Friday, July 10, 2020

α€œိα€™်ဆင်α€”ောα€€်တမျိုး

α€œိα€™်ဆင်α€”ောα€€်တမျိုး။

α€‘α€žိα€α€šောα€€်ဆီ SMS message α€€α€”ေ Wave money ငွေα€œွှဲ ပုံα€…ံ α€”ဲ့ α€†α€š်α€žိα€”်း ပို့α€œိုα€€်α€α€š်ဆိုပြီးα€…ာပို့α€α€š်၊ ပြီးတော့ α€–ုα€”်းဆက်ပြီး α€€ံα€…α€™်းα€™ဲပေါα€€်α€œို့ α€†α€š်α€žိα€”်းα€€ံထူးပါα€α€š်၊ Wave Money ကပါ၊ ထဲ့ငွေα€€ိုထုတ်α€–ို့ password α€žိချင်ရင် α€α€žိα€”်းα€œွှဲပေးပါဆိုပြီး ထပ်ပြောα€α€š်။ ထဲ့တာα€€ို α€‘α€žိα€€ ငွေα€œွှဲချင်α€œို့ α€œာα€™ေးပါα€α€š်။

α€žူပို့တဲ့ α€™α€€်ဆေ့α€€ Telenor α€”ံပါတ်တခုα€”ဲ့ပါ။ (Wave Money α€€ α€α€€α€š့်α€…ာα€”ဲ့ Trx ID ကတော့ Wave Money Server ကပဲပို့တာပါ ၊ α€–ုα€”်းα€”ံပါတ် မပေါ်ပါα€˜ူး။)

ထဲ့တာα€”ဲ့ α€œိα€™်တာα€–ြα€…်α€€ြောင်း α€›ှင်းပြပြီး ငွေα€™α€œွှဲα€–ို့ ပြောα€”ေတုα€”်း ထဲ့α€’ီ Telenor α€”ံပါတ်ကပဲ ထပ်ဆက်ပါα€α€š် α€α€žိα€”်းα€œွှဲပြီးပြီα€œားထပ်α€™ေးα€α€š်၊ α€™α€œွှဲα€€ြောင်း၊ α€˜α€š်α€€ α€˜ာα€€ြောင့်α€œွှဲတာα€œဲ α€™α€žိချင်α€šောင်ဆောင်ပြီး α€™ေးတော့ Wave Money α€€ α€™α€Ÿုတ်တော့ပဲ ထီပေါα€€်α€œို့ α€œှူတာα€–ြα€…်α€€ြောင်း α€žူ့α€”ာα€™α€Š် α€…ိုးဝင်းα€–ြα€…်α€€ြောင်း ပြောပါα€žေးα€α€š်၊ α€”ောα€€်ထပ်α€˜α€š်α€€α€œဲα€™ေးတော့ α€™α€–ြေတော့ပဲ ဆဲပါတော့α€α€š်။ α€–ုα€”်းချα€œိုα€€်တာတောင် α€™α€€်ဆေ့ပို့ပြီး ဆဲα€”ေပါα€žေးα€α€š် ၊ α€™ှတ်ပုံမတင်ထားတဲ့ Sim Card α€”ဲ့ တွေ့α€›ာα€”ာα€™α€Š်ပြောပြီး α€œိα€™်α€–ို့α€€ြိုးα€…ားတဲ့α€€ောင်တွေပါ။

Social Media α€™ှာ ထီပေါα€€်α€œို့α€œှူα€™α€š် ဆိုတဲ့ Page တွေ Group တွေα€™ှာ α€–ုα€”်းα€”ံပါတ် ထားခဲ့တဲ့α€œူတွေ α€žα€ိထားပါ၊ ထဲ့α€œိုဆက်α€žွα€š်ပြီး α€α€€α€š် α€œှူချင်α€žα€œိုပုံα€…ံα€”ဲ့ α€œိα€™်α€€ြပါα€œိα€™့်α€™α€š်။

α€žα€ိထားα€€ြပါ
Crd.....

Thursday, July 9, 2020

ပိုα€€်ဆံα€›ှာα€›ာတွင်

#ပိုα€€်ဆံα€›ှာα€›ာတွင်

α€˜α€š်တော့α€™ှ ဝင်ငွေတစ်ခုα€α€Š်းပေါ်α€™ှာမရပ်α€α€Š်ပါα€”ဲ့။
ထခြားα€’ုတိα€šα€α€„်ငွေဝင်α€”ိုင်ထောင် ရင်းα€”ှီးထားပါ။

α€œူတစ်α€šောα€€်α€Ÿာ ဝင်ငွေတစ်ခုထဲα€€ို ခြေα€…ုံပစ်ရပ်
α€α€Š်α€”ေရင် ထဲ့α€’ိဝင်ငွေရပ်တန့်α€žွားတဲ့α€”ေ့ ခြေα€™α€€ိုင်
α€™ိ α€œα€€်α€™α€€ိုင်α€™ိ α€–ြα€…်ရတတ်ပါα€α€š်။ α€˜α€α€™ှာα€œα€Š်း
ထားα€œုံး α€—ြောင်းဆန်α€žွားတတ်ပါα€α€š်။ α€’ါ့α€€ြောင့်
α€’ုတိα€šα€α€„်ငွေα€›α€”ိုင်α€™α€š့် α€”α€Š်းα€œα€™်းα€€ို ထမြဲα€›ှာထားပါ။

#ပိုα€€်ဆံα€žုံးα€›ာတွင်

α€žα€„့်α€™ှာα€™α€œိုထပ်တဲ့ပစ္α€…α€Š်းတွေα€α€š်ပါα€™ျားရင် α€žα€„့်α€™ှာα€œို
ထပ်တဲ့ ပစ္α€…α€Š်းတွေ α€…ွα€”့်α€œွှတ်ရတတ်α€α€š်။

တစ်ချို့တွေα€€ α€œူα€žာ မချα€™်းα€žာတာပါ။ α€€ိုင်တဲ့α€‘α€žုံး
ထဆောင်တွေကတော့ ထပျံα€…ားတွေပါချα€Š်းပဲ။ α€›ေα€›ှα€Š်
α€€ိုα€™α€€ြα€Š့်ပဲ α€›ေတိုပဲ α€€ြα€Š့်တတ်တဲ့α€žူα€™ျိုးတွေပါ။ α€žူα€™ျား
α€œုပ်တာ α€œိုα€€်α€œုပ်ချင်α€α€š်။ α€’ါပေα€™α€š့် α€žူα€™ျားα€œို α€žူ
မချα€™်းα€žာα€žေးα€˜ူးဆိုတာα€€ို α€™ေ့α€”ေတတ်α€€ြပါα€α€š်။
α€€ိုα€š်ကမချα€™်းα€žာα€žေးချိα€”်α€™ှာ ချα€™်းα€žာတဲ့α€žူတွေα€”ဲ့
iPhone ပြိုင်α€€ိုင်တန်း α€žွားα€™α€€α€…ားပါα€”ဲ့။ α€žα€„်ပဲα€›ှုံးα€žွား
ပါα€œိα€™့်α€™α€š်။ α€™α€œိုတာတွေ α€α€š်α€”ေတဲ့ထတွα€€် α€œိုတဲ့
ထခါ α€žုံးα€…α€›ာα€™α€›ှိα€–ြα€…်တတ်ပါα€α€š်။

#ပိုα€€်ဆံα€…ုα€›ာတွင်

α€žုံးပြီးα€œို့ ပိုတာα€€ိုα€™α€…ုပါα€”ဲ့။ α€…ုပြီးα€œို့ ပိုတာα€€ို α€žုံးပါ။

α€žုံးပြီးα€œို့ပိုα€™ှ α€…ုα€™α€š်ဆိုရင်တော့ α€’ီတစ်α€žα€€် α€žα€„်α€…ုα€–ြα€…်
α€–ို့ α€™α€œွα€š်α€œောα€€်ပါα€˜ူး။ ပိုα€€်ဆံဝင်α€œာရင် ထရင်ဆုံး
α€žα€„်စဉ်းα€…ားα€›α€™ှာα€€ α€˜α€š်α€œောα€€်α€…ုα€™α€œဲ ဆိုတာပါပဲ။
ပြီးα€™ှ ပိုတာα€€ိုα€žုံးပါ။ α€…ုဆိုတာα€€α€œα€Š်း တစ်α€žα€€်α€œုံး
α€…ုα€˜ူးထဲα€™ှာ ထဲ့α€’ိပိုα€€်ဆံα€€ို ထားα€–ို့ပြောတာα€™α€Ÿုတ်ပါ
α€˜ူး။ α€žα€„့်α€˜α€α€‘α€ွα€€် α€œိုထပ်တဲ့ α€”ေα€›ာα€™ှာ α€‘α€žုံးချ
α€–ို့ပါ။ α€žα€„့်α€›ဲ့ တန်α€–ိုးα€™ြင့်α€–ို့ α€žα€„့်α€‘α€›α€Š်ထချင်းတွေα€€ို
α€™ြှင့်တင်ရပါα€™α€š်။ ထဲ့α€’ိα€œိုα€œုပ်α€–ို့α€žα€„်တန်းတွေတက်α€›
ပါα€™α€š်။ α€…ာထုပ်တွေဖတ်ရပါα€™α€š်။ ထဲ့α€’ိထတွα€€် α€žα€„့်α€™ှာ
ပိုα€€်ဆံα€œိုပါα€α€š်။ ထဲ့α€’ိα€…ုငွေတွေα€€ို α€žုံးα€”ိုင်ပါα€α€š်။

#α€…ွα€”့်α€…ားα€›ာတွင်

α€›ေထတိα€™်ထနက်α€€ို ခြေ၂ချောင်းα€œုံးချပြီး α€™α€…α€™်းပါα€”ဲ့။

α€™α€…ွα€”့်α€…ားα€”ဲ့α€œိုပြောတ α€™α€Ÿုတ်ပါα€˜ူး။ α€™α€…ွα€”့်α€…ားပဲα€”ဲ့α€œα€Š်း
မထောင်α€™ြင်α€”ိုင်ပါα€˜ူး။ α€’ါပေα€™α€š့် α€…ွα€”့်α€…ားα€›ာα€™ှာတော့
ပါးနပ်α€–ို့α€œိုပါα€α€š်။ ထန္တာα€›α€š်α€›ှိတဲ့ α€€ိα€…္α€…α€™ျိုးα€€ို α€›ှိα€žα€™ျှ
ပိုα€€်ဆံတွေ ပုံထောα€œိုα€€်တာα€™ျိုးα€™α€œုပ်ပါα€”ဲ့။

#ရင်းα€”ီးα€›ာတွင်

α€€ြα€€်α€₯တွေထားα€œုံးα€€ို α€˜α€š်တော့α€™ှခြင်းတစ်ခုထဲ
α€…ုပြုံα€™α€‘α€Š့်ထားပါα€”ဲ့။

ထရင်းထနှီးα€œုပ်ပြီဆိုရင်α€œα€Š်း α€›ှိα€žα€™ျှ ပိုα€€်ဆံတွေ
ထားα€œုံးα€€ို တစ်α€”ေα€›ာထဲ α€…ုပြုံ မရင်းα€”ှီးပါα€”ဲ့။ α€œုပ်ငန်း
ဆိုတာ α€™ြတ်α€”ိုင်α€žα€œို α€›ှုံးα€œα€Š်း α€›ှုံးα€”ိုင်ပါα€α€š်။ ထား
α€œုံးα€€ို တစ်α€”ေα€›ာα€α€Š်း α€…ုပြုံရင်းα€”ှီးထားရင် α€›ှုံးတဲ့
ထခါ တစ်ပြားα€™ှ α€™α€€ျα€”်α€–ြα€…်α€žွားပါα€œိα€™့်α€™α€š်။

# α€™ျှော်α€œα€„့်α€›ာတွင်

α€›ိုးα€žားခြင်းဆိုတာ ၇ှားပါးα€…ျေးα€€ြီးတဲ့ α€œα€€်ဆောင်α€™ွα€”်တစ်ခု
ပါ။ α€’ါ့α€€ြောင့် ခပ်ပေါပေါα€œူတွေဆီα€€ α€™α€™ျှော်α€œα€„့်ပါα€”ဲ့။

α€žα€„်α€›ိုးα€žားα€žα€œို α€œူတိုင်းα€›ိုα€žားα€™α€š်α€œို့α€˜α€š်တော့α€™ှ
α€‘α€žေထချာ တွα€€်မထားပါα€”ဲ့။ α€›ိုးα€žားα€™ှုဆိုတာ α€’ီခေတ်
ထဲα€™ှာ တော်တော်α€€ိုα€›ှားပါးတဲ့ ထရာပါ။ α€’ါ့α€€ြောင့် α€›ူးα€›ူး
α€™ိုα€€်α€™ိုα€€်α€”ဲ့ α€’ီတန်α€–ိုးα€€ြီးပစ္α€…α€Š်းα€€ို α€œူတိုင်းဆီα€€ α€™α€™ျှော်
α€œα€„့်α€™ိပါα€…ေα€”ဲ့။

-Warren Buffet

#α€™ိုးα€›ှင်း (I.M.T)
Crd.....

Saturday, June 27, 2020

α€›ေတိα€™်α€›ောဂါα€–ြα€…်ပွားα€œျှင် ထ α€™ြင်ထာα€›ုံဆုံးα€›ှုံးα€™ှု α€™α€–ြα€…်α€…ေα€›α€”် α€…ော

α€›ေတိα€™်α€›ောဂါα€–ြα€…်ပွားα€œျှင် ထ α€™ြင်ထာα€›ုံဆုံးα€›ှုံးα€™ှု α€™α€–ြα€…်α€…ေα€›α€”် α€…ောα€…ီးα€…ွာα€€ုα€žα€™ှုခံα€šူα€›α€”် α€œိုထပ် α€€ြောင်း α€€ျα€”်းα€™ာα€›ေးα€”ှင့်ထားα€€ α€…ားဝန်α€€ြီးα€Œာα€”α€€ α€‘α€žိပေးα€”ှိုး ဆော်α€žα€Š်။
===============================================================

α€›ေတိα€™်α€›ောဂါα€žα€Š် α€™ျα€€်α€…ိ ထတွင်းပိုင်း α€›ေα€–ိထားပုံα€™ှα€”်ထက် α€™ျားα€œာခြင်းα€€ြောင့် α€™ျα€€်α€…ိထာα€›ုံ α€€ြော ထိခိုα€€်ပျα€€်α€…ီးရခြင်းα€–ြα€…် α€žα€Š်။ ထစောပိုင်းတွင် α€›ောဂါ α€œα€€္ခဏာα€™ျားα€€ို α€žα€ိမထားα€™ိ α€˜ဲα€”ေထိုင်α€™ိα€›ာα€™ှ α€€ုα€…ား၍α€™α€›α€”ိုင် α€žော  ထမြင်ထာα€›ုံဆုံးα€›ှုံးα€žα€Š်ထ ထိ  ဆိုးα€›ွားα€žွားα€”ိုင်α€žα€–ြင့် α€…ောα€…ီး α€…ွာα€€ုα€žα€›α€”် α€œိုထပ်ခြင်းα€–ြα€…် α€žα€Š်။

α€šα€„်းα€›ောဂါα€žα€Š် α€‘α€žα€€် ထရွα€š်α€™α€›ွေး α€–ြα€…်α€”ိုင်α€žော်α€œα€Š်း α€‘α€žα€€် (၄၀) α€”ှα€…်ထထက်တွင်ပိုα€™ို α€–ြα€…်ပွားα€œေ့α€›ှိα€žα€Š်။

ထို့ထပြင် α€™ိα€˜α€™ျိုးα€›ိုးတွင်  α€›ေတိα€™်α€–ြα€…်α€–ူးα€žူα€™ျား၊ α€™ျα€€်α€…ိထ တွင်းပိုင်း α€›ောင်α€›α€™်းခြင်း α€›ာဇဝင် α€›ှိα€žူα€™ျား၊ α€™ျα€€်α€…ိ ထိခိုα€€်ဒဏ်α€›ာ α€›α€–ူးα€žူα€™ျား၊ စတီးα€›ွိα€€်ပါα€žော ဆေးα€™ျား α€€ြာα€›ှα€Š်α€…ွာα€žုံးα€…ွဲα€”ေα€› α€žူα€™ျား၊ ဆီးချိုα€›ောဂါα€›ှိα€žူα€™ျားα€”ှင့်  ထတွင်းတိα€™်α€›ောဂါα€€ို α€›ောဂါရင့် α€žα€Š်ထထိ  α€™α€€ုα€žα€˜ဲα€€ြာα€™ြင့်α€…ွာ ထားα€žူα€™ျားတွင် α€–ြα€…်ပွားα€”ိုင်α€žα€Š်။

α€›ောဂါα€œα€€္ခဏာα€™ျားα€™ှာ α€™ျα€€်α€…ိထာα€›ုံα€€ြော ထိခိုα€€်α€žα€–ြင့် α€™ျα€€်α€…ိα€™ြင်α€€ွင်း တဖြα€Š်းα€–ြα€Š်း α€€ျဉ်းα€œာခြင်း၊  α€›ုတ်တရက်ပြင်း ထန်α€›ေတိα€™်α€™ျားတွင် ထမြင်ထား α€€ျဆင်းခြင်း၊ α€™ျα€€်α€…ိတစ်ဝိုα€€်ထ ပြင်းထထန် α€€ိုα€€်ခဲခြင်း၊ ခေါင်း α€€ိုα€€်ခြင်း၊ ပျို့ထန်ခြင်း၊ α€™ျα€€်α€…ိα€”ီ α€›ဲခြင်းတို့ခံα€…ားရတတ်α€žα€Š်။

ထဆိုပါα€›ောဂါα€žα€Š် α€›ေ တိα€™်α€–ြα€…်ပွား၍ ထိခိုα€€်α€žွားα€žော ထမြင်ထာα€›ုံα€€ြောα€€ို ပြα€”်α€œα€Š် α€€ောင်းα€™ွα€”်ထောင် α€€ုα€žα€›α€”်α€™α€–ြα€…် α€”ိုင်α€žော်α€œα€Š်း  α€™ျα€€်α€…ိထတွင်းα€–ိ ထားα€€ိုα€œျှော့ချα€›α€”် ဆရာဝန်α€Šွှα€”် α€€ြားထားα€žော α€™ျα€€်စဉ်းဆေး α€™ျားα€€ို α€Šွှα€”်α€€ြားချα€€်ထတိုင်း ပုံα€™ှα€”်ခတ်ခြင်း၊ ဆေးα€žောα€€်ခြင်း၊ α€œေဆာα€–ြင့်α€€ုα€žα€ြင်း၊ ခွဲα€…ိတ် α€€ုα€žα€™ှုခံα€šူခြင်းတို့α€–ြင့် ထမြင် ထာα€›ုံဆုံးα€›ှုံးခြင်းα€€ို α€€ာα€€ွα€š်α€”ိုင် α€€ြောင်း ဆရာဝန်α€™ျားα€€ ပြော α€žα€Š်။

α€™ြα€”်α€™ာα€”ိုင်ငံတွင် α€–ြα€…်ပွားα€™ှု α€™ျားα€žော α€™ျα€€်α€…ိα€›ောဂါα€™ျားထဲ တွင် α€›ေတိα€™်α€›ောဂါပါဝင်ပြီးα€šα€„်း α€›ောဂါα€žα€Š် ထမြင်ထာα€›ုံဆုံးα€›ှုံးα€™ှု α€€ိုα€–ြα€…်α€…ေα€žော α€™ျα€€်α€…ိα€›ောဂါα€™ျား ထနက်  တစ်ခုထပါထဝင်α€œα€Š်း α€–ြα€…်α€€ြောင်း  α€™ျα€€်α€…ိထထူးα€€ုဆရာ ဝန်α€€ြီးα€™ျားα€€ ပြောα€žα€Š်။



Crd...

α€€ိုα€—α€…် ထိα€”်းချုပ်α€›ေး α€Šွှα€”်α€€ြားချα€€် တွေα€€ို ဇူα€œိုင်α€œ (၁၅) α€›α€€်α€”ေ့ထထိ ထပ်α€™ံတိုးα€™ြှင့်

α€€ိုα€—α€…် ထိα€”်းချုပ်α€›ေး α€Šွှα€”်α€€ြားချα€€် တွေα€€ို ဇူα€œိုင်α€œ (၁၅) α€›α€€်α€”ေ့ထထိ ထပ်α€™ံတိုးα€™ြှင့်
=========================================================================α€šα€ုတစ်α€€ြိα€™်α€€ ငါးα€€ြိα€™်α€™ြောα€€် ထဖြα€…် ထပ်α€™ံ တိုးα€™ြှင့် α€œိုα€€်တာပါ။COVID-19 α€›ောဂါα€€ာα€€ွα€š်ထိα€”်းချုပ်α€›ေးထတွα€€် ဇွα€”်α€œ (၃၀)α€›α€€်α€”ေ့ ထထိ ထုတ်ပြα€”်ထားတဲ့ထမိα€”့် α€Šွα€”်α€€ြားချα€€် တွေα€€ို ဇူα€œိုင်α€œ(၁၅)α€›α€€်α€”ေ့ထထိ ထပ်α€™ံတိုးα€™ြှင့် α€œိုα€€်ပြီα€–ြα€…်α€€ြောင်း COVID-19 α€€ာα€€ွα€š် ထိα€”်းချုပ်α€€ုα€žα€›ေး α€—α€Ÿိုα€€ော်မတီα€€ α€€ြေα€Šာ α€œိုα€€်ပါα€α€š်။
α€›ောဂါပိုးα€€ူးα€…α€€်ပျံ့α€”ှံα€™ှုα€€ို ဆက်α€œα€€်ထိα€”်းချုပ်ဆောင်α€›ွα€€်α€–ို α€œိုထပ်တာα€€ြောင့် α€–ြေα€œျှော့ပေးတဲ့α€€ိα€…္စရပ်တွေα€€ α€œွဲပြီး ပြα€Š်ထောင်α€…ုထဆင့်ထဖွဲ့α€‘α€…α€Š်းတွေ၊ ပြα€Š်ထောင်α€…ုဝန်α€€ြီးα€Œာα€” တွေα€€ ထုတ်ပြα€”်ထားတဲ့ ပြα€Š်α€žူ့α€žို့ ပန်α€€ြားချα€€်၊ ထမိα€”့်α€€ြော်ငြာα€…ာ၊ α€Šွα€”်α€€ြားချα€€်တွေα€€ို ထပ်α€™ံတိုးα€™ြှင့် α€žα€်α€™ှတ် ဆောင်α€›ွα€€် ထားα€α€š်α€œို့ α€’ီα€”ေ့ ဇွα€”်α€œ ၂၇ရက်α€”ေ့α€Š ၈ α€”ာα€›ီα€™ှာ COVID-19 α€€ာα€€ွα€š် ထိα€”်းချုပ်α€€ုα€žα€›ေး α€—α€Ÿိုα€€ော်မတီα€€ α€€ြေα€Šာ α€œိုα€€်ပါα€α€š်။α€’ီα€€α€”့်α€žα€်ချα€€်တွေα€€ို ပထမထကြိα€™် ထဖြα€…်ဧပြီα€œ ၃၀ α€›α€€်α€€α€”ေ α€™ေα€œ ၁၅ α€›α€€်ထထိ၊ α€’ုတိα€šα€‘α€€ြိα€™် ထဖြα€…် α€™ေα€œ ၃၁ α€›α€€်ထထိ၊ တတိα€šα€‘α€€ြိα€™် ထဖြα€…် ဇွα€”်α€œ ၁၅ α€›α€€်α€”ေ့ထထိ၊ စတုတ္ထထကြိα€™်ထဖြα€…် ဇွα€”်α€œ ၃၀ α€›α€€်ထထိ ထပ်α€™ံ တိုးα€™ြှင့် α€œာα€›ာα€™ှာ α€šα€ုဆိုရင်တော့ ပ ဉ္စမထကြိα€™်α€™ြောα€€်ထဖြα€…် ဇူα€œိုင်α€œ ၁၅ရက်α€”ေ့ထထိ ဆက်α€œα€€် တိုးα€™ြှင့် ဆောင်α€›ွα€€် α€œိုα€€်တာပါ။

ထဆိုပါ တိုးα€™ြှင့်α€žα€်α€™ှတ်ချα€€်တွေ α€™ှာ α€œူα€…ုα€œူဝေး α€”ဲ့ပြုα€œုပ်ရတဲ့ ပွဲα€œα€™်းα€˜α€žα€„်၊ ထခမ်းထနားတွေ α€€ျင်းပခွင့် α€™α€› α€žေးတာ၊ α€œူα€…α€Š်α€€ားα€”ိုင်တဲ့ α€›ုပ်α€›ှင်α€›ုံ တွေ ပြα€”်α€–ွင့်ခွင့်α€™α€›α€žေးတာ၊ ပြα€Š်α€•α€œေα€€ြောင်း α€œိုင်းတွေ ရပ်α€”ားထားတာ၊ ပြα€Š်ဝင်ခွင့်α€—ီဇာတွေ α€šာα€šီရပ်α€”ားထားတာ စတဲ့ α€€α€”့်α€žα€်ချα€€်တွေ ပါဝင်α€”ေတာα€–ြα€…်ပါα€α€š်။ ဇွα€”်α€œα€†α€”်းပိုင်းα€œောα€€်α€€ စပြီး ထဝေးပြေး α€šာဉ်α€œိုင်းတွေ၊ α€…ားα€žောα€€်ဆိုင်တွေ α€€ို α€€ိုα€—α€…် α€€ာα€€ွα€š်α€›ေး α€…α€Š်းα€€α€™်းချα€€်တွေα€”ဲ့ α€‘α€Šီ ပြα€”်α€œα€Š်α€–ွင့်α€œှα€…်ခွင့်ပေး α€œိုα€€်ပြီး α€œာα€™α€š့် ဇူα€œိုင်α€œα€‘α€ွင်း α€™ှာα€œα€Š်း ထခြေခံα€•α€Šာ α€€ျောင်းတွေα€€ို ထထက်တန်းα€€ စတင်α€€ာ α€€ိုα€—α€…်α€€ာα€€ွα€š်α€›ေးα€…α€Š်းα€€α€™်းချα€€် α€”ဲ့ α€‘α€Šီ ပြα€”်α€œα€Š် α€–ွင့်α€œှα€…် ပေးα€žွား တော့α€™ှာα€œα€Š်း α€–ြα€…်ပါα€α€š်။.
Crd....

α€žုα€α€˜ုံα€›ဲ့ မင်းα€žားα€œေး (α€žို့) α€›ွှေတြိဂံ α€›ဲ့ ပြα€Š့်α€›ှင်မင်း ခွα€”်ဆာ ဆိုတာ

α€žုα€α€˜ုံα€›ဲ့ မင်းα€žားα€œေး (α€žို့) α€›ွှေတြိဂံ α€›ဲ့ ပြα€Š့်α€›ှင်မင်း ခွα€”်ဆာ ဆိုတာ
============================

ခွα€”်ဆာ ဆိုတဲ့ ထဓိပ္ပါα€š် α€€ α€žုα€α€˜ုံ မင်းα€žားα€œေး တဲ့ ။α€œှ
α€œိုα€€်တဲ့ α€”ာα€™α€Š် ။α€”ာα€™α€Š်ရင်း α€€ ချα€”်α€…α€…်α€–ူ ။α€›ှα€™်း တရုတ် ကပြား ။α€œူα€žိα€™ျား တဲ့ ခွα€”်ဆာ α€›ဲ့ α€…α€€ား တခွα€”်းကတော့ α€—ြိတိα€”် α€žα€α€„်းထောα€€်တစ်α€šောα€€် α€€ို ပြော ခဲ့ တဲ့ α€…α€€ား ပါပဲ ။α€›ွေးα€€ောα€€်ပွဲ α€™ှာ ထနိူင်α€› α€žွားတဲ့ထောင်ဆန်းα€…ု α€€ြα€Š် α€€ို α€€ြα€Š့် ပါα€œား ။α€žူ့ α€™ှာ α€…α€…်တပ် α€™α€›ှိတော့ α€…α€…်ထစိုးα€› ကထကျα€š်ချုပ် ထားတာ ခံα€”ေα€› α€α€š်ဆိုတဲ့ α€…α€€ား ။ခွα€”်ဆာ α€œα€€်α€€ိုင် ထားတဲ့ α€žα€˜ောတရားကတော့ခင်α€—ျား α€™ှာ α€€ိုα€š့် တိုင်းပြα€Š် ဆိုတာ α€›ှိပြီးα€€ိုα€š့် ထစိုးα€› ဆိုတာ α€™α€›ှိရင် ခင်α€—ျား α€›ဲ့α€˜α€š်ပိုင် ဆိုင် α€™ှု α€™ှ α€…ိတ်α€™ ချ α€› တော့ α€˜ူး ။ခွα€”်ဆာ α€€ို ထရှေ့တောင် ထာα€›ှ α€›ဲ့ ပါα€˜α€œိုထက်α€…α€€ိုα€˜ာ ထဖြα€…် တင်α€…ား α€€ြα€α€š် ။α€’ီ α€…α€€ား α€€ြားတော့ ခွα€”်ဆာ α€€ြီး α€€ α€›α€š်α€α€š် တဲ့ α€—ျ ။α€’ီα€€ောင် α€™ှာ ငါ့ α€œို α€œူ ၄၀၀၀၀ α€œောα€€်α€›ှိပြီး α€œေα€šာဉ် ပစ် ထမြောα€€် ပိုင် တဲ့α€…α€…်တပ် α€™α€›ှိ ပါα€˜ူး α€€ွ ။ α€€ိုα€š် ပိုင် α€™ြို့ α€œα€Š်း α€™α€›ှိ α€˜ူး ။ ထဓိα€€ ထချα€€် ကတော့α€’ီα€€ောင် α€™ှာ ငါ့ α€œ်ု ပါးα€›α€Š် နပ်α€›α€Š် α€™α€›ှိα€˜ူး တဲ့ ။ခွα€”်ဆာ α€€ြွားα€™α€š် ဆိုα€œα€Š်း α€€ြွား α€œောα€€်α€α€š် ။α€žူ့ α€‘α€žα€€် ၃ α€”ှα€…် ထရွα€š် α€™ှာ ထဖေ α€™ဲ့ ခဲ့ပြီး ပထွေး α€œα€€်ထောα€€် α€™ှာ ထနှိα€™် ခံ α€˜α€α€”ဲ့ α€€ြီး ပြင်း ခဲ့α€›α€α€š် ။ပထွေး α€–α€€်α€€ ပါα€œာတဲ့ α€žား ၃ α€šောα€€် α€›ဲ့ ခိုင်းဖတ်α€˜α€ α€›ောα€€်ခဲ့α€›α€α€š် ။ တန်းတူ α€€ျောင်း မတက် ခဲ့α€› ပဲα€œွα€š်α€™ော် တောင်တန်း α€€ α€˜ိα€”်းခင် တွေ α€™ှာထချိα€”် α€€ုα€”်ခဲ့ α€›α€α€š် ။α€‘α€žα€€် ၁၆ α€”ှα€…် ထရွα€š် α€™ှာ ခွα€”်ဆာ α€žေနတ်α€… α€€ိုင်α€α€š်။α€€ျုးα€€ျော် α€€ွα€”်မင်တန် တွေ α€€ိုα€—α€™ာ α€–α€€် α€€ ဝင် တိုα€€်ပေးရင်း တရား မဝင်α€˜ိα€”်း α€žα€š် ခွင့် α€› ခဲ့ α€α€š် α€œို့ ထဆို α€›ှိα€€ြပါα€α€š် ။
ခွα€”်ဆာ α€Ÿာ α€žေနတ် α€”ဲ့ α€œα€™ိုင်း α€žိပ်ကပ်α€α€š်။α€žူ α€žα€˜ောα€€ျ တာ α€€ မင်းα€žားα€€ြီး ဂျွα€”်ဝိα€”်း။α€žူ α€€ိုင် တာ α€€ α€”ီα€œာ α€”ဲ့α€…ိα€”် ခြα€š် ထားတဲ့ α€žေနတ်။ဂျွα€”်ဝိα€”်း α€œို α€žေနတ်ထမြα€”်ဆွဲထုတ် တာα€žိပ်α€™ြα€”်α€α€š်။ဂျွα€”်ဝိα€”်း ထက် α€žာတာ α€€α€žူ α€€ α€α€€α€š် α€œα€€်α€–ြောင့် α€α€š် ။ α€žူ့ပစ်α€™ှတ် α€Ÿာ α€žα€€်α€™ဲ့ α€…α€€်ဝိုင်း α€™α€Ÿုတ် α€˜ူး။α€žα€€်α€›ှိ ။α€›ှα€™်း တရုတ် ကပြား ခွα€”်ဆာ α€Ÿာ α€›ုပ်α€–ြောင့် α€α€š် ။ပိα€”်ပိα€”် ပါးပါး α€€ိုα€š်α€Ÿα€”် α€–ြောင့်α€–ြောင့် ။တခေတ်α€€ မင်းα€žား α€€ျော်ဆွေ α€œို စတိုင် ။ထက်α€…α€€ို α€˜ာ α€œို α€”ှုတ်ခမ်း α€™ွှေး α€”ဲ့ α€œူα€€ြα€™်းα€›ုပ် α€™α€Ÿုတ် α€˜ူး ။ ထပြော α€žိပ် α€€ောင်းα€α€š် ။ထဆို ပိုင်α€α€š် ။ α€‘α€žံ α€€ောင်းα€α€š် ။ထထူး α€žα€–ြင့် α€™ α€€ျα€™်း α€€ျေ တာ ပါ ပဲ ။α€’ါတွေ α€€ြောင့် ခွα€”် ဆာ α€€ို α€™ိα€”်းα€™ တွေα€‘α€žေ α€€ြွေ α€€ြတာ ။ ဆေးα€œိပ် α€žိပ် α€€ြိုα€€်တဲ့ ခွα€”်ဆာ α€›ဲ့ α€…ီးα€€α€›α€€် α€žောα€€် α€Ÿα€”် α€Ÿာထနောα€€် တိုင်း α€€ α€€ောင်းα€˜ွိုင် စတိုင်ထတိုင်း ပဲ α€œို့ ပြော α€… α€™ှတ် ပြု α€› α€α€š် ။α€™α€šား α€œေး α€šောα€€် α€€ို တပြိုင် α€”α€€်ပေါင်း ခဲ့ ပြီး α€‘α€„α€š် ဆုံး α€™α€šား α€€ α€‘α€žα€€် ၁၅ α€”ှα€…် တူα€™ ထရင်း ။
α€’ါတွေ α€›ေးပြ α€œို့ ခွα€”်ဆာ α€Ÿာ မင်းα€žားα€œေး α€œို α€œွα€™်းပြα€™α€š် မထင်α€”ဲ့ α€—ျ ။α€™ျα€€်α€”ှာ ၂ α€–α€€် α€”ဲ့ α€œူ ။α€žူ α€”ဲ့ ပြိုင်α€˜α€€် α€€ွα€”်မင်တန် α€—ိုα€œ်ချုပ်α€€ြီးα€œီ α€›ဲ့ ချင်းα€™ိုင် α€€ α€…ံထိα€™် α€€ို TNT α€šα€™်း ၂တန် α€žα€š်α€œာ တဲ့α€€ား α€”ဲ့ α€–ောα€€်ခွဲ α€–ျα€€်α€…ီးα€œိုα€€်တာ ထခန်း ၄၀ ပါα€…ံထိα€™်တော် α€€ြီးα€Ÿာ α€™ြေပေါ် α€—ုα€”်းα€—ုα€”်း α€œဲ α€›ော ။α€›ွာ α€œုံး α€€ျွတ် α€œူ α€›ာချီ ပြီး α€€ျင်းတူး α€—ြင်းပစ် တာတွေ ။ α€œူ α€€ို ခွေးα€…ာ α€€ျွေး ပစ်တာတွေ ။ α€œα€Š်ပင်း α€€ို ထပေါα€€် α€–ောα€€် ။ထဲ့ α€’ီ ထပေါα€€် α€€α€”ေ α€œျှာ α€€ို ဆွဲ ထုတ်ထား ပြီး α€œျှာ α€”α€€်ကတိုင်α€œုပ်တမ်း α€€α€…ားတာတွေ ။ α€’ါတွေ α€žာ ထက်α€…်α€€ိုα€˜ာα€€ြားရင် α€›ှုα€›ှုး တောင် ထွα€€်α€€ျ α€žွား α€”ိူင်α€α€š် ။ ၁၉၆၉ α€™ှာ ခွα€”်ဆာ ထဖမ်း ခံα€› α€α€š် ။α€™α€”္α€α€œေး ထောင်α€™ှာ α€žီးα€žα€”့် ထကျဉ်းချထား ပြီး α€”ိူင်ငံ တော် α€žα€…္α€…ာ α€–ောα€€်α€™ှု α€”ဲ့α€žေဒဏ် ထပေး ခံα€› α€α€š် ။ထဲ့α€’ီ ခေတ်α€€α€α€€α€š် α€žα€် တဲ့ ခေတ် ။ထောင် ထဲα€™ှာ α€˜ာ ထခွင့် ထရေး α€™ှ α€™α€› ပဲတိုα€€် ပိတ် ထား α€œိုα€€်တာ ။ α€žေα€–ို့α€€α€žေခြာ α€”ေပြီ ။ α€™ြော်α€œα€„့် ချα€€် α€™α€›ှိတော့α€˜ူး ။၁၉၇၃ α€™ှာ ခွα€”်ဆာ့ α€œူα€›ုံတော် တွေ ကတောင်α€€ြီး α€™ှာ ဆေးα€›ုံα€œာ α€…α€…် တဲ့ α€›ုα€›ှားဆရာဝန် ၂ α€šောα€€် α€€ို α€”ေ့ခင်း α€˜α€€်α€€ြီးα€—ြောင် ဝင်ဆွဲ α€žွား α€α€š် ။
ထစိုးα€›α€€ တပ်α€™ တစ်α€™ α€”ဲ့ α€œိုα€€်တာ α€™α€™ှီတော့ α€˜ူး ။ ၁၉၇၄ α€™ှာ α€‘α€œဲ α€‘α€œှα€š် α€”ဲ့ ခွα€”်ဆာ α€œွတ်α€žွား α€α€š် ။ တော ထဲ တန်းα€žွား α€α€š် ။ α€˜ာα€™ှ α€œုပ်α€™α€› α€˜ူး ။α€œα€€် ပိုα€€် α€€ြα€Š့်α€”ေα€› တဲ့ α€˜α€ α€–ြα€…်α€žွားα€α€š် ။ထဲ့α€’ီ α€™ှာတင် ခွα€”်ဆာ တပ် ထောင်တာ ပါပဲ ။Shan United Army SUA α€›ှα€™်းပြα€Š်α€žွေးα€…α€Š်း α€Šီα€Šွတ်α€›ေး တပ် ဆိုတာ ပေါ်α€œာα€α€š် ။ α€Ÿိုα€™ိα€”်း α€™ှာ α€™ြို့α€α€Š် α€α€š် ။ α€›ေထား α€œျှပ်α€…α€…်α€”ဲ့ α€™ီး ပေး α€α€š် ။ ဆေးα€›ုံ α€…ာα€žα€„် α€€ျောင်း α€›ှိα€α€š် ။ α€€ိုα€š်ပိုင် ဂေါα€€်α€€ွင်း α€›ှိα€α€š် ။α€€ျα€”ော်တို့ α€€ α€žာ တော ထဲ ထင် α€”ေတာ ။α€€α€™္α€˜ာ α€€ တော့ α€Ÿိုα€™ိα€”်းα€Ÿာ α€™ြα€”်α€™ာပြα€Š် α€€α€Ÿောင်α€€ောင် ပဲ ။ α€€α€™္α€˜ာ α€œှα€Š့် ခရီး α€žွား α€œုပ်ငန်း α€›ှိα€α€š် ။ခွα€”်ဆာ α€€ျင်းပ တဲ့ ဂေါα€€်ပြိုင်ပွဲ α€Ÿာ နထဖဂေါα€€်ပွဲထက် α€€α€™္α€˜ာ α€€ျော်α€α€š် ။ ထိုင်ဝမ်စင်္α€€ာပူ ဂျပန် ထမေα€›ိα€€ား α€€ α€œာ α€›ိုα€€ိα€€ြ α€α€š် ။ α€€α€™္α€˜ာα€€ျော်ထဆိုတော်တွေ α€œာα€α€š် ။α€—ြိတိα€”် တော်ဝင် တွေlady တွေ lord တွေတောင် α€œာα€α€š် ။α€’ီ α€žα€α€„်းα€žာ ထက်α€…်α€€ိုα€˜ာ α€€ြားရင် တက်α€žေ α€žွား α€”ိူင်α€œောα€€်α€α€š် ။ခွα€”်ဆာ α€Ÿာ α€›ွှေတြိဂံ α€›ဲ့ ထရှင် α€žα€α€„် α€–ြα€…်α€œာα€α€š် ။α€žူ ထုတ်တဲ့ α€Ÿီးα€›ိုးထင်း α€Ÿာα€€α€™္α€˜ာ α€€ျော်α€α€š် ။α€žα€”့်စင် α€™ှု 90 % α€œောα€€်α€›ှိတော့ ထမေα€›ိα€€ား α€›ောα€€်ရင် α€€ြိုα€€် α€žα€œောα€€် α€›ောထာα€”ိα€žα€„် α€™α€œျော့ α€˜ူး ။ထက်α€…α€€ိုα€˜ာ α€›ဲ့ α€€ုတ်ကင်း တောင် α€™ြောင်းထဲ α€›ောα€€်မတတ် α€–ြα€…်α€€ုα€”်α€α€š် ။α€†α€š်α€…ု α€”ှα€…် α€œေးခု α€œောα€€် ပြိုင်α€–α€€် α€…α€…်α€˜ုရင်တွေ α€™ြα€”်α€™ာ ထစိုးα€› ထိုင်း α€œာထိုထစိုးα€› ထမေα€›ိα€€α€”် CIA DEA တွေ α€”ဲ့ထွေ ပစ်တမ်း α€€α€…ား α€œာတဲ့ ခွα€”်ဆာ α€Ÿာα€€ိုα€œံα€˜ီα€šာ α€€ ထက်α€…်α€€ို α€˜ာ α€€ျဆုံးα€žွားတာ α€”ဲ့ α€žူ့ α€‘α€œှα€Š့် ဆိုတာ α€›ိပ်α€™ိα€α€š် ။
α€žူ α€Ÿာ αα‰αˆα‰ ထဲ α€€ α€’ေါ်α€œာ ၂ α€žα€”်းဆုငွေ ထုတ်ခံ ထားα€› α€žူ ။ α€žူ α€€ျား α€€ွα€€်α€›ွေ့ α€œိုα€€် α€α€š် ။၁၉၉၆ တမနက် α€™ှာ ထမေα€›ိα€€α€”် DEA α€›ုံးα€€ို α€žα€α€„်းတခု ဝင်α€œာα€α€š် ။ ခွα€”်ဆာနဝတ ဆီ α€œα€€်α€”α€€် ချ α€žွား ပြီတဲ့ ။တရုံး α€œုံး ထောင် ပွဲ ခံ ထော်α€Ÿα€…် ခဲ့ α€€ြတာ ပေါ့ ။ ၁၉၉၆ မတ် α€œ α€›ောα€€် တော့ခွα€”်ဆာ α€€ို α€œွှဲ ပြောင်း ပေးα€›ေး α€Ÿာ α€›ေပေါ် ထရုပ် α€›ေး α€žα€œို α€–ြα€…်α€žွား ပြီ ဆိုတာα€žူတို့ α€žိα€› တော့ α€”ောα€€်α€€ျ α€žွားပြီ ။(ခွα€”်ဆာ α€œα€€်α€”α€€်ချ ပြီး α€žူ့စခန်း α€Ÿိုα€™ိα€”်းα€€ို နထဖ ထံα€™ှာ ထကြွင်းα€™ဲ့ ထပ်α€”ှံ α€œိုα€€်α€α€š် ။ တောင်ပုံ α€›ာပုံ α€œα€€်α€”α€€်တွေα€œေα€šာဉ်ပစ် ထမြောα€€်တွေ ဆေးα€›ုံတရုံ α€”ဲ့ ဆေးα€›ုံ α€žုံး ပစ္α€…α€Š်းတွေ ဆိုတာထများα€€ြီး ။ထဲ့α€’ီခေတ်α€€ α€›ှားပါα€α€š် ဆိုတဲ့ α€œα€€်α€€ိုင် α€…α€€ားပြောα€…α€€် ထိုင်α€€ွα€”် တွေ ဆိုတာ တောင်ပုံ α€›ာပုံ ၊ α€€ြိုα€€်α€žα€œောα€€်α€šူ ၊ α€€ျိုင်းတုံ ပြα€”ိα€›ောα€€်ရင် α€α€œုံးα€α€žိα€”်း ၊ α€α€š်α€™α€š့် α€žူα€€ ထဆင်α€žα€„့် ။α€Ÿိုα€™ိα€”်း စခန်းα€žိα€™်း α€žွားα€™α€š့် ထရာα€›ှိတွေ α€€ α€‘α€œုα€‘α€šα€€် ပဲ ။ထဲ့α€’ီ ထချိα€”်α€€ျိုင်းတုံ ဆေးတပ် α€™ှာ α€€ျα€”ော် တာဝန်α€€ျα€”ေα€α€š် ။ α€›ှေ့တန်းဆို ထမြဲ α€™ဲ ပေါα€€်တတ်တဲ့ α€€ျα€”ော်တော့ α€’ီတခါ α€Ÿိုα€™ိα€”်းα€žိα€™်းပွဲ α€™ှာ α€™ဲ မပေါα€€်ခဲ့ပါα€˜ူး ။ α€’ါα€€α€€ိုα€š်တွေ့ α€œေး ထဲ့α€›ေးတာ )ဆွα€…်ဇာα€œα€”် α€”ဲ့ ထိုင်း α€€ ခွα€”်ဆာ ငွေ α€’ေါ်α€œာတစ်α€˜ီα€œျံ α€€ျော် α€Ÿာ ပြα€Š်တွင်း ပြα€”် ဝင်α€žွား ပြီးα€žα€š်α€šူ ပို့ ဆောင် α€›ေး တွေ α€Ÿိုα€α€š်တွေ ထပြင် ထမေα€›ိα€€α€”် α€€ Unocal α€”ဲ့ပြင်α€žα€…် Total တို့ α€™ှာα€™ြုပ်α€”ှံ α€œိုα€€် ပါပြီ ။ခွα€”်ဆာ ကတော့ α€›ှα€™်းα€™ိα€”်းα€€α€œေး ၄ α€šောα€€် ။α€žα€™ီး ၃ α€šောα€€် α€žား ၅ α€šောα€€် α€”ဲ့ ထတူα€›α€”်α€€ုα€”် α€™ှာပေါ့α€œေ ။ခွα€”်ဆာ ဇာတ်α€žိα€™်း α€Ÿာ happy ending α€—ျ ။
α€žူ α€”ဲ့ ခေတ် ပြိုင်ထက်α€…်α€€ိုα€˜ာ α€œို α€œα€™်းα€€ြို α€œα€™်းα€€ြား α€™ှာ ဝရမ်း ပြေးα€˜α€α€”ဲ့ဇာတ် α€™α€žိα€™်းα€žွား α€˜ူး ။ထရိုး ပြာ α€€ို α€œα€Š်းα€žေခါα€”ီးα€™ှာ α€žွား α€œို့ ပါ ဆိုပြီးပင်α€œα€š် ထဲထမျော မခံα€›α€˜ူး။α€˜α€š်α€™ှာ α€™ြုပ်α€”ှံထားα€α€š် ဆိုတာ α€œα€Š်း α€™α€žိα€› α€˜ူး ။α€žေခြာတာ တခုတော့ α€›ှိα€α€š် ။α€žူ့ ဇာတိ α€™ြေ α€™ှာ ခွα€”်ဆာ ပြတိုα€€် α€›ှိα€α€š် ။α€žူ့ α€›ဲ့ ထမှတ်တရ α€™ြင်းα€…ီး α€€ြေးα€›ုပ် α€›ှိα€α€š် ။ပြခန်းတွေα€‘α€žုံး ထဆောင် တွေ ပြα€žα€‘ားα€α€š် ။၂၀၀၇ ခုα€”ှα€…် ထောα€€်တိုα€˜ာ ၂၆ α€›α€€် α€”ေ့α€™ှာ ဦးခွα€”်ဆာα€Ÿာ α€žွေးတိုး ဆီးချိုα€œူα€€ြီးα€›ောဂါ α€”ဲ့ α€€ွα€š်α€œွα€”် α€žွား ပါ α€α€š် ။ခွα€”်ဆာ ထကြောင်း α€žာ α€›ုပ်α€›ှင် α€›ိုα€€် α€œိုα€€်ရင် α€€α€™္α€˜ာ α€€ျော်ပါα€α€š် ဆို တဲ့ ထက်α€…α€€ိုα€˜ာα€˜α€ ထကြောင်းα€›ုပ်α€›ှင် α€Ÿာ α€™ြောင်း ထဲα€›ောα€€် α€žွား α€”ိူင် α€€ြောင်း α€™ြα€”်α€™ာ α€›ုပ်α€›ှင်α€•α€Šာ α€›ှင် α€™ျား α€€ို α€œα€€်တို့ α€‘α€žိ ပေးα€œိုα€€် ပါα€α€š် α€”ော် ။α€—ုံ တွေ α€™ောင်း တွေ α€œို α€™α€€ျင့် α€€ြα€”ဲ့ ။α€žူတို့ α€€ တီး α€™ှα€™ြα€Š်တာ ။α€”ာα€›ီ α€œို ပြုα€™ှု α€€ြ ပါ ။ α€œိုထပ် ချိα€”် တိုင်းα€‘α€žံ ထွα€€် ပေး ပါ ။ဆရာ ထောင် ထေး (α€›α€”်α€€ုα€”် တက္α€€α€žိုα€œ် )α€›ဲ့ α€˜ိα€”်းα€˜ုရင် ခွα€”်ဆာ α€€ို ခြေα€›ာ ခံ ခြင်းα€˜ာα€žာပြα€”် α€…ာထုပ် α€™ှ ဓါတ်ပုံ α€”ဲ့ ထကြောင်းထရာ α€™ျား α€™ှီငြα€™်း ထား ပါα€€ြောင်း ဝန်ခံပါα€α€š် ။မဖတ်α€›α€žေးα€žူα€™ျားထတွα€€် ပြα€”်တင် ပေးတာပါ ။
Crd..

α€™ြα€”်α€™ာပြα€Š်α€™ြေပုံ α€›ုပ်ဆိုးα€–ို့ α€–ြα€…်ခဲ့α€˜ူးα€α€š်။ 1890 α€€ျိုင်းတုံ ထရေးထခင်းα€”ဲ့ 1894 α€œα€”်α€’α€”်α€…ာချုပ်တို့ထရ α€™α€œိခမြα€…် ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံး α€—α€”်း

α€™ြα€”်α€™ာပြα€Š်α€™ြေပုံ α€›ုပ်ဆိုးα€–ို့ α€–ြα€…်ခဲ့α€˜ူးα€α€š်။ 1890 α€€ျိုင်းတုံ ထရေးထခင်းα€”ဲ့ 1894 α€œα€”်α€’α€”်α€…ာချုပ်တို့ထရ α€™α€œိခမြα€…် ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံး α€—α€”်းα€™ော်α€”ားα€€ α€›ွှေα€œီα€™ြα€…်ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံး α€žံα€œွင်α€™ြα€…်ထရှေ့α€˜α€€် α€›ှα€™်ထရှေ့α€™ြောα€€် α€€ိုးα€€α€”့် α€™ိုင်းα€œား α€α€”α€š်တစ်ခုα€œုံး α€›ှα€™်းထရှေ့ α€žံα€œွင်α€”ဲ့ α€™ဲခေါင်α€™ြα€…်ထကြား α€€ျိုင်းတုံα€”α€š်α€€ြီးတစ်ခုα€œုံး တရုတ်တို့ ထပြင်းထထန်တောင်းဆိုခဲ့α€˜ူးα€α€š်။ α€€ြα€Š့်ရထောင် 1890 α€€ျိုင်းတုံထရေးထခင်း၊ 1879 α€žီပေါမင်း α€”α€”်းတက်α€…α€œα€€်ထက်α€™ှာ α€€ျိုင်းတုံα€…ော်α€˜ွား၏α€”ှမတော်α€™ှာ α€”α€”်းတွင်းထရေးတော်ပုံထတွင်း α€‘α€žα€်ခံခဲ့α€›ာ α€€ျိုင်းတုံα€…ော်α€˜ွားα€œα€Š်း α€™ြα€”်α€™ာα€™ှုးမတ်ထရာα€›ှိတွေα€€ို α€–α€™်းဆီးα€žα€်α€–ြတ်ပြီး α€™ြα€”်α€™ာတို့α€”ှင့်ထဆက်α€‘α€žွα€š်α€–ြတ်ခဲ့α€α€š် α€’ါα€€ြောင့် 1885α€—ြိတိα€žျှတို့ ထထက်α€™ြα€”်α€™ာပြα€Š်α€žိα€™်းပြီးတဲ့ထခါ α€›ှα€™်းထရှေ့α€€ျိုင်းတုံα€”α€š်α€€ိα€…္α€… ထတော်စဉ်းα€…ားခဲ့α€α€š် ထကျိုးα€›ှိα€™α€›ှိပါ။ ထဲα€’ီခေတ်α€€ ပြင်α€žα€…်α€”ဲ့ထပြိုင် α€€ိုα€œိုα€”ီα€”α€š်α€™ျားα€œုα€”ေစဉ်ထခါ ပြင်α€žα€…်α€›ဲ့ α€œာထို α€€α€™်α€˜ောα€’ီးα€šား α€—ီα€šα€€်α€”α€™်α€›ဲ့ α€€ိုချင်ချိုင်းα€”ားα€’ေα€žα€Ÿာ α€€ျိုင်းတုံα€™ှာ တိုα€€်α€›ိုα€€်ထိစပ်α€œာချိα€”်α€–ြα€…်α€α€š်။ α€”ောα€€်တစ်ခုα€€ တရုတ်α€”ဲ့တိုα€€်α€›ိုα€€်ထိစပ်တဲ့α€”ေα€›ာ ထဲα€’ီခေတ်α€€ α€”ိုင်ငံα€€ြီးတွေα€”ဲ့ တိုα€€်α€›ိုα€€်ထိစပ်တာα€Ÿာ α€€ုα€”်α€žွα€š်α€›ေး α€…α€…်α€›ေး ပဋိပက္ခ α€™ျားတာα€€ြောင့် α€™α€œိုα€œားα€€ြပါ။

ထခွα€”်ထကောα€€်α€‘α€›α€œα€Š်း α€”α€Š်းတာα€™ို့ ပထမပိုင်း α€—ြိတိα€žျှတို့စဉ်းα€…ားချα€€်α€€ ပြင်α€žα€…်တို့α€”ဲ့ ပြα€žα€”ာα€™α€–ြα€…်α€œိုတာα€€ြောင့် တရုတ်α€€ α€žံα€œွင်α€”ဲ့ α€™ဲခေါင်ထကြား α€€ျိုင်းတုံα€”α€š်α€€ို တောင်ဆိုα€›ာα€™ှာ ပေးပစ်α€–ို့ α€…ိတ်α€€ူးα€›ှိထားα€α€š်။ 1891 α€œα€”်α€’α€”်α€™ှာ တရုတ်တို့α€”ဲ့ α€™ြα€”်α€™ာပြα€Š်α€™ြောα€€်ပိုင်း ကချင်α€’ေα€žα€‘α€›ေး မဆွေးα€”ွေးခင် တရုတ်တို့ တောင်းဆိုα€™ှုတွေ ထတောα€™α€žα€်တဲ့ထခါ ပြα€”်α€œα€Š်α€žုံးα€žα€•်α€™ှုတွေα€œုပ်ခဲ့α€α€š်။
ထိα€”္α€’ိα€šα€›ေးα€›ာဝန်α€€ြီး ဆာထာခီα€˜ော α€™α€€္ကင်ဇီα€”ဲ့ ထိα€”္α€’ိα€šα€˜ုရင်ခံချုပ် α€œော့α€’်α€œα€„်းα€…α€’ေါင်းတို့α€€ α€žံα€œွင်α€™ြα€…်α€€ို ထဓိကထား α€”ောα€€်ဆုံးခံတပ်α€œုပ်ရင် ထဆင်ပြေပြီ။ α€žံα€œွင်α€”ဲ့ α€™ဲခေါင်ထကြား တောတောင်ထူထပ်တဲ့ α€€ျိုင်းတုံ α€”α€š်α€€ို α€™ဲခေါင်α€™ြα€…်ထထိ α€”α€š်α€•α€š်ထိα€”်းα€žိα€™်းတာ ထန္α€α€›α€š်α€™ျားα€α€š် α€šူဆခဲ့ပြီး တရုတ်တို့α€€ိုပေးပစ်α€€ာ ထခြားα€˜α€š်α€žူ့α€€ိုα€™ှ ထပ်ဆင့်α€™α€œွဲα€›α€”်ကတိခံα€…ေချင်ခဲ့α€α€š် (ပြင်α€žα€…်α€€ိုပြα€”်α€œွဲα€–ို့ α€…ိုးα€›ိα€™်ခဲ့α€α€š်) ထထက်α€™ြα€”်α€™ာပြα€Š်  တိုင်းမင်းα€€ြီး ခရော့α€…်ဝစ်ကတော့ α€™ြα€”်α€™ာα€˜ုရင်α€€ို ပဏ္ဍာဆက်α€”ေတဲ့α€”α€š်α€™ြေ α€—ြိတိα€žျှတို့ဂုဏ်α€žိα€€္ခာထရ ဆက်α€œα€€်ထိα€”်းα€žိα€™်းα€žα€„့်α€α€š်။ α€™ဲခေါင်α€™ြα€…်α€€ို ပထမရှေ့တန်းα€”α€š်α€”α€™ိတ်ထဖြα€…် α€€ာထားα€žα€„့်α€α€š် α€žံα€œွင်α€™ြα€…်α€€ြောင်းα€™ှာ α€€ာရင် α€žα€…်α€™ျောတဲ့ထခါ α€€ျိုင်းတုံα€”α€š်α€™α€žိα€™်းထားရင် α€›α€”်α€žူတွေα€”ဲ့ တစ်ချိα€”်α€™α€Ÿုတ်တစ်ချိα€”် တိုα€€်α€›ိုα€€်ပဋိပက္ခဖြα€…်α€™α€š်။ α€’ါα€€ြောင့် α€€ျိုင်းတုံα€”α€š်α€€ို မပေးတော့α€˜ူး ဆုံးα€–ြတ်α€…ေα€α€š်။

α€›ှα€™်းပြα€Š်α€”α€š် တိုင်းမင်းα€€ြီး J G Scot α€œα€Š်းထောα€€်ခံα€œို့ α€”ောα€€်ဆုံးα€™ြα€”်α€™ာα€”α€š်ထဲပဲ ပြα€”်α€›ောα€€်α€žွားα€α€š်။ α€›ှα€™်းပြα€Š်α€”α€š် တိုင်းမင်းα€€ြီး Mr. J G Scot α€Ÿာ α€€ျိုင်းတုံα€…ော်α€˜ွား စပ်ခမ်းပုဆီ α€…α€…်α€žား၂၀နဲ့ ထရောα€€်α€žွားခဲ့ပြီး ααˆα‰α α€™ှာ α€—ြိတိα€žျှ ထစောင့်α€›ှောα€€်ခံထဖြα€…် α€…ာချုပ်ချုပ်α€…ေပြီး α€”ောα€€်ဆုံးα€™ှာ α€™ြα€”်α€™ာပြα€Š်α€™ြေပုံထဲα€€ α€€ျိုင်းတုံα€’ေα€ž ထချွα€”်းα€€α€œေးα€Ÿာ တရုတ်α€œα€€်ထဲ မပါα€žွားခဲ့ပါα€˜ူး။ 1891-1894 α€œα€”်α€’α€”်α€…ာချုပ် ကချင်တောင်တန်းα€›ဲ့ α€”ောα€€်ဆုံးဆုံးα€–ြတ်ချα€€် α€—ြိတိα€žျှတို့α€”ဲ့ တရုတ်တို့α€Ÿာ α€…ာချုပ်ချုပ်α€…ေပြီး α€”ောα€€်ဆုံးα€™ှာ α€™ြα€”်α€™ာပြα€Š်α€™ြေပုံထဲα€€ α€€ျိုင်းတုံα€’ေα€ž ထချွα€”်းα€€α€œေးα€Ÿာ တရုတ်α€œα€€်ထဲ မပါα€žွားခဲ့ပါα€˜ူး။ 1891-1894 α€œα€”်α€’α€”်α€…ာချုပ် ကချင်တောင်တန်းα€›ဲ့ α€”ောα€€်ဆုံးဆုံးα€–ြတ်ချα€€် α€—ြိတိα€žျှတို့α€”ဲ့ တရုတ်တို့α€Ÿာ 1886 ပီကင်းα€…ာချုပ်α€”ဲ့ α€™ြα€”်α€™ာα€”ဲ့ တိα€˜α€€်α€€ိα€…္α€… ထပြα€”်α€‘α€œှα€”် ခြေα€™α€›ှုပ်α€–ို့ ထဓိα€€α€…ာချုပ်ခဲ့ပေα€™ဲ့ α€™ြα€”်α€™ာတရုတ် α€”α€š်ခြားα€žα€်α€™ှတ်α€›ေး α€€ြတော့ 1891- 1894 α€œα€”်α€’α€”်α€…ာချုပ်α€€ြα€™ှ ထပြီးα€žα€် ပြောပြီးα€€ြပါα€α€š်။ တရုတ်α€˜α€€်α€€ α€œα€”်α€’α€”် တရုတ်α€žံထမတ် Tsengα€”ဲ့ တရုတ်α€€ောင်α€…α€…်ဝန် တရုတ်ထကြံပေး ဆာα€Ÿောα€œီးα€’ေး α€™α€€္α€€ာတနေတို့ပါဝင်ပြီး α€—ြိတိα€žျှတုိ့α€˜α€€်α€™ှ α€—ြိတိα€žျှ α€”ိုင်ငံခြားα€›ေးဝန်α€€ြီး α€œောα€’့်ဆော့ဆဗာα€›ိီ ထိα€”္α€’ိα€šα€˜ုရင်ခံချုပ် α€œောα€’်α€œα€„်းα€…α€’ေါင်းα€—ြိတိα€žျှα€€ောင်α€…α€…်ဝန် ဆာα€žောမတ်ထင်α€’ါဆင် α€™ြα€”်α€™ာပြα€Š်ထုပ်ချုပ်α€›ေးထရာα€›ှိ α€™α€…္စတာα€Ÿα€်တို့ ၃နှα€…်α€€ြာဆွေးα€”ွေးခဲ့α€α€š်။ တရုတ်တို့ထဓိα€€ တောင်းဆိုခဲ့တာα€€ 1886 တုα€”်းα€€α€œိုပဲ တရုတ် Dehong dai, Baushan Nujiangα€”α€š်တွေα€”ဲ့ တဆက်α€α€Š်းα€–ြα€…်တဲ့ α€›ွှေα€œီα€™ြα€…်ထရှေ့α€˜α€€် တြိဂံα€™ြေα€€α€”ေ α€™ေခမြα€…် ထရှေ့α€˜α€€်တကြောα€œုံးα€€ို ထဓိကထား တောင်းဆိုα€α€š်။ 1886 ပီကင်းα€…ာချုပ်တုα€”်းα€€ α€€ျα€”်α€žွားတဲ့ α€žံα€œွင်ထရှေ့α€˜α€€်ခြα€™်း ဝ α€€ိုးα€€α€”့်α€”ဲ့ α€™ိုင်းα€œား α€’ေα€žα€ွေα€œα€Š်းပါα€α€š်။ ထဓိα€€α€€ α€™ေခမြα€…်α€›ဲ့ α€›ေဝေα€œေဲα€’ေα€žα€€ို တောင်းဆိုတာ။ α€’ါပေα€™ဲ့ α€—ြိတိα€žျှ α€”ိုင်ငံခြားα€›ေးဝန်α€€ြီးα€œောα€’့်ဆော့ဆဗာα€›ီ ပြα€”်ထောα€€်တာα€€ α€šူα€”α€”်α€˜ုရင်ခံα€›ဲ့ ααˆα‡αƒ ပန်းα€žေးα€žူပုα€”်α€€ိုα€”ှိα€™်နင်းထပြီး α€šူα€”α€”်α€”α€š်α€›ဲ့ ထာဏာα€žα€€်α€›ောα€€်တဲ့α€™ှတ်တမ်းα€™ှာ ကချင်တောင်တန်းα€’ေα€žα€€ြီးမပါတာပါပဲ။ α€’ါ့ထပြင် ααˆαˆα† α€™ှ ααˆα‰αα€‘α€‘ိ ကချင်တောင်တန်းα€’ေα€žα€…α€…်ဆင်α€›ေးထပြီး α€—ြိတိα€žျှတို့α€‘α€žေထချာα€žိα€œိုα€€်ရတာα€€
တရုတ်တို့တောင်းဆိုတဲ့ ထဲα€’ီα€’ေα€žα€”ဲ့ ကချင်တောင်တန်းα€€ြီးတစ်ခုα€œုံး တရုတ်တို့ထာဏာα€žα€€်α€›ောα€€်α€™ှု α€”ှα€…်၁၀၀ ထတွင်းα€™α€›ှိတာပဲ။ α€’ါ့ထပြင် α€™ေခမြα€…်α€–ျားα€’ေα€žα€€ို α€™α€Š်α€žα€Š့်တရုတ်တစ်α€šောα€€်α€™ျှ α€™α€œာα€˜ူးα€žα€œို တရုတ် α€€ုα€”်α€žွα€š်α€›ေးα€œα€Š်း α€œုံးα€α€™α€œုပ်α€˜ူးတာပါပဲ။ α€’ါပေα€™ဲ့ ကချင်α€’ူဝါα€™ျားကတော့ α€™ိုးα€€ောင်း α€—α€”်းα€™ော်α€€α€”ေတဆင့် α€™ြα€”်α€™ာα€’ေα€žα€ွေα€”ဲ့တော့ α€€ုα€”်α€€ူးα€žα€”်းဆက်စပ်α€™ှုတွေ α€›ှိα€”ေတာ ထောα€€်ခဲ့α€α€š်။ α€—ြိတိα€žျှ တွေ ထဓိα€€ ထောα€€်တာα€€ α€€ုα€”်α€žွα€š်ဆက်ဆံα€™ှုα€žα€™ိုင်းပဲ α€–ြα€…်ပြီး α€™ြα€”်α€™ာα€”ဲ့ ပိုα€”ီးစပ်α€œို့ မပေးα€”ိုင်ဆိုပြီး ပြတ်ပြတ်α€žားα€žားပြောα€œိုα€€်α€α€š် α€”ောα€€်ဆုံး တရုတ်တွေα€Ÿာ ကချင်α€’ေα€žα€€ြီးတစ်ခုα€œုံးα€€ို တရုတ်α€”ဲ့ α€—ြိတိα€žျှα€—ားα€™ားတို့α€€ြားbuffer land ထဖြα€…်ထားα€›ှိα€–ို့ ထဆိုပြုခဲ့α€žေးα€α€š်။ α€’ါပေα€™ဲ့ မထောင်α€™ြင်ခဲ့ပါα€˜ူး။ ထူးခြားချα€€်α€€ တရုတ်တို့α€Ÿာ α€§α€›ာဝတီα€›ေဝေα€›ေα€œဲ α€™ေခမြα€…် α€›ွှေα€œီα€™ြα€…် α€žံα€œွင်α€™ြα€…်စတဲ့ α€™ြα€…်α€€ြောင်းတွေထပေါ် α€žα€်α€™ှတ်α€œိုပြီး α€—ြိတိα€žျှတို့α€€ ထဲα€’ီα€™ြα€…်တွေα€›ဲ့ α€›ေဝေα€œေဲ ထခြားတစ်α€–α€€်α€›ဲ့ တောင်တန်းတွေα€€ို α€”α€š်α€”α€™ိတ်α€žα€်α€™ှတ်တာα€–ြα€…်α€α€š်။ α€’ါα€”ဲ့ပဲ α€œα€”်α€’α€”်ဆွေးα€”ွေးပွဲα€Ÿာ α€˜ိα€”်းα€…α€…်ပွဲα€€ို α€”ိုင်ထားα€žူတွေပီပီ α€”ောα€€်ဆုံးတော့ α€—ြိတိα€žျှတွေ α€žα€်α€™ှတ်တဲ့ တောင်တန်းတွေα€”ဲ့ α€”α€š်α€”α€™ိတ်α€™ျဉ်းα€žα€်α€™ှတ်α€›α€”်α€–ြα€…်ခဲ့ပြီး α€šα€”ေ့α€™ြα€”်α€™ာပြα€Š်α€™ြေပုံထတိုင်း α€™ေခမြα€…်, α€›ွှေα€œီα€™ြα€…်ထရှေ့ပိုင်း α€žံα€œွင်α€™ြα€…်ထရှေ့ α€›ှα€™်းα€”α€š်တို့α€Ÿာ α€™ြα€”်မပြα€Š်ထဲ α€œှα€œှပပ ပါဝင်α€œာပါတော့α€α€š်။ α€žုံးα€žα€•်ချα€€်ထနေα€”ဲ့α€€ တရုတ်တွေααˆαˆα† ααˆα‰α„ ပီကင်းα€”ဲ့ α€œα€”်α€’α€”်α€…ာချုပ်တွေα€™ှာ α€˜ာα€œို့ α€žα€Š်းα€žα€Š်းα€™α€Š်း ကချင်α€”α€š်တွေ α€œိုချင်α€žα€œဲဆိုတာ α€’ီα€”ေ့ခေတ် ဝိုင်းα€™ော် α€€α€”်ပိုα€€်တီး ချီα€–ွေဆော့α€œော်α€’ေα€žα€ွေα€™ှာ α€˜ာတွေα€œုပ်α€”ေα€žα€œဲ။ α€—α€”်းα€™ော်α€”α€™့်ခမ်းα€œα€™်းα€€ြောင်းα€–ြတ်α€›ာ α€™ံα€…ီ α€™α€”်ဝိုင်းα€’ေα€žα€ွေα€™ှာ α€žα€…်ခိုးထုတ်α€”ေတာတွေ α€™ေခမြα€…်ဝှα€™်းα€α€œျောα€€်α€™ှာ α€›ေထားα€œျှပ်α€…α€…်တွေ ထုတ်α€–ို့ပြင်α€”ေတာတွေ α€žα€္တု α€›ိုင်းတွေα€›ှာα€–ို့ α€€ြိုးα€…ားα€”ေတာတွေ α€€ိုးα€€α€”့်α€”ဲ့ ဝ α€’ေα€žα€ွေα€€ို α€™ြα€”်α€™ာ တရုတ်confederate α€”α€š်တွေထဖြα€…်α€α€Š်ဆောα€€်ထားချα€€်တွေ α€™ိုင်းα€œားα€’ေα€žα€‘α€•ါထဝင် α€€ျိုင်းတုံ ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံးα€™ှာ တရုတ်တွေ α€…ီးဝင်ပြီး α€…ီးပွားα€›ေးα€…ျေးα€€ွα€€်ချဲ့α€α€Š်ဆောα€€်α€”ေတာတွေα€Ÿာ α€œွα€”်ခဲ့တဲ့ α€”ှα€…် ၁၃၀ α€œောα€€်α€€α€œိုချင်တပ်α€™α€€်α€™ှုတွေα€€ို α€šα€”ေ့ခေတ်ထထိ α€€ျားα€€ုပ်α€€ျားခဲ α€›α€šူα€”ေတာα€€ို α€žα€ိပြုα€–ို့α€œိုပါα€α€š်။ α€žα€™ိုင်းတွေα€Ÿာ ထနာဂတ်α€”ိုင်ငံα€›ေးα€€ို α€œα€™်းပြα€”ေα€α€š်ဆိုတာ α€™α€™ေ့α€”ဲ့...........

Crd...

Friday, June 26, 2020

ဇွဲကပင်တောင်α€™ှာ ပျောα€€်ဆုံးα€”ေတဲ့ တက္α€€α€žိုα€œ်α€€ျောင်းα€žူ α€€ို α€žေဆုံးα€œျှα€€်တွေ့α€›ှိ

ဇွဲကပင်တောင်α€™ှာ ပျောα€€်ဆုံးα€”ေတဲ့  တက္α€€α€žိုα€œ်α€€ျောင်းα€žူ α€€ို α€žေဆုံးα€œျှα€€်တွေ့α€›ှိ
===============================================================
ဇွα€”် - ၂၇ ၊၂၀၂၀

ကရင်ပြα€Š်α€”α€š် α€€ ဇွဲကပင်တောင်α€™ှာ ပျောα€€်ဆုံးα€”ေတဲ့ တက္α€€α€žိုα€œ်α€€ျောင်းα€žူα€€ို တောင်α€…ောင်းတစ်α€”ေα€›ာα€™ှာ α€’ီα€€α€”ေ့ α€™α€”α€€်ပိုင်းα€€ α€žေဆုံးα€œျှα€€် တွေ့α€›α€α€š်α€œို့ α€›ှာα€–ွေα€€α€š်α€†α€š်α€›ေးα€œုပ်ဆောင်α€”ေတဲ့ α€™ီးα€žα€်တပ်α€–ွဲ့ဆီα€€α€žိရပါα€α€š်။

α€™ီးα€žα€်တပ်α€–ွဲ့ထပါထဝင် α€€ူα€Šီα€€α€š်α€†α€š်α€›ေးထဖွဲ့တွေα€€ ထဲ့α€’ီα€€ျောင်းα€žူα€›ဲ့ ဆိုင်α€€α€š်α€žော့တွေ့α€›ှိတဲ့α€”ေα€›ာတစ်ဝိုα€€်α€€ို  α€’α€›ုα€”်းα€‘α€žုံးပြုα€€ာ α€›ှာα€–ွေα€›ာα€™ှာတော့  တောင်α€…ောင်းတစ်α€”ေα€›ာα€™ှာ  α€€ျောင်းα€žူα€›ဲ့ α€‘α€œောင်းα€€ိုတွေ့α€›ှိခဲ့တာပါ။

α€œα€€်α€›ှိα€™ှာ တော့ α€™ီးα€žα€်တပ်α€–ွဲ့α€€ α€‘α€œောင်းတွေ့α€›ာ α€”ေα€›ာα€€ို  ဆင်းα€€ာ  α€žα€š်α€šူα€–ို့ α€œုပ်ဆောင်α€”ေပါα€α€š်။

α€˜ားထံတက္α€€α€žိုα€œ်α€™ှာα€•α€Šာα€žα€„်α€€ြားα€”ေတဲ့ α€žα€္တဗေα€’ ဂုဏ်ထူးတန်း ပထမနှα€…်α€€ျောင်းα€žူα€Ÿာ ပြီးခဲ့တဲ့ ဇွα€”် ၂၅ α€Šα€”ေပိုင်းα€€ ဇွဲကပင်တောင်α€€ို တစ်α€šောα€€်α€α€Š်း တက်ခဲ့တာα€œို့α€žိရပါα€α€š်။

ထဲ့α€’ီα€”ောα€€်  α€”ေထိုင်α€›ာထဆောင်α€€ို ပြα€”်α€™α€›ောα€€်α€œာတဲ့ထတွα€€် α€™ိခင်α€–ြα€…်α€žူα€€ိုα€š်တိုင်α€€ α€›ဲစခန်းα€™ှာ α€œူပျောα€€်တိုင်တန်းချα€€် α€–ွင့်ခဲ့တာပါ။

α€€ျောင်းα€žူα€›ဲ့ α€–ိနပ်α€”ဲ့ ဆိုင်α€€α€š်α€žော့α€€ို တောင်တက်α€œα€™်းα€›ဲ့ တစ်α€”ေα€›ာα€…ီα€™ှာ တွေ့α€›ှိခဲ့ရပြီး ထခုα€’ီα€™α€”α€€်α€™ှာတော့ ဆိုင်α€€α€š်α€žော့တွေ့α€›ှိတဲ့ တောင်α€€α€™်းပါးα€…ွα€”်းα€›ဲ့ α€”ေα€›ာα€€ို α€›ှာα€–ွေα€™ှုပြုα€œုပ်α€›α€™ှာ α€‘α€œောင်းα€€ိုတွေ့α€›ှိခဲ့တာα€–ြα€…်ပါα€α€š်။
Crd.........
#k.k

α€žောကကင်းα€…ွာα€›ှင်α€žα€”်ပါ

  α€˜α€α€†ိုတာ α€›ာα€žီα€₯တုဆန်α€α€š်။ ထမြဲတမ်း α€žာα€šာα€™α€”ေα€”ိုင်α€žα€œို ထမြဲတမ်းα€œα€Š်း ဆိုးα€›ွားα€™α€”ေα€”ိုင်ပါα€˜ူး။ α€”ေα€žာတဲ့ထခါ α€›ှိα€™α€š်။ α€™ိုးထုံ့တဲ့ထခါ α€›ှိα€™α€š်။ α€™ိုးα€›ွာတဲ့ထ...