ိုးα€€ောင်း α€—α€”်းα€™ော်α€€α€”ေတဆင့် α€™ြα€”်α€™ာα€’ေα€žα€ွေα€”ဲ့တော့ α€€ုα€”်α€€ူးα€žα€”်းဆက်စပ်α€™ှုတွေ α€›ှိα€”ေတာ ထောα€€်ခဲ့α€α€š်။ α€—ြိတိα€žျှ တွေ ထဓိα€€ ထောα€€်တာα€€ α€€ုα€”်α€žွα€š်ဆက်ဆံα€™ှုα€žα€™ိုင်းပဲ α€–ြα€…်ပြီး α€™ြα€”်α€™ာα€”ဲ့ ပိုα€”ီးစပ်α€œို့ မပေးα€”ိုင်ဆိုပြီး ပြတ်ပြတ်α€žားα€žားပြောα€œိုα€€်α€α€š် α€”ောα€€်ဆုံး တရုတ်တွေα€Ÿာ ကချင်α€’ေα€žα€€ြီးတစ်ခုα€œုံးα€€ို တရုတ်α€”ဲ့ α€—ြိတိα€žျှα€—ားα€™ားတို့α€€ြားbuffer land ထဖြα€…်ထားα€›ှိα€–ို့ ထဆိုပြုခဲ့α€žေးα€α€š်။ α€’ါပေα€™ဲ့ မထောင်α€™ြင်ခဲ့ပါα€˜ူး။ ထူးခြားချα€€်α€€ တရုတ်တို့α€Ÿာ α€§α€›ာဝတီα€›ေဝေα€›ေα€œဲ α€™ေခမြα€…် α€›ွှေα€œီα€™ြα€…် α€žံα€œွင်α€™ြα€…်စတဲ့ α€™ြα€…်α€€ြောင်းတွေထပေါ် α€žα€်α€™ှတ်α€œိုပြီး α€—ြိတိα€žျှတို့α€€ ထဲα€’ီα€™ြα€…်တွေα€›ဲ့ α€›ေဝေα€œေဲ ထခြားတစ်α€–α€€်α€›ဲ့ တောင်တန်းတွေα€€ို α€”α€š်α€”α€™ိတ်α€žα€်α€™ှတ်တာα€–ြα€…်α€α€š်။ α€’ါα€”ဲ့ပဲ α€œα€”်α€’α€”်ဆွေးα€”ွေးပွဲα€Ÿာ α€˜ိα€”်းα€…α€…်ပွဲα€€ို α€”ိုင်ထားα€žူတွေပီပီ α€”ောα€€်ဆုံးတော့ α€—ြိတိα€žျှတွေ α€žα€်α€™ှတ်တဲ့ တောင်တန်းတွေα€”ဲ့ α€”α€š်α€”α€™ိတ်α€™ျဉ်းα€žα€်α€™ှတ်α€›α€”်α€–ြα€…်ခဲ့ပြီး α€šα€”ေ့α€™ြα€”်α€™ာပြα€Š်α€™ြေပုံထတိုင်း α€™ေခမြα€…်, α€›ွှေα€œီα€™ြα€…်ထရှေ့ပိုင်း α€žံα€œွင်α€™ြα€…်ထရှေ့ α€›ှα€™်းα€”α€š်တို့α€Ÿာ α€™ြα€”်မပြα€Š်ထဲ α€œှα€œှပပ ပါဝင်α€œာပါတော့α€α€š်။ α€žုံးα€žα€•်ချα€€်ထနေα€”ဲ့α€€ တရုတ်တွေααˆαˆα† ααˆα‰α„ ပီကင်းα€”ဲ့ α€œα€”်α€’α€”်α€…ာချုပ်တွေα€™ှာ α€˜ာα€œို့ α€žα€Š်းα€žα€Š်းα€™α€Š်း ကချင်α€”α€š်တွေ α€œိုချင်α€žα€œဲဆိုတာ α€’ီα€”ေ့ခေတ် ဝိုင်းα€™ော် α€€α€”်ပိုα€€်တီး ချီα€–ွေဆော့α€œော်α€’ေα€žα€ွေα€™ှာ α€˜ာတွေα€œုပ်α€”ေα€žα€œဲ။ α€—α€”်းα€™ော်α€”α€™့်ခမ်းα€œα€™်းα€€ြောင်းα€–ြတ်α€›ာ α€™ံα€…ီ α€™α€”်ဝိုင်းα€’ေα€žα€ွေα€™ှာ α€žα€…်ခိုးထုတ်α€”ေတာတွေ α€™ေခမြα€…်ဝှα€™်းα€α€œျောα€€်α€™ှာ α€›ေထားα€œျှပ်α€…α€…်တွေ ထုတ်α€–ို့ပြင်α€”ေတာတွေ α€žα€္တု α€›ိုင်းတွေα€›ှာα€–ို့ α€€ြိုးα€…ားα€”ေတာတွေ α€€ိုးα€€α€”့်α€”ဲ့ ဝ α€’ေα€žα€ွေα€€ို α€™ြα€”်α€™ာ တရုတ်confederate α€”α€š်တွေထဖြα€…်α€α€Š်ဆောα€€်ထားချα€€်တွေ α€™ိုင်းα€œားα€’ေα€žα€‘α€•ါထဝင် α€€ျိုင်းတုံ ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံးα€™ှာ တရုတ်တွေ α€…ီးဝင်ပြီး α€…ီးပွားα€›ေးα€…ျေးα€€ွα€€်ချဲ့α€α€Š်ဆောα€€်α€”ေတာတွေα€Ÿာ α€œွα€”်ခဲ့တဲ့ α€”ှα€…် ၁၃၀ α€œောα€€်α€€α€œိုချင်တပ်α€™α€€်α€™ှုတွေα€€ို α€šα€”ေ့ခေတ်ထထိ α€€ျားα€€ုပ်α€€ျားခဲ α€›α€šူα€”ေတာα€€ို α€žα€ိပြုα€–ို့α€œိုပါα€α€š်။ α€žα€™ိုင်းတွေα€Ÿာ ထနာဂတ်α€”ိုင်ငံα€›ေးα€€ို α€œα€™်းပြα€”ေα€α€š်ဆိုတာ α€™α€™ေ့α€”ဲ့...........

Crd...

Friday, June 26, 2020

ဇွဲကပင်တောင်α€™ှာ ပျောα€€်ဆုံးα€”ေတဲ့ တက္α€€α€žိုα€œ်α€€ျောင်းα€žူ α€€ို α€žေဆုံးα€œျှα€€်တွေ့α€›ှိ

ဇွဲကပင်တောင်α€™ှာ ပျောα€€်ဆုံးα€”ေတဲ့  တက္α€€α€žိုα€œ်α€€ျောင်းα€žူ α€€ို α€žေဆုံးα€œျှα€€်တွေ့α€›ှိ
===============================================================
ဇွα€”် - ၂၇ ၊၂၀၂၀

ကရင်ပြα€Š်α€”α€š် α€€ ဇွဲကပင်တောင်α€™ှာ ပျောα€€်ဆုံးα€”ေတဲ့ တက္α€€α€žိုα€œ်α€€ျောင်းα€žူα€€ို တောင်α€…ောင်းတစ်α€”ေα€›ာα€™ှာ α€’ီα€€α€”ေ့ α€™α€”α€€်ပိုင်းα€€ α€žေဆုံးα€œျှα€€် တွေ့α€›α€α€š်α€œို့ α€›ှာα€–ွေα€€α€š်α€†α€š်α€›ေးα€œုပ်ဆောင်α€”ေတဲ့ α€™ီးα€žα€်တပ်α€–ွဲ့ဆီα€€α€žိရပါα€α€š်။

α€™ီးα€žα€်တပ်α€–ွဲ့ထပါထဝင် α€€ူα€Šီα€€α€š်α€†α€š်α€›ေးထဖွဲ့တွေα€€ ထဲ့α€’ီα€€ျောင်းα€žူα€›ဲ့ ဆိုင်α€€α€š်α€žော့တွေ့α€›ှိတဲ့α€”ေα€›ာတစ်ဝိုα€€်α€€ို  α€’α€›ုα€”်းα€‘α€žုံးပြုα€€ာ α€›ှာα€–ွေα€›ာα€™ှာတော့  တောင်α€…ောင်းတစ်α€”ေα€›ာα€™ှာ  α€€ျောင်းα€žူα€›ဲ့ α€‘α€œောင်းα€€ိုတွေ့α€›ှိခဲ့တာပါ။

α€œα€€်α€›ှိα€™ှာ တော့ α€™ီးα€žα€်တပ်α€–ွဲ့α€€ α€‘α€œောင်းတွေ့α€›ာ α€”ေα€›ာα€€ို  ဆင်းα€€ာ  α€žα€š်α€šူα€–ို့ α€œုပ်ဆောင်α€”ေပါα€α€š်။

α€˜ားထံတက္α€€α€žိုα€œ်α€™ှာα€•α€Šာα€žα€„်α€€ြားα€”ေတဲ့ α€žα€္တဗေα€’ ဂုဏ်ထူးတန်း ပထမနှα€…်α€€ျောင်းα€žူα€Ÿာ ပြီးခဲ့တဲ့ ဇွα€”် ၂၅ α€Šα€”ေပိုင်းα€€ ဇွဲကပင်တောင်α€€ို တစ်α€šောα€€်α€α€Š်း တက်ခဲ့တာα€œို့α€žိရပါα€α€š်။

ထဲ့α€’ီα€”ောα€€်  α€”ေထိုင်α€›ာထဆောင်α€€ို ပြα€”်α€™α€›ောα€€်α€œာတဲ့ထတွα€€် α€™ိခင်α€–ြα€…်α€žူα€€ိုα€š်တိုင်α€€ α€›ဲစခန်းα€™ှာ α€œူပျောα€€်တိုင်တန်းချα€€် α€–ွင့်ခဲ့တာပါ။

α€€ျောင်းα€žူα€›ဲ့ α€–ိနပ်α€”ဲ့ ဆိုင်α€€α€š်α€žော့α€€ို တောင်တက်α€œα€™်းα€›ဲ့ တစ်α€”ေα€›ာα€…ီα€™ှာ တွေ့α€›ှိခဲ့ရပြီး ထခုα€’ီα€™α€”α€€်α€™ှာတော့ ဆိုင်α€€α€š်α€žော့တွေ့α€›ှိတဲ့ တောင်α€€α€™်းပါးα€…ွα€”်းα€›ဲ့ α€”ေα€›ာα€€ို α€›ှာα€–ွေα€™ှုပြုα€œုပ်α€›α€™ှာ α€‘α€œောင်းα€€ိုတွေ့α€›ှိခဲ့တာα€–ြα€…်ပါα€α€š်။
Crd.........
#k.k

α€”ောင်ပွင့်တော်α€™ူα€™α€Š့် ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ား α€–ြα€…်တော်စဉ်

α€”ောင်ပွင့်တော်α€™ူα€™α€Š့် ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ား α€–ြα€…်တော်စဉ်
===========================

ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ား α€€ို α€–ူးခွင့်α€›α€™α€Š့် ပုဂ္ဂိုα€œ်α€™ျား

၁။ α€šα€ုα€€ြုံတွေ့α€”ေတဲ့ ဂေါတမ α€žာα€žα€”ာတွင်းα€™ှာ α€€ိုα€š်တိုင် α€›α€Ÿα€”်းα€žာမဏေ α€žီα€œα€›ှင်၀တ်ပြီး ပရိα€šα€်၊ ပဠိပတ်α€žာα€žα€”ာပြုတဲ့ ပုဂ္α€–ိုα€œ်။

၂။ α€™ိα€™ိရင်α€™ှα€–ြα€…်တဲ့α€žား၊ α€žူတစ်ပါးရင်α€™ှ α€–ြα€…်တဲ့α€žားတွေα€€ို α€›α€Ÿα€”်းခံပေးခြင်း၊ α€›ှင်ပြုပေးခြင်းပြုတဲ့ ပုဂ္α€–ိုα€œ်။

၃။ α€™ိခင်ဖခင်တို့α€€ို ၀တ်α€€ျေတန်းα€€ျေα€™α€Ÿုတ်α€˜ဲ α€…ိတ်ပါα€œα€€်ပါ α€›ိုα€žေα€…ွာပြုα€…ုα€œုပ်α€€ျွေးတဲ့ ပုဂ္α€–ိုα€œ်။

၄။ α€žα€›α€α€‚ုံα€žီα€œ မပြတ် ဆောα€€်α€α€Š်α€žော ပုဂ္α€–ိုα€œ်။

၅။ α€˜ုα€›ားα€žာα€žα€”ာ α€α€Š်α€…ိα€™့်α€žောα€Œာ α€…ေတီ၊ ပုထိုး၊ α€…α€Š်းခုံ α€₯မင်α€œိုဏ်ခေါင်း ဇရပ် α€…α€žα€Š်တို့α€€ို ပြုပြင်တဲ့ပုဂ္α€–ိုα€œ်၊ α€‘α€žα€…်ဆောα€€်α€œုပ်α€œှူးα€’ါα€”်းတဲ့ ပုဂ္α€–ိုα€œ်။

၆။ α€—ောဓိα€Šောင်ပင် α€…ိုα€€်ပျိုးα€žော ပုဂ္α€–ိုα€œ်၊ α€Šောင်α€›ေα€žွα€”်းα€œောင်းα€žော ပုဂ္α€–ိုα€œ်။

၇။ α€›ေတွင်း α€›ေα€€α€”် α€›ေထိα€™် စတုα€’ီα€žာ α€€ျောင်းဇရပ် တံတား ပြုပြင်α€žောပုဂ္α€–ိုα€œ်၊ ထရုဏ်ဆွα€™်း α€”ေ့ဆွα€™်း α€œောင်α€œှူα€žော ပုဂ္α€–ိုα€œ်။

၈။ α€›α€Ÿα€”်းတို့ထား ပစ္α€…α€Š်းα€œေးပါး α€œှူα€’ါα€”်းထောα€€်ပံံ့α€žော ပုဂ္α€–ိုα€œ်။

၉။ α€€α€™္မဋ္α€Œာα€”်းα€˜ာ၀နာ ပွားα€™ျားထားထုတ်α€žော ပုဂ္α€–ိုα€œ်

ထားα€œုံး α€§α€€α€”်α€™ုချ α€™ြေα€€ြီး α€œα€€်ခတ်α€™α€œွဲ၊ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်α€€ို α€–ူးα€™ြော်ရပြီး α€”ိα€—္α€–ာα€”်α€€ိုα€›α€™α€š်။

* ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ား *
----------------------------------

α€€ျွα€”်တော်တို့α€Ÿာ α€α€€α€š်α€œို့ α€—ုα€’္α€“α€˜ာα€žာ၀င်တွေ α€–ြα€…်α€€ြα€™α€š်ဆိုရင် α€Ÿောα€’ီα€€α€™္α€˜ာα€™ှာ α€”ောင်ပွင်တော်α€™ူα€™ဲ့ α€™ြတ်α€…ွာα€˜ုα€›ားထကြောင်းα€€ို α€žိချင်α€€ြα€™α€š်α€œို့ထင်ပါα€α€š် တချို့α€œα€Š်း α€žိပြီးα€–ြα€…်α€”ေα€€ြα€™ှာပါ α€™α€žိα€›α€žေးတဲ့ α€žူတွေထတွα€€် α€’ီပိုα€…့်α€œေးα€€ိုတင်α€œိုα€€်တာပါ α€’ီα€™ေးα€œ်α€œေးα€€ို ပို့ပေးတဲ့ ထရှင်ဝိα€™α€œα€ံα€žα€€ို ထထူးα€€ျေးဇူးတင်ပါα€žα€Š်α€˜ုα€›ား။ α€”ောင်ပွင့်တော်α€™ူα€™α€Š့် ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင် α€€ို α€›ှိခိုးα€€α€”်တော့α€œိုα€€်ပါα€α€š် α€˜ုα€›ား

α€€ျွα€”်တော်တို့ α€”ေထိုင်α€žောα€Ÿောα€’ီα€€α€™္α€˜ာα€™ှာα€˜ုα€›ားငါး ဆူပွင့်α€™α€š်α€œို့ α€™ှတ်α€žားα€€ြားα€žိα€–ူးပါα€α€š် ထခုα€˜ုα€›ားα€œေးဆူးပွင့်ထွα€”်းပြီးပါပြီ α€”ောင်ပွင့်α€œα€္တံα€žော α€™ြတ်α€…ွာα€˜ုα€›ားα€™ှာ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင် α€Ÿုα€žိရပါα€α€š်။ α€—ုα€’္α€“α€˜ာα€žာတိုင်းα€›ဲ့α€›α€Š်α€™ှα€”်းချα€€်ပန်းတိုင်းα€€ α€”ိα€—္α€—ာα€”်α€–ြα€…်ပါα€α€š် "α€‘α€œွα€”်α€€ြα€Š်α€Šိုα€…α€›ာα€€ောင်းα€žောα€˜ုα€›ားα€›ှင်α€›ဲ့ တရားတော်ထားα€”ာα€€ြားပြီး α€›ှေ့တော်α€™ှာတင်α€€ျွတ်တမ်း၀င် α€”ိα€—္α€—ာα€”်α€…ံα€›α€™α€š်ဆိုရင် ထကောင်းဆုံးပေါ့α€—ျာ။"

ထဲα€’ီထတွα€€် α€€ျွα€”်တော်တိုα€˜ုα€›ားα€›ှင် α€Ÿေားα€€ြားခဲ့α€žα€Š့်ထတိုင်း α€œိုα€€်α€œုပ်α€–ို့ α€œိုပါα€α€š် …α€žုံးချα€€်ထဲပါ

၁။ α€™α€€ောင်းα€™ှု α€€ိုα€›ှောင်α€›α€™α€š် ။

၂။ α€€ောင်းα€™ှု α€€ိုဆောင်ပြီးထစဉ်ပြုα€œုပ်α€”ေα€›α€™α€š် ။

၃။ α€…ိတ်α€€ို α€–ြူစင်ထောင်ထားရပါα€™α€š် ။

ဂေါတမ α€™ြတ်α€…ွာα€˜ုα€›ားα€›ှင်α€€ ကပ္ပိα€œα€α€်ပြα€Š် α€”ိဂြောဓာα€›ုံα€€ျောင်းα€™ှာ α€žီတင်းα€žုံးα€”ေတဲ့ထချိα€”် ထရှင်α€žာα€›ိပုတ္တရာ၏ α€œျှောα€€်ထားချα€€်ထရ α€‘α€›α€Ÿα€္တဖိုα€œ်α€…ျာα€”်α€žα€™ာပတ် ဝင်α€…ားပြီး ထဇိα€α€›α€Ÿα€”်း α€”ောင်ထနာဂတ်α€€ာα€œα€™ှာ ထရိα€™ေတ္တေα€šျα€˜ုα€›ား α€–ြα€…်တော်α€™ူα€™α€Š့်ထကြောင်းα€€ို α€Ÿောα€€ြားတော် α€™ူပါα€α€š်။ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€œောင်းα€€ တစ်α€žα€„်္ချေα€”ှင့် α€€α€™္α€˜ာတစ်α€žိα€”်း ပါα€›α€™ီတွေα€–ြα€Š့်α€€ျင့်ပြီး တုα€žိတာနတ်ပြα€Š်α€™ှာα€›ှိα€”ေα€™α€š်။

α€”ောင်ပွင့်တော်α€™ူα€™α€Š့်ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်ထကြောင်း...
=========================

α€‘α€œောင်းတော်နတ်α€žားα€€ α€œူ့ပြα€Š်α€€ိုဆင်းပြီး ပဋိα€žα€”္ဓေα€”ေα€–ို့α€›ာထတွα€€် α€˜ုα€›ားα€œောင်းတို့α€›ဲ့ ထုံးတမ်းထစဉ်α€‘α€œာ ဓမ္မတာထရ ပဋိα€žα€”္ဓေα€šူတော့α€™α€š်ဆိုရင် α€€ြα€Š့်ခြင်းငါးပါး ထရင်α€€ြα€Š့်ပြီးα€™ှ ပဋိα€žα€”္ဓေα€šူα€œေ့α€›ှိα€€ြα€α€š်။

α€€ြα€Š့်ခြင်းငါးပါးα€–ြင့်α€€ြα€Š့်တော်α€™ူခြင်းα€€-..

(၁)α€˜ုα€›ားα€–ြα€…်α€™α€Š့်ခေတ်ထခါα€€ာα€œα€€ား ထနှα€…်တစ်α€žိα€”်းα€™ှစပြီး ထောα€€်α€–ြα€…်α€žောα€€ာα€œ ထနှα€…်တစ်α€›ာတန်းα€™ှစပြီး ထထက်α€–ြα€…်α€žောα€€ာα€œ (တစ်α€žိα€”်းα€”ှင့် တစ်α€žိα€”်းထောα€€်- ၁၀၀ထထက်)

(၂)α€˜ုα€›ားα€–ြα€…်α€›ာα€€ျွα€”်းα€€ား ဇမ္α€—ူα€’ိပ်α€€ျွα€”်း

(၃)α€˜ုα€›ားပွင့်α€›ာα€’ေα€žα€€ား မဇ္α€…ျိα€™α€’ေα€ž

(၄)α€˜ုα€›ားα€œောင်းα€–ြα€…်α€›ာ ထမျိုးα€€ား မင်းα€™ျိုး ပုဏ္ဏားα€™ျိုး

(၅)α€™α€š်တော်၏α€‘α€žα€€်ထပိုင်းထခြားα€€ား α€˜ုα€›ားα€œောင်းα€™ွေးပြီး ခုα€”α€…်α€›α€€်α€žာα€”ေရခြင်း

ပဋိα€žα€”္ဓေα€šူုခြင်း...
-------------------

α€€ေတုမတီပြα€Š်………..α€žα€„်္ခစကြဝတေးမင်းα€”ှင့်တိုင်ပင်α€€ြံα€…α€Š်α€˜α€€်α€€ိုးα€€ွα€š်α€›ာα€–ြα€…်α€žော ထတိတ် ထနာဂတ်α€€ိုα€žိα€™ြင်α€”ိုင်ပြီးပစ္α€…ုပန်α€žံα€žα€›ာထစီးထပွားα€€ို ဆုံးမတတ်α€žော α€žုα€—ြα€Ÿ္မပုဏ္ဏားα€€ြီး၏ α€—ြα€Ÿ္မဏဝတီပုဏ္ဏေးမဝမ်းα€™ှာ ပဋိα€žα€”္ဓေα€”ေα€œိα€™့်α€™α€Š်။

α€—ြα€Ÿ္မဏဝတီပုဏ္ဏေးမဝမ်းα€™ှာα€†α€š်α€œα€•ြα€Š့်တဲ့ထခါα€™ှာ α€£α€žိပတေα€”α€žα€™α€„်တောα€™ှာ α€™α€š်တော် α€—ြα€Ÿ္မဏဝတီα€žα€Š်ထိုင်α€œျα€€်α€œα€Š်းα€™α€Ÿုတ် ထိပ်α€œျα€€်α€œα€Š်းα€™α€Ÿုတ်α€˜ဲ ရပ်α€œျα€€်α€žာα€œျှင်α€žα€…်ပင်၏ထကိုင်းထခက်α€€ိုα€€ိုင်α€œျα€€် α€™ေတ္တေα€šျα€€ိုα€–ွားတော်α€™ူα€œိα€™့်α€™α€Š်။

α€˜ုα€›ားα€œောင်းα€”ဲ့ထတူ တစ်ချိα€”်α€α€Š်းα€–ွားတော်α€™ူတဲ့α€–ွားα€˜α€€်တော် ၁၈ α€€ုဋေထားα€œုံးထမတ်တွေချα€Š်းα€–ြα€…်α€™α€š်။ ထဇိα€α€Ÿူα€žောα€‘α€™α€Š်α€€ိုα€žာပေးα€œိα€™့်α€™α€š်။ α€˜ုα€›ားα€œောင်းထဇိတမင်းα€žားα€Ÿာα€–ွားα€œျှင်α€–ွားချင်း ခုα€”α€…်ဖဝါးα€œှα€™်းပြီး ခြေတော်ချတိုင်းချတိုင်း α€€ြာပွင့်တွေပေါ်ပေါα€€်α€œိα€™့်α€™α€š်။

α€–ွားα€œျှင်α€–ွားချင်း ခုα€”α€…်α€œှα€™်းα€œှα€™်းပြီး "α€šα€ုα€˜α€α€€ား ငါ့ထဖို့α€”ောα€€်ဆုံးα€˜α€α€α€Š်း α€”ောα€€်ထပ်α€˜α€α€™α€›ှိတော့ပြီ ထာα€žα€ေါကင်းα€žα€Š် α€–ြα€…်α€žောα€€ြောင့်ငြိα€™်းထေးα€œα€ံ္တ့" α€Ÿူα€žောα€…α€€ားα€€ိုထရပ်α€œေးα€™ျα€€်α€”ှာα€€ို α€€ြα€Š့်ပြီးပြောဆိုα€œိα€™့်α€™α€š်။

ပြာα€žာα€’်α€œေးဆောင်ပေါ်α€œာခြင်း...
-----------------------------------

ထဇိတမင်းα€žားα€œောα€€α€…α€Š်းα€…ိα€™်ခံα€…ားα€–ို့α€›ာα€”ေမင်း၏α€›ောင်ခြα€Š်α€€ဲ့α€žို့ α€œူα€žားတွေα€™ျα€€်α€…ိα€–ြင့် α€…ိα€™်းα€…ိα€™်း α€™α€€ြα€Š့်ဝံ့တဲ့ ထရောင်α€α€œα€€်α€œα€€်α€–ြင့် ရတနာထရောင်ထွα€”်းα€œα€„်းပြောင်တဲ့တင့်α€α€š်ခံ့α€Šားα€žော ပြာα€žာα€’်α€œေးဆောင် ပေါ်ပေါα€€်α€œာα€œ်ိα€™့်α€™α€Š်။ ပြာα€žာα€’်α€œေးဆောင်α€€ို တစ်ဆောင်α€™ှာ ပရိα€˜ောα€‚α€‘α€žုံးထဆောင် ထပြα€Š့်ထစုံပါတဲ့တိုα€€်ခန်းα€€ ခုα€”α€…်ထောင်α€…ီ တစ်α€–α€€်တစ်α€–α€€်α€™ှာ ပတ္တမြားα€€ျောα€€်α€™ျα€€်α€›ွဲα€…ီα€žောနဝရတ်α€€ိုးပါးα€”ဲ့ ပြα€Š့်α€…ုံα€žော α€•α€œ္α€œα€„်ခုα€”α€…်ထောင်α€…ီ ရတနာခုα€”α€…်ပါးα€”ှင့်ပြα€Š့်α€…ုံα€žော ထီးα€–ြူခုα€”α€…်ထောင်α€…ီ ခုတင်α€Šောင်α€…ောင်းခုα€”α€…်ထောင်α€…ီ ပြာα€žာα€’်တစ်ဆောင်α€€ို တိုα€€်ခန်းα€€ ခုα€”α€…်ထောင်α€…ီဆိုတော့ ပြာα€žာα€’်α€œေးဆောင်ဆိုရင် တိုα€€်ခန်းပေါင်း α‚αˆα€α€α€ α€›ှိα€™α€š်။

ပြာα€žာα€’်တစ်ဆောင်တစ်ဆောင်α€€ို α€›ွှေထိုးα€€ြီးကတစ်α€œုံးα€…ီ။ α€›ွှေထိုးတစ်α€œုံးα€…ီα€›ဲ့ထဝကားတစ်α€šူဇနာα€€ျα€š်α€™α€š်။ α€›ွှေထိုး၏ထမောα€€်α€€ား α€™ြေα€€ြီးα€”ဲ့ထမျှထောα€€်α€™ြေα€€ြီးထဆုံ းထိ α€žုံးα€œို့α€™α€€ုα€”်α€˜ူး။ α€’ါတင်α€™α€€α€žေးα€˜ူး α€›ွှေထိုးတစ်α€œုံးα€…ီα€™ှာ ပဒေα€žာပင်α€€ြီးခြောα€€်ပင်α€…ီ ပေါα€€်α€œိα€™့်α€™α€š်။ ပြာα€žာα€’်တစ်ဆောင် တစ်ဆောင်α€™ှာ ဆဒ္α€’α€”်ဆင်မင်းခုα€”α€…်ထောင် α€œောα€Ÿα€€α€žိα€”္ဓောα€™ြင်း တစ်ထောင်α€–ြင့် α€™ောင်းα€”ှင်α€›α€žောရထားခုα€”α€…်α€›ာ α€™ောင်းမပေါင်းတစ်α€žောင်းခြောα€€်ေ ထာင်α€€ ဆိုတီးα€™ှုတ်α€–ြေα€–ျော်α€–ို့α€›ာ ကချေα€žα€Š်ထမျိုးα€žα€™ီးခုα€”α€…်ထောင်တို့α€–ြင့်α€–ျော်α€–ြေα€€ြα€œိα€™့်α€™α€Š်။

ထဇိတမင်းα€žားထိα€™်ထောင်ပြုခြင်း...
---------------------------------

ထချိα€”်တန်α€œို့ထရွα€š်α€›ောα€€်တဲ့ထခါ α€…α€”္α€’α€™ုα€€္ခီထမျိုးα€žα€™ီးα€”ဲ့ထိα€™်ထောင်ပြုα€œိα€™့်α€™α€Š်။ α€…α€”္α€’α€™ုα€€္ခီထမျိုးα€žα€™ီးα€€α€œα€Š်း α€žူမတူ နတ်α€žα€™ီးတမျှα€‘α€œွα€”်α€œှပပြီး α€žူ့α€›ဲ့ခန္ဓာα€€ိုα€š်ထနံ့α€€ား α€…α€”္α€’α€€ူးα€žα€›α€€္ခန်ထနံ့α€œိုα€™ွှေးα€€ြိုင်α€”ေα€™α€š်။ ခန္ဓာα€€ိုα€š်α€‘α€žားα€€α€œα€Š်း ဝါဂွα€™်းα€€ဲ့α€žို့ α€”ူးα€Šံ့α€™α€š်။

ခန္ဓာα€€ိုα€š်ထရောင်α€€ α€†α€š့်α€”ှα€…်တောင်ထတွင်း α€™ီးမထွα€”်းα€˜ဲ ထရောင်တဝင်းဝင်းထိα€”်α€”ေα€™α€š်။ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်α€Ÿာα€˜α€š်α€œောα€€်α€˜ုα€”်းα€€ြီးα€œိုα€€်α€™α€œဲဆိုတာ α€›ှင်α€˜ုရင်α€™α€Ÿုတ်α€˜ဲα€”ဲ့ ထဇိတမင်းα€žား α€˜α€α€œောα€€်α€›ှိတာတောင် α€™ှα€žα€„်္ခစကြဝတေးမင်းα€”ှင့်တကွ α€™ြို့ပေါင်းα€›ှα€…်α€žောင်းα€œေးထောင်α€€ α€›ှင်α€˜ုရင်တွေနတ်α€žားတွေα€€ ဝေα€šျဝစ္α€…α€œုပ်ပေးချင်α€œို့ပြုα€œုပ်ခွင့်ပေးα€–ို့α€œာပြီးတောင်းပန်α€€ြα€α€š်တဲ့။ ထဇိတမင်းα€žားα€€ ထကျွα€”်ုပ်α€™ှာ α€–ွားα€˜α€€်တော် ၁၈ α€€ုဋေထမတ်α€€ြီးα€”ှင့်တကွ ဆင်α€™ြင်းα€›ဲα€™α€€်α€—ိုα€œ်ပါတွေ α€›ှိပါα€α€š်။ α€‘α€œိုα€™α€›ှိတော့ပါα€Ÿု ပြောα€œွှတ်α€œိα€™့်α€™α€š်။

α€žားတော်α€–ွားα€™ြင်ခြင်း...
=================

ထဇိတမင်းα€žားα€Ÿာ ပြα€žာα€’်α€œေးဆောင်α€™ှာ α€œောα€€ီα€…α€Š်းα€…ိα€™်ခံα€…ားα€”ေစဉ်α€™ှာ ထနှα€…်တစ်α€žောင်းပြα€Š့်တဲ့ထခါα€€ျရင် α€—ြα€Ÿ္α€™ာဝံα€ž ဆိုတဲ့ α€žားα€šောα€€ျာ်းα€œေးα€™ွေးα€–ွားα€œိα€™့်α€™α€š် ။

α€”ိα€™ိတ်α€œေးပါးα€™ြင်ခြင်း...
==================

α€—ြα€Ÿ္α€™ာဝံα€ž α€žားα€šောα€€ျာ်းα€œေးα€™ွေးα€–ွားပြီးတဲ့ထခါ α€˜ုα€›ားα€›ှင်တို့α€›ဲ့ ထုံးတမ်းစဉ်α€œာ ဓမ္မတာထရ α€₯α€šျာဉ်ကထွα€€်စဉ်α€™ှာ α€žူထို α€žူα€”ာ α€žူα€žေ α€›α€Ÿα€”်း α€”ိα€™ိတ်α€€ြီးα€œေးပါးတွေ့α€™ြင်ရရင် α€žံဝေဂတရားတွေα€›α€œာပြီးတော့ တောထွα€€်α€™α€Š့်ထကြံα€–ြα€…်ပေါ်α€œာα€œိα€™့်α€™α€Š်။ α€’ိα€—ျာဝဒါα€” α€™ေတ္တေα€šျα€—ျာကရဏဝဒါα€” (၃၆-၃၇) α€™ှာပြဆိုထားတာကတော့ α€žα€„်္ခမင်း၏ α€šα€‡်တိုင်ထပိုင်းပိုင်းပြတ်α€žα€Š်α€€ို α€™ြင်ရပြီး α€žံဝေဂဖြα€…်ပြီးတောထွα€€်α€œိα€™့်α€™α€Š်α€œို့ပြဆိုထားတာα€›ှိα€žေးα€α€š်။ α€˜α€š်α€œိုပုံα€”α€Š်းα€”ဲ့α€–ြα€…်α€–ြα€…် တောကတော့ထွα€€်α€™ှာပါပဲ။

ထဇိတမင်းα€žား တောထွα€€်α€™α€š့်ထကြံα€…ိတ်α€€ို α€žα€„်္ခစကြဝတေးမင်းα€€ α€žိတဲ့ထခါ ထဇိတမင်းα€žားပျော်ထောင်ဆိုပြီးတော့ α€›ှα€…်α€žောင်းα€œေးထောင်α€žော ကချေα€žα€Š်တွေα€™ြို့α€žူ α€™ြို့α€žား α€”ိဂုံးဇနပုα€’်α€žူ မင်းα€žားမင်းα€™ြေး α€žူα€Œေး α€žူα€€ြွα€š်α€…α€žော α€œူထပေါင်းတို့α€€ ပန်းα€”ံ့α€žာα€…ွဲα€œျα€€် ထဇိတမင်းα€žားα€€ို ခြံα€›ံပြီး α€”ေα€€ြα€œိα€™့်α€™α€š်။ နတ်α€—ြα€Ÿ္α€™ာတွေα€€α€œα€Š်း နတ်တို့α€›ဲ့ ထီး တံခွα€”် ပန်းα€”ံ့α€žာ α€›ွှေပေါα€€်ပေါα€€် ငွေပေါα€€်ပေါα€€် α€…α€žα€Š်တို့α€–ြင့် α€˜ုα€›ားα€œောင်းပြာα€žာα€’် α€™ိုးα€€ြီးα€›ွာα€žα€€ဲ့α€žို့ ထပြα€Š့်α€‘α€œျှံခြံα€›ံခစားα€”ေα€€ြα€œိα€™့်α€™α€š်။ α€œူ့α€˜α€ α€€ာမဂုဏ်ထဲα€™ှာပျော်ထောင်α€–ြေα€–ျော်α€”ေα€€ြတာ။

ထဇိတမင်းα€žားတောထွα€€်တော်α€™ူခြင်း...
===========================

ထဇိတမင်းα€žား တောထွα€€်α€™α€š်ဆိုတဲ့ α€…ိတ်ထကြံα€€ို α€žα€„်္ခစကြဝတေးမင်းα€”ှင့်တကွ တိုင်းα€žူပြα€Š်α€žား α€œုတွေထားα€œုံးα€žိα€žွားα€€ြတဲ့ထခါα€™ှာ α€˜α€š်α€”ေ့ α€˜α€š်α€›α€€် α€˜α€š်ထချိα€”်α€™ှာ ထဇိတမင်း တောထွα€€်α€™α€š်ဆိုတဲ့ α€žα€α€„်းα€‘α€žံα€€ို ထားα€œုံးα€žိα€žွားα€€ြတော့ α€”α€”်းတွင်းα€žူ α€”α€”်းတွင်းα€žား α€™ြို့α€žူα€™ြို့α€žားတွေ တောα€›ွာဇနပုα€’်α€€ α€œူတွေ မင်းα€žား မင်းα€™ြေး α€žူα€Œေး α€žူα€€ြွα€š်ထစရှိတဲ့ α€œူပေါင်းα€™ျားα€…ွာα€”ှင့်တကွ α€…α€”္α€’α€™ုα€€္ခီ α€žားတော် α€—ြα€Ÿ္α€™ာဝံα€ž α€‘α€œုပ်ထကျွေးကချေα€žα€Š်တွေα€›ော ထဇိမင်းα€›ဲ့ ပြာα€žာα€’်ထဲα€™ှာ တောထွα€€်ရင်α€œိုα€€်α€–ို့α€›ာထတွα€€်ပြα€Š့်α€œျှံပြီးတော့α€”ေα€™α€š်။

တောထွα€€်α€™α€Š့် ထချိα€”်α€œα€Š်းα€›ောα€€်α€›ော α€œူပေါင်းα€™ျားα€…ွာပြα€Š့်α€”ေတဲ့ ပြာα€žာα€’်α€€ြီးα€Ÿာ α€˜ုα€›ားα€œောင်းတန်ခိုးတော်α€€ြာင့်α€œα€Š်းα€€ောင်း α€…α€€ြဝတေးမင်းထာဏာα€€ြောင့်α€œα€Š်းα€€ောင်း နတ်α€—ြα€Ÿ္α€™ာတို့ တန်ခိုးတော်α€€ြောင့်α€œα€Š်းα€€ောင်း α€Ÿα€žာင်္မင်းပျံα€žα€€ဲ့α€žို့ α€€ောင်းကင်α€šံα€žို့ပျံတက်ပြီး α€€ံ့α€€ော်ပင်α€›ှိα€›ာထရပ်α€žို့ α€€ောင်းကင်α€šံခရီးα€–ြင့် တောထွα€€်α€žွားα€€ြα€œိα€™့်α€™α€š်။ နတ်α€—ြα€Ÿ္α€™ာα€™ျား ပို့ဆောင်ခြင်း α€€ောင်းကင်α€šံ α€Ÿα€žာင်္ပျံ ပြာα€žာα€’်α€€ြီးα€€ို α€—ြα€Ÿ္α€™ာမင်းα€€ α€žုံးα€šူဇနာ α€›ှိα€žောထီးα€€ိုα€€ိုင်ပြီး α€œိုα€€်α€™α€š်။

α€žိα€€ြားမင်းα€€ ထတောင်ခြောα€€်α€†α€š်α€›ှိα€žော α€œα€€်α€šာα€›α€…် ခရုα€žα€„်းα€€ိုα€€ိုင်α€œျα€€် α€žာဓု α€žုံးα€€ြိα€™်ခေါ်ပြီးα€œိုα€€်α€™α€š်။ α€žုတဝံနတ်α€žားα€€ α€žားα€™ြီးα€šα€•်α€€ိုα€€ိုင်ပြီးα€œိုα€€်α€™α€š်။ တုα€žိတာနတ်α€žားα€€ ပတ္တမြားα€šα€•်α€€ိုα€€ိုင်ပြီးα€œိုα€€်α€™α€š်။ ပဉ္စင်္α€žိခနတ်α€žားα€€ α€…ောင်းα€€ိုα€€ိုင်α€™α€š်။ α€œောကပါα€œα€”α€်α€žားα€œေးα€šောα€€်α€€ α€žα€”်α€œျα€€်α€€ိုα€€ိုင်α€™α€š်။ α€”ှα€…်α€žိα€”်းα€›ှα€…်α€žောင်းα€›ှိတဲ့ α€˜ီα€œူးα€…α€…်α€žα€Š်တွေα€€ α€œα€€်α€”α€€်α€€ိုα€š်α€…ီα€€ိုင်α€™α€š်။ နတ်α€žα€™ီးတွေα€€ ရတနာပုဋောင်းα€€ိုα€€ိုင်α€™α€š်။ α€‘α€žူα€›ာနတ်တို့α€€ α€žီချင်းဆိုပြီးတော့ နတ်တို့၏ တံခွα€”်α€€ိုα€€ိုင်α€™α€š်။ နတ်မင်းတို့α€€ ပတ္တမြားα€›ှိα€žော ဆီα€™ီးα€€ိုα€€ိုင်α€™α€š်။ ဂဠုα€”်တို့α€€ α€…ောင်းတီးα€œိုα€€်α€™α€š်။ ဂန္ဓဗ္ဗနတ်တို့α€€ α€…ောင်းတီးပြီးα€œိုα€€်α€™α€š်။

α€Ÿα€žာင်္ပျံα€€ောင်းကင်ပြာα€žာα€’်ထဲα€™ှာ တောထွα€€်α€œို့ α€œိုα€€်α€€ြα€™α€Š့် ပရိα€žα€်တွေα€€ α€›ှα€…်α€žောင်းα€œေးထောင်တဲ့။ α€€ောင်းကင်α€šံပြာα€žာα€’်ပျံα€”ဲ့ ဆွေα€…ုံα€™ျိုးα€…ုံ α€žားα€”ဲ့ α€™α€šားα€”ဲ့ α€›ှα€…်α€žောင်းα€œေးထောင်ပရိα€žα€်α€”ဲ့ ထခြံထရံα€”ဲ့ α€€ောင်းကင်ခရီးα€–ြင့် α€€ံ့α€€ော်ပင်α€›ှိα€›ာα€žို့ တောထွα€€်α€™ှာ။ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်α€Ÿာ α€€ံ့α€€ော်ပင်ထောα€€်α€™ှာပွင့်α€™ှာပါ။ α€€ံ့α€€ော်ပင်ဆီα€›ောα€€်တဲ့ထခါα€™ှာ ထဇိတမင်းα€žားα€€ α€€ံ့α€€ော်ပင်ထောα€€်α€™ှာ α€’ုα€€္ကခရစရိα€šာα€€ို α€€ျင့်တော်α€™ူပါα€™α€š်။ ထဇိတမင်းα€žားα€Ÿာ α€’ုα€€္ကခရစရိα€šာα€€ို ခြောα€€်α€›α€€်α€€ျင့်တော်α€™ူα€›ုံα€™ျှα€”ဲ့ α€˜ုα€›ားစင်α€…α€…်α€–ြα€…်α€œိα€™့်α€™α€Š်။ α€…α€”္α€’α€™ုα€€္ခီα€™ိα€–ုα€›ားα€€ ထဲα€’ီα€”ေα€›ာα€™ှာပဲ နတ်α€žြဇာα€”ဲ့ပြα€Š့်α€…ုံတဲ့ α€”ွားα€”ို့ဆွα€™်းα€œှုα€œိα€™့်α€™α€š်။

α€žα€—္α€—α€Šုတα€₯ာဏ်α€›α€žα€Š့်ထချိα€”်...
======================

α€Šα€”ေချα€™်းထချိα€”်α€›ောα€€်α€žα€Š့်ထခါ α€€ံ့α€€ော်ပင်α€”ဲ့ α€™α€”ီးမဝေး ရတနာခုα€”α€…်ပါးα€”ဲ့ပြα€Š့်α€…ုံတဲ့ ထမြင့် ၆၄တောင်α€›ှိတဲ့ α€›ွှေα€•α€œ္α€œα€„်ပေါ်ပေါα€€်α€œာα€œိα€™့်α€™α€š်။ ထိုα€›ွှေα€•α€œ္α€œα€„်ထထက်α€α€š် ထက်ဝက်α€–ွဲ့ခွေထိုင်α€”ေတော်α€™ူα€œျα€€် ထရှေ့α€œောကဓာတ်α€€ိုα€€ြα€Š့်ပြီး နတ်ပရိα€žα€်α€”ဲ့ α€œူပရိα€žα€်တွေခြံα€›ံα€œျα€€် α€™ာα€›်နတ်α€›ဲ့့α€›α€”်α€€ိုထောင်α€™ြင်α€œိα€™့်α€™α€š်။ α€Šα€‰့်ဦးα€šံα€™ှာ ပုα€—္α€—ေα€”ိဝါα€žα€”ုဿတိα€₯ာဏ်α€€ိုα€›α€™α€š်။ α€žα€”်းခေါင်α€šံထချိα€”်α€™ှာ α€’ိα€—္α€—α€…α€€္ခုα€₯ာဏ်α€€ိုα€›α€™α€š်။ α€™ိုးα€žောα€€်α€šံထချိα€”် ထာα€žα€α€€္α€α€šα€₯ာဏ်တွေရပြီးတော့ α€”ေဝန်းα€€ြီးပေါ်ပေါα€€်α€œာတဲ့ထချိα€”်α€€ျတော့ α€žα€…္α€…ာα€œေးပါးα€€ိုα€žိပြီး α€žα€—္α€—α€Šုတα€₯ာဏ်α€€ိုα€›α€™α€š်။

α€˜ုα€›ားပွင့်တဲ့α€€ံ့α€€ော်ပင်α€›ဲ့ α€œုံးပတ်α€€ ထဲα€’ီခေတ်ထခါα€™ှာ α€œူတွေα€›ဲ့ ထတောင်α€”ဲ့ ထတောင်ခုα€”α€…်α€†α€š်α€›ှိα€™α€š်။ ထကိုင်းထခက် α€€ိုးα€€ိုင်း ခက်α€™α€€ိုးα€–ြာα€œို့ခေါ်α€α€š်။ α€€ံ့α€€ော်ပင်α€›ဲ့ ထနံ့တွေα€€ α€œေထောα€€်α€€ိုα€†α€š်α€šူဇနာ α€œေထထက်α€€ို α€†α€š်α€šူဇနာα€™ွှေးα€™α€š်။ α€€ံ့α€€ော်ပွင့်တွေα€€ α€”ွားα€œှα€Š်းα€˜ီးα€œောα€€်α€€ြီးα€™α€š်။ α€˜ုα€›ားα€–ြα€…်တဲ့α€”ေ့ကစပြီး ပွင့်α€€ြတဲ့ α€€ံ့α€€ော်ပွင့်တွေα€Ÿာ α€˜ုα€›ားပရိα€”ိα€—္α€—ာα€”်α€…ံတဲ့α€”ေ့α€€ျα€™ှ α€€ြွေα€€ြတော့α€™ှာ။ ထဲα€’ီα€€ံ့α€€ော်ပင်α€€ို α€˜α€š်ငှα€€်α€™ှ α€™α€”ားဝံ့α€€ြα€˜ူး။ α€–ြတ်α€€ျော်မပျံ့ဝံ့α€€ြα€˜ူး။

α€€ံ့α€€ော်ပင်းα€”ားα€›ောα€€်တဲ့ငှα€€်တိုင်း α€žα€္တဝါတိုင်း α€€ံ့α€€ော်ပင်α€€ို α€œα€€်α€šာα€›α€…်α€žုံးပတ်ပတ်ပြီးα€™ှ α€žွားα€€ြα€œိα€™့်α€™α€š်။ α€—ြα€Ÿ္α€™ာမင်းα€€ တရားα€Ÿောα€›α€”် တောင်းပန်ခြင်း ထဲα€’ီα€€ံ့α€€ော်ပင်α€›ဲ့ ထနီးထနားα€™ှာပဲ α€žီတင်းα€žုံးα€”ေတဲ့ထချိα€”် α€œေးα€†α€š့်α€€ိုးα€›α€€်α€€ျော်α€œွα€”်တဲ့ထခါ ပွင့်တော်α€™ူα€žွားα€€ြတဲ့ α€˜ုα€›ားα€›ှင်တိုင်းα€›ဲ့ ထုံးတမ်းထစဉ်α€‘α€œာထရ α€—ြα€Ÿ္α€™ာမင်းα€€ြီးα€›ဲ့α€œောကဂရုα€€ို ခံα€šူα€™α€š်။ α€—ြα€Ÿ္α€™ာမင်းကတောင်းပန်α€™ှ တရားα€Ÿောရတာα€€ ပွင့်တော်α€™ူα€žွားα€€ြတဲ့ α€˜ုα€›ားα€›ှင်တိုင်းα€›ဲ့ ဓမ္မတာα€–ြα€…်α€œို့ α€Ÿောရတာ။ α€˜ုα€›ားမပွင့်α€™ီ α€—ာα€Ÿိα€›α€€ာα€œα€™ှ α€œူဝတ်α€€ြောင်α€™ျား α€›α€žေ့ ပရိα€—ိုဇ် α€›α€Ÿα€”်း ပုဏ္ဏားတို့တွေα€Ÿာ α€—ြα€Ÿ္α€™ာတွေα€€ိုα€žာ α€‘α€œေးဂရုပြု α€€ိုးα€€ွα€š်α€”ေα€€ြတာ။ α€α€œောα€€α€œုံးα€€ α€‘α€œေးထမြတ်ပြုα€žော α€—ြα€Ÿ္α€™ာα€€ြီးα€€ α€™ြတ်α€…ွာα€˜ုα€›ားထား α€‘α€œေးပြု α€Šွှတ်တွားα€€ိုင်းα€›ှိုင်းα€œာα€œျှင် တစ်α€œောα€€α€œုံးပင် α€™ြတ်α€…ွာα€˜ုα€›ားα€€ို α€‘α€œေးပြုα€Šွှတ်တွားα€€ိုင်းα€›ှိုင်းα€œာα€œိα€™့်α€™α€š်။ ထဲα€’ါα€€ို α€œောကဂရု α€šူα€œိုα€€်တာα€œို့ခေါ်α€α€š်။

ဓမ္α€™α€…α€€ြာတရားα€Ÿောα€€ြွခြင်း...
======================
α€—ြα€Ÿ္α€™ာမင်းထံα€™ှ တရားα€Ÿောα€›α€”်ဝန်ခံပြီးပြီဆိုα€œျှင်ပဲ α€£α€žိပတနα€₯α€šျာဉ်တောα€žို့ ဓမ္α€™α€…α€€ြာတရားα€Ÿောα€–ို့α€›α€”်α€€ြွα€œိα€™့်α€™α€š်။ α€˜ုα€›ားα€›ှင်ခြေတော်ထစုံα€€ို ခံထံ့α€žောငှာ α€™ြေα€€ြီးα€€ိုခွင်းပြီး ထတောင်α€žုံးα€†α€š်α€›ှိတဲ့ α€€ြာပွင့်α€€ြီး ၂၄ တောင်α€›ှိတဲ့ α€€ြာပွင့်α€„α€š်တွေα€€ α€˜ုα€›ားα€›ှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးα€œိα€™့်α€™α€š်။ α€œူပရိα€žα€် α€›ှα€…်α€šူဇနာ နတ်ပရိα€žα€် α€…α€€ြာဝဠာတိုα€€်ထပြα€Š့် α€—ြα€Ÿ္α€™ာပြα€Š်ထထက်ဆုံး ထကနိဋ္α€Œα€˜ုံတိုင်ထောင် ပရိα€žα€်တွေα€€ို ထန်းα€žီးα€œုံးα€œောα€€်α€€ြီးα€žော α€›ောင်ခြα€Š်တော် ခြောα€€်ပါးα€œွှတ်ပြီး ဓမ္α€™α€…α€€ြာတရားα€Ÿောတဲ့ထခါα€™ှာ α€œူပုဂ္ဂိုα€œ် α€€ုဋေတစ်α€žိα€”်း နတ်α€—ြα€Ÿ္α€™ာတွေα€€ α€€ုဋေတစ်α€žိα€”်း α€€ျွတ်တမ်းဝင်α€€ြα€œိα€™့်α€™α€š်။

α€˜ုα€›ားα€›ှင်၏တန်ခိုးတော်...
===================
α€˜ုα€›ားα€›ှင်၏တန်ခိုးတော်α€€ြောင့် α€›ွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုα€œဲပန်းဆိုင်း α€žα€”္တာပန်းဆိုင်းတို့α€–ြင့် တန်ဆာဆင်α€œျα€€် ရတနာခုα€”α€…်ပါးα€”ှင့် ပြα€Š့်α€…ုံပြီး α€†α€š့်α€”ှα€…်α€šူဇနာα€€ျα€š်ဝန်းတဲ့ α€—ိα€™ာα€”်α€™ျα€€်α€”ှာα€€ျα€€်α€žα€Š် ဓမ္α€™α€…α€€ြာတရားဦးα€Ÿောα€žα€Š့်α€”ေ့α€™ှစပြီး ပရိα€”ိα€—္α€—ာα€”်ဝင်α€…ံα€žα€Š့်တိုင်ထောင် α€”ေ့α€Šα€‘α€™ြဲပင်α€œိုα€€်ပါပြီး α€™ျα€€်α€”ှာα€€ျα€€်ထဖြα€…် α€™ိုးα€€ာပြီးα€”ေα€™α€š်။ ထရိα€™ေတ္တေα€šျα€˜ုα€›ား α€”ေα€žα€”့်စင်α€žောထခါ α€”ေα€–ို့α€›ာထတွα€€် α€™ြေα€€ြီးတို့α€€ိုခွဲပြီး ရတနာα€žုံးပါးα€”ှင့်ပြα€Š့်α€…ုံα€žော ၁၂ α€šူဇနာα€€ျα€š်ဝန်းတဲ့ α€›ွှေမဏ္ဍပ်α€€ြီးပေါ်ပေါα€€်α€œိα€™့်α€™α€š်။ α€˜ုα€›ားα€›ှင်တန်ခိုးတော်α€€ြောင့် α€™ိတာα€”်ပန်းဆိုင်း တုရင်တိုင် ထီး တံခွα€”် ဆီα€™ီး တန်ဆောင်း ရတနာမဏ္ဍပ်α€€ြီးα€Ÿာ α€˜ုα€›ားα€›ှင်တရားα€Ÿောα€›ာ α€Œာနတိုင်းα€™ှာ ထိα€™်α€™ှာα€Ÿောα€™α€š်ဆိုရင် ထိα€™်ပေါα€€်ဝ α€€ျောင်းα€™ှာα€Ÿောα€™α€š်ဆိုရင် α€€ျောင်းပေါα€€်ဝ α€™ြို့α€™ှာα€Ÿောα€™α€š်ဆိုရင် α€™ြို့α€™ှာ တောα€™ှာα€Ÿောα€™α€š်ဆိုရင် တောα€™ှာ စတဲ့ α€Ÿောတဲ့α€”ေα€›ာတိုင်းα€™ှာ α€€ောင်းကင်α€šံα€€α€”ေပြီး ထမြဲတမ်း ပရိα€”ိα€—္α€—ာα€”်α€…ံထထိ α€œိုα€€်ပါα€”ေα€™ှာ။

α€›ုပ်α€™ြင်α€žံα€€ြားα€™ေတ္တေα€šျα€˜ုα€›ား...
==========================

ထရိα€™ေတ္တေα€šျα€˜ုα€›ား တရားα€Ÿောတဲ့ထခါ α€˜α€š်α€™ြို့ α€˜α€š်α€’ေα€ž α€˜α€š်ထရပ် α€˜α€š်α€›ွာα€’ေα€ž ဇနပုα€’် ထိα€™်ကပဲα€Ÿောα€Ÿော α€…α€€ြဝဠာတိုα€€်တစ်α€žောင်းα€œုံး α€˜ုα€›ားα€›ှင်α€›ဲ့ တရားα€Ÿောα€‘α€žံα€€ိုα€€ြားα€”ေα€›α€™α€š်။ α€˜ုα€›ားα€›ှင်α€›ဲ့ ပုံα€žα€္α€Œာα€”်α€€ိုα€œα€Š်းα€™ြင်α€”ေα€›α€™α€š်။ α€›ုပ်α€œα€Š်းα€™ြင်α€›α€™α€š် α€‘α€žံα€œα€Š်းα€€ြားα€›α€™α€š်။ α€™α€™ြင်ချင်α€œို့ α€™ျα€€်α€…ိα€™ှိတ်ထားα€œα€Š်း α€™α€›α€˜ူး။

α€™α€€ြားချင်α€œို့α€”ားပိတ်ထားα€œα€Š်းα€™α€›α€˜ူး။ α€˜ုα€›ားα€›ှင်α€›ဲ့တန်ခိုးတော်α€€ြောင့် ၃၁ α€˜ုံထကာထရံα€™α€›ှိ α€–ီα€œာထုတ်ချင်းပေါα€€်α€™ြင်α€€ြα€›α€™ှာ။ ထပေါ်α€€ြα€Š့်ရင် နတ်α€žား နတ်α€žα€™ီး α€—ြα€Ÿ္α€™ာတွေα€™ြင်α€›α€™α€š်။ ထောα€€်ငုံ့α€€ြα€Š့်ရင် ငရဲပြα€Š်α€™ှာ ခံα€…ားα€”ေရတဲ့ ငရဲα€’ုα€€္ခမျိုးα€…ုံα€€ိုα€™ြင်ရတော့ ငရဲα€›ောα€€်ထောင် ထကုα€žိုα€œ်တွေပြုα€›ဲα€–ို့α€™α€›ှိတော့α€˜ူး။ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်α€›ဲ့တန်ခိုးတော်α€€ြောင့် α€šောα€€ျာ်းဆိုရင် နတ်α€žားα€œို α€™ိα€”်းမဆိုရင် နတ်α€žα€™ီးα€œို ချောα€™ောα€œှပတွေချα€Š်းα€–ြα€…်α€›ာ α€›ုပ်မချော ထင်္ဂါα€™α€…ုံတစ်α€šောα€€်α€™ှα€™α€›ှိ။ ထကုα€”်းထကွ ထကန်း ထနူထဝဲα€›ောဂါα€žα€Š်တွေ α€œုံးဝမရှိ။ α€‘α€žα€€်ငါးα€›ာပြα€Š့်တဲ့ထရွα€š်α€›ောα€€်ရင် ထမျိုးα€žား ထမျိုးα€žα€™ီးတွေ ထိα€™်ထောင်ပြုα€€ြα€œိα€™့်α€™α€š်။

ဇနီးα€™ောင်α€”ှံα€”ှα€…်ဦး ခိုα€€်α€›α€”်α€’ေါα€žα€™α€›ှိ ပြα€Ώα€”ာα€™α€›ှိ α€€ွဲα€€ွာα€žွားခြင်းα€œα€Š်းα€™α€›ှိ။ ထမြဲထဆင်ပြေα€™α€š်။ α€›ာα€žα€€်ပန်ပေါင်းα€žα€„်းα€›α€™α€š်။ ထမျိုးα€žα€™ီးတိုင်းα€™ှာ ပတ္တမြားα€”ားတောင်း α€œα€€်α€…ွပ် α€œα€€်α€€ောα€€် ခြေα€€ျင်းα€…α€žα€Š်တို့α€Ÿာ α€›ွှေထိုးα€€ြီးတွေထဲα€€ α€€ြိုα€€်α€”ှα€…်α€žα€€်α€›ာ α€šူဝတ်α€€ြα€™ှာ။ α€›ွှေမဝတ်α€”ိုင်တဲ့α€žူα€™α€›ှိα€˜ူးတဲ့။

α€…ားα€…α€›ာပဒေα€žာပင်တွေα€™ှာ α€šူα€…ားချင်တဲ့ထချိα€”်α€šူα€…ားα€œို့α€›α€α€š်။ α€€ျα€”်းα€™ာα€›ေးထနေα€”ဲ့α€€ြα€Š့်α€™α€š်ဆိုရင်α€œα€Š်း α€˜ာα€›ောဂါα€™ှα€€ိုα€™α€›ှိα€˜ူး။ α€”ေ့α€Šα€ွဲα€™α€› ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်α€›ဲ့ တန်ခိုးတော်α€€ြောင့် α€€α€™္α€˜ာα€œောα€€ြီးα€Ÿာ α€”ေ့ထခါ α€Šα€‘α€ါα€›α€š်α€œို့α€™α€›ှိ α€”ေ့α€›ောα€Šα€•ါ ထမြဲတမ်းα€œα€„်းထိα€”်ပြီးတော့ α€™α€”α€€်ပွင့်တဲ့ပန်း α€Šα€•ွင့်တဲ့ပန်း α€™α€”α€€်ပန်း α€Šα€•α€”်း α€€ြα€€်တွα€”်α€žံတွေα€€ို α€€ြα€Š့်α€›ှုα€”ားထောင်ပြီး α€”ေ့α€Šα€ွဲα€šူα€›α€œိα€™့်α€™α€š်။

ပရိα€”ိα€—္α€—ာα€”်α€…ံα€™α€Š့်ထရွα€š် α€™ြတ်α€…ွာα€˜ုα€›ားα€›ှင်α€Ÿာ α€˜ုα€›ားα€–ြα€…်တော်α€™ူပြီးတဲ့ထချိα€”်ကစပြီး α€€ုဋေခုα€”α€…်α€›ာα€žော ပရိα€žα€်တို့α€€ို ချေချွတ်တော်α€™ူပြီးα€œျှင် ထနှα€…်α€›ှα€…်α€žောင်းပြα€Š့်တဲ့ထချိα€”်α€™ှာ ပရိα€”ိα€—္α€—ာα€”်α€…ံဝင်α€œိα€™့်α€™α€š်။ α€’ါပေα€™α€š့် α€žာα€žα€”ာတော်α€€ ထနှα€…်α€”ှα€…်α€žိα€”်းခြောα€€်α€žောင်း ပြα€Š့်တဲ့ထခါ α€˜α€’္α€’α€€α€™္α€˜ာα€€ြီးα€žα€Š် ထချိα€”်တန်α€œျှင် ပျα€€်ပြီး α€€α€™္α€˜ာတစ်α€žိα€”်းα€€ာα€œα€œုံး α€˜ုα€›ားမပွင့်တော့α€˜ူးတဲ့။ α€˜ုα€›ားမပွင့်တဲ့ α€€α€™္α€˜ာတစ်α€žိα€”်းα€€ျော်α€œွα€”်α€žောထခါ မဏ္ဍကမ္α€˜ာα€–ြα€…်ပြီးတော့ α€₯တ္တရာမမင်းα€žα€Š် α€›ာα€™α€žα€™္α€—ုα€’္α€“α€˜ုα€›ားα€–ြα€…်α€œိα€™့်α€™α€š်။

α€•α€žေα€”α€’ီα€€ောα€žα€œα€™α€„်းα€€ ဓမ္α€™α€›ာဇာα€˜ုα€›ားα€–ြα€…်α€œိα€™့်α€™α€š်။ ထဲα€’ီ မဏ္ဍကမ္α€˜ာα€™ှာα€˜ုα€›ားα€”ှα€…်ဆူပွင့်ပြီး ပျα€€်α€…ီးα€žွားတဲ့ထခါ α€žာα€›α€€α€™္α€˜ာα€–ြα€…်ပေါ်ပြီး α€‘α€˜ိα€˜ူα€˜ုα€›ားတစ်ဆူα€žာပွင့်α€œိα€™့်α€™α€š်။ α€žာα€›α€€α€™္α€˜ာပျα€€်ပြီး α€€α€™္α€˜ာတစ်α€žိα€”်းα€˜ုα€›ားမပွင့်α€˜ဲα€”ေပြီးတော့ α€€α€™္α€˜ာတစ်α€žိα€”်းα€€ျော်α€œွα€”်α€žောထခါ α€–ြα€…်ပေါ်α€œာα€™α€š့် α€€α€™္α€˜ာα€™ျားα€™ှာ α€’ီα€ƒα€žောα€”ိα€‘α€žူα€›ိα€”်နတ်α€žား α€…α€”္α€’α€”ီပုဏ္ဏား၊ α€žုα€˜α€œုα€œα€„် တောα€’ေα€šျပုဏ္ဏား ၊ α€”ာα€ ာဂီα€›ိဆင်မင်း α€•α€œα€œေα€šα€†α€„်မင်းတို့ ထစဉ်ထတိုင်း α€˜ုα€›ားα€–ြα€…်α€œိα€™့်α€™α€š်။

ထရိα€™ေတ္တေα€šျα€˜ုα€›ားα€–ူးα€™ြော်α€›α€”် ပြုα€œုပ်α€›α€™α€Š့်α€€ုα€žိုα€œ်
============================

-α€šα€ုα€€ြုံတွေ့α€”ေရတဲ့ ဂေါတမမြတ်α€…ွာα€˜ုα€›ား α€žာα€žα€”ာα€€ာα€œα€‘α€ွင်းα€™ှာ α€€ိုα€š်တိုင် α€›α€Ÿα€”်းα€žာမဏေ α€žီα€œα€›ှင်ဝတ်ပြီး ပရိα€šα€် ပဋိပတ် α€žာα€žα€”ာပြုα€”ေတဲ့ပုဂ္ဂိုα€œ်

-α€™ိα€™ိရင်α€™ှα€–ြα€…်တဲ့α€žား α€žူတစ်ပါးရင်α€™ှα€–ြα€…်တဲ့α€žားတွေα€€ို α€›α€Ÿα€”်းခံပေးခြင်း α€›ှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုα€œ်

- α€™ိခင်ဖခင်α€€ျေးဇူးα€›ှင်တွေα€€ို ဝတ်α€€ျေတမ်းα€€ျေα€™α€Ÿုတ်α€˜ဲ α€…ိတ်ပါα€œα€€်ပါပြုα€…ုα€œုပ်α€€ျွေးα€žောပုဂ္ဂိုα€œ်

-α€žα€›α€α€‚ုံα€žီα€œα€™α€•ြတ်ဆောα€€်α€α€Š်α€žောပုဂ္ဂိုα€œ်

-α€˜ုα€›ားα€žာα€žα€”ာα€α€Š်α€…ိα€™့်α€žောငှာ α€…ေတီပုထိုး α€…α€Š်းခုံ α€₯မင်α€œိုဏ်ခေါင်း ဇရပ်α€…α€žα€Š်တို့α€€ို ပြုပြင်တဲ့ပုဂ္ဂိုα€œ်-α€žα€…်ဆောα€€်α€œုပ်α€œှုα€’ါα€”်းတဲ့ပုဂ္ဂိုα€œ်

- α€—ောဓိα€Šောင်ပင်α€…ိုα€€်ပျိုးα€žောပုဂ္ဂိုα€œ်

- α€Šောင်α€›ေα€žွα€”်းα€œောင်းα€žောပုဂ္ဂိုα€œ်

- α€›ေတွင်း α€›ေထိုင် α€›ေα€€α€”် စတုα€’ိα€žာα€€ျောင်းဇရပ် တံတာြး့ပုပြင်α€žောပု ္ဂိုα€œ်

-ထရုဏ်ဆွα€™်း α€”ေ့ဆွα€™်းမပြတ်α€œောင်းα€œှုα€žောပုဂ္ဂိုα€œ်

-α€›α€Ÿα€”်းတို့ထားပစ္α€…α€Š်းα€œေးပါးတို့α€–ြင့်ထောα€€်ပံ့α€œှုα€’ါα€”်းα€žောပုဂ္ဂိုα€œ်

-α€€α€™္α€™α€Œာα€”်းα€˜ာဝနာပွားα€™ျားထားထုတ်α€žောပုဂ္ဂိုα€œ်….

ထဲα€’ီ ပုဂ္ဂိုα€œ်တွေထားα€œုံး α€§α€€α€”်α€™ုချ α€™α€œွဲα€™α€žွေ α€™ြေα€€ြီးα€œα€€်ခတ်α€™α€œွဲ ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ားα€€ို α€–ူးα€™ြော်ရပြီး α€”ိα€—္α€—ာα€”်α€€ိုα€›α€™α€š်။ ထဲα€’ါα€€ ဂေါတမမြတ်α€…ွာα€˜ုα€›ားα€€ိုα€š်တိုင်ပြောပြခဲ့တဲ့ α€€ုα€žိုα€œ်တွေα€–ြα€…်ပါα€α€š်။

ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ားα€œောင်းပြောပြခဲ့တဲ့ α€€ုα€žိုα€œ်တွေကတော့…..

α€™α€Ÿာဝေα€žα€”္တရာဇာတ်တော်α€€ို α€”ေ့ချင်းα€€ုα€”်ထောင်α€”ာα€€ြားα€€ြα€žောα€žူတို့α€žα€Š် α€€ျွα€”်ုပ်α€˜ုα€›ားα€™α€–ြα€…်α€™ီထကြား α€žံα€žα€›ာ၌ α€€ျင်α€œα€Š်α€œေα€žα€™ျှα€™ှာα€œα€Š်း α€…ိတ်α€”ှင့်α€€ိုα€š်α€€ို ထစိုးα€›၍ α€œူα€€ောင်း နတ်α€€ောင်း α€…α€Š်းα€…ိα€™်α€€ောင်းα€€ို ခံα€…ားရပြီး α€€ျွα€”်ုပ်α€˜ုα€›ားα€–ြα€…်α€žောထခါ α€›ှေးဦးα€…ွာ α€–ူးတွေ့α€›၍ ပဋိα€žα€™္α€˜ိα€’ါα€•α€Šာα€œေးပါးα€”ှင့်တကွ α€›α€Ÿα€”္တာထဖြα€…်α€€ို မချွတ်α€™α€œွဲα€›α€”ိုင်ပါα€œိα€™့်α€™α€š်α€œို့ α€›ှင်α€™ာα€œဲမထေα€›်α€™ြတ်ထား ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ားα€œောင်းα€€ ပြောပြတော်α€™ူခဲ့ပါα€α€š်။

α€œူနတ်α€—ြα€Ÿ္α€™ာα€žα€္တဝါထပေါင်း α€”ှα€œုံးα€…ိတ်ဝမ်းထေးချα€™်းပြီး α€›ောဂါခပ်α€žိα€™်းကင်းဝေးα€”ိုင်α€€ြပါα€…ေ...
ဆင်းα€›ဲခပ်α€žိα€™်း ငြိα€™်းα€€ြပါα€…ေ
Crd......
#k.k

ဂျပန်α€”ိုင်ငံα€€ α€™ော်တော်α€€ားα€”ဲ့α€™ော်တော် ဆိုင်α€€α€š်တွေ တစ်α€€α€™္α€˜ာα€œုံးα€€ို တင်ပို့α€”ေတဲ့ α€Ÿွα€”်းα€’ါး(Honda)ဆိုတာ



 α€‚ျပန်α€”ိုင်ငံα€€ α€™ော်တော်α€€ားα€”ဲ့α€™ော်တော် ဆိုင်α€€α€š်တွေ တစ်α€€α€™္α€˜ာα€œုံးα€€ို တင်ပို့α€”ေတဲ့ α€Ÿွα€”်းα€’ါး(Honda)ဆိုတာ 
α€€ြားα€–ူးα€€ြα€™ှာပါ ။α€Ÿွα€”်းα€’ါး α€€ုα€™္ပဏီα€€ို စတင်α€α€Š်ထောင်α€žူα€€
ဂျပန်α€œူα€™ျိုး " α€Ÿွα€”်းα€’ါးပါ " α€”ာα€™α€Š် ထပြα€Š့်ထစုံα€€ 
" Soichiro_Honda "(ဆိုချီα€šို α€Ÿွα€”်းα€’ါး )α€–ြα€…်ပါα€α€š်။
α€Ÿွα€”်းα€’ါးα€€ို ထနောα€€်α€”ိုင်ငံα€€α€žα€α€„်းα€…ာ မဂ္ဂဇင်းတွေα€™ှာ ထခက်ထခဲα€”ဲ့ α€˜α€š်α€œောα€€်α€€ြုံα€€ြုံ α€˜α€š်တော့α€™ှ 
ထရှုံးမပေးတဲ့ α€œူα€œို့ ချီးα€€ျူး α€›ေးα€žားα€€ြပါα€α€š်။ 

α€˜ာα€–ြα€…်α€œို့ ဂျပန်α€œူα€™ျိုးα€α€šောα€€်α€€ို … 
ထနောα€€်α€”ိုင်ငံတွေα€€ ချီးα€™ွα€”်းα€”ေရတာα€œဲဆိုတာ … α€œေ့α€œာα€€ြα€Š့်α€€ြ ရထောင်။

αα‰αƒαˆα€ုα€”ှα€…်α€™ှာ .α€‘α€žα€€်၂၁နှα€…် ထရွα€š် 
α€œူα€„α€š်α€œေး α€Ÿွα€”်းα€’ါးα€Ÿာ α€™ော်တော်α€€ား ထင်ဂျင်α€™ှာα€žုံးတဲ့. ပစ္စတင်α€€ွင်း (Piston_Ring )α€œေးတွေα€€ို 
α€žူ့α€›ဲ့α€€ားပြင်တဲ့ α€‘α€œုပ်α€›ုံα€™ှာ α€…α€™်းα€žα€•်ထုတ်α€œုပ်α€α€š်။ ထောင်α€™ြင်ရင် တိုα€šိုတာα€™ော်တော်α€€ားα€€ုα€™္ပဏီα€€ြီးα€€ို α€žူ့ပစ္α€…α€Š်းတွေ α€žွင်းα€™α€š်ပေါ့။ α€‘α€œုပ်α€›ုံထဲα€™ှာ တစ်α€šောα€€်ထဲ α€”ေ့α€›ောα€Šα€›ော တကုပ်α€€ုပ်α€”ဲ့α€€ြိုးα€…ား ပမ်းα€…ားα€œုပ်α€α€š်။

 α€•ိုα€€်ဆံα€™α€œောα€€်α€œို့ α€žူ့α€™ိα€”်းα€™α€›ဲ့ α€œα€€်ဝတ်α€œα€€်α€…ားတွေ α€›ောင်းချပြီး ဆက်α€œုပ်α€α€š်။
α€”ောα€€်ဆုံးထောင်α€™ြင်α€…ွာ ထုတ်α€œုပ်α€”ိုင်ခဲ့ပြီ။ ပစ္α€…α€Š်းα€”α€™ူα€”ာထချို့α€€ို α€šူပြီး တိုα€šိုတာ α€€ုα€™္ပဏီα€€ိုα€žွားပြα€α€š်။ 
α€žူ့ပစ္စတင်α€€ွင်းတွေα€Ÿာ α€…α€™်းα€žα€•်ရင်း တချို့α€€ျိုးα€€ုα€”်α€œို့ Quality α€‘α€›α€Š်α€‘α€žွေး α€™α€™ှီα€˜ူးဆိုပြီး α€•α€š်ချα€œိုα€€်ပါα€α€š်။ α€žူα€…ိတ်ပျα€€်α€œα€€်α€œျှော့ α€žွားပြီα€œား။. πŸ‘† … …

α€žူα€Ÿာ α€žα€္တုα€€ျိုစပ်α€”α€Š်း α€€ိုα€€ောင်းα€€ောင်း 
α€™α€žိα€œို့α€–ြα€…်α€™ှာပဲ ဆိုပြီး…
ထင်ဂျင်α€”ီα€šာα€€ျောင်း α€žွားတက်α€α€š်။ 
α€€ျောင်းα€€ ထင်ဂျင်α€”ီα€šာတွေα€€ α€žူ့α€›ဲ့ ပစ္စတင်α€€ွင်းα€€ို α€€ြα€Š့်ပြီးဝိုင်းα€Ÿားα€€ြα€α€š်။
α€žူα€›ှα€€်ပြီး. α€…ိတ်ပျα€€်α€žွားပြီ

၂ α€”ှα€…်α€€ြာထောင် α€žူ့α€›ဲ ပစ္စတင်α€€ွင်းတွေα€€ို ဆက်α€œုပ်α€α€š်။ α€”ောα€€်ဆုံး ထောင်α€™ြင်α€žွားα€œို့ …
တိုα€šိုတာ α€€ုα€™္ပဏီα€€ α€œα€€်ခံပြီး ပစ္α€…α€Š်းတွေα€žွင်းα€–ို့
α€€α€”်ထရိုα€€် α€…ာချုပ်ချုပ်α€œိုα€€်α€α€š်။
ထခု α€Ÿွα€”်α€’ါးα€Ÿာ ပစ္α€…α€Š်းထုတ်α€œုပ်α€–ို့ 
α€…α€€်α€›ုံတခုဆောα€€်α€–ို့ α€œိုα€œာ
 α€’ါပေα€™ဲ့ ထဲα€’ီထချိα€”်α€™ှာ α€’ုတိα€šα€€ α€™္α€˜ာα€…α€…်α€€ြီးစတင်တော့α€™ှာα€™ို့ ဂျပန်α€…α€…်တပ်α€€ α€˜ိα€œα€•်α€™ြေတွေ ထကုα€”် α€žိα€™်းထားα€α€š်။ α€Ÿွα€”်းα€’ါးα€Ÿာ α€˜ိα€œα€•်α€™ြေα€€ို α€˜α€š်α€™ှာα€™ှ α€α€š်α€œို့မရတော့α€˜ူး။ α€Ÿွα€”်းα€’ါး α€…ိတ်ပျα€€် α€žွားပြီα€œား။ 

α€žူα€Ÿာ ရတဲ့ ပစ္α€…α€Š်းα€”ဲ့ α€˜ိα€œα€•်α€™ြေ ထုတ်α€œုပ်α€”α€Š်းα€€ို 
တီထွင် α€œိုα€€်α€α€š်။
α€žူα€€ိုα€š်တိုင် ထုတ်တဲ့ α€˜ိα€œα€•်α€™ြေα€”ဲ့ α€…α€€်α€›ုံα€€ိုα€€ွα€”်α€€α€›α€…်α€œောင်းပြီး ထပြီးα€α€Š်ဆောα€€် α€œိုα€€်α€α€š်။

α€…α€€်α€›ုံဆောα€€်တာ ပြီးα€žွားပြီ။
ပစ္စတင်α€€ွင်းတွေ စထုတ်တော့α€™α€š်။
α€’ုတိα€š α€€α€™္α€˜ာα€…α€…်α€€ြီးα€–ြα€…်α€”ေတုံးα€™ို့ … 
α€žူ့α€…α€€်α€›ုံα€Ÿာ ထမေα€›ိα€€α€”်α€…α€…်α€œေα€šα€‰်တွေ့α€›ဲ့ α€—ုံးα€€ြဲချခြင်းα€€ို -၂ α€€ြိα€™်တိုင်တိုင် ခံα€œိုα€€်α€›α€α€š်။ 
α€…α€€်α€›ုံα€Ÿာ ထတော်ပျα€€်α€…ီးα€žွားα€α€š်။
ပိုဆိုးတာα€€ ပစ္စတင်α€€ွင်းα€œုပ်α€–ို့ α€žံα€‘α€Š် ပစ္α€…α€Š်းတွေ α€›ှာမရတော့α€˜ူး။
ဂျပန်α€…α€…်တပ်α€€ α€žံပစ္α€…α€Š်းတွေ ထကုα€”်α€žိα€™်းထားα€œိုα€€်ပြီ။ α€žူα€…ိတ်ဓါတ်α€€ျပြီး α€œα€€်α€œျှော့ α€œိုα€€်ပြီα€œား။ 

α€žူα€Ÿာ ထမေα€›ိα€€α€”် α€…α€…်α€œေα€šα€‰်တွေα€€ 
ပစ်ချα€œိုα€€်တဲ့ ဓါတ်ဆီပုံး α€‘α€œွတ်တွေα€€ို α€€ောα€€်ထားတဲ့ α€žူတွေ ဆီα€€α€”ေα€œိုα€€်α€α€š်α€α€š်။ 
ထဲα€’ါတွေα€”ဲ့ ဓါတ်ဆီပုံးခွံတွေα€€ို α€žံα€›α€Š်α€€ြိုချα€€်ပြီး
ပစ္စတင်α€€ွင်း စတင်ထုတ်α€œုပ်α€α€š်။ α€žိပ်α€™α€€ြာခင်α€™ှာပဲ α€™ြေα€„α€œျင်α€œှုပ်α€œို့ α€žူα€…α€€်α€›ုံပြိုα€€ျပျα€€်α€…ီးα€žွားα€α€š်။
 α€„ါ α€’ီα€œောα€€်တောင် α€€ံဆိုးα€œှချα€Š်α€œားα€€ွာ ဆိုပြီး. α€…ိတ်ဓါတ်α€€ျထရှုံးပေး α€œိုα€€်ပြီα€œား။ πŸ‘†

_ ၁၉၄၅ခုα€”ှα€…် α€’ုတိα€š α€€α€™္α€˜ာα€…α€…်α€€ြီးပြီးα€žွားပြီ။ 
ထဲα€’ီထချိα€”်α€™ှာ ဓါတ်ဆီ ထရမ်းα€›ှားα€žွားα€œို့ ဂျပန်α€œူα€™ျိုတွေα€Ÿာ α€€ုα€”်းα€€ြောင်းα€œျှောα€€်ရင်α€œျှောα€€် α€™α€Ÿုတ်ရင် 
α€…α€€်α€˜ီးα€…ီးပြီး α€žွားα€œာα€”ေα€›α€α€š်။ 
α€Ÿွα€”်းα€’ါးα€€ ဓါတ်ဆီထစား α€žα€€်α€žာတဲ့ 
ထင်ဂျင်α€‘α€žေးα€œေး တစ်α€œုံးα€€ို α€€ိုα€š်တိုင်ထုတ်α€œုပ်ပြီး α€žူ့α€…α€€်α€˜ီးα€™ှာ တပ်α€€ာ တစ်α€”ေα€›ာα€”ဲ့တစ်α€”ေα€›ာα€€ို α€žွားα€œာα€α€š်။
ထိα€™်α€”ီးချင်းတွေα€€ α€žα€˜ောα€€ျပြီး 
α€žူတို့α€€ိုထဲα€’ီα€œို ထင်ဂျင်α€‘α€žေးα€œေး တပ်ထားတဲ့ α€…α€€်α€˜ီးတွေα€œုပ်ပြီး α€›ောင်းပေးα€–ို့ပြောα€€ြα€α€š်။ 
α€žူα€œဲ ထဲα€’ီα€…α€€်α€˜ီးα€œေး
(α€”ောα€€်တော့.ဆိုα€€်α€€α€š်α€œို့ခေါ်α€α€š်)တွေα€›ောင်းပေးα€α€š်။ တဖြα€Š်းα€–ြα€Š်းα€”ဲ့ α€œူα€žိα€™ျားα€œာပြီ ထော်α€’ါတွေ α€™ှာα€€ြα€α€š်။ ထင်ဂျင်α€œုပ်α€–ို့ α€žံα€‘α€Š် α€›ှားပါးတာα€›α€š် …
α€žူ့α€™ှာငွေα€€ြေး α€™α€œောα€€်တာα€›α€š်α€€ြောင့် 
ဆိုင်α€€α€š်α€œေးတွေ ထပ်မထုတ်α€”ိုင်တော့α€˜ူး။ ပစ္α€…α€Š်းထော်α€’ါα€™ှာ α€žူတွေα€€ို ပစ္α€…α€Š်းမထုတ်α€”ိုင်တော့ α€€ြောင်း တောင်းပန်α€›α€α€š်။ α€žူα€…ိတ်ပျα€€်α€žွားပြီα€œား πŸ‘†

_ α€Ÿွα€”်းα€’ါးα€Ÿာ α€…α€€်α€˜ီးဆိုင်ပေါင်း (၁၈,၀၀၀)α€€ ဆိုင်ပိုင်α€›ှင်တွေဆီα€€ို α€…ာပို့α€œိုα€€်ပါα€α€š်။
α€…ာထဲα€™ှာ α€’ုတိα€š α€€α€™္α€˜ာα€…α€…်α€›ှုံးα€žွားတဲ့ ဂျပန်α€”ိုင်ငံα€›ဲ့ α€…ီးပွားα€›ေး ပြα€”်α€œα€Š်α€€ောင်းα€œာα€–ို့ …
α€žူα€€ြိုးα€…ားα€”ေတာα€™ို့ α€žူ့α€€ိုα€€ူα€Šီပြီး ထစုငွေα€‘α€Š့်ဝင်α€€ြα€–ို့့α€›ေးထားပါα€α€š်။ 
ဆိုင်α€›ှင်ပေါင်း (၅,၀၀၀)ဆီα€€ α€…ာပြα€”်α€œာα€α€š်။
α€žူ့α€€ို α€€ူα€Šီα€™α€š်ပေါ့။
α€žူ့ဆီα€™ှာ ထစုငွေα€‘α€Š့်α€™α€š်ပေါ့။ 
ထစုငွေတွေα€”ဲ့ α€‘α€žေးα€…ား ထင်ဂျင်တပ် ဆိုင်α€€α€š်α€œေးတွေ ထုတ်α€α€š်။ α€›ောင်းα€›α€œွα€”်းα€œို့.. 
SuperCub α€…ူပါကပ် ဆိုင်α€€α€š်ဆိုပြီး α€”ာα€™α€Š်α€€ျော်α€žွားα€α€š်။ α€…ူပါကပ်တွေα€€ို ထမေα€›ိα€€α€”်α€”ဲ့ α€₯α€›ောပနိုင်ငံတွေα€€ို ထမြောα€€်ထများ တင်ပို့α€”ေα€›α€α€š်။

_ ၁၉၇၀ခုα€”ှα€…်α€™ှာ တစ်α€€α€™္α€˜ာα€œုံးα€›ေα€”ံ α€›ှားပါးα€žွားα€α€š်။. ထကွα€€်α€™ြင်တဲ့ α€Ÿွα€”်းα€’ါးα€Ÿာ α€žူ့α€Ÿွα€”်းα€’ါး α€€ားα€€ုα€™္ပဏီα€€α€”ေ ဆီα€…ားα€žα€€်α€žာတဲ့ α€€ားα€žေးα€žေးα€œေးတွေ စတင်ထုတ်α€œုပ်ပြီး 
ထနောα€€်α€”ိုင်ငံတွေα€€ို တင်ပို့တော့α€α€š်။ ထနောα€€်α€”ိုင်ငံတွေα€€α€œဲ ဆီα€…ားα€žα€€်α€žာပြီး α€’ီဇိုင်းα€œှα€œှα€œေးတွေα€”ဲ့ ထုတ်α€œုပ်ထားတဲ့ α€Ÿွα€”်းα€’ါးα€€ားα€œေးတွေα€€ို 
α€€ြိုα€€်α€€ြα€œွα€”်းα€œို့ α€‘α€œုα€‘α€šα€€်α€™ှာα€€ြα€α€š် … α€α€š်α€€ြα€α€š်။

α€šα€”ေ့… α€Ÿွα€”်းα€’ါးα€™ော်တော်α€€ားα€€ုα€™္ပဏီα€€ြီα€Ÿာ ဂျပန်α€”ိုင်ငံα€žာမကပဲ ထမေα€›ိα€€α€”်α€”ဲ့α€₯α€›ောပနိုင်ငံတွေα€™ှာပါ α€€ားထုတ်α€œုပ်တဲ့ α€…α€€်α€›ုံပေါင်း α€™ျားα€…ွာထောင်ပြီး … ထဲα€’ီα€…α€€်α€›ုံတွေα€™ှာ α€‘α€œုပ်α€žα€™ား α€žိα€”်းချီα€œုပ်α€€ိုင် α€”ေα€€ြပါα€α€š်။

_ α€™ိတ်ဆွေတို့ α€œုပ်ငန်းတခုခုα€œုပ်တာ 
မထောင်α€™ြင်α€œို့. α€œα€€်α€™ြောα€€်ထရှုံးပေးချင်α€œာရင် α€˜α€š်တော့α€™ှ ထရှုံးမပေးတတ်တဲ့ " ဆိုချီα€šိုα€Ÿွα€”်းα€’ါး "α€€ို α€žα€ိα€› α€œိုα€€်α€€ြပါ။

_ α€Ÿွα€”်းα€’ါးα€›ဲ့ α€™ှတ်α€žားα€…α€›ာα€…α€€ား တခုကတော့ … 

"#ထောင်α€™ြင်α€™ှုတစ်ခုα€™ှာα€›ှုံးα€”ိα€™့့်α€™ှု့α€€_၉၉_α€›ာခိုင်α€”ူα€”်းပါα€α€š်"တဲ့။

_ ဆိုချီα€šိုα€Ÿွα€”်းα€’ါးα€Ÿာ α€‘α€žα€€်αˆα…α€”ှα€…် ထရွα€š် 
" ၁၉၉၁ခုα€”ှα€…် α€žြဂုတ်α€œ ၅ရက်α€”ေ့α€™ှာ" … α€€ွα€š်α€œွα€”်α€žွားα€α€š်α€œို့ … 
" α€—α€”်းα€™ော် α€žိα€”်းα€–ေα€›ဲ့ α€™ျှဝေပေးချင်α€žော ထတွေးထမြင်α€™ျား "
α€™ှ α€œေ့α€œာα€™ှတ်α€žား α€žိα€›ှိခဲ့ရပါα€α€š်.... ။
Crd..........
#k.k

α€žောကကင်းα€…ွာα€›ှင်α€žα€”်ပါ

  α€˜α€α€†ိုတာ α€›ာα€žီα€₯တုဆန်α€α€š်။ ထမြဲတမ်း α€žာα€šာα€™α€”ေα€”ိုင်α€žα€œို ထမြဲတမ်းα€œα€Š်း ဆိုးα€›ွားα€™α€”ေα€”ိုင်ပါα€˜ူး။ α€”ေα€žာတဲ့ထခါ α€›ှိα€™α€š်။ α€™ိုးထုံ့တဲ့ထခါ α€›ှိα€™α€š်။ α€™ိုးα€›ွာတဲ့ထ...