Saturday, June 27, 2020

α€›ေတိα€™်α€›ောဂါα€–ြα€…်ပွားα€œျှင် ထ α€™ြင်ထာα€›ုံဆုံးα€›ှုံးα€™ှု α€™α€–ြα€…်α€…ေα€›α€”် α€…ော

α€›ေတိα€™်α€›ောဂါα€–ြα€…်ပွားα€œျှင် ထ α€™ြင်ထာα€›ုံဆုံးα€›ှုံးα€™ှု α€™α€–ြα€…်α€…ေα€›α€”် α€…ောα€…ီးα€…ွာα€€ုα€žα€™ှုခံα€šူα€›α€”် α€œိုထပ် α€€ြောင်း α€€ျα€”်းα€™ာα€›ေးα€”ှင့်ထားα€€ α€…ားဝန်α€€ြီးα€Œာα€”α€€ α€‘α€žိပေးα€”ှိုး ဆော်α€žα€Š်။
===============================================================

α€›ေတိα€™်α€›ောဂါα€žα€Š် α€™ျα€€်α€…ိ ထတွင်းပိုင်း α€›ေα€–ိထားပုံα€™ှα€”်ထက် α€™ျားα€œာခြင်းα€€ြောင့် α€™ျα€€်α€…ိထာα€›ုံ α€€ြော ထိခိုα€€်ပျα€€်α€…ီးရခြင်းα€–ြα€…် α€žα€Š်။ ထစောပိုင်းတွင် α€›ောဂါ α€œα€€္ခဏာα€™ျားα€€ို α€žα€ိမထားα€™ိ α€˜ဲα€”ေထိုင်α€™ိα€›ာα€™ှ α€€ုα€…ား၍α€™α€›α€”ိုင် α€žော  ထမြင်ထာα€›ုံဆုံးα€›ှုံးα€žα€Š်ထ ထိ  ဆိုးα€›ွားα€žွားα€”ိုင်α€žα€–ြင့် α€…ောα€…ီး α€…ွာα€€ုα€žα€›α€”် α€œိုထပ်ခြင်းα€–ြα€…် α€žα€Š်။

α€šα€„်းα€›ောဂါα€žα€Š် α€‘α€žα€€် ထရွα€š်α€™α€›ွေး α€–ြα€…်α€”ိုင်α€žော်α€œα€Š်း α€‘α€žα€€် (၄၀) α€”ှα€…်ထထက်တွင်ပိုα€™ို α€–ြα€…်ပွားα€œေ့α€›ှိα€žα€Š်။

ထို့ထပြင် α€™ိα€˜α€™ျိုးα€›ိုးတွင်  α€›ေတိα€™်α€–ြα€…်α€–ူးα€žူα€™ျား၊ α€™ျα€€်α€…ိထ တွင်းပိုင်း α€›ောင်α€›α€™်းခြင်း α€›ာဇဝင် α€›ှိα€žူα€™ျား၊ α€™ျα€€်α€…ိ ထိခိုα€€်ဒဏ်α€›ာ α€›α€–ူးα€žူα€™ျား၊ စတီးα€›ွိα€€်ပါα€žော ဆေးα€™ျား α€€ြာα€›ှα€Š်α€…ွာα€žုံးα€…ွဲα€”ေα€› α€žူα€™ျား၊ ဆီးချိုα€›ောဂါα€›ှိα€žူα€™ျားα€”ှင့်  ထတွင်းတိα€™်α€›ောဂါα€€ို α€›ောဂါရင့် α€žα€Š်ထထိ  α€™α€€ုα€žα€˜ဲα€€ြာα€™ြင့်α€…ွာ ထားα€žူα€™ျားတွင် α€–ြα€…်ပွားα€”ိုင်α€žα€Š်။

α€›ောဂါα€œα€€္ခဏာα€™ျားα€™ှာ α€™ျα€€်α€…ိထာα€›ုံα€€ြော ထိခိုα€€်α€žα€–ြင့် α€™ျα€€်α€…ိα€™ြင်α€€ွင်း တဖြα€Š်းα€–ြα€Š်း α€€ျဉ်းα€œာခြင်း၊  α€›ုတ်တရက်ပြင်း ထန်α€›ေတိα€™်α€™ျားတွင် ထမြင်ထား α€€ျဆင်းခြင်း၊ α€™ျα€€်α€…ိတစ်ဝိုα€€်ထ ပြင်းထထန် α€€ိုα€€်ခဲခြင်း၊ ခေါင်း α€€ိုα€€်ခြင်း၊ ပျို့ထန်ခြင်း၊ α€™ျα€€်α€…ိα€”ီ α€›ဲခြင်းတို့ခံα€…ားရတတ်α€žα€Š်။

ထဆိုပါα€›ောဂါα€žα€Š် α€›ေ တိα€™်α€–ြα€…်ပွား၍ ထိခိုα€€်α€žွားα€žော ထမြင်ထာα€›ုံα€€ြောα€€ို ပြα€”်α€œα€Š် α€€ောင်းα€™ွα€”်ထောင် α€€ုα€žα€›α€”်α€™α€–ြα€…် α€”ိုင်α€žော်α€œα€Š်း  α€™ျα€€်α€…ိထတွင်းα€–ိ ထားα€€ိုα€œျှော့ချα€›α€”် ဆရာဝန်α€Šွှα€”် α€€ြားထားα€žော α€™ျα€€်စဉ်းဆေး α€™ျားα€€ို α€Šွှα€”်α€€ြားချα€€်ထတိုင်း ပုံα€™ှα€”်ခတ်ခြင်း၊ ဆေးα€žောα€€်ခြင်း၊ α€œေဆာα€–ြင့်α€€ုα€žα€ြင်း၊ ခွဲα€…ိတ် α€€ုα€žα€™ှုခံα€šူခြင်းတို့α€–ြင့် ထမြင် ထာα€›ုံဆုံးα€›ှုံးခြင်းα€€ို α€€ာα€€ွα€š်α€”ိုင် α€€ြောင်း ဆရာဝန်α€™ျားα€€ ပြော α€žα€Š်။

α€™ြα€”်α€™ာα€”ိုင်ငံတွင် α€–ြα€…်ပွားα€™ှု α€™ျားα€žော α€™ျα€€်α€…ိα€›ောဂါα€™ျားထဲ တွင် α€›ေတိα€™်α€›ောဂါပါဝင်ပြီးα€šα€„်း α€›ောဂါα€žα€Š် ထမြင်ထာα€›ုံဆုံးα€›ှုံးα€™ှု α€€ိုα€–ြα€…်α€…ေα€žော α€™ျα€€်α€…ိα€›ောဂါα€™ျား ထနက်  တစ်ခုထပါထဝင်α€œα€Š်း α€–ြα€…်α€€ြောင်း  α€™ျα€€်α€…ိထထူးα€€ုဆရာ ဝန်α€€ြီးα€™ျားα€€ ပြောα€žα€Š်။



Crd...

α€€ိုα€—α€…် ထိα€”်းချုပ်α€›ေး α€Šွှα€”်α€€ြားချα€€် တွေα€€ို ဇူα€œိုင်α€œ (၁၅) α€›α€€်α€”ေ့ထထိ ထပ်α€™ံတိုးα€™ြှင့်

α€€ိုα€—α€…် ထိα€”်းချုပ်α€›ေး α€Šွှα€”်α€€ြားချα€€် တွေα€€ို ဇူα€œိုင်α€œ (၁၅) α€›α€€်α€”ေ့ထထိ ထပ်α€™ံတိုးα€™ြှင့်
=========================================================================α€šα€ုတစ်α€€ြိα€™်α€€ ငါးα€€ြိα€™်α€™ြောα€€် ထဖြα€…် ထပ်α€™ံ တိုးα€™ြှင့် α€œိုα€€်တာပါ။COVID-19 α€›ောဂါα€€ာα€€ွα€š်ထိα€”်းချုပ်α€›ေးထတွα€€် ဇွα€”်α€œ (၃၀)α€›α€€်α€”ေ့ ထထိ ထုတ်ပြα€”်ထားတဲ့ထမိα€”့် α€Šွα€”်α€€ြားချα€€် တွေα€€ို ဇူα€œိုင်α€œ(၁၅)α€›α€€်α€”ေ့ထထိ ထပ်α€™ံတိုးα€™ြှင့် α€œိုα€€်ပြီα€–ြα€…်α€€ြောင်း COVID-19 α€€ာα€€ွα€š် ထိα€”်းချုပ်α€€ုα€žα€›ေး α€—α€Ÿိုα€€ော်မတီα€€ α€€ြေα€Šာ α€œိုα€€်ပါα€α€š်။
α€›ောဂါပိုးα€€ူးα€…α€€်ပျံ့α€”ှံα€™ှုα€€ို ဆက်α€œα€€်ထိα€”်းချုပ်ဆောင်α€›ွα€€်α€–ို α€œိုထပ်တာα€€ြောင့် α€–ြေα€œျှော့ပေးတဲ့α€€ိα€…္စရပ်တွေα€€ α€œွဲပြီး ပြα€Š်ထောင်α€…ုထဆင့်ထဖွဲ့α€‘α€…α€Š်းတွေ၊ ပြα€Š်ထောင်α€…ုဝန်α€€ြီးα€Œာα€” တွေα€€ ထုတ်ပြα€”်ထားတဲ့ ပြα€Š်α€žူ့α€žို့ ပန်α€€ြားချα€€်၊ ထမိα€”့်α€€ြော်ငြာα€…ာ၊ α€Šွα€”်α€€ြားချα€€်တွေα€€ို ထပ်α€™ံတိုးα€™ြှင့် α€žα€်α€™ှတ် ဆောင်α€›ွα€€် ထားα€α€š်α€œို့ α€’ီα€”ေ့ ဇွα€”်α€œ ၂၇ရက်α€”ေ့α€Š ၈ α€”ာα€›ီα€™ှာ COVID-19 α€€ာα€€ွα€š် ထိα€”်းချုပ်α€€ုα€žα€›ေး α€—α€Ÿိုα€€ော်မတီα€€ α€€ြေα€Šာ α€œိုα€€်ပါα€α€š်။α€’ီα€€α€”့်α€žα€်ချα€€်တွေα€€ို ပထမထကြိα€™် ထဖြα€…်ဧပြီα€œ ၃၀ α€›α€€်α€€α€”ေ α€™ေα€œ ၁၅ α€›α€€်ထထိ၊ α€’ုတိα€šα€‘α€€ြိα€™် ထဖြα€…် α€™ေα€œ ၃၁ α€›α€€်ထထိ၊ တတိα€šα€‘α€€ြိα€™် ထဖြα€…် ဇွα€”်α€œ ၁၅ α€›α€€်α€”ေ့ထထိ၊ စတုတ္ထထကြိα€™်ထဖြα€…် ဇွα€”်α€œ ၃၀ α€›α€€်ထထိ ထပ်α€™ံ တိုးα€™ြှင့် α€œာα€›ာα€™ှာ α€šα€ုဆိုရင်တော့ ပ ဉ္စမထကြိα€™်α€™ြောα€€်ထဖြα€…် ဇူα€œိုင်α€œ ၁၅ရက်α€”ေ့ထထိ ဆက်α€œα€€် တိုးα€™ြှင့် ဆောင်α€›ွα€€် α€œိုα€€်တာပါ။

ထဆိုပါ တိုးα€™ြှင့်α€žα€်α€™ှတ်ချα€€်တွေ α€™ှာ α€œူα€…ုα€œူဝေး α€”ဲ့ပြုα€œုပ်ရတဲ့ ပွဲα€œα€™်းα€˜α€žα€„်၊ ထခမ်းထနားတွေ α€€ျင်းပခွင့် α€™α€› α€žေးတာ၊ α€œူα€…α€Š်α€€ားα€”ိုင်တဲ့ α€›ုပ်α€›ှင်α€›ုံ တွေ ပြα€”်α€–ွင့်ခွင့်α€™α€›α€žေးတာ၊ ပြα€Š်α€•α€œေα€€ြောင်း α€œိုင်းတွေ ရပ်α€”ားထားတာ၊ ပြα€Š်ဝင်ခွင့်α€—ီဇာတွေ α€šာα€šီရပ်α€”ားထားတာ စတဲ့ α€€α€”့်α€žα€်ချα€€်တွေ ပါဝင်α€”ေတာα€–ြα€…်ပါα€α€š်။ ဇွα€”်α€œα€†α€”်းပိုင်းα€œောα€€်α€€ စပြီး ထဝေးပြေး α€šာဉ်α€œိုင်းတွေ၊ α€…ားα€žောα€€်ဆိုင်တွေ α€€ို α€€ိုα€—α€…် α€€ာα€€ွα€š်α€›ေး α€…α€Š်းα€€α€™်းချα€€်တွေα€”ဲ့ α€‘α€Šီ ပြα€”်α€œα€Š်α€–ွင့်α€œှα€…်ခွင့်ပေး α€œိုα€€်ပြီး α€œာα€™α€š့် ဇူα€œိုင်α€œα€‘α€ွင်း α€™ှာα€œα€Š်း ထခြေခံα€•α€Šာ α€€ျောင်းတွေα€€ို ထထက်တန်းα€€ စတင်α€€ာ α€€ိုα€—α€…်α€€ာα€€ွα€š်α€›ေးα€…α€Š်းα€€α€™်းချα€€် α€”ဲ့ α€‘α€Šီ ပြα€”်α€œα€Š် α€–ွင့်α€œှα€…် ပေးα€žွား တော့α€™ှာα€œα€Š်း α€–ြα€…်ပါα€α€š်။.
Crd....

α€žုα€α€˜ုံα€›ဲ့ မင်းα€žားα€œေး (α€žို့) α€›ွှေတြိဂံ α€›ဲ့ ပြα€Š့်α€›ှင်မင်း ခွα€”်ဆာ ဆိုတာ

α€žုα€α€˜ုံα€›ဲ့ မင်းα€žားα€œေး (α€žို့) α€›ွှေတြိဂံ α€›ဲ့ ပြα€Š့်α€›ှင်မင်း ခွα€”်ဆာ ဆိုတာ
============================

ခွα€”်ဆာ ဆိုတဲ့ ထဓိပ္ပါα€š် α€€ α€žုα€α€˜ုံ မင်းα€žားα€œေး တဲ့ ။α€œှ
α€œိုα€€်တဲ့ α€”ာα€™α€Š် ။α€”ာα€™α€Š်ရင်း α€€ ချα€”်α€…α€…်α€–ူ ။α€›ှα€™်း တရုတ် ကပြား ။α€œူα€žိα€™ျား တဲ့ ခွα€”်ဆာ α€›ဲ့ α€…α€€ား တခွα€”်းကတော့ α€—ြိတိα€”် α€žα€α€„်းထောα€€်တစ်α€šောα€€် α€€ို ပြော ခဲ့ တဲ့ α€…α€€ား ပါပဲ ။α€›ွေးα€€ောα€€်ပွဲ α€™ှာ ထနိူင်α€› α€žွားတဲ့ထောင်ဆန်းα€…ု α€€ြα€Š် α€€ို α€€ြα€Š့် ပါα€œား ။α€žူ့ α€™ှာ α€…α€…်တပ် α€™α€›ှိတော့ α€…α€…်ထစိုးα€› ကထကျα€š်ချုပ် ထားတာ ခံα€”ေα€› α€α€š်ဆိုတဲ့ α€…α€€ား ။ခွα€”်ဆာ α€œα€€်α€€ိုင် ထားတဲ့ α€žα€˜ောတရားကတော့ခင်α€—ျား α€™ှာ α€€ိုα€š့် တိုင်းပြα€Š် ဆိုတာ α€›ှိပြီးα€€ိုα€š့် ထစိုးα€› ဆိုတာ α€™α€›ှိရင် ခင်α€—ျား α€›ဲ့α€˜α€š်ပိုင် ဆိုင် α€™ှု α€™ှ α€…ိတ်α€™ ချ α€› တော့ α€˜ူး ။ခွα€”်ဆာ α€€ို ထရှေ့တောင် ထာα€›ှ α€›ဲ့ ပါα€˜α€œိုထက်α€…α€€ိုα€˜ာ ထဖြα€…် တင်α€…ား α€€ြα€α€š် ။α€’ီ α€…α€€ား α€€ြားတော့ ခွα€”်ဆာ α€€ြီး α€€ α€›α€š်α€α€š် တဲ့ α€—ျ ။α€’ီα€€ောင် α€™ှာ ငါ့ α€œို α€œူ ၄၀၀၀၀ α€œောα€€်α€›ှိပြီး α€œေα€šာဉ် ပစ် ထမြောα€€် ပိုင် တဲ့α€…α€…်တပ် α€™α€›ှိ ပါα€˜ူး α€€ွ ။ α€€ိုα€š် ပိုင် α€™ြို့ α€œα€Š်း α€™α€›ှိ α€˜ူး ။ ထဓိα€€ ထချα€€် ကတော့α€’ီα€€ောင် α€™ှာ ငါ့ α€œ်ု ပါးα€›α€Š် နပ်α€›α€Š် α€™α€›ှိα€˜ူး တဲ့ ။ခွα€”်ဆာ α€€ြွားα€™α€š် ဆိုα€œα€Š်း α€€ြွား α€œောα€€်α€α€š် ။α€žူ့ α€‘α€žα€€် ၃ α€”ှα€…် ထရွα€š် α€™ှာ ထဖေ α€™ဲ့ ခဲ့ပြီး ပထွေး α€œα€€်ထောα€€် α€™ှာ ထနှိα€™် ခံ α€˜α€α€”ဲ့ α€€ြီး ပြင်း ခဲ့α€›α€α€š် ။ပထွေး α€–α€€်α€€ ပါα€œာတဲ့ α€žား ၃ α€šောα€€် α€›ဲ့ ခိုင်းဖတ်α€˜α€ α€›ောα€€်ခဲ့α€›α€α€š် ။ တန်းတူ α€€ျောင်း မတက် ခဲ့α€› ပဲα€œွα€š်α€™ော် တောင်တန်း α€€ α€˜ိα€”်းခင် တွေ α€™ှာထချိα€”် α€€ုα€”်ခဲ့ α€›α€α€š် ။α€‘α€žα€€် ၁၆ α€”ှα€…် ထရွα€š် α€™ှာ ခွα€”်ဆာ α€žေနတ်α€… α€€ိုင်α€α€š်။α€€ျုးα€€ျော် α€€ွα€”်မင်တန် တွေ α€€ိုα€—α€™ာ α€–α€€် α€€ ဝင် တိုα€€်ပေးရင်း တရား မဝင်α€˜ိα€”်း α€žα€š် ခွင့် α€› ခဲ့ α€α€š် α€œို့ ထဆို α€›ှိα€€ြပါα€α€š် ။
ခွα€”်ဆာ α€Ÿာ α€žေနတ် α€”ဲ့ α€œα€™ိုင်း α€žိပ်ကပ်α€α€š်။α€žူ α€žα€˜ောα€€ျ တာ α€€ မင်းα€žားα€€ြီး ဂျွα€”်ဝိα€”်း။α€žူ α€€ိုင် တာ α€€ α€”ီα€œာ α€”ဲ့α€…ိα€”် ခြα€š် ထားတဲ့ α€žေနတ်။ဂျွα€”်ဝိα€”်း α€œို α€žေနတ်ထမြα€”်ဆွဲထုတ် တာα€žိပ်α€™ြα€”်α€α€š်။ဂျွα€”်ဝိα€”်း ထက် α€žာတာ α€€α€žူ α€€ α€α€€α€š် α€œα€€်α€–ြောင့် α€α€š် ။ α€žူ့ပစ်α€™ှတ် α€Ÿာ α€žα€€်α€™ဲ့ α€…α€€်ဝိုင်း α€™α€Ÿုတ် α€˜ူး။α€žα€€်α€›ှိ ။α€›ှα€™်း တရုတ် ကပြား ခွα€”်ဆာ α€Ÿာ α€›ုပ်α€–ြောင့် α€α€š် ။ပိα€”်ပိα€”် ပါးပါး α€€ိုα€š်α€Ÿα€”် α€–ြောင့်α€–ြောင့် ။တခေတ်α€€ မင်းα€žား α€€ျော်ဆွေ α€œို စတိုင် ။ထက်α€…α€€ို α€˜ာ α€œို α€”ှုတ်ခမ်း α€™ွှေး α€”ဲ့ α€œူα€€ြα€™်းα€›ုပ် α€™α€Ÿုတ် α€˜ူး ။ ထပြော α€žိပ် α€€ောင်းα€α€š် ။ထဆို ပိုင်α€α€š် ။ α€‘α€žံ α€€ောင်းα€α€š် ။ထထူး α€žα€–ြင့် α€™ α€€ျα€™်း α€€ျေ တာ ပါ ပဲ ။α€’ါတွေ α€€ြောင့် ခွα€”် ဆာ α€€ို α€™ိα€”်းα€™ တွေα€‘α€žေ α€€ြွေ α€€ြတာ ။ ဆေးα€œိပ် α€žိပ် α€€ြိုα€€်တဲ့ ခွα€”်ဆာ α€›ဲ့ α€…ီးα€€α€›α€€် α€žောα€€် α€Ÿα€”် α€Ÿာထနောα€€် တိုင်း α€€ α€€ောင်းα€˜ွိုင် စတိုင်ထတိုင်း ပဲ α€œို့ ပြော α€… α€™ှတ် ပြု α€› α€α€š် ။α€™α€šား α€œေး α€šောα€€် α€€ို တပြိုင် α€”α€€်ပေါင်း ခဲ့ ပြီး α€‘α€„α€š် ဆုံး α€™α€šား α€€ α€‘α€žα€€် ၁၅ α€”ှα€…် တူα€™ ထရင်း ။
α€’ါတွေ α€›ေးပြ α€œို့ ခွα€”်ဆာ α€Ÿာ မင်းα€žားα€œေး α€œို α€œွα€™်းပြα€™α€š် မထင်α€”ဲ့ α€—ျ ။α€™ျα€€်α€”ှာ ၂ α€–α€€် α€”ဲ့ α€œူ ။α€žူ α€”ဲ့ ပြိုင်α€˜α€€် α€€ွα€”်မင်တန် α€—ိုα€œ်ချုပ်α€€ြီးα€œီ α€›ဲ့ ချင်းα€™ိုင် α€€ α€…ံထိα€™် α€€ို TNT α€šα€™်း ၂တန် α€žα€š်α€œာ တဲ့α€€ား α€”ဲ့ α€–ောα€€်ခွဲ α€–ျα€€်α€…ီးα€œိုα€€်တာ ထခန်း ၄၀ ပါα€…ံထိα€™်တော် α€€ြီးα€Ÿာ α€™ြေပေါ် α€—ုα€”်းα€—ုα€”်း α€œဲ α€›ော ။α€›ွာ α€œုံး α€€ျွတ် α€œူ α€›ာချီ ပြီး α€€ျင်းတူး α€—ြင်းပစ် တာတွေ ။ α€œူ α€€ို ခွေးα€…ာ α€€ျွေး ပစ်တာတွေ ။ α€œα€Š်ပင်း α€€ို ထပေါα€€် α€–ောα€€် ။ထဲ့ α€’ီ ထပေါα€€် α€€α€”ေ α€œျှာ α€€ို ဆွဲ ထုတ်ထား ပြီး α€œျှာ α€”α€€်ကတိုင်α€œုပ်တမ်း α€€α€…ားတာတွေ ။ α€’ါတွေ α€žာ ထက်α€…်α€€ိုα€˜ာα€€ြားရင် α€›ှုα€›ှုး တောင် ထွα€€်α€€ျ α€žွား α€”ိူင်α€α€š် ။ ၁၉၆၉ α€™ှာ ခွα€”်ဆာ ထဖမ်း ခံα€› α€α€š် ။α€™α€”္α€α€œေး ထောင်α€™ှာ α€žီးα€žα€”့် ထကျဉ်းချထား ပြီး α€”ိူင်ငံ တော် α€žα€…္α€…ာ α€–ောα€€်α€™ှု α€”ဲ့α€žေဒဏ် ထပေး ခံα€› α€α€š် ။ထဲ့α€’ီ ခေတ်α€€α€α€€α€š် α€žα€် တဲ့ ခေတ် ။ထောင် ထဲα€™ှာ α€˜ာ ထခွင့် ထရေး α€™ှ α€™α€› ပဲတိုα€€် ပိတ် ထား α€œိုα€€်တာ ။ α€žေα€–ို့α€€α€žေခြာ α€”ေပြီ ။ α€™ြော်α€œα€„့် ချα€€် α€™α€›ှိတော့α€˜ူး ။၁၉၇၃ α€™ှာ ခွα€”်ဆာ့ α€œူα€›ုံတော် တွေ ကတောင်α€€ြီး α€™ှာ ဆေးα€›ုံα€œာ α€…α€…် တဲ့ α€›ုα€›ှားဆရာဝန် ၂ α€šောα€€် α€€ို α€”ေ့ခင်း α€˜α€€်α€€ြီးα€—ြောင် ဝင်ဆွဲ α€žွား α€α€š် ။
ထစိုးα€›α€€ တပ်α€™ တစ်α€™ α€”ဲ့ α€œိုα€€်တာ α€™α€™ှီတော့ α€˜ူး ။ ၁၉၇၄ α€™ှာ α€‘α€œဲ α€‘α€œှα€š် α€”ဲ့ ခွα€”်ဆာ α€œွတ်α€žွား α€α€š် ။ တော ထဲ တန်းα€žွား α€α€š် ။ α€˜ာα€™ှ α€œုပ်α€™α€› α€˜ူး ။α€œα€€် ပိုα€€် α€€ြα€Š့်α€”ေα€› တဲ့ α€˜α€ α€–ြα€…်α€žွားα€α€š် ။ထဲ့α€’ီ α€™ှာတင် ခွα€”်ဆာ တပ် ထောင်တာ ပါပဲ ။Shan United Army SUA α€›ှα€™်းပြα€Š်α€žွေးα€…α€Š်း α€Šီα€Šွတ်α€›ေး တပ် ဆိုတာ ပေါ်α€œာα€α€š် ။ α€Ÿိုα€™ိα€”်း α€™ှာ α€™ြို့α€α€Š် α€α€š် ။ α€›ေထား α€œျှပ်α€…α€…်α€”ဲ့ α€™ီး ပေး α€α€š် ။ ဆေးα€›ုံ α€…ာα€žα€„် α€€ျောင်း α€›ှိα€α€š် ။ α€€ိုα€š်ပိုင် ဂေါα€€်α€€ွင်း α€›ှိα€α€š် ။α€€ျα€”ော်တို့ α€€ α€žာ တော ထဲ ထင် α€”ေတာ ။α€€α€™္α€˜ာ α€€ တော့ α€Ÿိုα€™ိα€”်းα€Ÿာ α€™ြα€”်α€™ာပြα€Š် α€€α€Ÿောင်α€€ောင် ပဲ ။ α€€α€™္α€˜ာ α€œှα€Š့် ခရီး α€žွား α€œုပ်ငန်း α€›ှိα€α€š် ။ခွα€”်ဆာ α€€ျင်းပ တဲ့ ဂေါα€€်ပြိုင်ပွဲ α€Ÿာ နထဖဂေါα€€်ပွဲထက် α€€α€™္α€˜ာ α€€ျော်α€α€š် ။ ထိုင်ဝမ်စင်္α€€ာပူ ဂျပန် ထမေα€›ိα€€ား α€€ α€œာ α€›ိုα€€ိα€€ြ α€α€š် ။ α€€α€™္α€˜ာα€€ျော်ထဆိုတော်တွေ α€œာα€α€š် ။α€—ြိတိα€”် တော်ဝင် တွေlady တွေ lord တွေတောင် α€œာα€α€š် ။α€’ီ α€žα€α€„်းα€žာ ထက်α€…်α€€ိုα€˜ာ α€€ြားရင် တက်α€žေ α€žွား α€”ိူင်α€œောα€€်α€α€š် ။ခွα€”်ဆာ α€Ÿာ α€›ွှေတြိဂံ α€›ဲ့ ထရှင် α€žα€α€„် α€–ြα€…်α€œာα€α€š် ။α€žူ ထုတ်တဲ့ α€Ÿီးα€›ိုးထင်း α€Ÿာα€€α€™္α€˜ာ α€€ျော်α€α€š် ။α€žα€”့်စင် α€™ှု 90 % α€œောα€€်α€›ှိတော့ ထမေα€›ိα€€ား α€›ောα€€်ရင် α€€ြိုα€€် α€žα€œောα€€် α€›ောထာα€”ိα€žα€„် α€™α€œျော့ α€˜ူး ။ထက်α€…α€€ိုα€˜ာ α€›ဲ့ α€€ုတ်ကင်း တောင် α€™ြောင်းထဲ α€›ောα€€်မတတ် α€–ြα€…်α€€ုα€”်α€α€š် ။α€†α€š်α€…ု α€”ှα€…် α€œေးခု α€œောα€€် ပြိုင်α€–α€€် α€…α€…်α€˜ုရင်တွေ α€™ြα€”်α€™ာ ထစိုးα€› ထိုင်း α€œာထိုထစိုးα€› ထမေα€›ိα€€α€”် CIA DEA တွေ α€”ဲ့ထွေ ပစ်တမ်း α€€α€…ား α€œာတဲ့ ခွα€”်ဆာ α€Ÿာα€€ိုα€œံα€˜ီα€šာ α€€ ထက်α€…်α€€ို α€˜ာ α€€ျဆုံးα€žွားတာ α€”ဲ့ α€žူ့ α€‘α€œှα€Š့် ဆိုတာ α€›ိပ်α€™ိα€α€š် ။
α€žူ α€Ÿာ αα‰αˆα‰ ထဲ α€€ α€’ေါ်α€œာ ၂ α€žα€”်းဆုငွေ ထုတ်ခံ ထားα€› α€žူ ။ α€žူ α€€ျား α€€ွα€€်α€›ွေ့ α€œိုα€€် α€α€š် ။၁၉၉၆ တမနက် α€™ှာ ထမေα€›ိα€€α€”် DEA α€›ုံးα€€ို α€žα€α€„်းတခု ဝင်α€œာα€α€š် ။ ခွα€”်ဆာနဝတ ဆီ α€œα€€်α€”α€€် ချ α€žွား ပြီတဲ့ ။တရုံး α€œုံး ထောင် ပွဲ ခံ ထော်α€Ÿα€…် ခဲ့ α€€ြတာ ပေါ့ ။ ၁၉၉၆ မတ် α€œ α€›ောα€€် တော့ခွα€”်ဆာ α€€ို α€œွှဲ ပြောင်း ပေးα€›ေး α€Ÿာ α€›ေပေါ် ထရုပ် α€›ေး α€žα€œို α€–ြα€…်α€žွား ပြီ ဆိုတာα€žူတို့ α€žိα€› တော့ α€”ောα€€်α€€ျ α€žွားပြီ ။(ခွα€”်ဆာ α€œα€€်α€”α€€်ချ ပြီး α€žူ့စခန်း α€Ÿိုα€™ိα€”်းα€€ို နထဖ ထံα€™ှာ ထကြွင်းα€™ဲ့ ထပ်α€”ှံ α€œိုα€€်α€α€š် ။ တောင်ပုံ α€›ာပုံ α€œα€€်α€”α€€်တွေα€œေα€šာဉ်ပစ် ထမြောα€€်တွေ ဆေးα€›ုံတရုံ α€”ဲ့ ဆေးα€›ုံ α€žုံး ပစ္α€…α€Š်းတွေ ဆိုတာထများα€€ြီး ။ထဲ့α€’ီခေတ်α€€ α€›ှားပါα€α€š် ဆိုတဲ့ α€œα€€်α€€ိုင် α€…α€€ားပြောα€…α€€် ထိုင်α€€ွα€”် တွေ ဆိုတာ တောင်ပုံ α€›ာပုံ ၊ α€€ြိုα€€်α€žα€œောα€€်α€šူ ၊ α€€ျိုင်းတုံ ပြα€”ိα€›ောα€€်ရင် α€α€œုံးα€α€žိα€”်း ၊ α€α€š်α€™α€š့် α€žူα€€ ထဆင်α€žα€„့် ။α€Ÿိုα€™ိα€”်း စခန်းα€žိα€™်း α€žွားα€™α€š့် ထရာα€›ှိတွေ α€€ α€‘α€œုα€‘α€šα€€် ပဲ ။ထဲ့α€’ီ ထချိα€”်α€€ျိုင်းတုံ ဆေးတပ် α€™ှာ α€€ျα€”ော် တာဝန်α€€ျα€”ေα€α€š် ။ α€›ှေ့တန်းဆို ထမြဲ α€™ဲ ပေါα€€်တတ်တဲ့ α€€ျα€”ော်တော့ α€’ီတခါ α€Ÿိုα€™ိα€”်းα€žိα€™်းပွဲ α€™ှာ α€™ဲ မပေါα€€်ခဲ့ပါα€˜ူး ။ α€’ါα€€α€€ိုα€š်တွေ့ α€œေး ထဲ့α€›ေးတာ )ဆွα€…်ဇာα€œα€”် α€”ဲ့ ထိုင်း α€€ ခွα€”်ဆာ ငွေ α€’ေါ်α€œာတစ်α€˜ီα€œျံ α€€ျော် α€Ÿာ ပြα€Š်တွင်း ပြα€”် ဝင်α€žွား ပြီးα€žα€š်α€šူ ပို့ ဆောင် α€›ေး တွေ α€Ÿိုα€α€š်တွေ ထပြင် ထမေα€›ိα€€α€”် α€€ Unocal α€”ဲ့ပြင်α€žα€…် Total တို့ α€™ှာα€™ြုပ်α€”ှံ α€œိုα€€် ပါပြီ ။ခွα€”်ဆာ ကတော့ α€›ှα€™်းα€™ိα€”်းα€€α€œေး ၄ α€šောα€€် ။α€žα€™ီး ၃ α€šောα€€် α€žား ၅ α€šောα€€် α€”ဲ့ ထတူα€›α€”်α€€ုα€”် α€™ှာပေါ့α€œေ ။ခွα€”်ဆာ ဇာတ်α€žိα€™်း α€Ÿာ happy ending α€—ျ ။
α€žူ α€”ဲ့ ခေတ် ပြိုင်ထက်α€…်α€€ိုα€˜ာ α€œို α€œα€™်းα€€ြို α€œα€™်းα€€ြား α€™ှာ ဝရမ်း ပြေးα€˜α€α€”ဲ့ဇာတ် α€™α€žိα€™်းα€žွား α€˜ူး ။ထရိုး ပြာ α€€ို α€œα€Š်းα€žေခါα€”ီးα€™ှာ α€žွား α€œို့ ပါ ဆိုပြီးပင်α€œα€š် ထဲထမျော မခံα€›α€˜ူး။α€˜α€š်α€™ှာ α€™ြုပ်α€”ှံထားα€α€š် ဆိုတာ α€œα€Š်း α€™α€žိα€› α€˜ူး ။α€žေခြာတာ တခုတော့ α€›ှိα€α€š် ။α€žူ့ ဇာတိ α€™ြေ α€™ှာ ခွα€”်ဆာ ပြတိုα€€် α€›ှိα€α€š် ။α€žူ့ α€›ဲ့ ထမှတ်တရ α€™ြင်းα€…ီး α€€ြေးα€›ုပ် α€›ှိα€α€š် ။ပြခန်းတွေα€‘α€žုံး ထဆောင် တွေ ပြα€žα€‘ားα€α€š် ။၂၀၀၇ ခုα€”ှα€…် ထောα€€်တိုα€˜ာ ၂၆ α€›α€€် α€”ေ့α€™ှာ ဦးခွα€”်ဆာα€Ÿာ α€žွေးတိုး ဆီးချိုα€œူα€€ြီးα€›ောဂါ α€”ဲ့ α€€ွα€š်α€œွα€”် α€žွား ပါ α€α€š် ။ခွα€”်ဆာ ထကြောင်း α€žာ α€›ုပ်α€›ှင် α€›ိုα€€် α€œိုα€€်ရင် α€€α€™္α€˜ာ α€€ျော်ပါα€α€š် ဆို တဲ့ ထက်α€…α€€ိုα€˜ာα€˜α€ ထကြောင်းα€›ုပ်α€›ှင် α€Ÿာ α€™ြောင်း ထဲα€›ောα€€် α€žွား α€”ိူင် α€€ြောင်း α€™ြα€”်α€™ာ α€›ုပ်α€›ှင်α€•α€Šာ α€›ှင် α€™ျား α€€ို α€œα€€်တို့ α€‘α€žိ ပေးα€œိုα€€် ပါα€α€š် α€”ော် ။α€—ုံ တွေ α€™ောင်း တွေ α€œို α€™α€€ျင့် α€€ြα€”ဲ့ ။α€žူတို့ α€€ တီး α€™ှα€™ြα€Š်တာ ။α€”ာα€›ီ α€œို ပြုα€™ှု α€€ြ ပါ ။ α€œိုထပ် ချိα€”် တိုင်းα€‘α€žံ ထွα€€် ပေး ပါ ။ဆရာ ထောင် ထေး (α€›α€”်α€€ုα€”် တက္α€€α€žိုα€œ် )α€›ဲ့ α€˜ိα€”်းα€˜ုရင် ခွα€”်ဆာ α€€ို ခြေα€›ာ ခံ ခြင်းα€˜ာα€žာပြα€”် α€…ာထုပ် α€™ှ ဓါတ်ပုံ α€”ဲ့ ထကြောင်းထရာ α€™ျား α€™ှီငြα€™်း ထား ပါα€€ြောင်း ဝန်ခံပါα€α€š် ။မဖတ်α€›α€žေးα€žူα€™ျားထတွα€€် ပြα€”်တင် ပေးတာပါ ။
Crd..

α€™ြα€”်α€™ာပြα€Š်α€™ြေပုံ α€›ုပ်ဆိုးα€–ို့ α€–ြα€…်ခဲ့α€˜ူးα€α€š်။ 1890 α€€ျိုင်းတုံ ထရေးထခင်းα€”ဲ့ 1894 α€œα€”်α€’α€”်α€…ာချုပ်တို့ထရ α€™α€œိခမြα€…် ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံး α€—α€”်း

α€™ြα€”်α€™ာပြα€Š်α€™ြေပုံ α€›ုပ်ဆိုးα€–ို့ α€–ြα€…်ခဲ့α€˜ူးα€α€š်။ 1890 α€€ျိုင်းတုံ ထရေးထခင်းα€”ဲ့ 1894 α€œα€”်α€’α€”်α€…ာချုပ်တို့ထရ α€™α€œိခမြα€…် ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံး α€—α€”်းα€™ော်α€”ားα€€ α€›ွှေα€œီα€™ြα€…်ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံး α€žံα€œွင်α€™ြα€…်ထရှေ့α€˜α€€် α€›ှα€™်ထရှေ့α€™ြောα€€် α€€ိုးα€€α€”့် α€™ိုင်းα€œား α€α€”α€š်တစ်ခုα€œုံး α€›ှα€™်းထရှေ့ α€žံα€œွင်α€”ဲ့ α€™ဲခေါင်α€™ြα€…်ထကြား α€€ျိုင်းတုံα€”α€š်α€€ြီးတစ်ခုα€œုံး တရုတ်တို့ ထပြင်းထထန်တောင်းဆိုခဲ့α€˜ူးα€α€š်။ α€€ြα€Š့်ရထောင် 1890 α€€ျိုင်းတုံထရေးထခင်း၊ 1879 α€žီပေါမင်း α€”α€”်းတက်α€…α€œα€€်ထက်α€™ှာ α€€ျိုင်းတုံα€…ော်α€˜ွား၏α€”ှမတော်α€™ှာ α€”α€”်းတွင်းထရေးတော်ပုံထတွင်း α€‘α€žα€်ခံခဲ့α€›ာ α€€ျိုင်းတုံα€…ော်α€˜ွားα€œα€Š်း α€™ြα€”်α€™ာα€™ှုးမတ်ထရာα€›ှိတွေα€€ို α€–α€™်းဆီးα€žα€်α€–ြတ်ပြီး α€™ြα€”်α€™ာတို့α€”ှင့်ထဆက်α€‘α€žွα€š်α€–ြတ်ခဲ့α€α€š် α€’ါα€€ြောင့် 1885α€—ြိတိα€žျှတို့ ထထက်α€™ြα€”်α€™ာပြα€Š်α€žိα€™်းပြီးတဲ့ထခါ α€›ှα€™်းထရှေ့α€€ျိုင်းတုံα€”α€š်α€€ိα€…္α€… ထတော်စဉ်းα€…ားခဲ့α€α€š် ထကျိုးα€›ှိα€™α€›ှိပါ။ ထဲα€’ီခေတ်α€€ ပြင်α€žα€…်α€”ဲ့ထပြိုင် α€€ိုα€œိုα€”ီα€”α€š်α€™ျားα€œုα€”ေစဉ်ထခါ ပြင်α€žα€…်α€›ဲ့ α€œာထို α€€α€™်α€˜ောα€’ီးα€šား α€—ီα€šα€€်α€”α€™်α€›ဲ့ α€€ိုချင်ချိုင်းα€”ားα€’ေα€žα€Ÿာ α€€ျိုင်းတုံα€™ှာ တိုα€€်α€›ိုα€€်ထိစပ်α€œာချိα€”်α€–ြα€…်α€α€š်။ α€”ောα€€်တစ်ခုα€€ တရုတ်α€”ဲ့တိုα€€်α€›ိုα€€်ထိစပ်တဲ့α€”ေα€›ာ ထဲα€’ီခေတ်α€€ α€”ိုင်ငံα€€ြီးတွေα€”ဲ့ တိုα€€်α€›ိုα€€်ထိစပ်တာα€Ÿာ α€€ုα€”်α€žွα€š်α€›ေး α€…α€…်α€›ေး ပဋိပက္ခ α€™ျားတာα€€ြောင့် α€™α€œိုα€œားα€€ြပါ။

ထခွα€”်ထကောα€€်α€‘α€›α€œα€Š်း α€”α€Š်းတာα€™ို့ ပထမပိုင်း α€—ြိတိα€žျှတို့စဉ်းα€…ားချα€€်α€€ ပြင်α€žα€…်တို့α€”ဲ့ ပြα€žα€”ာα€™α€–ြα€…်α€œိုတာα€€ြောင့် တရုတ်α€€ α€žံα€œွင်α€”ဲ့ α€™ဲခေါင်ထကြား α€€ျိုင်းတုံα€”α€š်α€€ို တောင်ဆိုα€›ာα€™ှာ ပေးပစ်α€–ို့ α€…ိတ်α€€ူးα€›ှိထားα€α€š်။ 1891 α€œα€”်α€’α€”်α€™ှာ တရုတ်တို့α€”ဲ့ α€™ြα€”်α€™ာပြα€Š်α€™ြောα€€်ပိုင်း ကချင်α€’ေα€žα€‘α€›ေး မဆွေးα€”ွေးခင် တရုတ်တို့ တောင်းဆိုα€™ှုတွေ ထတောα€™α€žα€်တဲ့ထခါ ပြα€”်α€œα€Š်α€žုံးα€žα€•်α€™ှုတွေα€œုပ်ခဲ့α€α€š်။
ထိα€”္α€’ိα€šα€›ေးα€›ာဝန်α€€ြီး ဆာထာခီα€˜ော α€™α€€္ကင်ဇီα€”ဲ့ ထိα€”္α€’ိα€šα€˜ုရင်ခံချုပ် α€œော့α€’်α€œα€„်းα€…α€’ေါင်းတို့α€€ α€žံα€œွင်α€™ြα€…်α€€ို ထဓိကထား α€”ောα€€်ဆုံးခံတပ်α€œုပ်ရင် ထဆင်ပြေပြီ။ α€žံα€œွင်α€”ဲ့ α€™ဲခေါင်ထကြား တောတောင်ထူထပ်တဲ့ α€€ျိုင်းတုံ α€”α€š်α€€ို α€™ဲခေါင်α€™ြα€…်ထထိ α€”α€š်α€•α€š်ထိα€”်းα€žိα€™်းတာ ထန္α€α€›α€š်α€™ျားα€α€š် α€šူဆခဲ့ပြီး တရုတ်တို့α€€ိုပေးပစ်α€€ာ ထခြားα€˜α€š်α€žူ့α€€ိုα€™ှ ထပ်ဆင့်α€™α€œွဲα€›α€”်ကတိခံα€…ေချင်ခဲ့α€α€š် (ပြင်α€žα€…်α€€ိုပြα€”်α€œွဲα€–ို့ α€…ိုးα€›ိα€™်ခဲ့α€α€š်) ထထက်α€™ြα€”်α€™ာပြα€Š်  တိုင်းမင်းα€€ြီး ခရော့α€…်ဝစ်ကတော့ α€™ြα€”်α€™ာα€˜ုရင်α€€ို ပဏ္ဍာဆက်α€”ေတဲ့α€”α€š်α€™ြေ α€—ြိတိα€žျှတို့ဂုဏ်α€žိα€€္ခာထရ ဆက်α€œα€€်ထိα€”်းα€žိα€™်းα€žα€„့်α€α€š်။ α€™ဲခေါင်α€™ြα€…်α€€ို ပထမရှေ့တန်းα€”α€š်α€”α€™ိတ်ထဖြα€…် α€€ာထားα€žα€„့်α€α€š် α€žံα€œွင်α€™ြα€…်α€€ြောင်းα€™ှာ α€€ာရင် α€žα€…်α€™ျောတဲ့ထခါ α€€ျိုင်းတုံα€”α€š်α€™α€žိα€™်းထားရင် α€›α€”်α€žူတွေα€”ဲ့ တစ်ချိα€”်α€™α€Ÿုတ်တစ်ချိα€”် တိုα€€်α€›ိုα€€်ပဋိပက္ခဖြα€…်α€™α€š်။ α€’ါα€€ြောင့် α€€ျိုင်းတုံα€”α€š်α€€ို မပေးတော့α€˜ူး ဆုံးα€–ြတ်α€…ေα€α€š်။

α€›ှα€™်းပြα€Š်α€”α€š် တိုင်းမင်းα€€ြီး J G Scot α€œα€Š်းထောα€€်ခံα€œို့ α€”ောα€€်ဆုံးα€™ြα€”်α€™ာα€”α€š်ထဲပဲ ပြα€”်α€›ောα€€်α€žွားα€α€š်။ α€›ှα€™်းပြα€Š်α€”α€š် တိုင်းမင်းα€€ြီး Mr. J G Scot α€Ÿာ α€€ျိုင်းတုံα€…ော်α€˜ွား စပ်ခမ်းပုဆီ α€…α€…်α€žား၂၀နဲ့ ထရောα€€်α€žွားခဲ့ပြီး ααˆα‰α α€™ှာ α€—ြိတိα€žျှ ထစောင့်α€›ှောα€€်ခံထဖြα€…် α€…ာချုပ်ချုပ်α€…ေပြီး α€”ောα€€်ဆုံးα€™ှာ α€™ြα€”်α€™ာပြα€Š်α€™ြေပုံထဲα€€ α€€ျိုင်းတုံα€’ေα€ž ထချွα€”်းα€€α€œေးα€Ÿာ တရုတ်α€œα€€်ထဲ မပါα€žွားခဲ့ပါα€˜ူး။ 1891-1894 α€œα€”်α€’α€”်α€…ာချုပ် ကချင်တောင်တန်းα€›ဲ့ α€”ောα€€်ဆုံးဆုံးα€–ြတ်ချα€€် α€—ြိတိα€žျှတို့α€”ဲ့ တရုတ်တို့α€Ÿာ α€…ာချုပ်ချုပ်α€…ေပြီး α€”ောα€€်ဆုံးα€™ှာ α€™ြα€”်α€™ာပြα€Š်α€™ြေပုံထဲα€€ α€€ျိုင်းတုံα€’ေα€ž ထချွα€”်းα€€α€œေးα€Ÿာ တရုတ်α€œα€€်ထဲ မပါα€žွားခဲ့ပါα€˜ူး။ 1891-1894 α€œα€”်α€’α€”်α€…ာချုပ် ကချင်တောင်တန်းα€›ဲ့ α€”ောα€€်ဆုံးဆုံးα€–ြတ်ချα€€် α€—ြိတိα€žျှတို့α€”ဲ့ တရုတ်တို့α€Ÿာ 1886 ပီကင်းα€…ာချုပ်α€”ဲ့ α€™ြα€”်α€™ာα€”ဲ့ တိα€˜α€€်α€€ိα€…္α€… ထပြα€”်α€‘α€œှα€”် ခြေα€™α€›ှုပ်α€–ို့ ထဓိα€€α€…ာချုပ်ခဲ့ပေα€™ဲ့ α€™ြα€”်α€™ာတရုတ် α€”α€š်ခြားα€žα€်α€™ှတ်α€›ေး α€€ြတော့ 1891- 1894 α€œα€”်α€’α€”်α€…ာချုပ်α€€ြα€™ှ ထပြီးα€žα€် ပြောပြီးα€€ြပါα€α€š်။ တရုတ်α€˜α€€်α€€ α€œα€”်α€’α€”် တရုတ်α€žံထမတ် Tsengα€”ဲ့ တရုတ်α€€ောင်α€…α€…်ဝန် တရုတ်ထကြံပေး ဆာα€Ÿောα€œီးα€’ေး α€™α€€္α€€ာတနေတို့ပါဝင်ပြီး α€—ြိတိα€žျှတုိ့α€˜α€€်α€™ှ α€—ြိတိα€žျှ α€”ိုင်ငံခြားα€›ေးဝန်α€€ြီး α€œောα€’့်ဆော့ဆဗာα€›ိီ ထိα€”္α€’ိα€šα€˜ုရင်ခံချုပ် α€œောα€’်α€œα€„်းα€…α€’ေါင်းα€—ြိတိα€žျှα€€ောင်α€…α€…်ဝန် ဆာα€žောမတ်ထင်α€’ါဆင် α€™ြα€”်α€™ာပြα€Š်ထုပ်ချုပ်α€›ေးထရာα€›ှိ α€™α€…္စတာα€Ÿα€်တို့ ၃နှα€…်α€€ြာဆွေးα€”ွေးခဲ့α€α€š်။ တရုတ်တို့ထဓိα€€ တောင်းဆိုခဲ့တာα€€ 1886 တုα€”်းα€€α€œိုပဲ တရုတ် Dehong dai, Baushan Nujiangα€”α€š်တွေα€”ဲ့ တဆက်α€α€Š်းα€–ြα€…်တဲ့ α€›ွှေα€œီα€™ြα€…်ထရှေ့α€˜α€€် တြိဂံα€™ြေα€€α€”ေ α€™ေခမြα€…် ထရှေ့α€˜α€€်တကြောα€œုံးα€€ို ထဓိကထား တောင်းဆိုα€α€š်။ 1886 ပီကင်းα€…ာချုပ်တုα€”်းα€€ α€€ျα€”်α€žွားတဲ့ α€žံα€œွင်ထရှေ့α€˜α€€်ခြα€™်း ဝ α€€ိုးα€€α€”့်α€”ဲ့ α€™ိုင်းα€œား α€’ေα€žα€ွေα€œα€Š်းပါα€α€š်။ ထဓိα€€α€€ α€™ေခမြα€…်α€›ဲ့ α€›ေဝေα€œေဲα€’ေα€žα€€ို တောင်းဆိုတာ။ α€’ါပေα€™ဲ့ α€—ြိတိα€žျှ α€”ိုင်ငံခြားα€›ေးဝန်α€€ြီးα€œောα€’့်ဆော့ဆဗာα€›ီ ပြα€”်ထောα€€်တာα€€ α€šူα€”α€”်α€˜ုရင်ခံα€›ဲ့ ααˆα‡αƒ ပန်းα€žေးα€žူပုα€”်α€€ိုα€”ှိα€™်နင်းထပြီး α€šူα€”α€”်α€”α€š်α€›ဲ့ ထာဏာα€žα€€်α€›ောα€€်တဲ့α€™ှတ်တမ်းα€™ှာ ကချင်တောင်တန်းα€’ေα€žα€€ြီးမပါတာပါပဲ။ α€’ါ့ထပြင် ααˆαˆα† α€™ှ ααˆα‰αα€‘α€‘ိ ကချင်တောင်တန်းα€’ေα€žα€…α€…်ဆင်α€›ေးထပြီး α€—ြိတိα€žျှတို့α€‘α€žေထချာα€žိα€œိုα€€်ရတာα€€
တရုတ်တို့တောင်းဆိုတဲ့ ထဲα€’ီα€’ေα€žα€”ဲ့ ကချင်တောင်တန်းα€€ြီးတစ်ခုα€œုံး တရုတ်တို့ထာဏာα€žα€€်α€›ောα€€်α€™ှု α€”ှα€…်၁၀၀ ထတွင်းα€™α€›ှိတာပဲ။ α€’ါ့ထပြင် α€™ေခမြα€…်α€–ျားα€’ေα€žα€€ို α€™α€Š်α€žα€Š့်တရုတ်တစ်α€šောα€€်α€™ျှ α€™α€œာα€˜ူးα€žα€œို တရုတ် α€€ုα€”်α€žွα€š်α€›ေးα€œα€Š်း α€œုံးα€α€™α€œုပ်α€˜ူးတာပါပဲ။ α€’ါပေα€™ဲ့ ကချင်α€’ူဝါα€™ျားကတော့ α€™ိုးα€€ောင်း α€—α€”်းα€™ော်α€€α€”ေတဆင့် α€™ြα€”်α€™ာα€’ေα€žα€ွေα€”ဲ့တော့ α€€ုα€”်α€€ူးα€žα€”်းဆက်စပ်α€™ှုတွေ α€›ှိα€”ေတာ ထောα€€်ခဲ့α€α€š်။ α€—ြိတိα€žျှ တွေ ထဓိα€€ ထောα€€်တာα€€ α€€ုα€”်α€žွα€š်ဆက်ဆံα€™ှုα€žα€™ိုင်းပဲ α€–ြα€…်ပြီး α€™ြα€”်α€™ာα€”ဲ့ ပိုα€”ီးစပ်α€œို့ မပေးα€”ိုင်ဆိုပြီး ပြတ်ပြတ်α€žားα€žားပြောα€œိုα€€်α€α€š် α€”ောα€€်ဆုံး တရုတ်တွေα€Ÿာ ကချင်α€’ေα€žα€€ြီးတစ်ခုα€œုံးα€€ို တရုတ်α€”ဲ့ α€—ြိတိα€žျှα€—ားα€™ားတို့α€€ြားbuffer land ထဖြα€…်ထားα€›ှိα€–ို့ ထဆိုပြုခဲ့α€žေးα€α€š်။ α€’ါပေα€™ဲ့ မထောင်α€™ြင်ခဲ့ပါα€˜ူး။ ထူးခြားချα€€်α€€ တရုတ်တို့α€Ÿာ ဧရာဝတီα€›ေဝေα€›ေα€œဲ α€™ေခမြα€…် α€›ွှေα€œီα€™ြα€…် α€žံα€œွင်α€™ြα€…်စတဲ့ α€™ြα€…်α€€ြောင်းတွေထပေါ် α€žα€်α€™ှတ်α€œိုပြီး α€—ြိတိα€žျှတို့α€€ ထဲα€’ီα€™ြα€…်တွေα€›ဲ့ α€›ေဝေα€œေဲ ထခြားတစ်α€–α€€်α€›ဲ့ တောင်တန်းတွေα€€ို α€”α€š်α€”α€™ိတ်α€žα€်α€™ှတ်တာα€–ြα€…်α€α€š်။ α€’ါα€”ဲ့ပဲ α€œα€”်α€’α€”်ဆွေးα€”ွေးပွဲα€Ÿာ α€˜ိα€”်းα€…α€…်ပွဲα€€ို α€”ိုင်ထားα€žူတွေပီပီ α€”ောα€€်ဆုံးတော့ α€—ြိတိα€žျှတွေ α€žα€်α€™ှတ်တဲ့ တောင်တန်းတွေα€”ဲ့ α€”α€š်α€”α€™ိတ်α€™ျဉ်းα€žα€်α€™ှတ်α€›α€”်α€–ြα€…်ခဲ့ပြီး α€šα€”ေ့α€™ြα€”်α€™ာပြα€Š်α€™ြေပုံထတိုင်း α€™ေခမြα€…်, α€›ွှေα€œီα€™ြα€…်ထရှေ့ပိုင်း α€žံα€œွင်α€™ြα€…်ထရှေ့ α€›ှα€™်းα€”α€š်တို့α€Ÿာ α€™ြα€”်မပြα€Š်ထဲ α€œှα€œှပပ ပါဝင်α€œာပါတော့α€α€š်။ α€žုံးα€žα€•်ချα€€်ထနေα€”ဲ့α€€ တရုတ်တွေααˆαˆα† ααˆα‰α„ ပီကင်းα€”ဲ့ α€œα€”်α€’α€”်α€…ာချုပ်တွေα€™ှာ α€˜ာα€œို့ α€žα€Š်းα€žα€Š်းα€™α€Š်း ကချင်α€”α€š်တွေ α€œိုချင်α€žα€œဲဆိုတာ α€’ီα€”ေ့ခေတ် ဝိုင်းα€™ော် α€€α€”်ပိုα€€်တီး ချီα€–ွေဆော့α€œော်α€’ေα€žα€ွေα€™ှာ α€˜ာတွေα€œုပ်α€”ေα€žα€œဲ။ α€—α€”်းα€™ော်α€”α€™့်ခမ်းα€œα€™်းα€€ြောင်းα€–ြတ်α€›ာ α€™ံα€…ီ α€™α€”်ဝိုင်းα€’ေα€žα€ွေα€™ှာ α€žα€…်ခိုးထုတ်α€”ေတာတွေ α€™ေခမြα€…်ဝှα€™်းα€α€œျောα€€်α€™ှာ α€›ေထားα€œျှပ်α€…α€…်တွေ ထုတ်α€–ို့ပြင်α€”ေတာတွေ α€žα€္တု α€›ိုင်းတွေα€›ှာα€–ို့ α€€ြိုးα€…ားα€”ေတာတွေ α€€ိုးα€€α€”့်α€”ဲ့ ဝ α€’ေα€žα€ွေα€€ို α€™ြα€”်α€™ာ တရုတ်confederate α€”α€š်တွေထဖြα€…်α€α€Š်ဆောα€€်ထားချα€€်တွေ α€™ိုင်းα€œားα€’ေα€žα€‘α€•ါထဝင် α€€ျိုင်းတုံ ထရှေ့α€˜α€€်တစ်ခြα€™်းα€œုံးα€™ှာ တရုတ်တွေ α€…ီးဝင်ပြီး α€…ီးပွားα€›ေးα€…ျေးα€€ွα€€်ချဲ့α€α€Š်ဆောα€€်α€”ေတာတွေα€Ÿာ α€œွα€”်ခဲ့တဲ့ α€”ှα€…် ၁၃၀ α€œောα€€်α€€α€œိုချင်တပ်α€™α€€်α€™ှုတွေα€€ို α€šα€”ေ့ခေတ်ထထိ α€€ျားα€€ုပ်α€€ျားခဲ α€›α€šူα€”ေတာα€€ို α€žα€ိပြုα€–ို့α€œိုပါα€α€š်။ α€žα€™ိုင်းတွေα€Ÿာ ထနာဂတ်α€”ိုင်ငံα€›ေးα€€ို α€œα€™်းပြα€”ေα€α€š်ဆိုတာ α€™α€™ေ့α€”ဲ့...........

Crd...

Friday, June 26, 2020

ဇွဲကပင်တောင်α€™ှာ ပျောα€€်ဆုံးα€”ေတဲ့ တက္α€€α€žိုα€œ်α€€ျောင်းα€žူ α€€ို α€žေဆုံးα€œျှα€€်တွေ့α€›ှိ

ဇွဲကပင်တောင်α€™ှာ ပျောα€€်ဆုံးα€”ေတဲ့  တက္α€€α€žိုα€œ်α€€ျောင်းα€žူ α€€ို α€žေဆုံးα€œျှα€€်တွေ့α€›ှိ
===============================================================
ဇွα€”် - ၂၇ ၊၂၀၂၀

ကရင်ပြα€Š်α€”α€š် α€€ ဇွဲကပင်တောင်α€™ှာ ပျောα€€်ဆုံးα€”ေတဲ့ တက္α€€α€žိုα€œ်α€€ျောင်းα€žူα€€ို တောင်α€…ောင်းတစ်α€”ေα€›ာα€™ှာ α€’ီα€€α€”ေ့ α€™α€”α€€်ပိုင်းα€€ α€žေဆုံးα€œျှα€€် တွေ့α€›α€α€š်α€œို့ α€›ှာα€–ွေα€€α€š်α€†α€š်α€›ေးα€œုပ်ဆောင်α€”ေတဲ့ α€™ီးα€žα€်တပ်α€–ွဲ့ဆီα€€α€žိရပါα€α€š်။

α€™ီးα€žα€်တပ်α€–ွဲ့ထပါထဝင် α€€ူα€Šီα€€α€š်α€†α€š်α€›ေးထဖွဲ့တွေα€€ ထဲ့α€’ီα€€ျောင်းα€žူα€›ဲ့ ဆိုင်α€€α€š်α€žော့တွေ့α€›ှိတဲ့α€”ေα€›ာတစ်ဝိုα€€်α€€ို  α€’α€›ုα€”်းα€‘α€žုံးပြုα€€ာ α€›ှာα€–ွေα€›ာα€™ှာတော့  တောင်α€…ောင်းတစ်α€”ေα€›ာα€™ှာ  α€€ျောင်းα€žူα€›ဲ့ α€‘α€œောင်းα€€ိုတွေ့α€›ှိခဲ့တာပါ။

α€œα€€်α€›ှိα€™ှာ တော့ α€™ီးα€žα€်တပ်α€–ွဲ့α€€ α€‘α€œောင်းတွေ့α€›ာ α€”ေα€›ာα€€ို  ဆင်းα€€ာ  α€žα€š်α€šူα€–ို့ α€œုပ်ဆောင်α€”ေပါα€α€š်။

α€˜ားထံတက္α€€α€žိုα€œ်α€™ှာα€•α€Šာα€žα€„်α€€ြားα€”ေတဲ့ α€žα€္တဗေα€’ ဂုဏ်ထူးတန်း ပထမနှα€…်α€€ျောင်းα€žူα€Ÿာ ပြီးခဲ့တဲ့ ဇွα€”် ၂၅ α€Šα€”ေပိုင်းα€€ ဇွဲကပင်တောင်α€€ို တစ်α€šောα€€်α€α€Š်း တက်ခဲ့တာα€œို့α€žိရပါα€α€š်။

ထဲ့α€’ီα€”ောα€€်  α€”ေထိုင်α€›ာထဆောင်α€€ို ပြα€”်α€™α€›ောα€€်α€œာတဲ့ထတွα€€် α€™ိခင်α€–ြα€…်α€žူα€€ိုα€š်တိုင်α€€ α€›ဲစခန်းα€™ှာ α€œူပျောα€€်တိုင်တန်းချα€€် α€–ွင့်ခဲ့တာပါ။

α€€ျောင်းα€žူα€›ဲ့ α€–ိနပ်α€”ဲ့ ဆိုင်α€€α€š်α€žော့α€€ို တောင်တက်α€œα€™်းα€›ဲ့ တစ်α€”ေα€›ာα€…ီα€™ှာ တွေ့α€›ှိခဲ့ရပြီး ထခုα€’ီα€™α€”α€€်α€™ှာတော့ ဆိုင်α€€α€š်α€žော့တွေ့α€›ှိတဲ့ တောင်α€€α€™်းပါးα€…ွα€”်းα€›ဲ့ α€”ေα€›ာα€€ို α€›ှာα€–ွေα€™ှုပြုα€œုပ်α€›α€™ှာ α€‘α€œောင်းα€€ိုတွေ့α€›ှိခဲ့တာα€–ြα€…်ပါα€α€š်။
Crd.........
#k.k

α€”ောင်ပွင့်တော်α€™ူα€™α€Š့် ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ား α€–ြα€…်တော်စဉ်

α€”ောင်ပွင့်တော်α€™ူα€™α€Š့် ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ား α€–ြα€…်တော်စဉ်
===========================

ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ား α€€ို α€–ူးခွင့်α€›α€™α€Š့် ပုဂ္ဂိုα€œ်α€™ျား

၁။ α€šα€ုα€€ြုံတွေ့α€”ေတဲ့ ဂေါတမ α€žာα€žα€”ာတွင်းα€™ှာ α€€ိုα€š်တိုင် α€›α€Ÿα€”်းα€žာမဏေ α€žီα€œα€›ှင်၀တ်ပြီး ပရိα€šα€်၊ ပဠိပတ်α€žာα€žα€”ာပြုတဲ့ ပုဂ္α€–ိုα€œ်။

၂။ α€™ိα€™ိရင်α€™ှα€–ြα€…်တဲ့α€žား၊ α€žူတစ်ပါးရင်α€™ှ α€–ြα€…်တဲ့α€žားတွေα€€ို α€›α€Ÿα€”်းခံပေးခြင်း၊ α€›ှင်ပြုပေးခြင်းပြုတဲ့ ပုဂ္α€–ိုα€œ်။

၃။ α€™ိခင်ဖခင်တို့α€€ို ၀တ်α€€ျေတန်းα€€ျေα€™α€Ÿုတ်α€˜ဲ α€…ိတ်ပါα€œα€€်ပါ α€›ိုα€žေα€…ွာပြုα€…ုα€œုပ်α€€ျွေးတဲ့ ပုဂ္α€–ိုα€œ်။

၄။ α€žα€›α€α€‚ုံα€žီα€œ မပြတ် ဆောα€€်α€α€Š်α€žော ပုဂ္α€–ိုα€œ်။

၅။ α€˜ုα€›ားα€žာα€žα€”ာ α€α€Š်α€…ိα€™့်α€žောα€Œာ α€…ေတီ၊ ပုထိုး၊ α€…α€Š်းခုံ α€₯မင်α€œိုဏ်ခေါင်း ဇရပ် α€…α€žα€Š်တို့α€€ို ပြုပြင်တဲ့ပုဂ္α€–ိုα€œ်၊ α€‘α€žα€…်ဆောα€€်α€œုပ်α€œှူးα€’ါα€”်းတဲ့ ပုဂ္α€–ိုα€œ်။

၆။ α€—ောဓိα€Šောင်ပင် α€…ိုα€€်ပျိုးα€žော ပုဂ္α€–ိုα€œ်၊ α€Šောင်α€›ေα€žွα€”်းα€œောင်းα€žော ပုဂ္α€–ိုα€œ်။

၇။ α€›ေတွင်း α€›ေα€€α€”် α€›ေထိα€™် စတုα€’ီα€žာ α€€ျောင်းဇရပ် တံတား ပြုပြင်α€žောပုဂ္α€–ိုα€œ်၊ ထရုဏ်ဆွα€™်း α€”ေ့ဆွα€™်း α€œောင်α€œှူα€žော ပုဂ္α€–ိုα€œ်။

၈။ α€›α€Ÿα€”်းတို့ထား ပစ္α€…α€Š်းα€œေးပါး α€œှူα€’ါα€”်းထောα€€်ပံံ့α€žော ပုဂ္α€–ိုα€œ်။

၉။ α€€α€™္မဋ္α€Œာα€”်းα€˜ာ၀နာ ပွားα€™ျားထားထုတ်α€žော ပုဂ္α€–ိုα€œ်

ထားα€œုံး ဧကန်α€™ုချ α€™ြေα€€ြီး α€œα€€်ခတ်α€™α€œွဲ၊ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်α€€ို α€–ူးα€™ြော်ရပြီး α€”ိα€—္α€–ာα€”်α€€ိုα€›α€™α€š်။

* ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ား *
----------------------------------

α€€ျွα€”်တော်တို့α€Ÿာ α€α€€α€š်α€œို့ α€—ုα€’္α€“α€˜ာα€žာ၀င်တွေ α€–ြα€…်α€€ြα€™α€š်ဆိုရင် α€Ÿောα€’ီα€€α€™္α€˜ာα€™ှာ α€”ောင်ပွင်တော်α€™ူα€™ဲ့ α€™ြတ်α€…ွာα€˜ုα€›ားထကြောင်းα€€ို α€žိချင်α€€ြα€™α€š်α€œို့ထင်ပါα€α€š် တချို့α€œα€Š်း α€žိပြီးα€–ြα€…်α€”ေα€€ြα€™ှာပါ α€™α€žိα€›α€žေးတဲ့ α€žူတွေထတွα€€် α€’ီပိုα€…့်α€œေးα€€ိုတင်α€œိုα€€်တာပါ α€’ီα€™ေးα€œ်α€œေးα€€ို ပို့ပေးတဲ့ ထရှင်ဝိα€™α€œα€ံα€žα€€ို ထထူးα€€ျေးဇူးတင်ပါα€žα€Š်α€˜ုα€›ား။ α€”ောင်ပွင့်တော်α€™ူα€™α€Š့် ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင် α€€ို α€›ှိခိုးα€€α€”်တော့α€œိုα€€်ပါα€α€š် α€˜ုα€›ား

α€€ျွα€”်တော်တို့ α€”ေထိုင်α€žောα€Ÿောα€’ီα€€α€™္α€˜ာα€™ှာα€˜ုα€›ားငါး ဆူပွင့်α€™α€š်α€œို့ α€™ှတ်α€žားα€€ြားα€žိα€–ူးပါα€α€š် ထခုα€˜ုα€›ားα€œေးဆူးပွင့်ထွα€”်းပြီးပါပြီ α€”ောင်ပွင့်α€œα€္တံα€žော α€™ြတ်α€…ွာα€˜ုα€›ားα€™ှာ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင် α€Ÿုα€žိရပါα€α€š်။ α€—ုα€’္α€“α€˜ာα€žာတိုင်းα€›ဲ့α€›α€Š်α€™ှα€”်းချα€€်ပန်းတိုင်းα€€ α€”ိα€—္α€—ာα€”်α€–ြα€…်ပါα€α€š် "α€‘α€œွα€”်α€€ြα€Š်α€Šိုα€…α€›ာα€€ောင်းα€žောα€˜ုα€›ားα€›ှင်α€›ဲ့ တရားတော်ထားα€”ာα€€ြားပြီး α€›ှေ့တော်α€™ှာတင်α€€ျွတ်တမ်း၀င် α€”ိα€—္α€—ာα€”်α€…ံα€›α€™α€š်ဆိုရင် ထကောင်းဆုံးပေါ့α€—ျာ။"

ထဲα€’ီထတွα€€် α€€ျွα€”်တော်တိုα€˜ုα€›ားα€›ှင် α€Ÿေားα€€ြားခဲ့α€žα€Š့်ထတိုင်း α€œိုα€€်α€œုပ်α€–ို့ α€œိုပါα€α€š် …α€žုံးချα€€်ထဲပါ

၁။ α€™α€€ောင်းα€™ှု α€€ိုα€›ှောင်α€›α€™α€š် ။

၂။ α€€ောင်းα€™ှု α€€ိုဆောင်ပြီးထစဉ်ပြုα€œုပ်α€”ေα€›α€™α€š် ။

၃။ α€…ိတ်α€€ို α€–ြူစင်ထောင်ထားရပါα€™α€š် ။

ဂေါတမ α€™ြတ်α€…ွာα€˜ုα€›ားα€›ှင်α€€ ကပ္ပိα€œα€α€်ပြα€Š် α€”ိဂြောဓာα€›ုံα€€ျောင်းα€™ှာ α€žီတင်းα€žုံးα€”ေတဲ့ထချိα€”် ထရှင်α€žာα€›ိပုတ္တရာ၏ α€œျှောα€€်ထားချα€€်ထရ α€‘α€›α€Ÿα€္တဖိုα€œ်α€…ျာα€”်α€žα€™ာပတ် ဝင်α€…ားပြီး ထဇိα€α€›α€Ÿα€”်း α€”ောင်ထနာဂတ်α€€ာα€œα€™ှာ ထရိα€™ေတ္တေα€šျα€˜ုα€›ား α€–ြα€…်တော်α€™ူα€™α€Š့်ထကြောင်းα€€ို α€Ÿောα€€ြားတော် α€™ူပါα€α€š်။ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€œောင်းα€€ တစ်α€žα€„်္ချေα€”ှင့် α€€α€™္α€˜ာတစ်α€žိα€”်း ပါα€›α€™ီတွေα€–ြα€Š့်α€€ျင့်ပြီး တုα€žိတာနတ်ပြα€Š်α€™ှာα€›ှိα€”ေα€™α€š်။

α€”ောင်ပွင့်တော်α€™ူα€™α€Š့်ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်ထကြောင်း...
=========================

α€‘α€œောင်းတော်နတ်α€žားα€€ α€œူ့ပြα€Š်α€€ိုဆင်းပြီး ပဋိα€žα€”္ဓေα€”ေα€–ို့α€›ာထတွα€€် α€˜ုα€›ားα€œောင်းတို့α€›ဲ့ ထုံးတမ်းထစဉ်α€‘α€œာ ဓမ္မတာထရ ပဋိα€žα€”္ဓေα€šူတော့α€™α€š်ဆိုရင် α€€ြα€Š့်ခြင်းငါးပါး ထရင်α€€ြα€Š့်ပြီးα€™ှ ပဋိα€žα€”္ဓေα€šူα€œေ့α€›ှိα€€ြα€α€š်။

α€€ြα€Š့်ခြင်းငါးပါးα€–ြင့်α€€ြα€Š့်တော်α€™ူခြင်းα€€-..

(၁)α€˜ုα€›ားα€–ြα€…်α€™α€Š့်ခေတ်ထခါα€€ာα€œα€€ား ထနှα€…်တစ်α€žိα€”်းα€™ှစပြီး ထောα€€်α€–ြα€…်α€žောα€€ာα€œ ထနှα€…်တစ်α€›ာတန်းα€™ှစပြီး ထထက်α€–ြα€…်α€žောα€€ာα€œ (တစ်α€žိα€”်းα€”ှင့် တစ်α€žိα€”်းထောα€€်- ၁၀၀ထထက်)

(၂)α€˜ုα€›ားα€–ြα€…်α€›ာα€€ျွα€”်းα€€ား ဇမ္α€—ူα€’ိပ်α€€ျွα€”်း

(၃)α€˜ုα€›ားပွင့်α€›ာα€’ေα€žα€€ား မဇ္α€…ျိα€™α€’ေα€ž

(၄)α€˜ုα€›ားα€œောင်းα€–ြα€…်α€›ာ ထမျိုးα€€ား မင်းα€™ျိုး ပုဏ္ဏားα€™ျိုး

(၅)α€™α€š်တော်၏α€‘α€žα€€်ထပိုင်းထခြားα€€ား α€˜ုα€›ားα€œောင်းα€™ွေးပြီး ခုα€”α€…်α€›α€€်α€žာα€”ေရခြင်း

ပဋိα€žα€”္ဓေα€šူုခြင်း...
-------------------

α€€ေတုမတီပြα€Š်………..α€žα€„်္ခစကြဝတေးမင်းα€”ှင့်တိုင်ပင်α€€ြံα€…α€Š်α€˜α€€်α€€ိုးα€€ွα€š်α€›ာα€–ြα€…်α€žော ထတိတ် ထနာဂတ်α€€ိုα€žိα€™ြင်α€”ိုင်ပြီးပစ္α€…ုပန်α€žံα€žα€›ာထစီးထပွားα€€ို ဆုံးမတတ်α€žော α€žုα€—ြα€Ÿ္မပုဏ္ဏားα€€ြီး၏ α€—ြα€Ÿ္မဏဝတီပုဏ္ဏေးမဝမ်းα€™ှာ ပဋိα€žα€”္ဓေα€”ေα€œိα€™့်α€™α€Š်။

α€—ြα€Ÿ္မဏဝတီပုဏ္ဏေးမဝမ်းα€™ှာα€†α€š်α€œα€•ြα€Š့်တဲ့ထခါα€™ှာ α€£α€žိပတေα€”α€žα€™α€„်တောα€™ှာ α€™α€š်တော် α€—ြα€Ÿ္မဏဝတီα€žα€Š်ထိုင်α€œျα€€်α€œα€Š်းα€™α€Ÿုတ် ထိပ်α€œျα€€်α€œα€Š်းα€™α€Ÿုတ်α€˜ဲ ရပ်α€œျα€€်α€žာα€œျှင်α€žα€…်ပင်၏ထကိုင်းထခက်α€€ိုα€€ိုင်α€œျα€€် α€™ေတ္တေα€šျα€€ိုα€–ွားတော်α€™ူα€œိα€™့်α€™α€Š်။

α€˜ုα€›ားα€œောင်းα€”ဲ့ထတူ တစ်ချိα€”်α€α€Š်းα€–ွားတော်α€™ူတဲ့α€–ွားα€˜α€€်တော် ၁၈ α€€ုဋေထားα€œုံးထမတ်တွေချα€Š်းα€–ြα€…်α€™α€š်။ ထဇိα€α€Ÿူα€žောα€‘α€™α€Š်α€€ိုα€žာပေးα€œိα€™့်α€™α€š်။ α€˜ုα€›ားα€œောင်းထဇိတမင်းα€žားα€Ÿာα€–ွားα€œျှင်α€–ွားချင်း ခုα€”α€…်ဖဝါးα€œှα€™်းပြီး ခြေတော်ချတိုင်းချတိုင်း α€€ြာပွင့်တွေပေါ်ပေါα€€်α€œိα€™့်α€™α€š်။

α€–ွားα€œျှင်α€–ွားချင်း ခုα€”α€…်α€œှα€™်းα€œှα€™်းပြီး "α€šα€ုα€˜α€α€€ား ငါ့ထဖို့α€”ောα€€်ဆုံးα€˜α€α€α€Š်း α€”ောα€€်ထပ်α€˜α€α€™α€›ှိတော့ပြီ ထာα€žα€ေါကင်းα€žα€Š် α€–ြα€…်α€žောα€€ြောင့်ငြိα€™်းထေးα€œα€ံ္တ့" α€Ÿူα€žောα€…α€€ားα€€ိုထရပ်α€œေးα€™ျα€€်α€”ှာα€€ို α€€ြα€Š့်ပြီးပြောဆိုα€œိα€™့်α€™α€š်။

ပြာα€žာα€’်α€œေးဆောင်ပေါ်α€œာခြင်း...
-----------------------------------

ထဇိတမင်းα€žားα€œောα€€α€…α€Š်းα€…ိα€™်ခံα€…ားα€–ို့α€›ာα€”ေမင်း၏α€›ောင်ခြα€Š်α€€ဲ့α€žို့ α€œူα€žားတွေα€™ျα€€်α€…ိα€–ြင့် α€…ိα€™်းα€…ိα€™်း α€™α€€ြα€Š့်ဝံ့တဲ့ ထရောင်α€α€œα€€်α€œα€€်α€–ြင့် ရတနာထရောင်ထွα€”်းα€œα€„်းပြောင်တဲ့တင့်α€α€š်ခံ့α€Šားα€žော ပြာα€žာα€’်α€œေးဆောင် ပေါ်ပေါα€€်α€œာα€œ်ိα€™့်α€™α€Š်။ ပြာα€žာα€’်α€œေးဆောင်α€€ို တစ်ဆောင်α€™ှာ ပရိα€˜ောα€‚α€‘α€žုံးထဆောင် ထပြα€Š့်ထစုံပါတဲ့တိုα€€်ခန်းα€€ ခုα€”α€…်ထောင်α€…ီ တစ်α€–α€€်တစ်α€–α€€်α€™ှာ ပတ္တမြားα€€ျောα€€်α€™ျα€€်α€›ွဲα€…ီα€žောနဝရတ်α€€ိုးပါးα€”ဲ့ ပြα€Š့်α€…ုံα€žော α€•α€œ္α€œα€„်ခုα€”α€…်ထောင်α€…ီ ရတနာခုα€”α€…်ပါးα€”ှင့်ပြα€Š့်α€…ုံα€žော ထီးα€–ြူခုα€”α€…်ထောင်α€…ီ ခုတင်α€Šောင်α€…ောင်းခုα€”α€…်ထောင်α€…ီ ပြာα€žာα€’်တစ်ဆောင်α€€ို တိုα€€်ခန်းα€€ ခုα€”α€…်ထောင်α€…ီဆိုတော့ ပြာα€žာα€’်α€œေးဆောင်ဆိုရင် တိုα€€်ခန်းပေါင်း α‚αˆα€α€α€ α€›ှိα€™α€š်။

ပြာα€žာα€’်တစ်ဆောင်တစ်ဆောင်α€€ို α€›ွှေထိုးα€€ြီးကတစ်α€œုံးα€…ီ။ α€›ွှေထိုးတစ်α€œုံးα€…ီα€›ဲ့ထဝကားတစ်α€šူဇနာα€€ျα€š်α€™α€š်။ α€›ွှေထိုး၏ထမောα€€်α€€ား α€™ြေα€€ြီးα€”ဲ့ထမျှထောα€€်α€™ြေα€€ြီးထဆုံ းထိ α€žုံးα€œို့α€™α€€ုα€”်α€˜ူး။ α€’ါတင်α€™α€€α€žေးα€˜ူး α€›ွှေထိုးတစ်α€œုံးα€…ီα€™ှာ ပဒေα€žာပင်α€€ြီးခြောα€€်ပင်α€…ီ ပေါα€€်α€œိα€™့်α€™α€š်။ ပြာα€žာα€’်တစ်ဆောင် တစ်ဆောင်α€™ှာ ဆဒ္α€’α€”်ဆင်မင်းခုα€”α€…်ထောင် α€œောα€Ÿα€€α€žိα€”္ဓောα€™ြင်း တစ်ထောင်α€–ြင့် α€™ောင်းα€”ှင်α€›α€žောရထားခုα€”α€…်α€›ာ α€™ောင်းမပေါင်းတစ်α€žောင်းခြောα€€်ေ ထာင်α€€ ဆိုတီးα€™ှုတ်α€–ြေα€–ျော်α€–ို့α€›ာ ကချေα€žα€Š်ထမျိုးα€žα€™ီးခုα€”α€…်ထောင်တို့α€–ြင့်α€–ျော်α€–ြေα€€ြα€œိα€™့်α€™α€Š်။

ထဇိတမင်းα€žားထိα€™်ထောင်ပြုခြင်း...
---------------------------------

ထချိα€”်တန်α€œို့ထရွα€š်α€›ောα€€်တဲ့ထခါ α€…α€”္α€’α€™ုα€€္ခီထမျိုးα€žα€™ီးα€”ဲ့ထိα€™်ထောင်ပြုα€œိα€™့်α€™α€Š်။ α€…α€”္α€’α€™ုα€€္ခီထမျိုးα€žα€™ီးα€€α€œα€Š်း α€žူမတူ နတ်α€žα€™ီးတမျှα€‘α€œွα€”်α€œှပပြီး α€žူ့α€›ဲ့ခန္ဓာα€€ိုα€š်ထနံ့α€€ား α€…α€”္α€’α€€ူးα€žα€›α€€္ခန်ထနံ့α€œိုα€™ွှေးα€€ြိုင်α€”ေα€™α€š်။ ခန္ဓာα€€ိုα€š်α€‘α€žားα€€α€œα€Š်း ဝါဂွα€™်းα€€ဲ့α€žို့ α€”ူးα€Šံ့α€™α€š်။

ခန္ဓာα€€ိုα€š်ထရောင်α€€ α€†α€š့်α€”ှα€…်တောင်ထတွင်း α€™ီးမထွα€”်းα€˜ဲ ထရောင်တဝင်းဝင်းထိα€”်α€”ေα€™α€š်။ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်α€Ÿာα€˜α€š်α€œောα€€်α€˜ုα€”်းα€€ြီးα€œိုα€€်α€™α€œဲဆိုတာ α€›ှင်α€˜ုရင်α€™α€Ÿုတ်α€˜ဲα€”ဲ့ ထဇိတမင်းα€žား α€˜α€α€œောα€€်α€›ှိတာတောင် α€™ှα€žα€„်္ခစကြဝတေးမင်းα€”ှင့်တကွ α€™ြို့ပေါင်းα€›ှα€…်α€žောင်းα€œေးထောင်α€€ α€›ှင်α€˜ုရင်တွေနတ်α€žားတွေα€€ ဝေα€šျဝစ္α€…α€œုပ်ပေးချင်α€œို့ပြုα€œုပ်ခွင့်ပေးα€–ို့α€œာပြီးတောင်းပန်α€€ြα€α€š်တဲ့။ ထဇိတမင်းα€žားα€€ ထကျွα€”်ုပ်α€™ှာ α€–ွားα€˜α€€်တော် ၁၈ α€€ုဋေထမတ်α€€ြီးα€”ှင့်တကွ ဆင်α€™ြင်းα€›ဲα€™α€€်α€—ိုα€œ်ပါတွေ α€›ှိပါα€α€š်။ α€‘α€œိုα€™α€›ှိတော့ပါα€Ÿု ပြောα€œွှတ်α€œိα€™့်α€™α€š်။

α€žားတော်α€–ွားα€™ြင်ခြင်း...
=================

ထဇိတမင်းα€žားα€Ÿာ ပြα€žာα€’်α€œေးဆောင်α€™ှာ α€œောα€€ီα€…α€Š်းα€…ိα€™်ခံα€…ားα€”ေစဉ်α€™ှာ ထနှα€…်တစ်α€žောင်းပြα€Š့်တဲ့ထခါα€€ျရင် α€—ြα€Ÿ္α€™ာဝံα€ž ဆိုတဲ့ α€žားα€šောα€€ျာ်းα€œေးα€™ွေးα€–ွားα€œိα€™့်α€™α€š် ။

α€”ိα€™ိတ်α€œေးပါးα€™ြင်ခြင်း...
==================

α€—ြα€Ÿ္α€™ာဝံα€ž α€žားα€šောα€€ျာ်းα€œေးα€™ွေးα€–ွားပြီးတဲ့ထခါ α€˜ုα€›ားα€›ှင်တို့α€›ဲ့ ထုံးတမ်းစဉ်α€œာ ဓမ္မတာထရ α€₯α€šျာဉ်ကထွα€€်စဉ်α€™ှာ α€žူထို α€žူα€”ာ α€žူα€žေ α€›α€Ÿα€”်း α€”ိα€™ိတ်α€€ြီးα€œေးပါးတွေ့α€™ြင်ရရင် α€žံဝေဂတရားတွေα€›α€œာပြီးတော့ တောထွα€€်α€™α€Š့်ထကြံα€–ြα€…်ပေါ်α€œာα€œိα€™့်α€™α€Š်။ α€’ိα€—ျာဝဒါα€” α€™ေတ္တေα€šျα€—ျာကရဏဝဒါα€” (၃၆-၃၇) α€™ှာပြဆိုထားတာကတော့ α€žα€„်္ခမင်း၏ α€šα€‡်တိုင်ထပိုင်းပိုင်းပြတ်α€žα€Š်α€€ို α€™ြင်ရပြီး α€žံဝေဂဖြα€…်ပြီးတောထွα€€်α€œိα€™့်α€™α€Š်α€œို့ပြဆိုထားတာα€›ှိα€žေးα€α€š်။ α€˜α€š်α€œိုပုံα€”α€Š်းα€”ဲ့α€–ြα€…်α€–ြα€…် တောကတော့ထွα€€်α€™ှာပါပဲ။

ထဇိတမင်းα€žား တောထွα€€်α€™α€š့်ထကြံα€…ိတ်α€€ို α€žα€„်္ခစကြဝတေးမင်းα€€ α€žိတဲ့ထခါ ထဇိတမင်းα€žားပျော်ထောင်ဆိုပြီးတော့ α€›ှα€…်α€žောင်းα€œေးထောင်α€žော ကချေα€žα€Š်တွေα€™ြို့α€žူ α€™ြို့α€žား α€”ိဂုံးဇနပုα€’်α€žူ မင်းα€žားမင်းα€™ြေး α€žူα€Œေး α€žူα€€ြွα€š်α€…α€žော α€œူထပေါင်းတို့α€€ ပန်းα€”ံ့α€žာα€…ွဲα€œျα€€် ထဇိတမင်းα€žားα€€ို ခြံα€›ံပြီး α€”ေα€€ြα€œိα€™့်α€™α€š်။ နတ်α€—ြα€Ÿ္α€™ာတွေα€€α€œα€Š်း နတ်တို့α€›ဲ့ ထီး တံခွα€”် ပန်းα€”ံ့α€žာ α€›ွှေပေါα€€်ပေါα€€် ငွေပေါα€€်ပေါα€€် α€…α€žα€Š်တို့α€–ြင့် α€˜ုα€›ားα€œောင်းပြာα€žာα€’် α€™ိုးα€€ြီးα€›ွာα€žα€€ဲ့α€žို့ ထပြα€Š့်α€‘α€œျှံခြံα€›ံခစားα€”ေα€€ြα€œိα€™့်α€™α€š်။ α€œူ့α€˜α€ α€€ာမဂုဏ်ထဲα€™ှာပျော်ထောင်α€–ြေα€–ျော်α€”ေα€€ြတာ။

ထဇိတမင်းα€žားတောထွα€€်တော်α€™ူခြင်း...
===========================

ထဇိတမင်းα€žား တောထွα€€်α€™α€š်ဆိုတဲ့ α€…ိတ်ထကြံα€€ို α€žα€„်္ခစကြဝတေးမင်းα€”ှင့်တကွ တိုင်းα€žူပြα€Š်α€žား α€œုတွေထားα€œုံးα€žိα€žွားα€€ြတဲ့ထခါα€™ှာ α€˜α€š်α€”ေ့ α€˜α€š်α€›α€€် α€˜α€š်ထချိα€”်α€™ှာ ထဇိတမင်း တောထွα€€်α€™α€š်ဆိုတဲ့ α€žα€α€„်းα€‘α€žံα€€ို ထားα€œုံးα€žိα€žွားα€€ြတော့ α€”α€”်းတွင်းα€žူ α€”α€”်းတွင်းα€žား α€™ြို့α€žူα€™ြို့α€žားတွေ တောα€›ွာဇနပုα€’်α€€ α€œူတွေ မင်းα€žား မင်းα€™ြေး α€žူα€Œေး α€žူα€€ြွα€š်ထစရှိတဲ့ α€œူပေါင်းα€™ျားα€…ွာα€”ှင့်တကွ α€…α€”္α€’α€™ုα€€္ခီ α€žားတော် α€—ြα€Ÿ္α€™ာဝံα€ž α€‘α€œုပ်ထကျွေးကချေα€žα€Š်တွေα€›ော ထဇိမင်းα€›ဲ့ ပြာα€žာα€’်ထဲα€™ှာ တောထွα€€်ရင်α€œိုα€€်α€–ို့α€›ာထတွα€€်ပြα€Š့်α€œျှံပြီးတော့α€”ေα€™α€š်။

တောထွα€€်α€™α€Š့် ထချိα€”်α€œα€Š်းα€›ောα€€်α€›ော α€œူပေါင်းα€™ျားα€…ွာပြα€Š့်α€”ေတဲ့ ပြာα€žာα€’်α€€ြီးα€Ÿာ α€˜ုα€›ားα€œောင်းတန်ခိုးတော်α€€ြာင့်α€œα€Š်းα€€ောင်း α€…α€€ြဝတေးမင်းထာဏာα€€ြောင့်α€œα€Š်းα€€ောင်း နတ်α€—ြα€Ÿ္α€™ာတို့ တန်ခိုးတော်α€€ြောင့်α€œα€Š်းα€€ောင်း α€Ÿα€žာင်္မင်းပျံα€žα€€ဲ့α€žို့ α€€ောင်းကင်α€šံα€žို့ပျံတက်ပြီး α€€ံ့α€€ော်ပင်α€›ှိα€›ာထရပ်α€žို့ α€€ောင်းကင်α€šံခရီးα€–ြင့် တောထွα€€်α€žွားα€€ြα€œိα€™့်α€™α€š်။ နတ်α€—ြα€Ÿ္α€™ာα€™ျား ပို့ဆောင်ခြင်း α€€ောင်းကင်α€šံ α€Ÿα€žာင်္ပျံ ပြာα€žာα€’်α€€ြီးα€€ို α€—ြα€Ÿ္α€™ာမင်းα€€ α€žုံးα€šူဇနာ α€›ှိα€žောထီးα€€ိုα€€ိုင်ပြီး α€œိုα€€်α€™α€š်။

α€žိα€€ြားမင်းα€€ ထတောင်ခြောα€€်α€†α€š်α€›ှိα€žော α€œα€€်α€šာα€›α€…် ခရုα€žα€„်းα€€ိုα€€ိုင်α€œျα€€် α€žာဓု α€žုံးα€€ြိα€™်ခေါ်ပြီးα€œိုα€€်α€™α€š်။ α€žုတဝံနတ်α€žားα€€ α€žားα€™ြီးα€šα€•်α€€ိုα€€ိုင်ပြီးα€œိုα€€်α€™α€š်။ တုα€žိတာနတ်α€žားα€€ ပတ္တမြားα€šα€•်α€€ိုα€€ိုင်ပြီးα€œိုα€€်α€™α€š်။ ပဉ္စင်္α€žိခနတ်α€žားα€€ α€…ောင်းα€€ိုα€€ိုင်α€™α€š်။ α€œောကပါα€œα€”α€်α€žားα€œေးα€šောα€€်α€€ α€žα€”်α€œျα€€်α€€ိုα€€ိုင်α€™α€š်။ α€”ှα€…်α€žိα€”်းα€›ှα€…်α€žောင်းα€›ှိတဲ့ α€˜ီα€œူးα€…α€…်α€žα€Š်တွေα€€ α€œα€€်α€”α€€်α€€ိုα€š်α€…ီα€€ိုင်α€™α€š်။ နတ်α€žα€™ီးတွေα€€ ရတနာပုဋောင်းα€€ိုα€€ိုင်α€™α€š်။ α€‘α€žူα€›ာနတ်တို့α€€ α€žီချင်းဆိုပြီးတော့ နတ်တို့၏ တံခွα€”်α€€ိုα€€ိုင်α€™α€š်။ နတ်မင်းတို့α€€ ပတ္တမြားα€›ှိα€žော ဆီα€™ီးα€€ိုα€€ိုင်α€™α€š်။ ဂဠုα€”်တို့α€€ α€…ောင်းတီးα€œိုα€€်α€™α€š်။ ဂန္ဓဗ္ဗနတ်တို့α€€ α€…ောင်းတီးပြီးα€œိုα€€်α€™α€š်။

α€Ÿα€žာင်္ပျံα€€ောင်းကင်ပြာα€žာα€’်ထဲα€™ှာ တောထွα€€်α€œို့ α€œိုα€€်α€€ြα€™α€Š့် ပရိα€žα€်တွေα€€ α€›ှα€…်α€žောင်းα€œေးထောင်တဲ့။ α€€ောင်းကင်α€šံပြာα€žာα€’်ပျံα€”ဲ့ ဆွေα€…ုံα€™ျိုးα€…ုံ α€žားα€”ဲ့ α€™α€šားα€”ဲ့ α€›ှα€…်α€žောင်းα€œေးထောင်ပရိα€žα€်α€”ဲ့ ထခြံထရံα€”ဲ့ α€€ောင်းကင်ခရီးα€–ြင့် α€€ံ့α€€ော်ပင်α€›ှိα€›ာα€žို့ တောထွα€€်α€™ှာ။ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်α€Ÿာ α€€ံ့α€€ော်ပင်ထောα€€်α€™ှာပွင့်α€™ှာပါ။ α€€ံ့α€€ော်ပင်ဆီα€›ောα€€်တဲ့ထခါα€™ှာ ထဇိတမင်းα€žားα€€ α€€ံ့α€€ော်ပင်ထောα€€်α€™ှာ α€’ုα€€္ကခရစရိα€šာα€€ို α€€ျင့်တော်α€™ူပါα€™α€š်။ ထဇိတမင်းα€žားα€Ÿာ α€’ုα€€္ကခရစရိα€šာα€€ို ခြောα€€်α€›α€€်α€€ျင့်တော်α€™ူα€›ုံα€™ျှα€”ဲ့ α€˜ုα€›ားစင်α€…α€…်α€–ြα€…်α€œိα€™့်α€™α€Š်။ α€…α€”္α€’α€™ုα€€္ခီα€™ိα€–ုα€›ားα€€ ထဲα€’ီα€”ေα€›ာα€™ှာပဲ နတ်α€žြဇာα€”ဲ့ပြα€Š့်α€…ုံတဲ့ α€”ွားα€”ို့ဆွα€™်းα€œှုα€œိα€™့်α€™α€š်။

α€žα€—္α€—α€Šုတα€₯ာဏ်α€›α€žα€Š့်ထချိα€”်...
======================

α€Šα€”ေချα€™်းထချိα€”်α€›ောα€€်α€žα€Š့်ထခါ α€€ံ့α€€ော်ပင်α€”ဲ့ α€™α€”ီးမဝေး ရတနာခုα€”α€…်ပါးα€”ဲ့ပြα€Š့်α€…ုံတဲ့ ထမြင့် ၆၄တောင်α€›ှိတဲ့ α€›ွှေα€•α€œ္α€œα€„်ပေါ်ပေါα€€်α€œာα€œိα€™့်α€™α€š်။ ထိုα€›ွှေα€•α€œ္α€œα€„်ထထက်α€α€š် ထက်ဝက်α€–ွဲ့ခွေထိုင်α€”ေတော်α€™ူα€œျα€€် ထရှေ့α€œောကဓာတ်α€€ိုα€€ြα€Š့်ပြီး နတ်ပရိα€žα€်α€”ဲ့ α€œူပရိα€žα€်တွေခြံα€›ံα€œျα€€် α€™ာα€›်နတ်α€›ဲ့့α€›α€”်α€€ိုထောင်α€™ြင်α€œိα€™့်α€™α€š်။ α€Šα€‰့်ဦးα€šံα€™ှာ ပုα€—္α€—ေα€”ိဝါα€žα€”ုဿတိα€₯ာဏ်α€€ိုα€›α€™α€š်။ α€žα€”်းခေါင်α€šံထချိα€”်α€™ှာ α€’ိα€—္α€—α€…α€€္ခုα€₯ာဏ်α€€ိုα€›α€™α€š်။ α€™ိုးα€žောα€€်α€šံထချိα€”် ထာα€žα€α€€္α€α€šα€₯ာဏ်တွေရပြီးတော့ α€”ေဝန်းα€€ြီးပေါ်ပေါα€€်α€œာတဲ့ထချိα€”်α€€ျတော့ α€žα€…္α€…ာα€œေးပါးα€€ိုα€žိပြီး α€žα€—္α€—α€Šုတα€₯ာဏ်α€€ိုα€›α€™α€š်။

α€˜ုα€›ားပွင့်တဲ့α€€ံ့α€€ော်ပင်α€›ဲ့ α€œုံးပတ်α€€ ထဲα€’ီခေတ်ထခါα€™ှာ α€œူတွေα€›ဲ့ ထတောင်α€”ဲ့ ထတောင်ခုα€”α€…်α€†α€š်α€›ှိα€™α€š်။ ထကိုင်းထခက် α€€ိုးα€€ိုင်း ခက်α€™α€€ိုးα€–ြာα€œို့ခေါ်α€α€š်။ α€€ံ့α€€ော်ပင်α€›ဲ့ ထနံ့တွေα€€ α€œေထောα€€်α€€ိုα€†α€š်α€šူဇနာ α€œေထထက်α€€ို α€†α€š်α€šူဇနာα€™ွှေးα€™α€š်။ α€€ံ့α€€ော်ပွင့်တွေα€€ α€”ွားα€œှα€Š်းα€˜ီးα€œောα€€်α€€ြီးα€™α€š်။ α€˜ုα€›ားα€–ြα€…်တဲ့α€”ေ့ကစပြီး ပွင့်α€€ြတဲ့ α€€ံ့α€€ော်ပွင့်တွေα€Ÿာ α€˜ုα€›ားပရိα€”ိα€—္α€—ာα€”်α€…ံတဲ့α€”ေ့α€€ျα€™ှ α€€ြွေα€€ြတော့α€™ှာ။ ထဲα€’ီα€€ံ့α€€ော်ပင်α€€ို α€˜α€š်ငှα€€်α€™ှ α€™α€”ားဝံ့α€€ြα€˜ူး။ α€–ြတ်α€€ျော်မပျံ့ဝံ့α€€ြα€˜ူး။

α€€ံ့α€€ော်ပင်းα€”ားα€›ောα€€်တဲ့ငှα€€်တိုင်း α€žα€္တဝါတိုင်း α€€ံ့α€€ော်ပင်α€€ို α€œα€€်α€šာα€›α€…်α€žုံးပတ်ပတ်ပြီးα€™ှ α€žွားα€€ြα€œိα€™့်α€™α€š်။ α€—ြα€Ÿ္α€™ာမင်းα€€ တရားα€Ÿောα€›α€”် တောင်းပန်ခြင်း ထဲα€’ီα€€ံ့α€€ော်ပင်α€›ဲ့ ထနီးထနားα€™ှာပဲ α€žီတင်းα€žုံးα€”ေတဲ့ထချိα€”် α€œေးα€†α€š့်α€€ိုးα€›α€€်α€€ျော်α€œွα€”်တဲ့ထခါ ပွင့်တော်α€™ူα€žွားα€€ြတဲ့ α€˜ုα€›ားα€›ှင်တိုင်းα€›ဲ့ ထုံးတမ်းထစဉ်α€‘α€œာထရ α€—ြα€Ÿ္α€™ာမင်းα€€ြီးα€›ဲ့α€œောကဂရုα€€ို ခံα€šူα€™α€š်။ α€—ြα€Ÿ္α€™ာမင်းကတောင်းပန်α€™ှ တရားα€Ÿောရတာα€€ ပွင့်တော်α€™ူα€žွားα€€ြတဲ့ α€˜ုα€›ားα€›ှင်တိုင်းα€›ဲ့ ဓမ္မတာα€–ြα€…်α€œို့ α€Ÿောရတာ။ α€˜ုα€›ားမပွင့်α€™ီ α€—ာα€Ÿိα€›α€€ာα€œα€™ှ α€œူဝတ်α€€ြောင်α€™ျား α€›α€žေ့ ပရိα€—ိုဇ် α€›α€Ÿα€”်း ပုဏ္ဏားတို့တွေα€Ÿာ α€—ြα€Ÿ္α€™ာတွေα€€ိုα€žာ α€‘α€œေးဂရုပြု α€€ိုးα€€ွα€š်α€”ေα€€ြတာ။ α€α€œောα€€α€œုံးα€€ α€‘α€œေးထမြတ်ပြုα€žော α€—ြα€Ÿ္α€™ာα€€ြီးα€€ α€™ြတ်α€…ွာα€˜ုα€›ားထား α€‘α€œေးပြု α€Šွှတ်တွားα€€ိုင်းα€›ှိုင်းα€œာα€œျှင် တစ်α€œောα€€α€œုံးပင် α€™ြတ်α€…ွာα€˜ုα€›ားα€€ို α€‘α€œေးပြုα€Šွှတ်တွားα€€ိုင်းα€›ှိုင်းα€œာα€œိα€™့်α€™α€š်။ ထဲα€’ါα€€ို α€œောကဂရု α€šူα€œိုα€€်တာα€œို့ခေါ်α€α€š်။

ဓမ္α€™α€…α€€ြာတရားα€Ÿောα€€ြွခြင်း...
======================
α€—ြα€Ÿ္α€™ာမင်းထံα€™ှ တရားα€Ÿောα€›α€”်ဝန်ခံပြီးပြီဆိုα€œျှင်ပဲ α€£α€žိပတနα€₯α€šျာဉ်တောα€žို့ ဓမ္α€™α€…α€€ြာတရားα€Ÿောα€–ို့α€›α€”်α€€ြွα€œိα€™့်α€™α€š်။ α€˜ုα€›ားα€›ှင်ခြေတော်ထစုံα€€ို ခံထံ့α€žောငှာ α€™ြေα€€ြီးα€€ိုခွင်းပြီး ထတောင်α€žုံးα€†α€š်α€›ှိတဲ့ α€€ြာပွင့်α€€ြီး ၂၄ တောင်α€›ှိတဲ့ α€€ြာပွင့်α€„α€š်တွေα€€ α€˜ုα€›ားα€›ှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးα€œိα€™့်α€™α€š်။ α€œူပရိα€žα€် α€›ှα€…်α€šူဇနာ နတ်ပရိα€žα€် α€…α€€ြာဝဠာတိုα€€်ထပြα€Š့် α€—ြα€Ÿ္α€™ာပြα€Š်ထထက်ဆုံး ထကနိဋ္α€Œα€˜ုံတိုင်ထောင် ပရိα€žα€်တွေα€€ို ထန်းα€žီးα€œုံးα€œောα€€်α€€ြီးα€žော α€›ောင်ခြα€Š်တော် ခြောα€€်ပါးα€œွှတ်ပြီး ဓမ္α€™α€…α€€ြာတရားα€Ÿောတဲ့ထခါα€™ှာ α€œူပုဂ္ဂိုα€œ် α€€ုဋေတစ်α€žိα€”်း နတ်α€—ြα€Ÿ္α€™ာတွေα€€ α€€ုဋေတစ်α€žိα€”်း α€€ျွတ်တမ်းဝင်α€€ြα€œိα€™့်α€™α€š်။

α€˜ုα€›ားα€›ှင်၏တန်ခိုးတော်...
===================
α€˜ုα€›ားα€›ှင်၏တန်ခိုးတော်α€€ြောင့် α€›ွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုα€œဲပန်းဆိုင်း α€žα€”္တာပန်းဆိုင်းတို့α€–ြင့် တန်ဆာဆင်α€œျα€€် ရတနာခုα€”α€…်ပါးα€”ှင့် ပြα€Š့်α€…ုံပြီး α€†α€š့်α€”ှα€…်α€šူဇနာα€€ျα€š်ဝန်းတဲ့ α€—ိα€™ာα€”်α€™ျα€€်α€”ှာα€€ျα€€်α€žα€Š် ဓမ္α€™α€…α€€ြာတရားဦးα€Ÿောα€žα€Š့်α€”ေ့α€™ှစပြီး ပရိα€”ိα€—္α€—ာα€”်ဝင်α€…ံα€žα€Š့်တိုင်ထောင် α€”ေ့α€Šα€‘α€™ြဲပင်α€œိုα€€်ပါပြီး α€™ျα€€်α€”ှာα€€ျα€€်ထဖြα€…် α€™ိုးα€€ာပြီးα€”ေα€™α€š်။ ထရိα€™ေတ္တေα€šျα€˜ုα€›ား α€”ေα€žα€”့်စင်α€žောထခါ α€”ေα€–ို့α€›ာထတွα€€် α€™ြေα€€ြီးတို့α€€ိုခွဲပြီး ရတနာα€žုံးပါးα€”ှင့်ပြα€Š့်α€…ုံα€žော ၁၂ α€šူဇနာα€€ျα€š်ဝန်းတဲ့ α€›ွှေမဏ္ဍပ်α€€ြီးပေါ်ပေါα€€်α€œိα€™့်α€™α€š်။ α€˜ုα€›ားα€›ှင်တန်ခိုးတော်α€€ြောင့် α€™ိတာα€”်ပန်းဆိုင်း တုရင်တိုင် ထီး တံခွα€”် ဆီα€™ီး တန်ဆောင်း ရတနာမဏ္ဍပ်α€€ြီးα€Ÿာ α€˜ုα€›ားα€›ှင်တရားα€Ÿောα€›ာ α€Œာနတိုင်းα€™ှာ ထိα€™်α€™ှာα€Ÿောα€™α€š်ဆိုရင် ထိα€™်ပေါα€€်ဝ α€€ျောင်းα€™ှာα€Ÿောα€™α€š်ဆိုရင် α€€ျောင်းပေါα€€်ဝ α€™ြို့α€™ှာα€Ÿောα€™α€š်ဆိုရင် α€™ြို့α€™ှာ တောα€™ှာα€Ÿောα€™α€š်ဆိုရင် တောα€™ှာ စတဲ့ α€Ÿောတဲ့α€”ေα€›ာတိုင်းα€™ှာ α€€ောင်းကင်α€šံα€€α€”ေပြီး ထမြဲတမ်း ပရိα€”ိα€—္α€—ာα€”်α€…ံထထိ α€œိုα€€်ပါα€”ေα€™ှာ။

α€›ုပ်α€™ြင်α€žံα€€ြားα€™ေတ္တေα€šျα€˜ုα€›ား...
==========================

ထရိα€™ေတ္တေα€šျα€˜ုα€›ား တရားα€Ÿောတဲ့ထခါ α€˜α€š်α€™ြို့ α€˜α€š်α€’ေα€ž α€˜α€š်ထရပ် α€˜α€š်α€›ွာα€’ေα€ž ဇနပုα€’် ထိα€™်ကပဲα€Ÿောα€Ÿော α€…α€€ြဝဠာတိုα€€်တစ်α€žောင်းα€œုံး α€˜ုα€›ားα€›ှင်α€›ဲ့ တရားα€Ÿောα€‘α€žံα€€ိုα€€ြားα€”ေα€›α€™α€š်။ α€˜ုα€›ားα€›ှင်α€›ဲ့ ပုံα€žα€္α€Œာα€”်α€€ိုα€œα€Š်းα€™ြင်α€”ေα€›α€™α€š်။ α€›ုပ်α€œα€Š်းα€™ြင်α€›α€™α€š် α€‘α€žံα€œα€Š်းα€€ြားα€›α€™α€š်။ α€™α€™ြင်ချင်α€œို့ α€™ျα€€်α€…ိα€™ှိတ်ထားα€œα€Š်း α€™α€›α€˜ူး။

α€™α€€ြားချင်α€œို့α€”ားပိတ်ထားα€œα€Š်းα€™α€›α€˜ူး။ α€˜ုα€›ားα€›ှင်α€›ဲ့တန်ခိုးတော်α€€ြောင့် ၃၁ α€˜ုံထကာထရံα€™α€›ှိ α€–ီα€œာထုတ်ချင်းပေါα€€်α€™ြင်α€€ြα€›α€™ှာ။ ထပေါ်α€€ြα€Š့်ရင် နတ်α€žား နတ်α€žα€™ီး α€—ြα€Ÿ္α€™ာတွေα€™ြင်α€›α€™α€š်။ ထောα€€်ငုံ့α€€ြα€Š့်ရင် ငရဲပြα€Š်α€™ှာ ခံα€…ားα€”ေရတဲ့ ငရဲα€’ုα€€္ခမျိုးα€…ုံα€€ိုα€™ြင်ရတော့ ငရဲα€›ောα€€်ထောင် ထကုα€žိုα€œ်တွေပြုα€›ဲα€–ို့α€™α€›ှိတော့α€˜ူး။ ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်α€›ဲ့တန်ခိုးတော်α€€ြောင့် α€šောα€€ျာ်းဆိုရင် နတ်α€žားα€œို α€™ိα€”်းမဆိုရင် နတ်α€žα€™ီးα€œို ချောα€™ောα€œှပတွေချα€Š်းα€–ြα€…်α€›ာ α€›ုပ်မချော ထင်္ဂါα€™α€…ုံတစ်α€šောα€€်α€™ှα€™α€›ှိ။ ထကုα€”်းထကွ ထကန်း ထနူထဝဲα€›ောဂါα€žα€Š်တွေ α€œုံးဝမရှိ။ α€‘α€žα€€်ငါးα€›ာပြα€Š့်တဲ့ထရွα€š်α€›ောα€€်ရင် ထမျိုးα€žား ထမျိုးα€žα€™ီးတွေ ထိα€™်ထောင်ပြုα€€ြα€œိα€™့်α€™α€š်။

ဇနီးα€™ောင်α€”ှံα€”ှα€…်ဦး ခိုα€€်α€›α€”်α€’ေါα€žα€™α€›ှိ ပြα€Ώα€”ာα€™α€›ှိ α€€ွဲα€€ွာα€žွားခြင်းα€œα€Š်းα€™α€›ှိ။ ထမြဲထဆင်ပြေα€™α€š်။ α€›ာα€žα€€်ပန်ပေါင်းα€žα€„်းα€›α€™α€š်။ ထမျိုးα€žα€™ီးတိုင်းα€™ှာ ပတ္တမြားα€”ားတောင်း α€œα€€်α€…ွပ် α€œα€€်α€€ောα€€် ခြေα€€ျင်းα€…α€žα€Š်တို့α€Ÿာ α€›ွှေထိုးα€€ြီးတွေထဲα€€ α€€ြိုα€€်α€”ှα€…်α€žα€€်α€›ာ α€šူဝတ်α€€ြα€™ှာ။ α€›ွှေမဝတ်α€”ိုင်တဲ့α€žူα€™α€›ှိα€˜ူးတဲ့။

α€…ားα€…α€›ာပဒေα€žာပင်တွေα€™ှာ α€šူα€…ားချင်တဲ့ထချိα€”်α€šူα€…ားα€œို့α€›α€α€š်။ α€€ျα€”်းα€™ာα€›ေးထနေα€”ဲ့α€€ြα€Š့်α€™α€š်ဆိုရင်α€œα€Š်း α€˜ာα€›ောဂါα€™ှα€€ိုα€™α€›ှိα€˜ူး။ α€”ေ့α€Šα€ွဲα€™α€› ထရိα€™ေတ္တေα€šျα€˜ုα€›ားα€›ှင်α€›ဲ့ တန်ခိုးတော်α€€ြောင့် α€€α€™္α€˜ာα€œောα€€ြီးα€Ÿာ α€”ေ့ထခါ α€Šα€‘α€ါα€›α€š်α€œို့α€™α€›ှိ α€”ေ့α€›ောα€Šα€•ါ ထမြဲတမ်းα€œα€„်းထိα€”်ပြီးတော့ α€™α€”α€€်ပွင့်တဲ့ပန်း α€Šα€•ွင့်တဲ့ပန်း α€™α€”α€€်ပန်း α€Šα€•α€”်း α€€ြα€€်တွα€”်α€žံတွေα€€ို α€€ြα€Š့်α€›ှုα€”ားထောင်ပြီး α€”ေ့α€Šα€ွဲα€šူα€›α€œိα€™့်α€™α€š်။

ပရိα€”ိα€—္α€—ာα€”်α€…ံα€™α€Š့်ထရွα€š် α€™ြတ်α€…ွာα€˜ုα€›ားα€›ှင်α€Ÿာ α€˜ုα€›ားα€–ြα€…်တော်α€™ူပြီးတဲ့ထချိα€”်ကစပြီး α€€ုဋေခုα€”α€…်α€›ာα€žော ပရိα€žα€်တို့α€€ို ချေချွတ်တော်α€™ူပြီးα€œျှင် ထနှα€…်α€›ှα€…်α€žောင်းပြα€Š့်တဲ့ထချိα€”်α€™ှာ ပရိα€”ိα€—္α€—ာα€”်α€…ံဝင်α€œိα€™့်α€™α€š်။ α€’ါပေα€™α€š့် α€žာα€žα€”ာတော်α€€ ထနှα€…်α€”ှα€…်α€žိα€”်းခြောα€€်α€žောင်း ပြα€Š့်တဲ့ထခါ α€˜α€’္α€’α€€α€™္α€˜ာα€€ြီးα€žα€Š် ထချိα€”်တန်α€œျှင် ပျα€€်ပြီး α€€α€™္α€˜ာတစ်α€žိα€”်းα€€ာα€œα€œုံး α€˜ုα€›ားမပွင့်တော့α€˜ူးတဲ့။ α€˜ုα€›ားမပွင့်တဲ့ α€€α€™္α€˜ာတစ်α€žိα€”်းα€€ျော်α€œွα€”်α€žောထခါ မဏ္ဍကမ္α€˜ာα€–ြα€…်ပြီးတော့ α€₯တ္တရာမမင်းα€žα€Š် α€›ာα€™α€žα€™္α€—ုα€’္α€“α€˜ုα€›ားα€–ြα€…်α€œိα€™့်α€™α€š်။

α€•α€žေα€”α€’ီα€€ောα€žα€œα€™α€„်းα€€ ဓမ္α€™α€›ာဇာα€˜ုα€›ားα€–ြα€…်α€œိα€™့်α€™α€š်။ ထဲα€’ီ မဏ္ဍကမ္α€˜ာα€™ှာα€˜ုα€›ားα€”ှα€…်ဆူပွင့်ပြီး ပျα€€်α€…ီးα€žွားတဲ့ထခါ α€žာα€›α€€α€™္α€˜ာα€–ြα€…်ပေါ်ပြီး α€‘α€˜ိα€˜ူα€˜ုα€›ားတစ်ဆူα€žာပွင့်α€œိα€™့်α€™α€š်။ α€žာα€›α€€α€™္α€˜ာပျα€€်ပြီး α€€α€™္α€˜ာတစ်α€žိα€”်းα€˜ုα€›ားမပွင့်α€˜ဲα€”ေပြီးတော့ α€€α€™္α€˜ာတစ်α€žိα€”်းα€€ျော်α€œွα€”်α€žောထခါ α€–ြα€…်ပေါ်α€œာα€™α€š့် α€€α€™္α€˜ာα€™ျားα€™ှာ α€’ီα€ƒα€žောα€”ိα€‘α€žူα€›ိα€”်နတ်α€žား α€…α€”္α€’α€”ီပုဏ္ဏား၊ α€žုα€˜α€œုα€œα€„် တောα€’ေα€šျပုဏ္ဏား ၊ α€”ာα€ ာဂီα€›ိဆင်မင်း α€•α€œα€œေα€šα€†α€„်မင်းတို့ ထစဉ်ထတိုင်း α€˜ုα€›ားα€–ြα€…်α€œိα€™့်α€™α€š်။

ထရိα€™ေတ္တေα€šျα€˜ုα€›ားα€–ူးα€™ြော်α€›α€”် ပြုα€œုပ်α€›α€™α€Š့်α€€ုα€žိုα€œ်
============================

-α€šα€ုα€€ြုံတွေ့α€”ေရတဲ့ ဂေါတမမြတ်α€…ွာα€˜ုα€›ား α€žာα€žα€”ာα€€ာα€œα€‘α€ွင်းα€™ှာ α€€ိုα€š်တိုင် α€›α€Ÿα€”်းα€žာမဏေ α€žီα€œα€›ှင်ဝတ်ပြီး ပရိα€šα€် ပဋိပတ် α€žာα€žα€”ာပြုα€”ေတဲ့ပုဂ္ဂိုα€œ်

-α€™ိα€™ိရင်α€™ှα€–ြα€…်တဲ့α€žား α€žူတစ်ပါးရင်α€™ှα€–ြα€…်တဲ့α€žားတွေα€€ို α€›α€Ÿα€”်းခံပေးခြင်း α€›ှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုα€œ်

- α€™ိခင်ဖခင်α€€ျေးဇူးα€›ှင်တွေα€€ို ဝတ်α€€ျေတမ်းα€€ျေα€™α€Ÿုတ်α€˜ဲ α€…ိတ်ပါα€œα€€်ပါပြုα€…ုα€œုပ်α€€ျွေးα€žောပုဂ္ဂိုα€œ်

-α€žα€›α€α€‚ုံα€žီα€œα€™α€•ြတ်ဆောα€€်α€α€Š်α€žောပုဂ္ဂိုα€œ်

-α€˜ုα€›ားα€žာα€žα€”ာα€α€Š်α€…ိα€™့်α€žောငှာ α€…ေတီပုထိုး α€…α€Š်းခုံ α€₯မင်α€œိုဏ်ခေါင်း ဇရပ်α€…α€žα€Š်တို့α€€ို ပြုပြင်တဲ့ပုဂ္ဂိုα€œ်-α€žα€…်ဆောα€€်α€œုပ်α€œှုα€’ါα€”်းတဲ့ပုဂ္ဂိုα€œ်

- α€—ောဓိα€Šောင်ပင်α€…ိုα€€်ပျိုးα€žောပုဂ္ဂိုα€œ်

- α€Šောင်α€›ေα€žွα€”်းα€œောင်းα€žောပုဂ္ဂိုα€œ်

- α€›ေတွင်း α€›ေထိုင် α€›ေα€€α€”် စတုα€’ိα€žာα€€ျောင်းဇရပ် တံတာြး့ပုပြင်α€žောပု ္ဂိုα€œ်

-ထရုဏ်ဆွα€™်း α€”ေ့ဆွα€™်းမပြတ်α€œောင်းα€œှုα€žောပုဂ္ဂိုα€œ်

-α€›α€Ÿα€”်းတို့ထားပစ္α€…α€Š်းα€œေးပါးတို့α€–ြင့်ထောα€€်ပံ့α€œှုα€’ါα€”်းα€žောပုဂ္ဂိုα€œ်

-α€€α€™္α€™α€Œာα€”်းα€˜ာဝနာပွားα€™ျားထားထုတ်α€žောပုဂ္ဂိုα€œ်….

ထဲα€’ီ ပုဂ္ဂိုα€œ်တွေထားα€œုံး ဧကန်α€™ုချ α€™α€œွဲα€™α€žွေ α€™ြေα€€ြီးα€œα€€်ခတ်α€™α€œွဲ ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ားα€€ို α€–ူးα€™ြော်ရပြီး α€”ိα€—္α€—ာα€”်α€€ိုα€›α€™α€š်။ ထဲα€’ါα€€ ဂေါတမမြတ်α€…ွာα€˜ုα€›ားα€€ိုα€š်တိုင်ပြောပြခဲ့တဲ့ α€€ုα€žိုα€œ်တွေα€–ြα€…်ပါα€α€š်။

ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ားα€œောင်းပြောပြခဲ့တဲ့ α€€ုα€žိုα€œ်တွေကတော့…..

α€™α€Ÿာဝေα€žα€”္တရာဇာတ်တော်α€€ို α€”ေ့ချင်းα€€ုα€”်ထောင်α€”ာα€€ြားα€€ြα€žောα€žူတို့α€žα€Š် α€€ျွα€”်ုပ်α€˜ုα€›ားα€™α€–ြα€…်α€™ီထကြား α€žံα€žα€›ာ၌ α€€ျင်α€œα€Š်α€œေα€žα€™ျှα€™ှာα€œα€Š်း α€…ိတ်α€”ှင့်α€€ိုα€š်α€€ို ထစိုးα€›၍ α€œူα€€ောင်း နတ်α€€ောင်း α€…α€Š်းα€…ိα€™်α€€ောင်းα€€ို ခံα€…ားရပြီး α€€ျွα€”်ုပ်α€˜ုα€›ားα€–ြα€…်α€žောထခါ α€›ှေးဦးα€…ွာ α€–ူးတွေ့α€›၍ ပဋိα€žα€™္α€˜ိα€’ါα€•α€Šာα€œေးပါးα€”ှင့်တကွ α€›α€Ÿα€”္တာထဖြα€…်α€€ို မချွတ်α€™α€œွဲα€›α€”ိုင်ပါα€œိα€™့်α€™α€š်α€œို့ α€›ှင်α€™ာα€œဲမထေα€›်α€™ြတ်ထား ထရိα€™ေတ္တေα€šျα€™ြတ်α€…ွာα€˜ုα€›ားα€œောင်းα€€ ပြောပြတော်α€™ူခဲ့ပါα€α€š်။

α€œူနတ်α€—ြα€Ÿ္α€™ာα€žα€္တဝါထပေါင်း α€”ှα€œုံးα€…ိတ်ဝမ်းထေးချα€™်းပြီး α€›ောဂါခပ်α€žိα€™်းကင်းဝေးα€”ိုင်α€€ြပါα€…ေ...
ဆင်းα€›ဲခပ်α€žိα€™်း ငြိα€™်းα€€ြပါα€…ေ
Crd......
#k.k

ဂျပန်α€”ိုင်ငံα€€ α€™ော်တော်α€€ားα€”ဲ့α€™ော်တော် ဆိုင်α€€α€š်တွေ တစ်α€€α€™္α€˜ာα€œုံးα€€ို တင်ပို့α€”ေတဲ့ α€Ÿွα€”်းα€’ါး(Honda)ဆိုတာ



 α€‚ျပန်α€”ိုင်ငံα€€ α€™ော်တော်α€€ားα€”ဲ့α€™ော်တော် ဆိုင်α€€α€š်တွေ တစ်α€€α€™္α€˜ာα€œုံးα€€ို တင်ပို့α€”ေတဲ့ α€Ÿွα€”်းα€’ါး(Honda)ဆိုတာ 
α€€ြားα€–ူးα€€ြα€™ှာပါ ။α€Ÿွα€”်းα€’ါး α€€ုα€™္ပဏီα€€ို စတင်α€α€Š်ထောင်α€žူα€€
ဂျပန်α€œူα€™ျိုး " α€Ÿွα€”်းα€’ါးပါ " α€”ာα€™α€Š် ထပြα€Š့်ထစုံα€€ 
" Soichiro_Honda "(ဆိုချီα€šို α€Ÿွα€”်းα€’ါး )α€–ြα€…်ပါα€α€š်။
α€Ÿွα€”်းα€’ါးα€€ို ထနောα€€်α€”ိုင်ငံα€€α€žα€α€„်းα€…ာ မဂ္ဂဇင်းတွေα€™ှာ ထခက်ထခဲα€”ဲ့ α€˜α€š်α€œောα€€်α€€ြုံα€€ြုံ α€˜α€š်တော့α€™ှ 
ထရှုံးမပေးတဲ့ α€œူα€œို့ ချီးα€€ျူး α€›ေးα€žားα€€ြပါα€α€š်။ 

α€˜ာα€–ြα€…်α€œို့ ဂျပန်α€œူα€™ျိုးα€α€šောα€€်α€€ို … 
ထနောα€€်α€”ိုင်ငံတွေα€€ ချီးα€™ွα€”်းα€”ေရတာα€œဲဆိုတာ … α€œေ့α€œာα€€ြα€Š့်α€€ြ ရထောင်။

αα‰αƒαˆα€ုα€”ှα€…်α€™ှာ .α€‘α€žα€€်၂၁နှα€…် ထရွα€š် 
α€œူα€„α€š်α€œေး α€Ÿွα€”်းα€’ါးα€Ÿာ α€™ော်တော်α€€ား ထင်ဂျင်α€™ှာα€žုံးတဲ့. ပစ္စတင်α€€ွင်း (Piston_Ring )α€œေးတွေα€€ို 
α€žူ့α€›ဲ့α€€ားပြင်တဲ့ α€‘α€œုပ်α€›ုံα€™ှာ α€…α€™်းα€žα€•်ထုတ်α€œုပ်α€α€š်။ ထောင်α€™ြင်ရင် တိုα€šိုတာα€™ော်တော်α€€ားα€€ုα€™္ပဏီα€€ြီးα€€ို α€žူ့ပစ္α€…α€Š်းတွေ α€žွင်းα€™α€š်ပေါ့။ α€‘α€œုပ်α€›ုံထဲα€™ှာ တစ်α€šောα€€်ထဲ α€”ေ့α€›ောα€Šα€›ော တကုပ်α€€ုပ်α€”ဲ့α€€ြိုးα€…ား ပမ်းα€…ားα€œုပ်α€α€š်။

 α€•ိုα€€်ဆံα€™α€œောα€€်α€œို့ α€žူ့α€™ိα€”်းα€™α€›ဲ့ α€œα€€်ဝတ်α€œα€€်α€…ားတွေ α€›ောင်းချပြီး ဆက်α€œုပ်α€α€š်။
α€”ောα€€်ဆုံးထောင်α€™ြင်α€…ွာ ထုတ်α€œုပ်α€”ိုင်ခဲ့ပြီ။ ပစ္α€…α€Š်းα€”α€™ူα€”ာထချို့α€€ို α€šူပြီး တိုα€šိုတာ α€€ုα€™္ပဏီα€€ိုα€žွားပြα€α€š်။ 
α€žူ့ပစ္စတင်α€€ွင်းတွေα€Ÿာ α€…α€™်းα€žα€•်ရင်း တချို့α€€ျိုးα€€ုα€”်α€œို့ Quality α€‘α€›α€Š်α€‘α€žွေး α€™α€™ှီα€˜ူးဆိုပြီး α€•α€š်ချα€œိုα€€်ပါα€α€š်။ α€žူα€…ိတ်ပျα€€်α€œα€€်α€œျှော့ α€žွားပြီα€œား။. πŸ‘† … …

α€žူα€Ÿာ α€žα€္တုα€€ျိုစပ်α€”α€Š်း α€€ိုα€€ောင်းα€€ောင်း 
α€™α€žိα€œို့α€–ြα€…်α€™ှာပဲ ဆိုပြီး…
ထင်ဂျင်α€”ီα€šာα€€ျောင်း α€žွားတက်α€α€š်။ 
α€€ျောင်းα€€ ထင်ဂျင်α€”ီα€šာတွေα€€ α€žူ့α€›ဲ့ ပစ္စတင်α€€ွင်းα€€ို α€€ြα€Š့်ပြီးဝိုင်းα€Ÿားα€€ြα€α€š်။
α€žူα€›ှα€€်ပြီး. α€…ိတ်ပျα€€်α€žွားပြီ

၂ α€”ှα€…်α€€ြာထောင် α€žူ့α€›ဲ ပစ္စတင်α€€ွင်းတွေα€€ို ဆက်α€œုပ်α€α€š်။ α€”ောα€€်ဆုံး ထောင်α€™ြင်α€žွားα€œို့ …
တိုα€šိုတာ α€€ုα€™္ပဏီα€€ α€œα€€်ခံပြီး ပစ္α€…α€Š်းတွေα€žွင်းα€–ို့
α€€α€”်ထရိုα€€် α€…ာချုပ်ချုပ်α€œိုα€€်α€α€š်။
ထခု α€Ÿွα€”်α€’ါးα€Ÿာ ပစ္α€…α€Š်းထုတ်α€œုပ်α€–ို့ 
α€…α€€်α€›ုံတခုဆောα€€်α€–ို့ α€œိုα€œာ
 α€’ါပေα€™ဲ့ ထဲα€’ီထချိα€”်α€™ှာ α€’ုတိα€šα€€ α€™္α€˜ာα€…α€…်α€€ြီးစတင်တော့α€™ှာα€™ို့ ဂျပန်α€…α€…်တပ်α€€ α€˜ိα€œα€•်α€™ြေတွေ ထကုα€”် α€žိα€™်းထားα€α€š်။ α€Ÿွα€”်းα€’ါးα€Ÿာ α€˜ိα€œα€•်α€™ြေα€€ို α€˜α€š်α€™ှာα€™ှ α€α€š်α€œို့မရတော့α€˜ူး။ α€Ÿွα€”်းα€’ါး α€…ိတ်ပျα€€် α€žွားပြီα€œား။ 

α€žူα€Ÿာ ရတဲ့ ပစ္α€…α€Š်းα€”ဲ့ α€˜ိα€œα€•်α€™ြေ ထုတ်α€œုပ်α€”α€Š်းα€€ို 
တီထွင် α€œိုα€€်α€α€š်။
α€žူα€€ိုα€š်တိုင် ထုတ်တဲ့ α€˜ိα€œα€•်α€™ြေα€”ဲ့ α€…α€€်α€›ုံα€€ိုα€€ွα€”်α€€α€›α€…်α€œောင်းပြီး ထပြီးα€α€Š်ဆောα€€် α€œိုα€€်α€α€š်။

α€…α€€်α€›ုံဆောα€€်တာ ပြီးα€žွားပြီ။
ပစ္စတင်α€€ွင်းတွေ စထုတ်တော့α€™α€š်။
α€’ုတိα€š α€€α€™္α€˜ာα€…α€…်α€€ြီးα€–ြα€…်α€”ေတုံးα€™ို့ … 
α€žူ့α€…α€€်α€›ုံα€Ÿာ ထမေα€›ိα€€α€”်α€…α€…်α€œေα€šα€‰်တွေ့α€›ဲ့ α€—ုံးα€€ြဲချခြင်းα€€ို -၂ α€€ြိα€™်တိုင်တိုင် ခံα€œိုα€€်α€›α€α€š်။ 
α€…α€€်α€›ုံα€Ÿာ ထတော်ပျα€€်α€…ီးα€žွားα€α€š်။
ပိုဆိုးတာα€€ ပစ္စတင်α€€ွင်းα€œုပ်α€–ို့ α€žံα€‘α€Š် ပစ္α€…α€Š်းတွေ α€›ှာမရတော့α€˜ူး။
ဂျပန်α€…α€…်တပ်α€€ α€žံပစ္α€…α€Š်းတွေ ထကုα€”်α€žိα€™်းထားα€œိုα€€်ပြီ။ α€žူα€…ိတ်ဓါတ်α€€ျပြီး α€œα€€်α€œျှော့ α€œိုα€€်ပြီα€œား။ 

α€žူα€Ÿာ ထမေα€›ိα€€α€”် α€…α€…်α€œေα€šα€‰်တွေα€€ 
ပစ်ချα€œိုα€€်တဲ့ ဓါတ်ဆီပုံး α€‘α€œွတ်တွေα€€ို α€€ောα€€်ထားတဲ့ α€žူတွေ ဆီα€€α€”ေα€œိုα€€်α€α€š်α€α€š်။ 
ထဲα€’ါတွေα€”ဲ့ ဓါတ်ဆီပုံးခွံတွေα€€ို α€žံα€›α€Š်α€€ြိုချα€€်ပြီး
ပစ္စတင်α€€ွင်း စတင်ထုတ်α€œုပ်α€α€š်။ α€žိပ်α€™α€€ြာခင်α€™ှာပဲ α€™ြေα€„α€œျင်α€œှုပ်α€œို့ α€žူα€…α€€်α€›ုံပြိုα€€ျပျα€€်α€…ီးα€žွားα€α€š်။
 α€„ါ α€’ီα€œောα€€်တောင် α€€ံဆိုးα€œှချα€Š်α€œားα€€ွာ ဆိုပြီး. α€…ိတ်ဓါတ်α€€ျထရှုံးပေး α€œိုα€€်ပြီα€œား။ πŸ‘†

_ ၁၉၄၅ခုα€”ှα€…် α€’ုတိα€š α€€α€™္α€˜ာα€…α€…်α€€ြီးပြီးα€žွားပြီ။ 
ထဲα€’ီထချိα€”်α€™ှာ ဓါတ်ဆီ ထရမ်းα€›ှားα€žွားα€œို့ ဂျပန်α€œူα€™ျိုတွေα€Ÿာ α€€ုα€”်းα€€ြောင်းα€œျှောα€€်ရင်α€œျှောα€€် α€™α€Ÿုတ်ရင် 
α€…α€€်α€˜ီးα€…ီးပြီး α€žွားα€œာα€”ေα€›α€α€š်။ 
α€Ÿွα€”်းα€’ါးα€€ ဓါတ်ဆီထစား α€žα€€်α€žာတဲ့ 
ထင်ဂျင်α€‘α€žေးα€œေး တစ်α€œုံးα€€ို α€€ိုα€š်တိုင်ထုတ်α€œုပ်ပြီး α€žူ့α€…α€€်α€˜ီးα€™ှာ တပ်α€€ာ တစ်α€”ေα€›ာα€”ဲ့တစ်α€”ေα€›ာα€€ို α€žွားα€œာα€α€š်။
ထိα€™်α€”ီးချင်းတွေα€€ α€žα€˜ောα€€ျပြီး 
α€žူတို့α€€ိုထဲα€’ီα€œို ထင်ဂျင်α€‘α€žေးα€œေး တပ်ထားတဲ့ α€…α€€်α€˜ီးတွေα€œုပ်ပြီး α€›ောင်းပေးα€–ို့ပြောα€€ြα€α€š်။ 
α€žူα€œဲ ထဲα€’ီα€…α€€်α€˜ီးα€œေး
(α€”ောα€€်တော့.ဆိုα€€်α€€α€š်α€œို့ခေါ်α€α€š်)တွေα€›ောင်းပေးα€α€š်။ တဖြα€Š်းα€–ြα€Š်းα€”ဲ့ α€œူα€žိα€™ျားα€œာပြီ ထော်α€’ါတွေ α€™ှာα€€ြα€α€š်။ ထင်ဂျင်α€œုပ်α€–ို့ α€žံα€‘α€Š် α€›ှားပါးတာα€›α€š် …
α€žူ့α€™ှာငွေα€€ြေး α€™α€œောα€€်တာα€›α€š်α€€ြောင့် 
ဆိုင်α€€α€š်α€œေးတွေ ထပ်မထုတ်α€”ိုင်တော့α€˜ူး။ ပစ္α€…α€Š်းထော်α€’ါα€™ှာ α€žူတွေα€€ို ပစ္α€…α€Š်းမထုတ်α€”ိုင်တော့ α€€ြောင်း တောင်းပန်α€›α€α€š်။ α€žူα€…ိတ်ပျα€€်α€žွားပြီα€œား πŸ‘†

_ α€Ÿွα€”်းα€’ါးα€Ÿာ α€…α€€်α€˜ီးဆိုင်ပေါင်း (၁၈,၀၀၀)α€€ ဆိုင်ပိုင်α€›ှင်တွေဆီα€€ို α€…ာပို့α€œိုα€€်ပါα€α€š်။
α€…ာထဲα€™ှာ α€’ုတိα€š α€€α€™္α€˜ာα€…α€…်α€›ှုံးα€žွားတဲ့ ဂျပန်α€”ိုင်ငံα€›ဲ့ α€…ီးပွားα€›ေး ပြα€”်α€œα€Š်α€€ောင်းα€œာα€–ို့ …
α€žူα€€ြိုးα€…ားα€”ေတာα€™ို့ α€žူ့α€€ိုα€€ူα€Šီပြီး ထစုငွေα€‘α€Š့်ဝင်α€€ြα€–ို့့α€›ေးထားပါα€α€š်။ 
ဆိုင်α€›ှင်ပေါင်း (၅,၀၀၀)ဆီα€€ α€…ာပြα€”်α€œာα€α€š်။
α€žူ့α€€ို α€€ူα€Šီα€™α€š်ပေါ့။
α€žူ့ဆီα€™ှာ ထစုငွေα€‘α€Š့်α€™α€š်ပေါ့။ 
ထစုငွေတွေα€”ဲ့ α€‘α€žေးα€…ား ထင်ဂျင်တပ် ဆိုင်α€€α€š်α€œေးတွေ ထုတ်α€α€š်။ α€›ောင်းα€›α€œွα€”်းα€œို့.. 
SuperCub α€…ူပါကပ် ဆိုင်α€€α€š်ဆိုပြီး α€”ာα€™α€Š်α€€ျော်α€žွားα€α€š်။ α€…ူပါကပ်တွေα€€ို ထမေα€›ိα€€α€”်α€”ဲ့ α€₯α€›ောပနိုင်ငံတွေα€€ို ထမြောα€€်ထများ တင်ပို့α€”ေα€›α€α€š်။

_ ၁၉၇၀ခုα€”ှα€…်α€™ှာ တစ်α€€α€™္α€˜ာα€œုံးα€›ေα€”ံ α€›ှားပါးα€žွားα€α€š်။. ထကွα€€်α€™ြင်တဲ့ α€Ÿွα€”်းα€’ါးα€Ÿာ α€žူ့α€Ÿွα€”်းα€’ါး α€€ားα€€ုα€™္ပဏီα€€α€”ေ ဆီα€…ားα€žα€€်α€žာတဲ့ α€€ားα€žေးα€žေးα€œေးတွေ စတင်ထုတ်α€œုပ်ပြီး 
ထနောα€€်α€”ိုင်ငံတွေα€€ို တင်ပို့တော့α€α€š်။ ထနောα€€်α€”ိုင်ငံတွေα€€α€œဲ ဆီα€…ားα€žα€€်α€žာပြီး α€’ီဇိုင်းα€œှα€œှα€œေးတွေα€”ဲ့ ထုတ်α€œုပ်ထားတဲ့ α€Ÿွα€”်းα€’ါးα€€ားα€œေးတွေα€€ို 
α€€ြိုα€€်α€€ြα€œွα€”်းα€œို့ α€‘α€œုα€‘α€šα€€်α€™ှာα€€ြα€α€š် … α€α€š်α€€ြα€α€š်။

α€šα€”ေ့… α€Ÿွα€”်းα€’ါးα€™ော်တော်α€€ားα€€ုα€™္ပဏီα€€ြီα€Ÿာ ဂျပန်α€”ိုင်ငံα€žာမကပဲ ထမေα€›ိα€€α€”်α€”ဲ့α€₯α€›ောပနိုင်ငံတွေα€™ှာပါ α€€ားထုတ်α€œုပ်တဲ့ α€…α€€်α€›ုံပေါင်း α€™ျားα€…ွာထောင်ပြီး … ထဲα€’ီα€…α€€်α€›ုံတွေα€™ှာ α€‘α€œုပ်α€žα€™ား α€žိα€”်းချီα€œုပ်α€€ိုင် α€”ေα€€ြပါα€α€š်။

_ α€™ိတ်ဆွေတို့ α€œုပ်ငန်းတခုခုα€œုပ်တာ 
မထောင်α€™ြင်α€œို့. α€œα€€်α€™ြောα€€်ထရှုံးပေးချင်α€œာရင် α€˜α€š်တော့α€™ှ ထရှုံးမပေးတတ်တဲ့ " ဆိုချီα€šိုα€Ÿွα€”်းα€’ါး "α€€ို α€žα€ိα€› α€œိုα€€်α€€ြပါ။

_ α€Ÿွα€”်းα€’ါးα€›ဲ့ α€™ှတ်α€žားα€…α€›ာα€…α€€ား တခုကတော့ … 

"#ထောင်α€™ြင်α€™ှုတစ်ခုα€™ှာα€›ှုံးα€”ိα€™့့်α€™ှု့α€€_၉၉_α€›ာခိုင်α€”ူα€”်းပါα€α€š်"တဲ့။

_ ဆိုချီα€šိုα€Ÿွα€”်းα€’ါးα€Ÿာ α€‘α€žα€€်αˆα…α€”ှα€…် ထရွα€š် 
" ၁၉၉၁ခုα€”ှα€…် α€žြဂုတ်α€œ ၅ရက်α€”ေ့α€™ှာ" … α€€ွα€š်α€œွα€”်α€žွားα€α€š်α€œို့ … 
" α€—α€”်းα€™ော် α€žိα€”်းα€–ေα€›ဲ့ α€™ျှဝေပေးချင်α€žော ထတွေးထမြင်α€™ျား "
α€™ှ α€œေ့α€œာα€™ှတ်α€žား α€žိα€›ှိခဲ့ရပါα€α€š်.... ။
Crd..........
#k.k

α€œာα€˜်ပိတ်α€…ေα€žော ထကျင့်ဆိုးα€™ျား

α€œာα€˜်ပိတ်α€…ေα€žော ထကျင့်ဆိုးα€™ျား

၁။ α€˜ုα€›ားခန်းတွင် α€œα€„်α€™α€šား (၂)α€šောα€€် မထိပ်α€›။

၂။ α€šောα€€ျာ်း၏ α€Šာα€˜α€€်တွင် α€™ိα€”်းα€™ မထိပ်α€›။

၃။ α€”ံα€”α€€် (၄) α€”ာα€›ီခွဲα€™ှ (၆) α€”ာα€›ီထတွင်းတွင် α€žာα€žα€”ာα€…ောင့် နတ်မင်းα€€ြီး (၄) ပါးတို့α€žα€Š် α€œူထများα€…ု၏ α€€ောင်းα€™ှု့ ၊ α€™α€€ောင်းα€™ှု့တို့α€€ို α€€ြα€Š့်α€›ူα€žော ထချိα€”်α€–ြα€…်ပါα€žα€Š်။ထိုထခ်ျိα€”်တွင် α€™ေထုα€”်α€™ှီဝဲα€™ှု့α€€ို ထထူးα€›ှောင်α€€ြဉ်α€›α€™α€Š်။

၄။ α€™ိα€™ိထိပ်α€…α€€်α€žော α€€ုတင်ထက် (α€žို့)  ထိပ်α€šာထက် α€™ြင့်α€žောα€”ေα€›ာတွင် α€‘α€˜ီတန်း မပြုα€œုပ်α€›။

၅။ α€žားα€žα€™ီး ခေါင်းရင်း၊ α€™ိα€˜α€ြေရင်းတွင် α€™α€”ေα€› မထိပ်α€›။

၆။ α€™ိα€™ိထိပ်α€šာခင်းα€”ှင့် ပုဆိုးα€…ောင်α€™ျားα€€ို α€™ိα€™ိထိပ်α€žော ခေါင်းထုံးပေါ်တွင် တင်၍ မထားα€›။

၇။ α€™ိα€™ိα€”ေထိုင်α€›ာထက် α€™ြင့်α€žောα€”ေα€›ာတွင် α€–ျာ၊α€™ွေ့α€šာα€…ောင်α€™ျား α€œှα€™်းခြင်းမပြုα€œုပ်α€›။

၈။ α€™ိα€™ိထိα€™်α€›ှေ့  ထပေါα€€်ဝတွင် α€™ေးα€€ို α€œα€€်ထောα€€်ပြီး မထိုင်α€› ၊α€™α€™ှိုင်α€›။

၉။ α€™ိα€™ိထိα€™်α€›ှေ့ တံခါးထပေါα€€်ဝတွင် ဆံပင်α€€ို α€–ြα€”့်ချ၍ α€žα€”်းα€₯ မဆွဲα€›။

၁၀။ α€™ိα€™ိထိα€™်α€›ှေ့ တံခါးထပေါα€€်ဝတွင် α€€α€œေးα€™ျား မစင် α€™α€…ွα€”့်α€›။

၁၁။ α€™ိα€™ိထိပ်α€šာထ မင်္α€‚α€œာα€šူα€žော ထခါ၌ ထော်α€Ÿα€…် ဆဲα€›ေးတိုင်းထွာခြင်း မပြုα€œုပ်α€›။

၁၂။ α€”ံα€”α€€်α€…ောα€…ောထိပ်α€šာထ α€™ျα€€်α€”ှာα€žα€…်α€›ာတွင် α€œα€Š်ချောင်ထဲα€™ှ α€žα€œိပ်α€™ျားα€€ို α€™α€› ရထောင် α€‘α€žံα€€ျα€š်α€œောင်α€…ွာ ပြု၍ α€™α€œုပ်α€›။

၁၃။ α€€ျွဲခတ်ထားα€žော ထဝတ်၊ α€™ီးα€œောင်ထားပြီးα€žော ထဝတ်၊ α€œေပွေα€–ြင့် α€œွှင့်ပါα€œာα€žော ထဝတ်၊ α€€ြွα€€်α€€ိုα€€်ထားα€žော ထဝတ်၊ α€œα€Š်းα€€ောင်း ထဝတ်α€™ျားα€€ို α€œူတို့ မဝတ်α€€ောင်းပေ။

၁၄။ ထိα€™်ပေါ်တွင် α€œα€™်းα€œျှောα€€်α€œျှ င် ခြေα€žံပြင်းပြင်း α€™α€œျှေ ာα€€်α€›။ထိုးခွα€€် ၊ပန်းα€€α€”် ပစ္α€…α€Š်းα€™ျားα€€ို α€‘α€žံα€™ြα€Š်ထောင် α€€ြα€™်းတမ်းα€…ွာ မပြုα€œုပ်α€›။

၁၅။ ထမင်းα€…ားα€œျှ င် ထမင်းပန်းα€€α€”်α€™ျားα€€ို α€œှα€Š့်၍ ၊α€œူပ်၍ α€™α€…ားα€›။ငြိα€™်α€žα€€်α€…ွာ α€Šီα€Šာα€…ွာထားပြီးα€™ှ α€…ားα€›α€™α€Š်။ထမင်းα€…ာပွဲα€€ိုα€œα€Š်း α€œα€€်ထောα€€်၍ α€™α€…ားα€›။

၁၆။ ထမင်းα€…ား၍α€žော် α€œα€Š်းα€€ောင်း၊ တခြားထစားထစာα€™ျား α€…ား၍α€žော်α€œα€Š်းα€€ောင်း၊ ထစာα€…ားα€›ာတွင် ပါးစပ်α€™ှ α€•α€œα€•်.…α€•α€œα€•် α€™ြα€Š်ထောင် ခွေးα€™ျား ထမင်းα€›α€Š်α€žောα€€်α€žα€€ဲ့α€žို့ α€‘α€žံမထွα€€်α€…ေရပါ။

၁၇။ α€œα€™်းα€œျှေ ာα€€်စဉ်ထတွင်း ထမင်းα€”ှင့် တခြားထစားထစာα€™ျားα€€ို α€™α€…ားα€›။

၁၈။ α€™ိα€™ိထိα€™်α€›ှေ့ ထပေါα€€်ဝကို α€€ျောပေး၍ မထိုင်α€›။

၁၉။ α€”ံα€”α€€်α€…ောα€…ောα€”ှင့် α€Šα€˜α€€်α€™ျားတွင် ခြေဆစ်၊α€œα€€်ဆစ်α€™ျား မချ ု ိးα€›။

၂၀။ α€”ံα€”α€€်α€…ောα€…ောα€”ှင့် α€Šα€˜α€€်တို့တွင် α€œေမချွα€”်α€›

CRD......
#k.K

Thursday, June 25, 2020

တနင်္α€žာα€›ီတိုင်းα€’ေα€žα€€ြီး၊ α€›ေα€–ြူα€™ြို့α€”α€š်ထတွင်း (၃)α€œောင်းပြိုင်α€œူα€žα€်α€™ှု α€€ျူးα€œွα€”်ခဲ့α€žူα€™ျားထား α€–ော်ထုတ်α€–α€™်းဆီးα€›α€™ိ

တနင်္α€žာα€›ီတိုင်းα€’ေα€žα€€ြီး၊ α€›ေα€–ြူα€™ြို့α€”α€š်ထတွင်း (၃)α€œောင်းပြိုင်α€œူα€žα€်α€™ှု α€€ျူးα€œွα€”်ခဲ့α€žူα€™ျားထား α€–ော်ထုတ်α€–α€™်းဆီးα€›α€™ိ

α€”ေပြα€Š်တော်  ၂၅   α€‡ွα€”်


တနင်္α€žာα€›ီတိုင်းα€’ေα€žα€€ြီး α€›ေα€–ြူα€™ြို့α€”α€š်ထတွင်း (၃)α€œောင်းပြိုင် α€œူα€žα€်α€™ှု α€€ျူးα€œွα€”်α€žူ ၄ ဦးထား α€–ော်ထုတ်α€–α€™်းဆီးα€›α€™ိခဲ့ပြီး ထမှုα€–ွင့်ထရေးα€šူထားα€€ြောင်း α€žိα€›α€žα€Š်။

α€–ြα€…်စဉ်α€™ှာ ထားα€α€š်α€™ြို့၊ α€€ျောα€€်α€™ော်ရပ်α€€ွα€€်α€”ေ α€’ေါ်ခင်α€…α€”်းα€Šိုα€žα€Š် ဇွα€”် ၁၃ α€›α€€် α€Šα€”ေပိုင်း တွင် ၎င်း၏α€žား α€™ီးရထားα€œα€™်းα€™ိုင်တိုင်ထမှတ် ၂၃/၄ တွင် ရထားα€žံα€œα€™်းဂိတ်α€…ောင့်α€žူ ထောင်α€€ျော်ထွα€”်း (ခ)α€–ိုးα€œα€•ြα€Š့်ထား α€–ုα€”်းထကြိα€™်α€€ြိα€™်ခေါ်ဆိုα€žော်α€œα€Š်း α€™α€€ိုင်α€žα€–ြင့် ရထားα€žံα€œα€™်း ဂိတ်ထနီးα€›ှိ ၎င်းတို့α€”ေထိα€™်α€žို့α€žွားα€›ောα€€်α€€ြα€Š့်α€›ှုα€›ာ α€žားα€–ြα€…်α€žူ ထောင်α€€ျော်ထွα€”်း(ခ)α€–ိုးα€œα€•ြα€Š့်၊ ဇနီး မခင်α€–ြိုးဝေ၊ α€žား α€™ောင်α€…ုα€…ု(၁)α€”ှα€…်α€€ျော်ခန့် တို့α€™ိα€žားα€…ု(၃)ဦးα€™ှာ α€”ေထိα€™်ထတွင်း ဓားဒဏ်α€›ာα€™ျားα€–ြင့် α€žေဆုံး α€”ေα€žα€Š်α€€ို တွေ့α€›ှိတိုင်တန်းα€žα€–ြင့် α€›ေα€–ြူα€™ြို့α€™α€›ဲစခန်း(ပ)α‚αˆ/၂၀၂၀၊ α€›ာα€‡α€žα€်α€€ြီးပုα€’်α€™ ၃၀၂ α€–ြင့် ထမှုα€–ွင့် ထရေးα€šူထားα€›ှိခဲ့α€€ြောင်း။

ထမှုα€”ှင့်ပတ်α€žα€€်၍ ထားα€α€š်ခရိုင်α€”ှင့်α€™ြို့α€”α€š်α€›ဲတပ်α€–ွဲ့ဝင်α€™ျားα€€ ပူးပေါင်းα€…ုံα€…α€™်းα€–ော်ထုတ် ခဲ့α€›ာ α€α€š်α€œီα€–ုα€”်းဆက်α€žွα€š်α€™ှုα€™ျားα€™ှတစ်ဆင့် α€™α€žα€„်္α€€ာတရားခံထား ခြေα€›ာခံα€™ိခဲ့ပြီး ဆက်α€œα€€်α€…ုံα€…α€™်း α€…ိα€…α€…်ချα€€်α€™ျားထရ ထောင်α€€ျော်ထွα€”်း(ခ)α€–ိုးα€œα€•ြα€Š့်α€žα€Š် ၎င်းထိα€™်၌ α€™ူးα€šα€…်ဆေးဝါး α€›ောင်းချα€€ြောင်း၊ α€œူα€žα€်တရားခံα€–ြα€…်α€žူ α€₯α€Ώα€›ံα€€ျေးα€›ွာα€”ေα€žူ α€€ျော်မင်းထွα€”်းα€”ှင့် ဝိုင်α€€ေတို့(၂)ဦးα€žα€Š် α€šα€α€„်α€›α€€်α€€ α€žေဆုံးα€žူထံα€žို့ α€™ူးα€šα€…်ဆေးဝါးα€žွားα€›ောα€€်α€α€š်α€šူခဲ့α€€ြောင်း၊ ငွေပေးချေα€›α€”် α€™α€›ှိα€žα€–ြင့် ၎င်းတို့(၂)ဦး၏ α€žူα€„α€š်ချင်းα€–ြα€…်α€žα€Š့် α€₯α€Ώα€›ံα€€ျေးα€›ွာα€”ေα€žူ ဇော်α€œα€„်း ထံα€™ှ ငှားα€›α€™်းα€€ိုင်ဆောင်α€œာα€žα€Š့် α€α€š်α€œီα€–ုα€”်းထား ထပေါင်ထားခဲ့α€€ြောင်း၊ ထခင်းα€–ြα€…်α€”ေ့တွင် ဇော်α€œα€„်းα€™ှ ၎င်း၏ α€–ုα€”်းထား ပြα€”်တောင်းα€žα€–ြင့် α€€ျော်မင်းထွα€”်းα€”ှင့် ဝိုင်α€€ေတို့α€™ှ α€žေဆုံးα€žူ၏ α€”ေထိα€™်α€žို့α€žွားα€›ောα€€်ပြီး α€–ုα€”်းထား ပြα€”်α€œα€Š်တောင်းα€šူစဉ် ထဆင်မပြေα€…α€€ားα€™ျား α€›α€”်α€–ြα€…်α€›ာα€™ှ ၎င်းတို့(၂)ဦးα€€ α€‘α€žα€„့်ပါα€œာα€žα€Š့် α€žα€…်α€žားα€›ိုးတပ် ငါးα€™α€”်းα€…ွα€š် α€™ျားပါ ဓားဦးချွα€”်α€–ြင့် ထောင်α€€ျော်ထွα€”်း(ခ) α€–ိုးα€œα€•ြα€Š့်တို့  α€™ိα€žားα€…ု(၃)ဦးထား α€žα€်α€–ြတ်ခဲ့α€€ြောင်း၊ ထခင်းα€–ြα€…်ပြီးα€”ောα€€် α€œူα€žα€်α€›ာတွင် α€‘α€žုံးပြုခဲ့α€žော α€žα€€်α€žေခံ ပစ္α€…α€Š်းဓားထား α€₯α€Ώα€›ံα€€ျေးα€›ွာ α€”ေα€žူ α€žိα€”်းα€žα€”်းဝင်း α€€ α€–ျောα€€်α€–ျα€€်ဝှα€€်α€žိα€™်းပေးခြင်း၊ α€–ုα€”်းပိုင်α€›ှင် ဇော်α€œα€„်းα€€α€œα€Š်း ၎င်း၏α€–ုα€”်းထား α€–ျောα€€်α€–ျα€€်ထားပေးခြင်းတို့α€€ို ပူးပေါင်းα€œုပ်ဆောင်ခဲ့α€€ြောင်း α€…α€…်ဆေးပေါ်ပေါα€€်ခဲ့α€žα€–ြင့် α€›ေα€–ြူα€™ြို့ α€”α€š်၊ α€₯α€Ώα€›ံα€€ျေးα€›ွာα€”ေα€žူα€™ျား α€–ြα€…်α€€ြα€žα€Š့် α€€ျော်မင်းထွα€”်း၊ ဝိုင်α€€ေ၊ α€žိα€”်းα€žα€”်းဝင်းα€”ှင့် ဇော်α€œα€„်းတို့ (၄)ဦးထား ထမှုα€–ြင့် α€–α€™်းဆီးခဲ့ပြီး α€žα€€်α€žေခံဓားဦးချွα€”်α€”ှင့် ထခင်းα€–ြα€…်စဉ် α€‘α€žုံးပြုခဲ့α€žα€Š့် ဆိုင်α€€α€š်(၂) α€…ီးတို့ထား α€žိα€™်းα€†α€Š်းα€›α€™ိပြီး ထိα€›ောα€€်ပြα€…်ဒဏ်α€›α€›ှိα€›ေး ဆောင်α€›ွα€€်α€žွားα€™α€Š်α€–ြα€…်α€€ြောင်း α€™ြα€”်α€™ာα€”ိုင်ငံ α€›ဲတပ်α€–ွဲ့α€™ှ α€žα€α€„်းα€›α€›ှိα€žα€Š်။

Credit
#k.k

Wednesday, June 24, 2020

α€€ျွα€”်တော်တို့α€”ေထိုင်α€›ာ α€€α€™္α€˜ာဂြိုα€œ်α€€ြီးα€Ÿာတော့ ထူးဆန်းα€žော

α€€ျွα€”်တော်တို့α€”ေထိုင်α€›ာ α€€α€™္α€˜ာဂြိုα€œ်α€€ြီးα€Ÿာတော့ ထူးဆန်းα€žောထရာတွေα€”ဲ့ ပြα€Š့်α€”ှα€€်α€”ေပြီး α€šα€ု ထိတိုင်α€žိပ္ပံ α€•α€Šာα€”ဲ့ α€™α€–ြေα€›ှင်းα€”ိုင်α€žေးတဲ့ ထရာတွေ α€™ျားα€…ွာα€α€Š်α€›ှိα€œို့α€”ေပါα€α€š်။α€›ှေးခေတ်α€œူα€žားα€™ျိုးα€”ွα€š်တွေα€›ဲ့ α€›ှေးα€Ÿောင်းပစ္α€…α€Š်းတွေα€€ို α€€ြα€Š့်ခြင်းထားα€–ြင့် α€œွα€”်ခဲ့ပြီးα€žော α€”ှα€…်ပေါင်း ၁၅၀၀၀၀ တစ်α€œျောα€€်α€œုံးတွင် α€€ျွα€”်တော်တို့ α€œူα€žားα€™ျိုးα€”ွα€š်တွေα€›ဲ့ ဉာဏ်α€›α€Š်ထက်α€™ြα€€်α€™ှုတွေα€”ဲ့ ဆန်းα€žα€…်တီထွင်ခဲ့α€™ှုတွေα€€ို တွေ့α€›ှိခဲ့ရပါα€α€š်။α€’ါပေα€™α€š့်α€œို ထချို့α€›ှေးα€Ÿောင်းပစ္α€…α€Š်းတွေα€›ဲ့ α€™ူα€œα€‘α€…α€–ြα€…်α€α€Š်α€›ာα€”ဲ့ α€›α€Š်α€›ွα€˜်ချα€€်တွေα€€ိုတော့ α€šα€ုထိတိုင် ထငြင်းပွားα€”ေα€€ြဆဲα€–ြα€…်ပါα€α€š်။
(၁)ဆန်းα€€ြα€š်α€œွα€”်းα€œှα€žော ပင်α€œα€š်α€›ေထောα€€် α€€ြα€™်းပြင်α€€ ထန်တာα€”ာတိုင်

α€…α€…်ထေးတိုα€€်ပွဲα€€ာα€œα€‘α€ွင်းα€™ှာ USNS Eltanin α€‘α€™α€Š်α€›ှိ α€žα€™ုα€’္α€’α€›ာα€€ိုα€žုတေα€žα€”α€•ြုα€œုပ်α€”ေတဲ့ α€žα€„်္α€˜ောတစ်စင်းα€Ÿာ ထာတိတ်α€žα€™ုα€’္α€’α€›ာα€€ြα€™်းပြင်α€€ိုα€œေ့α€œာα€™ှုတွေပြုα€œုပ်α€”ေစဉ်α€™ှာ ထူးဆန်းα€žောထရာတစ်ခုα€€ိုတွေ့α€›ှိခဲ့ပါα€α€š်။ထိုထူးဆန်းတဲ့ α€›ှေးα€Ÿောင်းပစ္α€…α€Š်းα€Ÿာ ထင်တာα€”ာတိုင်α€”ဲ့ ဆင်တူα€”ေပါα€α€š်။၎င်းα€Ÿာα€›ှα€Š်α€œျားပြီး α€–ြောင့်တန်းα€…ွာα€α€Š်α€›ှိα€€ာ α€žူα€›ဲ့ α€œα€€်တံတွေα€Ÿာα€œα€Š်း တိုင်α€€α€”ေ ၉၀ α€’ီဂရီထောင့်α€€ျα€…ွာα€”ဲ့ ပိုင်းခြားထားတာα€€ိုတွေ့ရပါα€α€š်။ထိုထရာα€”ဲ့ပက်α€žα€€်ပြီး တုα€”့်ပြα€”်α€™ှုတွေα€™ျားα€…ွာα€›ှိ α€œာခဲ့α€€ာ ထချို့α€€α€œα€Š်းα€’ါα€Ÿာ ဆိုα€—ီα€šα€€်α€€α€œူတွေ ပြုα€œုပ်ခဲ့တာα€–ြα€…်α€α€š်α€œို့ ထောα€€်ပြခဲ့α€€ြပါα€α€š်။

ထချို့တွေα€€α€œα€Š်း α€’ါα€Ÿာဂြိုα€œ်α€žားတွေဆောα€€်α€œုပ်ခဲ့တာပါα€œို့ ဆိုα€€ြပြα€”်ပါα€α€š်။α€’ါပေα€™α€š့် α€’ီထရာα€Ÿာ α€™α€Š်α€žα€Š့်ဆောα€€်α€œုပ်α€›ေးα€œုပ်ငန်းတွေα€€α€™ှ ဆောα€€်α€œုပ်α€™α€”ိုင်α€žေးတဲ့ ပင်α€œα€š်α€›ေထောα€€်ထနက်ပေ ၁၃၅၀၀ α€™ှာα€α€Š်α€›ှိα€”ေတာα€˜ဲα€–ြα€…်ပါα€α€š်။α€’ီထချα€€်α€€ြောင့် α€’ီထရာα€€ိုပြုα€œုပ်ခဲ့တဲ့ ဇစ်α€™ြα€…်α€Ÿာα€œူα€žားတွေα€–ြα€…်α€”ိုင်α€–ို့ထတွα€€် ထခွင့်α€‘α€œα€™်း α€‘α€œွα€”်α€€ိုα€”α€Š်းပါးα€α€š်α€œို့ α€šူဆနေα€€ြတာα€˜ဲα€–ြα€…်ပါα€α€š်။

(၂) Nazca α€™ျဉ်းα€€ြောင်းα€™ျား
Nazca α€™ျဉ်းα€€ြောင်းတွေα€€ိုတော့ ပီα€›ူးα€”ိုင်ငံတောင်ပိုင်းα€™ှာα€›ှိတဲ့ Nazca α€žဲα€€α€”္တာရထဲα€™ှာα€α€Š်α€›ှိα€”ေပြီး α€€α€™္α€˜ာပေါ်α€€ α€œျှိဝှα€€်ဆန်းα€€ြα€š်α€žော ထရာတွေထဲကတစ်ခုα€œα€Š်းα€–ြα€…်ပါα€α€š်။α€’ီထရာ α€€ိုတော့ α€€α€™္α€˜ာα€™ျα€€်α€”ှာပြင်ပေါ်α€™ှာ α€˜ူα€™ိပုံα€›ိပ်တစ်ခုထနေα€”ဲ့ ထွင်းထုထားခဲ့တာα€–ြα€…်ပြီး α€€ောင်းကင်ပေါ်α€€α€€ြα€Š့်α€™ှα€žာ α€›ုပ်ပုံတစ်ခုα€œုံးα€€ို α€žေချာα€…ွာα€™ြင်α€›α€™ှာα€–ြα€…်ပါα€α€š်။Nazca α€œိုင်းα€™ျားα€Ÿာ α€›ှေးခေတ်α€œူα€šα€‰်α€€ျေးα€™ှုα€›ဲ့ ထံဩစရာα€‘α€œွα€”်α€€ောင်းα€œှတဲ့ ပြုα€œုပ်α€™ှုတစ်ခုα€œα€Š်းα€–ြα€…်ပါα€α€š်။α€’ီα€œိုင်းတွေα€Ÿာ α€œွα€”်ခဲ့α€žော α€”ှα€…်ပေါင်း ၂၀၀၀ခန့်α€œောα€€်α€€α€α€Š်းα€€α€α€Š်α€›ှိခဲ့α€α€š်α€œို့ α€šူဆရပါα€α€š်။Nazca α€™ျဉ်းα€€ြောင်းတွေα€Ÿာ ထရမ်းα€€ိုα€›ှုပ်ထွေးα€œွα€”်းပြီး ထိုထဲα€€α€™ှ α€™ျဉ်းα€€ြောင်း αƒα€α€œောα€€်α€Ÿာ α€žဲα€€α€”္တာα€›α€€ိုα€–ြတ်α€€ာ ထခြားα€”ေα€›ာတွေα€€ို ချိတ်ဆက်α€žွားတာα€€ို တွေ့ရပါα€α€š်။
ထို Nazca α€˜ူα€™ိပုံα€›ိပ်တွေα€Ÿာ ‌α€›ှေးခေတ်α€œူα€™ျားα€€ α€€α€™္α€˜ာα€™ြေပေါ်α€€ိုα€™ိုးα€›ွှာα€žွα€”်းα€…ေα€–ို့ထတွα€€် နတ်α€˜ုα€›ားတွေα€€ို ဆုတောင်းချိတ်ဆက်α€–ို့ထတွα€€် α€›ေးဆွဲခဲ့တာα€–ြα€…်α€α€š်α€œို့ α€šူဆကြပါα€α€š်။α€’ီထရာတွေ α€Ÿာ ဂြိုα€œ်α€žားတွေα€”ဲ့ ဆက်ဆက်α€™ှုα€›ှိα€”ိုင်တဲ့ α€žီထိုα€›ီα€™ျားα€…ွာα€€α€œα€Š်း α€›ှိα€”ေပြα€”်ပါα€α€š်။α€’ီထရာα€€ို Nazca α€’ေα€žα€™ှာα€”ေထိုင်ခဲ့α€žူα€™ျားα€€ α€›ိုးα€›ှင်းα€žောထရာတွေα€”ဲ့ α€–α€”်တီးခဲ့α€žα€Š့်ထချα€€်α€™ှာ α€–ြα€…်α€”ိုင်ခြေα€›ှိα€žော်α€œα€Š်း ထာα€€ာα€žα€™ှα€žေချာα€€ြα€Š့်α€™ှ α€›ုပ်α€œုံးα€žေချာα€™ြင်α€›α€”ိုင်တဲ့ ပုံα€žα€္ဍာα€”်တွေα€”ဲ့ α€™ျဉ်းα€€ွေးတွေα€€ိုα€žေချာα€…ွာα€›ေးဆွဲခဲ့တာကတော့ ထိုခေတ်ထခါα€€α€”α€Š်းα€•α€Šာတွေကတော့ဆန်းα€€ြα€š်α€œှα€žောထရာတွေထဖြα€…်ဆက်α€œα€€်α€α€Š်α€›ှိα€”ေတာα€˜ဲα€–ြα€…်ပါα€α€š်။
(၃)Atacama ထရိုးα€…ု
Atacama ထရိုးα€…ုα€€ိုတော့ ပီα€›ူးα€”ိုင်ငံတောင်ပိုင်းα€™ှာတွေ့α€›ှိခဲ့တာα€–ြα€…်ပြီးတောင်ထမေα€›ိကတိုα€€်α€›ဲ့ α€”ောα€€်ထပ်ထူးဆန်းα€œှတဲ့ ထရာတစ်ခုα€œα€Š်းα€–ြα€…်ပါα€α€š်။ထိုထရိုးα€…ုα€Ÿာα€œူပုံα€…ံα€”ဲ့ တူတဲ့ ထရိုးα€…ုတစ်ခုα€–ြα€…်ပြီး α€žေးα€„α€š်α€€ာ ထရှα€Š်ထားα€–ြင့်α€œα€Š်း ၁၅စင်တီတာခန့်α€œောα€€်α€˜ဲ α€›ှိα€€ာ α€˜ောပင်တစ်ချောင်းα€›ဲ့ ထရွα€š်α€…ားα€œောα€€်α€žာα€›ှိပါα€α€š်။α€žူ့α€›ဲ့ ထရွα€š်ထစားα€€ိုα€€ြα€Š့်ပြီး ထိုထရိုးα€…ုα€Ÿာ α€žα€”္ဓေα€žားα€œို့ထင်ရပေα€™α€š့်α€œα€Š်း ထမှα€”်α€α€€α€š်တော့ ထိုထရိုးα€…ုα€Ÿာ α€žα€”္α€’ေα€žားα€™α€Ÿုတ်α€˜ဲα€žူ့ဆီα€™ှာ α€–ွံα€–ြိုးα€”ေတဲ့ α€€ိုα€š်α€œα€€်ထင်္ဂါα€”ဲ့ α€™ာα€€ျောα€žောα€žွားတွေα€›ှိα€”ေပါα€α€š်။α€žူ့α€›ဲ့ ထူးခြားα€œွα€”်းα€œှတဲ့ ထချα€€်ကတော့α€žူ့α€›ဲ့ ခန္α€’ာα€€ိုα€š်ပုံα€žα€္ဍာα€”်α€˜ဲα€–ြα€…်ပြီး ၎င်းα€€ိုα€€ြα€Š့်ရတာα€Ÿာ ဂြိုα€œ်α€žားα€”ဲ့ α€‘α€œွα€”်တူပါα€α€š်။
Stanford တက္α€€α€žိုα€œ်α€™ှ ပါα€™ောα€€္ခများα€€ DNA α€”α€Š်းα€”ဲ့ α€…α€™်းα€žα€•်α€œိုα€€်တဲ့ထခါα€™ှာတော့ ထိုထရိုးα€…ုα€Ÿာ ထိုα€’ေα€žα€€ α€œူးα€žားတွေα€€α€”ေα€™ွေးα€–ွားခဲ့α€€ြောင်းတွေ့α€›ှိခဲ့ရပါα€α€š်။ထိုထရိုးα€…ုα€Ÿာ α€žေဆုံးတဲ့ ထချိα€”်α€™ှာ α€‘α€žα€€် ၆နှα€…်α€€α€”ေ αˆα€”ှα€…်ထကြားα€™ှာα€›ှိα€™α€š်α€œို့ α€•α€Šာα€›ှင်α€™ျားα€€ ခန့်α€™ှα€”်းထားα€€ြပါα€α€š်။ထိုထရိုးα€…ုα€Ÿာ α€žေးα€„α€š်α€žောထရွα€š်ထစားα€›ှိတဲ့ α€œူα€žားတစ်ဦးα€–ြα€…်α€”ေတာα€€ြောင့် α€‘α€œွα€”်ထူးဆန်းα€”ေပြီး ထိုထရိုးα€…ုα€Ÿာ α€˜α€š်α€œူα€žားα€™ျိုးα€”ွα€š်α€…ုα€€α€”ေ ဆင်းα€žα€€်α€œာα€œဲဆိုတာα€€ိုတော့ ထတိထကျ α€™α€žိα€›ှိα€›α€žေးပါα€˜ူး။
(၄)α€˜α€‚္ဂဒက်α€˜α€€်ထရီ
α€’ီα€›ှေးα€Ÿောင်းပစ္α€…α€Š်းα€€ိုတော့ ထပိုင်းα€žုံးပိုင်းα€”ဲ့ α€α€Š်ဆောα€€်ထားပြီး ထီရတ်α€™ှာ တွေ့α€›ှိခဲ့ပါα€α€š်။ထို‌α€›ှေးα€Ÿောင်းပစ္α€…α€Š်းα€™ှာတော့ α€€ြွေထိုးတစ်α€œုံးပါဝင်α€€ာ ထထဲα€™ှာတော့ α€€ြေးα€”ီချောင်းတစ်ချောင်းα€”ဲ့ α€žံငုတ်တစ်ခုပါဝင်ပြီး ၎င်းပစွα€…α€Š်းα€Ÿာ α€˜ီα€…ီ ၁၅၀
α€€α€”ေ ထေα€’ီ ၆၅၀ α€€ြားα€™ှာ ပြုα€œုပ်ခဲ့တာα€–ြα€…်α€”ိုင်α€α€š်α€œို့ ခန့်α€™ှα€”်းထားα€€ြပါα€α€š်။α€žူ့α€›ဲ့ α€›α€Š်α€›ွα€š် ချα€€်α€€ိုတော့ ထတိထကျα€™α€žိα€›ှိα€€ြပေα€™α€š့် α€›ှေးခေတ်α€œူα€™ျားကတော့ α€˜α€€်ထရီထဖြα€…်α€‘α€žုံးပြုခဲ့α€€ြတာα€–ြα€…်α€”ိုင်α€α€š်α€œို့ ခန့်α€™ှα€”်းထားα€€ြပါα€α€š်။α€’ီα€˜α€€်ထရီပုံα€…ံα€€α€œα€Š်း ထက်ဆစ်α€‘α€›α€Š်α€€ိုα€‘α€žုံးပြုထားတာα€–ြα€…်ပြီး α€žံပုα€›ာα€›α€Š်α€žို့α€™α€Ÿုတ် စပျα€…်α€žီးα€‘α€›α€Š်α€€ို α€‘α€žုံးပြုထားတာα€–ြα€…်α€”ိုင်α€α€š်α€œို့ဆိုပါα€α€š်။ထိုထက်ဆစ်α€‘α€›α€Š်α€€ိုထိုးထတွင်းα€žို့α€‘α€Š့်α€€ာ α€€ြေးα€”ီα€”ဲ့ α€žံα€€ိုα€œျှပ်α€€ူးα€…ေခြင်းα€–ြင့် α€˜α€€်ထရီα€€ို α€‘α€œုပ်α€œုပ်α€…ေα€α€š်α€œို့ဆိုပါα€α€š်။
ထို့α€žို့α€œျှပ်α€€ူးα€…ေတဲ့ α€”α€Š်းα€…α€”α€…်α€€ိုα€‘α€žုံးပြုထားတာα€€ြောင့် ထိုα€˜α€€်ထရီα€Ÿာထူးဆန်းα€™ှုတွေပြα€Š့်α€”ေရတာပါ။ α€˜ာα€€ြောင့်ဆို Benjamin Franklin α€€ ၁၇၀၀ခုα€”ှα€…် α€™ှ α€™ိုးα€€ြိုးα€€α€”ေတစ်ဆင့် α€œျှပ်α€…α€…်α€€ိုစတင်တွေ့α€›ှိခဲ့တာα€–ြα€…်ပါα€α€š်။α€’ါထပြင့်α€›ှေးခေတ်α€œူတွေα€€ α€’ီα€˜α€€်ထရီα€€ိုα€˜α€š်α€”ေα€›ာα€™ှာα€‘α€žုံးချခဲ့တာα€œα€Š်းဆိုတဲ့ထချα€€်α€€α€œα€Š်း α€…ိတ်ဝင်α€…ားα€…α€›ာပါ။α€•α€Šာα€›ှင်တွေα€›ဲ့ ခန့်α€™ှα€”်းα€™ှုတွေထရတော့ α€’ီα€˜α€€်ထရီα€€ို α€œျှပ်α€…α€…်ဓာတ်တွေα€”ဲ့ ဆေးα€€ုα€žα€ဲ့α€”ေα€›ာတွေα€”ဲ့ α€›ုပ်ထုတွေα€€ိုငွေα€›α€Š်α€…ိα€™်တဲ့α€”ေα€›ာတွေα€™ှာ α€‘α€žုံးပြုခဲ့α€€ြတာα€œို့ဆိုပါα€α€š်။α€’ီထချα€€်α€€ို α€žိပ္ပံα€•α€Šာα€›ှင်α€™ျားα€…ွာကထောα€€်ခံပေးα€€ြα€žော်α€œα€Š်း ထဖြေထတိထကျα€€ိုတော့ α€˜α€š်α€žူα€™ှ ထတိထကျα€™α€žိα€€ြပါα€˜ူး။
Crd..  .
#kk

α€›ေα€”ံချα€€်α€–ို ဆီα€€α€”်ထတွင်း ပြုတ်α€€ျα€žွားα€žော α€žα€™ီးα€–ြα€…်α€žူထား ဆင်းα€€α€š်α€›ာα€™ှ α€”ှα€…်α€šောα€€်α€…α€œုံးα€žေ

α€›ေα€”ံချα€€်α€–ို ဆီα€€α€”်ထတွင်း ပြုတ်α€€ျα€žွားα€žော α€žα€™ီးα€–ြα€…်α€žူထား ဆင်းα€€α€š်α€›ာα€™ှ α€”ှα€…်α€šောα€€်α€…α€œုံးα€žေ
==============================


α€™ုံα€›ွာ၊ ဇွα€”် ၂၄

α€™ုံα€›ွာα€™ြို့α€”α€š် α€€ျောα€€္α€€ာα€›ေα€”ံချα€€်α€–ိုဆီα€€α€”်ထတွင်း ပြုတ်α€€ျα€žွားα€žော α€žα€™ီးထားဆင်းα€€α€š်α€›ာα€™ှ α€žားထဖနှα€…်ဦးα€…α€œုံး α€žေဆုံးα€žွားα€€ြောင်း α€™ုံα€›ွာα€”α€š်α€™ြေα€›ဲစခန်းα€™ှ α€žိα€›α€žα€Š်။

α€šα€”ေ့α€”ံα€”α€€်ပိုင်း ၁၀ ခွဲခန့်α€€ α€€ျောα€€္α€€ာα€›ေα€”ံချα€€်α€–ိုတစ်ခုတွင် ချα€€်α€–ိုα€™α€”်α€”ေဂျာ၏ ၂ α€”ှα€…်ထရွα€š်α€›ှိ α€œα€™်းα€œျှောα€€်တတ်α€… α€žα€™ီးα€–ြα€…်α€žူα€™ှာ α€’ုတိα€šα€‘α€†α€„့် ချα€€်ပြီးα€žား α€›ေα€”ံα€€α€”်ထတွင်း ပြုတ်α€€ျα€žွားα€žα€–ြင့် ဖထေα€–ြα€…်α€žူα€€ိုα€š်တိုင် ဆင်းα€€α€š်ခဲ့ခြင်းα€–ြα€…်α€€ြောင်း α€™ုံα€›ွာα€”α€š်α€™ြေစခန်းα€™ှူး α€›ဲထုပ်ခင်α€žα€”်းα€€ ပြောα€žα€Š်။

"α€›ေα€”ံα€…ိα€™်းα€€ို α€žုံးဆင့်ချα€€်တဲ့α€€α€”်တွေထဲα€™ှာ α€’ုတိα€šα€‘α€†α€„့်ချα€€်ပြီးα€žားα€€α€”်ထဲ α€€α€œေးα€€ ပြုတ်α€€ျα€žွားတာ။ ထဲα€’ီα€™ှာ α€žူ့ထဖေα€€ ဆင်းα€€α€š်ပေα€™α€š့် α€›ေα€”ံဆိုတော့ α€”ှα€…်α€šောα€€်α€…α€œုံး α€‘α€žα€€်ပါα€žွားα€α€š်" α€Ÿု α€›ဲထုပ်ခင်α€žα€”်းα€€ ဆက်ပြောα€žα€Š်။

ထဆိုပါ α€žေဆုံးα€žွားα€žα€Š့် α€žားထဖ α€”ှα€…်ဦးα€™ှာ α€™ြိုင်α€™ြို့α€”α€š် α€œα€„်းကတောα€›ွာဇာတိα€™ျားα€–ြα€…်α€€ာ ထမျိုးα€”ီးစပ်တော်α€žα€Š့် α€€ျောα€€္α€€ာα€›ေα€”ံချα€€်α€–ိုတွင် α€™α€”်α€”ေဂျာα€‘α€œုပ်α€œာα€œုပ်စဉ် α€šα€ုα€€ဲ့α€žို့ α€–ြα€…်စဉ်α€–ြα€…်ပွားခဲ့ခြင်းα€–ြα€…်α€€ြောင်း  α€›ဲတပ်α€–ွဲ့α€€ ဆိုα€žα€Š်။

၎င်းα€–ြα€…်စဉ်ထား α€™ုံα€›ွာα€”α€š်α€™ြေα€›ဲစခန်း α€žေα€™ှုα€žေခင်းထမှတ်စဉ် ၉/၂၀၂၀ α€–ြင့်α€–ွင့်α€œှα€…် α€…α€…်ဆေးα€œျα€€်α€›ှိα€žα€Š်။
Crd
#kk

Tuesday, June 23, 2020

α€™ုα€”့်α€›ောင်း α€”ေတဲ့ α€€α€œေးα€™α€œေး α€€ို α€›ိုα€€်α€žα€်ပြီး α€‘α€œောင်းα€–ျောα€€် ထားတဲ့ α€–ြα€…်ရပ်

α€™ုα€”့်α€›ောင်း α€”ေတဲ့ α€€α€œေးα€™α€œေး α€€ို α€›ိုα€€်α€žα€်ပြီး α€‘α€œောင်းα€–ျောα€€် ထားတဲ့ α€–ြα€…်ရပ်
================================================================..
α€–ုံးα€€ွα€š်ထားα€–ို့ ထရာα€™α€Ÿုတ်ပါ ထမှα€”်တရားα€€ို α€€ိုတွα€š်α€›α€–ို့ထခြေα€”ေα€–ြα€…်ပါα€›α€…ေ α€™ျα€€်α€”ှာα€€ို ထုတ်ခဲ့α€”ဲ့ α€›ိုα€€်ထားတာပါ α€‘α€žα€€်α€€ (၁၃)α€žα€™ီးα€œေးပါ α€™ုα€”့်α€›ောင်းα€”ေတဲ α€€α€œေးα€™α€œေးပါα€—ျα€žα€”ားပါα€α€š် α€€α€œေးα€™α€œေး α€˜α€α€€ို α€–ျα€€်α€…ီး α€œိုα€€်α€€ြတာ α€€α€œေးα€™ α€™ျα€€်α€”ှာα€€ို ထုတ်ခဲα€”ဲ့α€›ိုα€€်ထားတဲ ဒဏ်α€›ာα€€ြောင်းပါα€—ျ α€‘α€žα€€်α€€ြီးပုံα€™ြင်ရတာ α€žေချာα€€ြα€Š်ပါ α€™ျှဝေပေး ပေးα€€ြပါ
α€žံα€žα€šα€™α€€α€„်းα€žော α€žα€€်ဆိုင်α€›ာα€€ ဆေးα€…α€…်α€›α€”် α€œိုထပ်

၁၉.၂၀၂၀ α€”ေ့α€œα€Š် (၂:၃၀)α€”ာα€›ီ α€…α€…်တွေα€™ြို့ α€€ျောင်းတက်α€œα€™်းရပ်α€€ွα€€် မင်းα€˜ာα€€ြီးα€œα€™်း ဆောα€€်α€œα€€်α€… တိုα€€်ထပေါ်ဆုံးထထပ်တွင် α€‘α€™α€Š်α€™α€žိ α€€α€œေးမတစ်ဦး ဒဏ်α€›ာα€–ြင့်α€žα€ိα€™ေ့α€œဲα€€ျα€”ေ၍ α€œာα€›ောα€€်ထကူα€Šီပေးပါα€›α€”် ပြောα€€ြားα€œာα€žα€–ြင့် α€‘α€žα€„်းα€™ှα€€ား ထမှတ်(၄) α€–ြင့်ထွα€€်ခွာ ပြီး α€œူα€”ာထား ဆေးα€›ုံα€žို့ α€œိုα€€်ပါ α€€ူα€Šီပို့ ဆောင်ပေးခဲ့ပါα€žα€Š်။
α€œူα€”ာα€žα€Š် ခေါင်းဒဏ်α€›ာα€–ြင့် တစ်α€Šα€”ဲ့တစ်α€›α€€် α€€ြာα€™ြင့်α€”ေပြီα€–ြα€…်α€žα€Š်။
α€œူα€”ာထားα€™ိα€™ိα€‘α€žα€„်းα€™ှ α€œိုα€€်α€œံ α€…ုံα€…α€™်းα€›ာ α€…α€€်α€›ုံα€…ု ရပ်α€€ွα€€်တွင် α€”ေထိုင်ပြီး ဦးα€™ောင်ဝင်α€Œေး (ဆိုα€€်α€€ားα€”ှင်းα€žူ) ၏α€žα€™ီး မခိုင်α€…ိုးα€”ွα€š် (α€‘α€žα€€် ၁၃ α€”ှα€…် α€™ုα€”့်α€œα€€်α€€ောα€€်α€›ောင်းα€žူ)α€–ြα€…်ပြီး ပျောα€€်ဆုံးα€”ေα€žα€Š်α€™ှာတစ်α€Šα€”ှင့်တစ်α€›α€€်α€›ှိပြီးα€–ြα€…်α€€ြောင်းα€žိရပါα€žα€Š်။

Crd....
#k.k

ဆံပင်ထရမ်းပါးပြီး ထရမ်းα€€ျွတ်တဲ့α€žူတွေထရမ်း ထကောင်းဆုံး

ဆံပင်ထရမ်းပါးပြီး ထရမ်းα€€ျွတ်တဲ့α€žူတွေထရမ်း ထကောင်းဆုံးα€”α€Š်း
ဆံပင်ထရမ်းα€€ျွတ်α€”ေα€žူα€™ျားထတွα€€်α€€ြα€€်α€₯တစ်α€œုံး၊ငှα€€်ပျောα€žီးတစ်α€œုံး၊α€œိα€™္α€™ော်α€žီး (α€žို့α€™α€Ÿုတ်)α€žံပရာα€™ျိုးα€”ွα€š်တစ်α€œုံး၊α€žံα€œွင်ဆီ (α€žို့α€™α€Ÿုတ်)ထုံးဆီ α€”ှα€…်α€…α€€်ခန့် ထားα€œုံးα€€ိုα€€ြေα€Šα€€်ထောင်ခြေပြီး ဦးα€›ေထနှံ့α€œိα€™်းပေးပါ။α€›ေα€”ွေးငွေ့ပေးထားα€žော α€α€˜α€€်α€œေးα€”ဲ့ α€”ာα€›ီဝက်(α€žို့α€™α€Ÿုတ်)45α€™ိα€”α€…်ခန့် ပေါင်းထားပါ။ပြီးα€œျှင် α€€ြိုα€€်α€”ှα€…်α€žα€€်α€›ာ Shampooα€”ဲ့ စင်ထောင်ခေါင်းα€œျှော်α€œိုα€€်ပါ။α€œေး ငါးα€€ြိα€™်ပြုα€œုပ်ပေးရင် ထဆင်ပြေပါပြီ။ Kyel Kyelဆံပင်ထရမ်းပါးα€”ေα€œို့ α€…ိတ်α€Šα€…်α€”ေα€œား။

ဆံပင်ပါးα€œို့ α€ˆေးα€€ြီးတဲ့ စပါးတွေ၊ ဆံပင်α€žα€”်α€…ေတဲ့ ဆေးတွေα€žုံးပေα€™ဲ့ α€€ိုα€š့်ထတွα€€် α€‘α€žုံးမဝင်α€˜ူးα€–ြα€…်α€”ေα€œား။ α€’ါဆိုရင်တော့ ထခုα€œို α€…ိတ်α€™α€€ျေနပ်α€™ှုတွေα€–ြα€…်α€…ေတဲ့ထရာတွေ α€™ေ့α€œိုα€€်ပြီး α€žα€˜ာα€α€”α€Š်းα€œα€™်းα€œေးα€€ို ပြောင်းα€žုံးα€€ြα€Š့်ပါ။( ထာα€œူး – ထာα€œူးα€™ှာ တောα€€်ပြောင် α€…ိုပြေα€…ေပါα€α€š်။ α€’ီတော့ α€™ီးα€–ိုချောင်α€€α€”ေပဲ α€‘α€œှထပ ပစ္α€…α€Š်းတွေα€€ို α€›ှာα€–ွေα€œိုα€€်ပါ။
ပြုα€œုပ်α€”α€Š်း
ထာα€œူးα€‘α€žေး ၂ α€œုံး (α€žို့) ထကြီး ၁ α€œုံး
၁။ ထာα€œူးα€€ို ထခွံα€”ွှာပြီး ထတုံးα€œိုα€€်α€œှီးα€œိုα€€်ပါ။
၂။ ထဲα€’ီα€”ောα€€် α€–ျော်α€…α€€်ထဲα€‘α€Š့်ပြီး α€–ျော်α€œိုα€€်ပါ။ α€›ေα€‘α€”α€Š်းα€„α€š်α€‘α€Š့်ပါ။
၃။ α€›ေဆစ်တဲ့ ဇကာα€€ို α€žုံးပြီး α€›ေα€…α€…်ချပါ။
၄။ ပုံα€™ှာပြထားတဲ့ ဝါဂွα€™်းဖတ်α€€ို ထာα€œူးα€›α€Š်α€”ဲ့ α€…ိα€™်ပြီး ဦးα€›ေပြားပေါ်α€™ှာα€œိα€™်းပေးပါ။ ထရင်ဆုံး ဦးα€›ေပြားပေါ်α€™ှာ α€”ှံ့ထောင်α€œိα€™်းပေးα€›α€™ှာα€–ြα€…်ပါα€α€š်။
၅။ ဆံα€”ွα€š်ထဖျားα€€ိုα€œα€Š်း ထားα€œူးα€›α€Š် α€…ွတ်ပေးပါ။
၆။ ပြီးရင် ဆံပင်α€€ို α€™ိα€”α€…် ၂၀ α€œောα€€်ပေါင်းပေးထားα€›α€™ှာα€–ြα€…်ပါα€α€š်။
တစ်α€œα€œောα€€်ဆိုရင်တော့ ထူးထူးခြားခြား α€žိα€žာα€œာα€™ှာα€–ြα€…်ပြီး ဆံပင်တွေ ထူα€€ာ တောα€€်ပြောင်α€œာပါα€œိα€™့်α€™α€š်။

Crd....
#k.k

α€™α€Ÿော်ဂနီပင်

α€™α€Ÿော်ဂနီပင်
=============

ထထွေထွေဆေးα€‘α€žုံးဝင်ပုံα€™ျားα€”ှင့် α€—α€Ÿုα€žုတ"

α€™α€Ÿော်ဂနီထကြောင်း α€žိα€€ောင်းα€…α€›ာ
α€™α€Ÿော်ဂနီပင်α€žα€Š် ထမြဲα€…ိα€™်း ထပင်α€€ြီးα€™ျိုးα€–ြα€…်၍ ထနောα€€်ထိα€”္α€’ိα€šα€€ျွα€”်းα€…ုα€”ှင့် ထမေα€›ိကတိုα€€် ထပူပိုင်းα€’ေα€žα€™ျားတွင် ပေါα€€်α€›ောα€€်α€žα€Š်။ α€žာα€™α€”်ထားα€–ြင့် ပေ ၁ဝဝ ခန့်ထိ α€™ြင့်α€žော်α€œα€Š်း α€€ြီးထွားα€›ာ၌ α€‘α€œွα€”်α€”ှေးα€€ွေးα€žα€Š်။ ပင်α€…α€Š်α€œုံးပတ်α€™ှာ တစ်ခါတစ်α€›ံ ၁၂ ပေထိα€›ှိ၍ တုတ်ခိုင်α€€ြီးα€™ားα€žα€Š်။ α€™ြေပြင်α€™ှα€žα€Š် ပထမဆုံး ထွα€€်α€žα€Š့် ထကိုင်းα€€ြီးထိ ပေ ၆ဝ α€€ျော်α€€ျော်α€™ြင့်α€žα€Š်။

α€™α€Ÿော်ဂနီ၏ α€›ုα€€္ခဗေα€’α€‘α€™α€Š်α€™ှာ ဆွိုα€€်တင်းα€”ီးα€šား(Swietenia macrophylla) α€™α€Ÿော်ဂနီα€–ြα€…်၍ α€™α€š်α€œီα€šေα€…ီထီး α€™ျိုးရင်းတွင်ပါဝင်α€žα€Š်။ α€šα€„်းα€‘α€žီးα€™ှα€›α€žော ထစေ့α€™ျားα€€ို ပုတီးα€€ုံးα€™ျား α€žီα€€ုံးα€€ြα€žα€Š်။ α€™α€Ÿော်ဂနီα€Ÿူα€žော α€‘α€™α€Š်α€€ို ထခြား α€™ျိုးရင်းဝင် ထပင်α€™ျားα€”ှင့် α€™α€Ÿော်ဂနီα€€ဲ့α€žို့ ထကွα€€်ထကြောα€”ှင့် ထရောင်ချင်းဆင်တူα€žα€Š့် α€žα€…်ပင်α€™ျားတွင်α€œα€Š်း α€‘α€žုံးပြုထားα€€ြα€žα€Š်။

ပုံပမာ – α€›ုα€€္ခဗေα€’α€‘α€™α€Š်ထားα€–ြင့် α€α€šာဆင်α€”ီဂေါα€œα€„်ဆစ်α€Ÿု ခေါ်α€žော ထာα€–α€›ိα€€ α€™α€Ÿော်ဂနီα€žα€Š် ထာα€–α€›ိα€€α€™ှ ထမြောα€€်ထမြား ထွα€€်α€žော်α€œα€Š်း ထမျိုးα€Šံ့၍ α€‘α€žားα€›ောင် α€™α€€ောင်းချေ။ ဩစတြေα€œျတိုα€€်တွင် ပေါα€€်α€›ောα€€်α€žော α€šူα€€α€œα€…်ပင် (ငှα€€်ခြောα€€်ပင်) တစ်α€™ျိုးα€”ှင့် α€™ြောα€€်ထမေα€›ိကတိုα€€်တွင် ပေါα€€်α€žော ဆာα€€ိုα€€ာပတ်ခေါ် ထပင်α€™ျိုးα€€ိုα€œα€Š်း α€™α€Ÿော်ဂနီα€Ÿု ခေါ်α€€ြα€žα€Š်။

α€™α€Ÿော်ဂနီα€žα€Š် α€₯α€›ောပတိုα€€်α€žို့α€™α€Š်α€žα€Š့်ထချိα€”်α€€ α€›ောα€€်α€›ှိα€œာα€žα€Š်α€€ို α€™α€Š်α€žူα€™ျှ α€™α€žိα€€ြချေ။ ၁၅၉၅ ခုα€”ှα€…်တွင် ထင်္α€‚α€œိပ်α€œူα€™ျိုး ဆာဝေါ်α€œα€ာα€›ောα€œီဆိုα€žူ ပုဂ္ဂိုα€œ်α€€ြီးα€žα€Š် ထနောα€€်ထိα€”္α€’ိα€š α€€ျွα€”်းα€…ုα€žို့ α€žα€„်္α€˜ောα€–ြင့် ဆိုα€€်α€›ောα€€်α€œာα€›ာတွင် α€žူα€”ှင့်ထတူ ပါα€žွားα€žော α€žα€„်္α€˜ောα€—ိα€žုα€€ာα€žα€Š် α€™α€Ÿော်ဂနီ α€žα€…်α€žားα€€ို ဂျα€™ေα€€ာ ၌ တွေ့α€›ှိα€žα€–ြင့် α€žα€„်္α€˜ောပြင်α€›ာတွင် α€‘α€žုံးပြုခဲ့α€–ူးα€žα€Š်။ ထိုစဉ်α€€ α€šα€„်း၏ တန်α€–ိုးα€€ို α€™α€žိα€€ြချေ။

၁၈ α€›ာα€…ု α€”ှα€…်α€€ျα€™ှα€žာ ထင်္α€‚α€œိပ် ထိα€™်ထောင်ပရိα€˜ောဂ ပြုα€œုပ်α€žူα€™ျားα€žα€Š် α€™α€Ÿော်ဂနီα€žားα€€ို စတင် α€‘α€žုံးပြုα€œာα€€ြα€›ာ α€‘α€œွα€”်α€€ောင်းα€€ြောင်း α€žိα€žာα€œာα€žα€–ြင့် တဖြα€Š်းα€–ြα€Š်း ထင်α€›ှား၍ α€œူα€žုံးα€™ျားα€œာα€žα€Š်။ ၁၇၅၃ ခုα€”ှα€…် တစ်α€”ှα€…်α€α€Š်းတွင် α€™α€Ÿော်ဂနီα€žား α€€ုဗပေပေါင်း ၅ α€žိα€”်းα€€ျော်α€€ျော်α€€ို ထင်္α€‚α€œα€”်ပြα€Š်α€žို့တင်ပို့ခဲ့α€›α€œေα€žα€Š်။ α€€α€™္α€˜ာ့ ထကောင်းဆုံး ဂီတာ α€™α€š်α€’α€œα€„် တွေα€€ိုပြုα€œုပ်α€›ာ၌ α€œα€Š်း α€™α€Ÿော်ဂနီα€€ို α€žုံးα€œေ့α€›ှိα€žα€Š်။

α€šα€ုထခါ α€™α€Ÿ်ာဂနီα€žα€…်α€™ျိုးα€™ှာ α€‘α€œွα€”်α€›ှားပါး α€žွားပေပြီ။ တောα€€ြီး α€™ျα€€်α€™α€Š်းထဲ၌ တစ်α€§α€€α€œောα€€်α€™ှ တစ်ပင်α€”ှα€…်ပင်α€žာ တွေ့ရတော့α€žα€Š်။ ခုတ်α€œှဲα€›ာ၌ ထမြα€…်α€™ှα€”ေ၍ ၁၂ ပေထမြင့်α€›ှိα€žော α€…α€…်α€€ြီးα€™ျားα€™ှာ တက်ခုတ်α€›α€žα€–ြင့် α€‘α€œွα€”် α€˜ေးထန္တရာα€š်α€™ျားα€žော α€‘α€žα€€်α€™ွေးဝမ်းα€€ျောင်းတစ်ရပ် α€–ြα€…်ပေα€žα€Š်။ ခုတ်α€œှဲပြီးα€žော α€žα€…်α€œုံးα€™ျားα€€ို α€”ွားα€™ျားα€–ြင့်α€žော်α€œα€Š်းα€€ောင်း၊ α€žα€…်ဆွဲα€…α€€်α€™ျားα€–ြင့်α€žော် α€œα€Š်းα€€ောင်း α€‘α€œွα€”်α€€ြα€™်းတမ်းα€žော α€œα€™်းတစ်α€œျှောα€€် α€™ြα€…်ဆိပ်α€žို့ထရောα€€် ဆွဲα€œာα€›α€žα€Š်။ α€™ြα€…်ဆိပ်တွင်α€œα€Š်း α€›ေတက်α€…ောင့်၍ α€œိုα€›ာα€žα€„်္α€˜ောဆိပ်α€™ြို့α€žို့ α€šူဆောင်α€žွားα€›α€œေα€žα€Š်။


α€€α€™ျှ α€›ှားပါး၍ ခက်ခက်ခဲခဲ α€šူဆောင်α€œာα€›α€žော α€™α€Ÿော်ဂနီα€žားα€žα€Š် တန်α€–ိုးα€™ျားα€œှα€žောα€€ြောင့် ထိα€™်ထောင်ပရိα€˜ောဂများ ပြုα€œုပ်α€›ာတွင် α€šα€„်းα€€ိုချα€Š်း α€žα€€်α€žα€€်α€™α€žုံးα€”ိုင်α€€ြချေ။ ပါးα€œွှာα€žော ထချပ် α€™ျားα€–ြα€…်ထောင် ခွဲα€…ိတ်၍ ထခြားα€žα€…်ထပေါα€…ားα€™ျားပေါ်ထပ်၍ ထပ်α€žα€…်ထဖြα€…် α€‘α€žုံးပြုα€€ြα€œေα€žα€Š်။

α€™α€Ÿော်ဂနီα€žားα€žα€Š် α€€ျα€…်α€œျα€…်α€™ာα€€ြော၍ α€”ှα€…်ပေါင်းα€™ျားα€…ွာ α€œှα€•α€žော ထရွα€€်ထကြောα€™ျား α€›ှိα€žောα€€ြောင့် ထိα€™်ထောင် ပရိα€˜ောဂများα€”ှင့် ထခြားထိα€™်တွင်းα€žုံး ပစ္α€…α€Š်းα€™ျား ပြုα€œုပ်α€›ာ၌ α€™ျားα€…ွာ တန်α€–ိုးထားα€€ာ α€‘α€žုံးပြုα€€ြ α€œေα€žα€Š်။ နဂိုα€‘α€žားα€›ောင်α€™ှာ α€œှα€•α€žော α€”ီα€Šိုα€›ောင်α€–ြα€…်α€žောα€€ြောင့် ထရောင်ဆီတင်α€›α€”်ပင် α€™ျားα€…ွာ α€™α€œိုα€œှချေ။ α€›ေα€…ိုခံα€”ိုင်α€žα€Š့်ပြင် α€€ျုံ့မဝင်တတ်α€žောα€€ြောင့် α€™α€Ÿော်ဂနီα€žားα€€ို α€œှေα€„α€š်α€™ျား ဆောα€€်α€œုပ်α€›ာ၌α€œα€Š်း α€‘α€žုံးပြုα€€ြα€œေα€žα€Š်။ α€™α€Ÿော်ဂနီα€‘α€žီးα€€ို α€žွေးတိုးα€€ျဆေးα€–ော်စပ်α€›ာတွင် α€‘α€žုံးပြုα€œေ့α€›ှိα€žα€Š်။

"ဆေးα€‘α€žုံးဝင်ပုံα€™ျား"
🌷🌷🌷🌷🌷🌷🌷

α€™α€Ÿော်ဂနီα€Ÿာ ဆေးα€–α€€်ဝင်α€žောထပင်တပင်α€œα€Š်းα€–ြα€…်ပါα€žေးα€α€š်။ ထစေ့ထခေါα€€်တွေα€€ို ဆေးဝါးထဖြα€…်α€žုံးα€”ိုင်α€α€š်၊ α€‘α€›α€žာ ထကျိုးα€žွားα€”ဲ့ ထာα€”ိα€žα€„် α€™ှာတော့ “ပူး ခါး စပ်” α€‘α€›α€žာα€›ှိပြီး α€œေα€žα€œိပ်α€€ိုα€”ိုင်ပါα€α€š်၊ ထစာα€™α€€ြေα€œေα€”ာα€›ောဂါ ထဖျားα€”ဲ့α€žွေးတိုး ဆီးချိုα€›ောဂါတွေα€€ုα€žα€”ိုင်ပါα€α€š်၊

α€‘α€žုံးပြုပုံ α€™ှာတော့ α€™α€Ÿော်ဂနီထစေ့α€™ျားထုခြေ တကျပ်α€žားခန့်α€›ေထဲα€‘α€Š့်α€€ျိုပါ၊ ၃ ခွα€€်တခွα€€်တင်ရထောင်α€€ျို ပြုတ်α€›α€Š် ထကြα€™်းပုဂံα€α€œုံးα€…ာ ချင်းပါးပါးα€œှီးပြီးα€žား တကျပ်α€žား α€‘α€Š့်ပြီးα€–ုံးထားပါ၊ ချင်းα€žα€္ထုα€›ေ တကျပ်α€žား α€‘α€Š့်α€›ောα€™ွှေα€€ာ တနေ့ ၃ α€€ြိα€™် ပူပူα€œေးα€žောα€€်ပါ ချွေးထွα€€် ထခိုးပွင့် α€€ာ ပေါ့ပါးပြီး ငှα€€်α€–ျားα€›ောဂါα€žα€€်α€žာပျောα€€်ကင်းα€…ေပါα€α€š်၊

ထစာα€™α€€ြေ ထစာထိα€™်α€œေα€”ာα€›ောဂါ α€™α€Ÿော်ဂနီα€…ေ့တကျပ်α€žား ထုခြေ ၃ ခွα€€်၁ ခွα€€်α€€ျို ပြုတ်α€›α€Š်ထဲ ပျားα€›α€Š်တကျပ်α€žား ထစာα€…ားပြီးတိုင်းတနေ့ ၃ α€€ြိα€™်α€žောα€€်ပါ၊ α€žα€€်α€žာα€…ေပါα€α€š်၊ ဆီးချို α€žွေးတိုးα€›ောဂါ α€™ျားထတွα€€် ထစေ့ထမှုα€”့်α€€ို တိုα€€်α€€ြွေးပါα€€ α€žα€€်α€žာα€…ေပါα€α€š်၊ ….ထခြားα€žောဆေးα€žုံးဝင်α€™ှုα€™ျားα€œα€Š်း α€›ှိပါα€žေးα€α€š်၊

Crd..
#k.k

ထော်ဂဲα€”α€…် α€žα€˜ာဝ α€™ြေα€žြဇာα€‘α€œွα€š် ပြုα€œုပ်α€”α€Š်း

ထော်ဂဲα€”α€…် α€žα€˜ာဝ α€™ြေα€žြဇာα€‘α€œွα€š်
ပြုα€œုပ်α€”α€Š်း
😁😁😁😁😁😁😁😁😁😁😁😁😁😁

ထကျိုးထါα€”ိα€žα€„် α€Ÿα€„်းα€žီးα€Ÿα€„်းα€›ွα€€်α€”ှင့် α€žα€…္α€žီးα€™်ား α€€ောင်းα€™ွα€”်α€žောα€‘α€›α€žာ၊ α€‘α€›α€Š်α€‘α€žွေးα€™ြင့်α€™ားα€…ေခြင်း။
ပင်α€…α€Š် ထကိုင်းထခတ် ထရွα€€် α€…α€žα€Š် α€–ွံ့α€–ြိုးတိုးပွားα€™ူ့
α€™ြα€”်α€…ေခြင်း ၊ α€›ောဂါပိုးတို့၏ တိုα€€်ခိုα€€်α€™ှုဒဏ်α€€ိုα€œα€Š်း ခုခံα€€ာα€€ွα€š်α€”ိုင်ပါα€žα€Š်။

α€™ြေα€€ြီးထစိုဓာတ်α€€ို ထိα€”်းα€žိα€™်းα€”ိုင်α€…ွα€™်းα€›ှိα€žα€–ြင့် α€›ေငတ်α€žα€Š့်ဒဏ်၊ α€™ိုးခေါင်းα€žα€Š့်ဒဏ်၊ α€”ေα€œောင်α€žα€Š့်ဒဏ် α€…α€žα€Š့် α€›ာα€žီα€₯တုဆိုα€€ျိုးဒဏ်တို့α€€ိုα€œα€Š်း ခုခံα€”ိုင်α€…ွα€™်းα€›ှိခြင်း။
α€žα€˜ာ၀မြေα€žြဇာα€€ို α€”ေα€›ောင်တိုα€€်α€›ိုα€€်α€™α€€ျα€žော α€žα€…်ပင်၊ ဝါးပင်ထောα€€်α€™ျား၌ ပြုα€œုပ်α€žα€„့်α€žα€Š်။
α€™ိုးα€›ာα€žီတွင် ထမိုးα€™ိုးပေးα€›α€”်α€œိုα€žα€Š်။ α€›ေမ၀င်α€…ေα€›α€”် α€€ုα€”်းထမြင့်ပိုင်းတွင် ပြုα€œုပ်α€žα€„့်α€žα€Š်။

α€€ြα€€်ချေး ၂ တင်း
α€žα€…်ပင်α€€ြီးထောα€€် α€™ြေ  ၃ တင်း
α€–ွဲα€”ု ၁ တင်း
ထင်းပြာ ၁ တင်း
စပါးခွံ ပြာ ၁ တင်း
α€žα€€ြားα€Šှိα€€ျိုα€›α€Š် ၁ α€œီတာ
α€€ုα€”်α€€ျα€™်းα€™ျားα€€ို α€›ောα€™ွေα€€ာ ထပုံတွင်းα€žို့ α€›ေα€œိုα€žα€œောα€€်α€›ောα€€ာ α€–ြα€”်းα€”ိုင်α€žα€Š်။ α€žα€™α€™ှုα€žα€Š် ထဓိα€€α€€်ျပီး α€…ိုထိုင်းဆ ၆၀% ခန့်α€›ှိα€›α€™α€Š်။ α€…ိုထိုင်းဆ ၆၀%ဆိုα€žα€Š်α€™ှာ ၎ထေα€›ာα€€ို α€œα€€်α€–ြင့်ဆုပ်α€€ြα€Š့်α€œျှင် α€‘α€œုံးα€–ြα€…်ပြီး α€œα€€်α€Šိုးα€–ြင့် α€–ိα€œိုα€€်α€œျှင် α€€ြဲα€žြား α€žော ထနေထထားα€–ြα€…်α€›α€™α€Š်။



၎င်းထပုံ၏ ထပေါ်α€™ှ α€€ောα€€်α€›ိုး (α€žို့α€™α€Ÿုတ်)   α€„ှα€€်ပျောα€›ွα€€်တို့α€–ြင့် α€–ုံးထုပ်α€”ိုင်α€žα€Š်။ α€–ုံးထုပ်ပြီး ၂ပတ်ခန့်ထကြာတွင် စတင်α€‘α€žုံးပြုα€”ိုင်α€žα€Š်။
Crd
#k.k#

ကရင်ပြα€Š်α€”α€š်α€˜α€€်α€žို့ ပို့ဆောင်α€™α€Š်α€Ÿုα€šူα€†α€›α€žα€Š့် α€œα€€်α€”α€€်ခဲα€šα€™်းα€™ီးα€€ျောα€€် ထမြောα€€်ထမြား α€™ဲဆောα€€်တွင်α€–α€™်းဆီးα€›α€™ိ





ကရင်ပြα€Š်α€”α€š်α€˜α€€်α€žို့ ပို့ဆောင်α€™α€Š်α€Ÿုα€šူα€†α€›α€žα€Š့် α€œα€€်α€”α€€်ခဲα€šα€™်းα€™ီးα€€ျောα€€် ထမြောα€€်ထမြား α€™ဲဆောα€€်တွင်α€–α€™်းဆီးα€›α€™ိ

 α‚၃ရက်  α†α€œ ၂၀၂၀

α€žα€α€„်း - ကရင်ထမျိုးα€žားα€™ီα€’ီα€šာ

α€’ီα€€α€”ေ့α€™α€”α€€်ပိုင်းα€€ ထိုင်း - α€™ြα€”်α€™ာα€”α€š်စပ် α€™ဲဆောα€€်α€™ြို့α€€ α€™ဲ့တောင်းα€…ီရင်α€…ုα€™ှာ ထိုင်းထာဏာပိုင်တွေα€€α€”ေ α€œα€€်α€”α€€်ခဲα€šα€™်း ထမြောα€€်ထမြားα€€ို α€–α€™်းဆီးα€›α€™ိခဲ့တာα€–ြα€…်ပါα€α€š်။

α€–α€™်းဆီးα€›α€™ိခဲ့တဲ့ α€œα€€်α€”α€€်ခဲα€šα€™်းတွေα€”ဲ့ ပတ်α€žα€€်α€™ှုα€›ှိα€α€š် α€œို့α€šူα€†α€›α€žူ  (၂) ဦးα€€ိုα€œα€Š်း ထိုင်းα€›ဲα€€ α€–α€™်းဆီးα€œိုα€€်ပြီး
α€…α€…်ဆေးα€™ှုတွေပြုα€œုပ်α€”ေပါα€α€š်။

Crd.....
α€™ူရင်းα€›ေးα€žား α€žူထားα€œေးα€…ားα€œျှα€€်
#k.k#

Monday, June 22, 2020

α€Šα€€ြီး ထချိα€”်မတော် α€œα€„်α€™α€šား α€”ှα€…်α€šောα€€်α€…ီးα€œာတဲ့ ဆိုင်α€€α€š်α€€ို α€™α€žα€„်္α€€ာα€œို့ α€›ှာα€–ွေ α€€ြα€Š့်α€œိုα€€်တဲ့ထခါ

α€Šα€€ြီး ထချိα€”်မတော် α€œα€„်α€™α€šား α€”ှα€…်α€šောα€€်α€…ီးα€œာတဲ့ ဆိုင်α€€α€š်α€€ို α€™α€žα€„်္α€€ာα€œို့ α€›ှာα€–ွေ α€€ြα€Š့်α€œိုα€€်တဲ့ထခါ..α€žα€”ားα€…α€›ာ α€šောα€€်ျားα€›ဲ့ထဖြα€…်….α€Šα€€ြီး ထချိα€”်မတော် α€œα€„်α€™α€šား α€”ှα€…်α€šောα€€်α€…ီးα€œာတဲ့ ဆိုင်α€€α€š်α€€ို α€™α€žα€„်္α€€ာα€œို့ α€›ှာα€–ွေ α€€ြα€Š့်α€œိုα€€်တဲ့ထခါ…
α€žα€”ားα€…α€›ာ α€šောα€€်ျားα€›ဲ့ထဖြα€…်….ထရမ်းα€€ိုα€š်ချင်းα€…ာ α€žα€”ားα€™ိရတဲ့ α€€ိုα€š်တွေ့ ထဖြα€…်ထပျα€€်α€œေး တစ်ခုပါ…
α€‘α€œုပ်ကပြα€”်α€œာ ပုံရပါα€α€š် α€šောα€€်ျားα€€ို α€€ြα€Š့်α€œိုα€€်တော့ α€”ောα€€်α€€ို α€€ြောα€€်α€€ြောα€€်α€œα€”့်α€œα€”့်α€”ဲ့ ပြα€”်α€€ြα€Š့်α€α€š်


α€€ျတော်တို့α€œဲ α€’ီα€œူ α€žိပ်α€›ိုးပုံ α€™α€›α€˜ူး ဆိုပြီး ဆိုင်α€€α€š်α€€ို ရပ်ခိုင်းပြီး တားα€œိုα€€်α€α€š်…
“α€…ိတ်α€™α€€ောင်းပါα€˜ူးα€—ျာ ဆိုင်α€€α€š် Tool box α€œေးα€–ွင့်ပြပါ α€›ှာပါα€›α€…ေဆိုတော့”α€–ွင့်ပြα€α€š် ပုဆိုးα€…α€œေးα€”ဲ့ပတ်ထားတဲ့ထထုပ်α€œေးα€–ွင့်α€€ြα€Š့်α€™α€š်α€œုပ်တော့ ထတင်းပြα€”်ဆွဲα€œုα€α€š်…
α€€ိုα€š်တွေα€œဲ α€˜ာα€›α€™α€œဲ α€™ူးα€šα€…်ဆေးဝါးα€–ြα€…်α€™α€š်ဆိုပြီး ပြα€”်ဆွဲα€šူပြီးα€–ြα€Š်α€€ြα€Š့်α€œိုα€€်တော့α€™ှ တစ်α€žောင်းတန် α€œေးတွေα€€ျα€…်α€”ေထောင်α€œိပ်ထားတာ α€₯ပဒေα€”ဲ့α€™α€œွတ်ကင်းတာα€˜ာα€™ှမပါα€›ှာပါα€˜ူး α€˜ာα€œို့ α€™ျα€€်α€…ိα€™ျα€€်α€”ှာပျα€€်α€”ေα€œဲဆိုပြီး စဉ်းα€…ားα€”ေတုα€”်း α€”ောα€€်ကပါα€œာတဲ့α€žူ့α€™ိα€”်းα€™α€€ ထဲ့ပိုα€€်ဆံα€€ α€˜ာα€œုပ်တာα€œဲပေးဆိုပြီး ထိတ်ထဲ ဆောင့်α€€ြီးထောင့်α€€ြီးα€”ဲ့ နဂါးα€™ျα€€်α€…ောင်းα€œို α€šောα€€်ျားα€–ြα€…်α€žူα€€ို α€€ြα€Š့်ပြီး ဆွဲα€šူ α€‘α€Š့်α€œိုα€€်α€α€š် α€œα€€်α€…α€žα€်တော့ α€™ိα€”်းα€™ α€™α€žိထောင်α€˜α€်ထားတဲ့ α€˜α€်ငွေတွေα€–ြα€…်α€”ေတာα€€ိုးα€žူကတော့ α€€ျတော်တို့ တွေα€€ိုα€™ေတ္တာပို့α€”ေα€™ှာα€žေချာပါα€α€š်… α€’ီα€›ဲတွေα€™ွှေα€œို့ ငါ့α€™ိα€”်းα€™ α€™α€žိထောင် α€˜α€်ထားတဲ့ ငွေတွေပါα€žွားပြီဆိုပြီး…α€€ျတော်α€œဲ α€žူ့α€™ိα€”်းα€™α€–ြα€…်α€žူα€€ို α€œှα€™်းα€žα€ိပေးα€œိုα€€်ပါα€α€š်…“ထိα€™်α€›ောα€€်ရင် ထဲ့ပိုα€€်ဆံα€œေး α€”ဲ
့ ဆေးခန်းα€œိုα€€်ပြရထောင်ထိ α€™α€œုပ်ပါα€”ဲ့α€œို့α€›α€š်α€™ောပျော်α€›ွှင် ပြုံပျော် α€€ြပါα€…ေ….

Crd....
α€™ူရင်းα€›ေးα€žားα€žူထားα€œေးα€…ားα€œျှα€€်
#K.k

α€™ြα€…်ဆုံထက်ပိုပီး α€™ြα€”်α€™ာပြα€Š်α€€ တရုတ်α€€ြီး α€œိုချင်α€”ေတဲ့ထရာ.. α€™ိခင်ဧရာဝတီα€™ြα€…်

α€™ြα€…်ဆုံထက်ပိုပီး α€™ြα€”်α€™ာပြα€Š်α€€ တရုတ်α€€ြီး α€œိုချင်α€”ေတဲ့ထရာ.. α€™ိခင်ဧရာဝတီα€™ြα€…်α€€ြီးα€›ဲ့ ဦးခေါင်းα€€α€… တရုတ်α€€ြီးထဆိပ်ခတ် ခံα€œိုα€€်ရပြီα€œား ..α€™ြα€…်ဆုံထက်ပိုပီး α€™ြα€”်α€™ာပြα€Š်α€€ တရုတ်α€€ြီး α€œိုချင်α€”ေတဲ့ထရာ..

..α€™ြα€…်ဆုံထက်ပိုပီး α€™ြα€”်α€™ာပြα€Š်α€€ တရုတ်α€€ြီး α€œိုချင်α€”ေတဲ့ထရာ.. α€™ိခင်ဧရာဝတီα€™ြα€…်α€€ြီးα€›ဲ့ ဦးခေါင်းα€€α€… တရုတ်α€€ြီးထဆိပ်ခတ် ခံα€œိုα€€်ရပြီα€œား ..α€™ြα€…်ဆုံထက်ပိုပီး α€™ြα€”်α€™ာပြα€Š်α€€ တရုတ်α€€ြီး α€œိုချင်α€”ေတဲ့ထရာ..၁၉၉၄ ခုα€”ှα€…် α€œောα€€် α€€α€α€Š်းα€€ α€™ြα€”်α€™ာα€”ိုင်ငံ α€”ဲ့ တရုတ်α€”ိုင်ငံα€”α€š်စပ် α€’ေα€žα€–ြα€…်တဲ့ ပန်ဝါ၊ ချီα€–ွေ၊ α€–ီα€™ော်၊ စင်α€€ြိုင်၊ α€€α€”်ပိုင်တီစတဲ့ α€’ေα€žα€ွေα€™ှာ တရုတ် α€€ုα€™္မဏီတွေα€€ Rare Earth တွေα€›ှာα€–ွေတူး α€–ော်α€”ေခဲ့α€€ြ ပါ α€α€š် ။တူးα€–ော်ပုံα€€ Rare Earth ထွα€€်တဲ့ α€œုပ်α€€ွα€€် α€™ှာ α€™ြေα€€ျင်း တွင်းဝ ထကျα€š် ၆ α€œα€€်α€™၊ ထနက် ၁၂ α€™ီတာ ထထိတူးပြီး ထဲα€’ီ α€€ျင်းထဲ α€€ို ထမိုα€”ီα€šα€™်ဆာα€œ်α€–ိတ် (NH4)2 SO4 တွေ ၊ထက်α€…α€…်တွေ ထပါထဝင် တခြား chemical compound α€›ောထား တဲ့ α€‘α€›α€Š်တွေ α€‘α€Š့် α€α€š်…


ထဲα€’ီဓာတ်‌ပေါင်းα€›α€Š်တွေα€”ဲ့ ဓာတ်ပြုပြီး ထွα€€်α€œာတဲ့ ပျော်α€›α€Š်တွေ α€€ို α€€ျင်းတွေထောα€€် α€™ှာ α€‚α€œှိုဏ်α€–ောα€€်ပြီး α€žα€္တုα€›α€Š်တွေ α€€ို ၁၀-၂၀ α€œောα€€်ထကျα€š်α€›ှိပြီး α€™ိုးα€€ာα€… ခံထားတဲ့ α€žိုα€œှောင်α€€α€”်တွေထဲ α€€ို
α€‘α€Š့်‌α€œှောင်ပါα€α€š် α€œှောင်ထားပြီး α€™ြေα€›ှားα€›α€Š်တွေ α€‘α€”α€Š်ထိုင်α€œာတဲ့ ထခါ ထပေါ်α€šံ α€›ေα€€ြα€Š်တွေα€€ို ပြα€”်α€…ုပ် ထုတ်α€α€š်၊ α€›α€œာတဲ့ α€‘α€”α€Š် ထစိုတွေ α€€ိုတော့ α€‘α€”α€Š် α€žိုα€œှောင်α€€α€”်ထဲα€€ို α€‘α€Š့်ပြီး
ထခြောα€€်ခံထား α€α€š်α€œို့ α€žိရပါα€α€š် α€žိုα€œှောင်ထားတဲ့ α€‘α€”α€Š်တွေခြောα€€်α€žွားပြီ ဆိုရင်တော့ α€™ြေα€›ှား α€œို့ ခေါ်တဲ့α€žα€္တု α€€ို α€›α€›ှိပြီα€–ြα€…်α€œို့ ထိတ်တွေထဲ α€€ို α€‘α€Š့်ပြီး တရုတ်α€”ိုင်ငံ α€€ို α€€ားα€€ြီးတွေα€”ဲ့α€žα€š်α€šူα€žွား ပါα€α€š် α€”ိုင်ငံတကာα€™ှာ α€˜α€š်α€œိုα€”α€Š်း α€”ဲ့ ထုတ်α€šူα€€ြα€α€š် α€™α€žိပေα€™α€š့် ထဲα€’ီα€”ေα€›ာα€™ှာတော့ တရုတ်တွေα€€ ထဲα€’ီα€œိုα€”α€Š်းတွေα€”ဲ့ ထုတ်α€šူα€”ေα€€ြတာပါ…α€™ြေα€›ှားα€žα€္တုတူးα€–ော်တဲ့ထခါα€žုံးတဲ့ ဓာတ်ပေါင်းα€›α€Š် α€”ဲ့ တူးα€–ော်α€”α€Š်း α€€ို α€™ြင်α€šောင်α€€ြα€Š့် α€œိုα€€်ပါ α€˜α€š်α€œောα€€်α€€ြောα€€်α€…α€›ာα€€ောင်းα€œိုα€€်α€žα€œဲ …α€’ီα€œိုတူးα€–ော်α€™ှုတွေα€€ြောင့် ထဲα€’ီα€’ေα€žα€™ှာ α€žα€˜ာဝပတ်ဝန်းα€€ျင်ပျα€€်α€…ီး၊ α€žα€€်α€›ှိတွေ ထဆိပ်α€žα€„့်α€žေα€€ျေ ပျα€€်α€…ီးရတာ α€™α€”α€Š်းပါα€˜ူး ထခုထိα€œα€Š်း ခံα€…ားα€”ေα€€ြရတုα€”်းပါ α€œα€™်းပန်းထဆက်α€‘α€žွα€š်ခက်ခဲတဲ့α€’ေα€žα€–ြα€…်α€”ေတဲ့ ထတွα€€် တခြား α€œူတွေα€žိ ပ်α€™α€žိခဲ့α€€ြတာပါ…α€€α€™္α€˜ာပေါ် α€™ြေα€›ှားα€žα€္တု ထွα€€်α€›ှိတဲ့α€”ိုင်ငံ‌တွေ α€›ှိပေα€™α€š့် α€”ိုင်ငံထများα€…ုα€€ မထုတ်α€šူα€€ြ ပါα€˜ူး α€˜ာα€€ြောင့်α€œဲ ဆိုရင် α€žα€္တု‌တူးα€–ော်α€™ှု α€™ှာα€™ြေα€›ှားတူးα€–ော်α€™ှုα€€ α€žα€˜ာဝဝန်းα€€ျင် ထိခိုα€€် ပျα€€်α€…ီးα€…ေဆုံးα€–ြα€…်α€”ေα€œို့ပါ α€’ါα€€ြောင့် α€™ြေα€›ှားα€›ှိတဲ့α€”ိုင်ငံထများα€…ုα€€ α€žူတို့ α€€ိုα€š်တိုင် တူးα€–ော်α€™ှုα€™α€œုပ်α€€ြပဲ α€žူα€™ျားဆီα€€ေ နပဲ α€α€š်α€€ြတာα€™ျား ပါα€α€š်…
ခေတ်α€™ီα€”α€Š်းα€…α€”α€…်တွေα€”ဲ့ α€…α€”α€…်တကျတူးα€–ော် တဲ့ α€”ိုင်ငံတွေတောင် α€’ီα€œိုα€œα€€်α€›ှောင်α€€ြတဲ့ α€™ြေα€›ှားα€žα€္တုα€€ို α€™ြα€”်α€™ာα€”ိုင်ငံ ကချင်ပြα€Š်α€”α€š်α€™ှာတော့ α€™ြေα€€ြီးထဲα€€ တီတူးတာထက်α€€ိုα€œွα€š်α€œွα€š်α€€ူα€€ူ တူးα€–ော်α€”ေα€€ြ ပေါပေါα€™ျားα€™ျားခွင့်ပြုပေးα€”ေတာပါ…ထခုα€œα€Š်း α€™ြα€”်α€™ာပြα€Š်α€™ြောα€€်α€–ျားပိုင်း ကချင်ပြα€Š်α€”α€š် ပူတာထိုခရိုင် ခေါင်α€œα€”်α€–ူးα€™ြို့α€”α€š်α€›ှိ α€™ြေဧက ၃ α€žိα€”်းခန့်α€™ှာ α€›ွှေ၊α€€ြေးα€”ီα€”ှင့် ဆက်စပ် α€žα€္တုα€™ျား α€›ှာα€–ွေα€›ေး α€…α€™်းα€žα€•်တိုင်းတာα€›ေး α€œုပ်ငန်းα€™ျား α€œုပ်ဆောင်ခွင့် α€€ို Fortuna Metals Co,Ltdα€€ို ပြီးခဲ့တဲ့ α€™ေα€œ ချပေးα€œိုα€€်ပြα€”်ပါပြီ…
α€›ွှေ၊ α€€ြေးα€”ီα€”ဲ့ ဆက်စပ်α€žα€္တုα€›ှာα€–ွေခွင့်α€™ှာ ဆက်စပ်α€žα€္တုဆိုတာ ပါα€”ေတဲ့ ထပြင် Rare Earth ထွα€€်တဲ့ α€’ေα€ž၊ တူးα€–ော်α€”ေα€€ြတဲ့ α€”ေα€›ာα€–ြα€…်α€”ေတဲ့ထတွα€€် Rare Earth α€›ှာα€–ွေα€…α€™်းα€žα€•်α€–ို့α€€α€›ာခိုင်α€”ှုα€”်းပိုα€™ျား α€”ေα€α€š်α€œို့ ထင် ပါα€α€š် α€œα€€်α€›ှိချပေးတာα€€ α€›ှာα€–ွေα€…α€™်းα€žα€•်ခွင့်ဆိုပေα€™α€š့် α€žα€္တုα€₯ပဒေထရဆိုရင် α€›ှာα€–ွေα€…α€™်းα€žα€•်ခွင့် ရတဲ့ α€€ုα€™္မဏီကပဲ တူးα€–ော်ခွင့်α€› α€™ှာα€–ြα€…်ပြီးဆက်စပ်α€žα€္တုα€œို့ ဆိုထားတဲ့ ထတွα€€်α€œα€Š်း Rare Earth တွေ့ခဲ့ရင် တူးα€–ော်ခွင့်α€›ှိα€”ေပါα€α€š် α€’ီα€œိုထခြေထနေ α€™ှာ α€α€€α€š်α€œို့ Rare Earth တွေ့ခဲ့α€™α€š်၊ တူးα€–ော်ခဲ့α€™α€š် ဆိုရင် α€˜α€š်α€œိုα€”α€Š်း α€”ဲ့တူးα€–ော် ထုတ်α€œုပ်α€™ှာα€œဲထပေါ်α€™ှာα€›ေးခဲ့α€žα€œို α€”α€Š်းα€”ဲ့α€žာ ဆိုရင် α€™ြα€”်α€™ာတစ်α€”ိုင်ငံα€œုံးα€€ို ထဆိပ်ခတ်α€œိုα€€်တာ α€”ဲ့ ထတူတူပါပဲ ။ α€˜ာα€€ြောင့်α€œဲဆိုရင် ခေါင်α€œα€”်α€–ူးα€’ေα€žα€Ÿာ α€™ြα€”်α€™ာ့α€‘α€žα€€်α€žွေးα€€ြောဧရာဝတီα€›ဲ့ α€›ေဝေα€›ေα€œဲα€’ေα€žα€–ြα€…်α€”ေα€œို့ပါ ။
α€˜α€š်α€œိုα€”α€Š်း α€”ဲ့ပဲထုတ်ထုတ် α€žေချာတာကတော့ ထဲα€’ီα€”ေα€›ာα€™ှာα€žာ Rare Earth ထုတ်ခဲ့ရင် α€‘α€”α€Š်းထများ ထဆိပ်α€žα€„့်α€€ြα€›α€™ှာပါပဲ ။
Rare Earth မထုတ်ပဲ တခြားα€žα€္တုတူးα€–ော်α€™α€š် ဆိုရင်တောင် α€”ောα€€်ဆက်တွဲ ထနေα€”ဲ့ α€žα€…်တောပြုα€”်းတီးα€™α€š် α€žα€္တုတူးα€–ော်တဲ့α€”ေα€›ာα€™ှာ α€žုံးတဲ့ ဓာတုပစ္α€…α€Š်းတွေ α€œα€Š်း ဧရာဝတီထဲ α€›ောα€€်α€œာ α€™ှာ α€‘α€žေထချာပါ

Save The Ayeyarwaddy α€œို့ထော်ခဲ့α€€ြတဲ့ α€œူတွေα€œα€€်ထက်α€™ှာ α€™ှ α€™ြα€”်α€™ာ့α€‘α€žα€€်α€žွေးα€€ြော ဧရာဝတီα€œα€Š်း ဦးခေါင်းα€€α€… ထဆိပ်ခတ် ခံα€œိုα€€်ရပြီα€œား တွေးα€™ိပြီး α€…ိတ်α€™α€€ောင်းα€–ြα€…် ရပါα€α€š်…


Crd...
α€™ူရင်းα€›ေးα€žား α€žူထားα€œေးα€…ားα€œျှα€€်
#k.k

ပြီးခဲ့α€žα€Š့်α€”ှα€…် α€™ေα€œ ၁၂ α€›α€€်α€€ α€™α€”္α€α€œေးထပြα€Š်ပြα€Š်ဆိုင်α€›ာ တံတား

ပြီးခဲ့α€žα€Š့်α€”ှα€…် α€™ေα€œ ၁၂ α€›α€€်α€€ α€™α€”္α€α€œေးထပြα€Š်ပြα€Š်ဆိုင်α€›ာ တံတားတံတားဦးα€œေဆိ α€™ြα€”်α€™ာထမျိုးα€žားα€œေα€€ြောင်းα€œိုင်းα€™ှ Embraer 190 α€œေα€šာဉ်ဆင်းα€žα€€်စဉ် α€›ှေ့α€˜ီးα€™α€€ျခဲ့α€™ှုα€žα€Š် ပြုပြင်ထိα€”်းα€žိα€™်းα€™ှုα€™α€œျော်α€€α€”်ခြင်းα€€ြောင့်α€Ÿု α€…ုံα€…α€™်းα€…α€…်ဆေးα€žူα€™ျားα€€ α€šုံα€€ြα€Š်ထားα€€ြα€žα€Š်။
α€›α€”်α€€ုα€”်α€™ှထွα€€်ခွါα€œာα€žော α€œေα€šာဉ်ထမှတ် XY-AGQ α€žα€Š် α€™α€”္α€α€œေးα€œေα€šာဉ်ပြေးα€œα€™်း ၁၇ တွင် α€›ှေ့α€˜ီးα€™α€€ျα€˜ဲဆင်းα€žα€€်ခဲ့α€›α€™ှုα€€ြောင့် α€œေα€šာဉ်α€€ိုα€š်ထောα€€်ပိုင်း၊ α€›ှေ့α€˜ီးတံခါးα€”ဲ့ တခြားα€…α€”α€…်α€™ျား ပျα€€်α€…ီးα€™ှုα€›ှိခဲ့α€žα€Š်။ α€œေα€šာဉ်ပေါ်α€œိုα€€်ပါα€œာα€žော ထမှုထမ်းα€”ှင့်ခရီးα€žα€Š် αˆα‰ α€šောα€€်α€žα€Š် ထိခိုα€€်ဒဏ်α€›ာα€™α€›α€›ှိခဲ့ပေ။
α€œေα€šာဉ်ပျံα€žα€”်းα€™ှုα€™ှတ်တမ်းထချα€€်α€‘α€œα€€်α€…α€…်ဆေးα€™ှုထရ main landing gear α€”ှင့် nose-gear (α€›ှေ့α€˜ီး) ပေါ်တွင်α€›ှိα€žα€Š့် weight-off-wheels sensor α€™ျားα€žα€Š် α€œေα€šာဉ်α€›α€”်α€€ုα€”်α€™ှထထွα€€်တွင် α€™ှα€”်α€™ှα€”်α€€α€”်α€€α€”် α€™ှတ်တမ်းတင်α€”ိုင်ခဲ့α€žα€Š်α€€ို ပြα€žα€”ေα€žα€Š်။Landing-gear ပြα€”်α€žိα€™်းα€›α€”် α€Šွှα€”်α€€ြားပြီးခဏထကြာတွင် α€›ှေ့α€˜ီးα€α€œုတ်ထချα€€်ပြα€žα€Š် false α€Ÿု ထချα€€်ပြα€”ေခဲ့α€žα€Š်။ α€™ြα€”်α€™ာα€”ိုင်ငံ α€œေα€šာဉ်မတော်တဆမှုဆိုင်α€›ာα€…ုံα€…α€™်းα€…α€…်ဆေးα€›ေးα€—ျူα€›ိုα€€ ပြောα€€ြားα€›ာတွင် α€›ှေ့α€˜ီးα€žα€Š် ၎င်း၏α€—α€Ÿိုထနေထထားα€™ှချော်ထွα€€်α€”ေပြီး ၂၀ α€’ီဂရီα€œှα€Š့်α€”ေα€žα€Š်α€Ÿု ဆိုα€žα€Š်။ α€œေα€šာဉ်α€˜ီးခန်းထတွင်း α€›ှေ့α€˜ီးα€žα€Š် α€›ှα€…်α€’ီဂရီထက်ပိုα€™ိုα€œှα€Š့်α€”ေပါα€€ landing-gear ထုတ်α€žα€Š့်ထချိα€”်တွင် α€˜ီးခန်းထတွင်းα€™ှ α€›ှောα€›ှောα€›ှူα€›ှူမထွα€€်α€”ိုင်ထို့α€€ြောင့် α€œေα€šာဉ်α€™ှူးα€€ α€œေဆိပ်ထရောα€€် landing-gear ချα€›α€”်α€€ြိုးα€…ားα€›ာတွင် α€›ှေ့α€˜ီးα€™ှာ α€Šα€•်α€”ေခဲ့ခြင်းα€–ြα€…်α€žα€Š်။
α€šα€α€„်α€œေα€šာဉ်ခရီးစဉ် ၂၃ ခုα€”ှα€…်တွင်α€œα€Š်း α€‘α€œားတူ ထဖြα€…်α€™ျိုးα€›ှိα€€ြောင်း α€œေα€šာဉ်α€™ှတ်တမ်းတင်ထချα€€်α€‘α€œα€€်α€™ျားထရ α€žိα€›α€žα€Š်။
α€œေα€šာဉ်α€™ျားထားα€œုံး ထူးခြားချα€€်တစ်α€…ုံတစ်α€›ာα€™α€›ှိα€˜ဲ ပျံα€žα€”်းချိα€”်တွင် α€›ှေ့α€˜ီးတာα€šာα€™ျားα€œα€Š်ထွα€€်ပြီး α€˜ီးတွင်α€Šα€•်α€”ေα€žα€Š့် ထန္တရာα€š်α€›ှိခဲ့α€€ြောင်း α€…ုံα€…α€™်းα€…α€…်ဆေးα€›ေးထဖွဲ့α€€ ပြောα€žα€Š်။
Weight-on- wheels α€…α€”α€…်α€”ှင့်ပတ်α€žα€€်α€žော ပြα€Ώα€”ာα€€ို ပြုပြင်α€›ာတွင် α€™α€€ြာα€žေးα€™ီα€€ α€›ှေ့α€˜ီးဝန်ဆောင်α€™ှုပိုင်းα€™ျားပြုα€œုပ်ထားα€€ြောင်း ထိုထချα€€်α€™ျားα€€ α€Šွှα€”်ပြα€žα€Š်။ ၎င်းပြα€Ώα€”ာα€žα€Š် မတော်တဆမှုα€™α€–ြα€…်ပွားα€™ီ α€œေးα€›α€€်α€‘α€œို α€™ေα€œ ၈ α€›α€€်α€€ α€›α€”်α€€ုα€”်-α€™α€”္α€α€œေးခရီးစဉ်တွင် α€–ြα€…်ပွားခဲ့ခြင်းα€–ြα€…်α€žα€Š်။ α€›α€”်α€€ုα€”်α€žို့ပြα€”်α€›ောα€€်ပြီးα€”ောα€€် α€›ှေ့α€˜ီး sensor α€™ျားပြုပြင်ထိα€”်းα€žိα€™်းပြီးα€”ောα€€် ပြα€”်α€œα€Š်ပြေးဆွဲခဲ့α€žα€Š်။
α€™ေα€œ ၁၁ α€›α€€်α€€ တခြား α€›α€”်α€€ုα€”်-α€…α€…်တွေ α€œေα€šာဉ်ခရီးစဉ်တွင်α€œα€Š်း α€œေα€šာဉ်α€™ှူးα€žα€Š် α€œေα€šာဉ်တက်ချိα€”်α€”ှင့်ဂီα€šာα€žိα€™်းစဉ်ထတွင်း α€›ှေ့α€˜ီးα€™ျားတုα€”်ခါα€”ေα€™ှုα€€ို ခံα€…ားခဲ့α€›α€žα€Š်α€Ÿုဆိုα€žα€Š်။ α€œေα€šာဉ်α€€ို တစ်α€Šα€œုံး α€”ောα€€်ထပ်ပြုပြင်ထိα€”်းα€žိα€™်းα€™ှုα€™ျား α€œုပ်ပေးခဲ့α€›α€žα€Š်။
α€•α€‘α€™α€œေα€šာဉ်မတော်တဆဖြα€…်α€™ှုα€žα€Š်α€œα€Š်း ပြုပြင်ထိα€”်းα€žိα€™်းပြီးα€”ောα€€် α€€ြုံတွေ့ခဲ့ခြင်းα€–ြα€…်α€žα€Š်။


Crd...
α€™ူရင်းα€›ေးα€žားα€žူထားα€œေးα€…ားα€œျှα€€်
#k.k

α€œα€€်α€žီးα€…α€…်ပွဲ ထိα€”္α€’ိα€šα€…α€…်α€žား α€‘α€”α€Š်းဆုံး α‚α€α€žေဆုံး



ပိုင်ဆိုင်α€™ှုထငြင်းပွားα€œျှα€€်α€›ှိα€žော α€Ÿိမဝန္တာα€”α€š်စပ်α€’ေα€žα€ွင် တရုတ်တပ်α€™ျားα€”ှင့် ပဋိပက္ခဖြα€…်ပွားα€›ာ၌ ထိα€”္α€’ိα€šα€…α€…်α€žား α€‘α€”α€Š်းဆုံး (၂၀) ဦး α€žေဆုံးα€€ြောင်း α€”α€šူးα€’ေα€œီထာဏာပိုင်တို့ ပြောဆိုα€œိုα€€်ပါα€α€š်။ α€šα€ု ထဖြα€…်ထပျα€€်α€žα€Š် တင်းα€™ာα€™ှုα€™ျားα€™ြင့်တက်α€œျှα€€်α€›ှိα€žော
တရုတ်-ထိα€”္α€’ိα€šα€”ှα€…်α€”ိုင်ငံထကြား ၄၅ α€”ှα€…်ထက် α€™α€”α€Š်းα€€ာα€œα€‘α€ွင်း ပထမဆုံး α€œူα€žေဆုံးα€›α€žα€Š့် α€”α€š်စပ်α€’ေα€ž ထိပ်တိုα€€်တွေ့α€™ှုα€–ြα€…်ပါα€α€š်။ ထိα€”္α€’ိα€šα€α€•်မတော်α€€ α€…ောα€…ောပိုင်းပြောα€€ြားα€›ာတွင် တနင်္α€œာα€”ေ့ α€Šα€”ေပိုင်းα€Ÿိမဝန္တာ “ α€œာα€’α€€် “ α€’ေα€žα€•α€‹ိပက္ခ၌ ၎င်းတို့α€˜α€€်α€™ှ
α€žေဆုံးα€žူ ၃-ဦးα€›ှိပြီး α€”ှα€…်α€–α€€်α€…α€œုံးတွင် ထိခိုα€€်α€žေဆုံးα€™ှုα€›ှိα€€ြောင်း ပါα€›ှိခဲ့ပါα€α€š်။ α€žို့α€žော် ထင်္ဂါα€”ေ့ α€”α€šူးα€’ေα€œီ ထရာα€›ှိα€™ျားပြောα€€ြားα€›ာတွင်α€™ူ ထိα€”္α€’ိα€šα€–α€€်α€™ှ ထိခိုα€€်α€žူထတော်α€™ျားα€™ျားα€™ှာ α€’ါဏ်α€›ာပြင်းထန်α€™ှုα€€ြောင့် α€žေဆုံးခဲ့α€›α€€ြောင်း α€–ော်ပြထားပါα€α€š်။ တရုတ်α€žα€Š်α€‚α€š်α€œ်ဝမ်တောင်α€€ြားα€›ှိ ထမှα€”်α€α€€α€š်ထိα€”်းချုပ်α€™ျဉ်းထား α€œေးα€…ားα€€ြα€›α€”် α€šα€α€„်α€›α€€်α€žα€္တပတ် α€”ှα€…်α€”ိုင်ငံα€žα€˜ောတူα€Šီချα€€်α€€ို ချိုးα€–ောα€€်α€€ြောင်း ထိα€”္α€’ိα€šα€•ြα€Š်ပရေးα€›ာဝန်α€€ြီးဋ္α€Œာα€”α€€ α€…ွပ်α€…ွဲထားပါα€α€š်။ α€Ÿိမဝန္တာတောင်တန်းα€’ေα€žα€™ျားα€›ှိ α€”ှα€…်α€”ိုင်ငံα€…α€…်တပ်α€™ျားထကြား α€šα€ုα€–ြα€…်ပွားα€žော ထကြα€™်းα€–α€€်α€™ှုα€™ှာ α€‘α€œွα€”်α€…ိုးα€›ိα€™်α€–ွα€š်ထခြေထနေα€žို့ တွα€”်းပို့α€›ာα€›ောα€€်α€€ြောင်း၊ ထိα€™်α€”ီးချင်း α€Šူα€€α€œီα€šားα€œα€€်α€”α€€်ပိုင် ထင်ထားα€€ြီး α€”ှα€…်α€”ိုင်ငံတို့ထတွα€€် α€‘α€œုံးα€…ုံပဋိပက္ခဖြα€…်ရခြင်းα€žို့ α€žα€€်ဆင်းα€™α€žွားရထောင် ခက်ခဲα€…ွာ ထိα€”်းချုပ်α€›α€œိα€™့််α€™α€š်α€œို့ α€€ျွα€™်းα€€ျင်α€•α€Šာα€›ှင်

α€™ျားα€€ ခန့်α€™ှα€”်းထားပါα€α€š်။ ထိα€”္α€’ိα€šα€α€•်မတော်၏ ထင်္ဂါα€”ေ့ပြောဆိုချα€€်ထရ ပဋိပက္ခတွင် ၎င်းတို့α€–α€€်α€™ှ ထရာα€›ှိ (၁) ဦးထပါထဝင် တပ်မတော် α€žား (၃) ဦး α€žေဆုံး၌ (၁၇) ဦး α€’ါဏ်α€›ာပြင်းထန်α€€ြောင်း ပါα€›ှိα€žော်α€œα€Š်း α€šα€ုα€”ောα€€်ဆုံးα€žα€α€„်းထရ α€žေဆုံးα€žူ ၂၀ ဦး
α€–ြα€…်α€œာပါα€α€š်။ ဆက်စပ်α€›α€›ှိα€žော α€žα€α€„်းα€™ျားထရ တရုတ်α€–α€€်တွင်α€œα€Š်း ၄၃ ဦးα€žေဆုံးα€€ြောင်း α€žိα€›ှိα€›α€žα€Š်α€Ÿု ထိα€”္α€’ိα€šα€žα€α€„်းα€…ာα€€ α€šα€”ေ့α€›ေးα€žားα€œိုα€€်ပါα€α€š်။ α€žို့α€žော် တရုတ်ထစိုးရထာα€˜ော် α€žα€α€„်းα€…ာα€€ α€›ေးα€žားα€›ာတွင်α€™ူ α€”ှα€…်α€–α€€်α€€ိုα€š်ထိ α€œα€€်α€›ောα€€်ပဋိပက္ခဖြα€…်ပွားα€›ာ၌ α€”ှα€…်α€–α€€်α€…α€œုံးတွင် ထိခိုα€€်α€žေဆုံးα€™ှုα€›ှိα€žα€Š်α€Ÿု တရုတ်ထာဏာပိုင်တို့α€€ ပြောဆိုα€žော်α€œα€Š်း ထရေထတွα€€် ထတိထကျα€–ော်ပြခြင်းα€™α€›ှိα€€ြောင်း၊ ပိုင်ဆိုင်α€™ှုထတိထကျမဆုံးα€–ြတ်α€›α€žေးα€žော α€”α€š်α€™ြေ၌ α€”ှα€…်α€”ိုင်ငံ ထမှα€”်α€α€€α€š်ထိα€”်းချုပ်α€™ျဉ်းα€€ို ထိα€”္α€’ိα€šα€α€•်α€–ွဲ့ဝင်α€™ျားα€€ ၂-α€€ြိα€™်တိုင်တိုင် α€€ျူးα€€ျော်ဝင်α€›ောα€€်α€€ာ တရုတ်တပ်α€–ွဲ့ဝင်α€™ျားထား တိုα€€်ခိုα€€်ခြင်းα€–ြα€…်α€€ြောင်း၊ ထိα€”္α€’ိα€šα€‘α€”ေα€–ြင့် α€”ှα€…်α€”ိုင်ငံα€žα€˜ောတူα€Šီချα€€်α€€ို α€œေးα€…ားα€›α€”် α€œိုထပ်α€€ြောင်း α€›ေးα€žားα€žα€Š်α€€ို တွေ့α€›ှိရပါα€α€š်။ ပိုင်ဆိုင်α€™ှုထငြင်းပွားα€œျှα€€်α€›ှိα€žောα€”ှα€…်α€”ိုင်ငံα€”α€š်စပ်တွင် α€šα€ုတစ်α€€ြိα€™်ထပါထဝင် α€œွα€”်ခဲ့α€žα€Š့် α€”ှα€…်ပေါင်း ၄၅ α€”ှα€…် α€€ျော်ထတွင်း α€”ှα€…်α€–α€€်α€…α€œုံးα€€ α€žေနတ်α€œα€€်α€”α€€် α€‘α€žုံးပြုပစ်ခတ်ခဲ့ခြင်းα€™α€›ှိα€€ြောင်း ထိα€”္α€’ိα€šα€€ ပြောဆိုခဲ့ပါα€α€š်။ α€œα€€်α€”α€€်α€‘α€žုံးမပြုα€€ြα€žော်α€œα€Š်း α€™α€Š်α€žα€Š့်α€”α€Š်းα€”ှင့် α€œူα€žေဆုံးα€›α€žα€Š်α€€ို

α€›ှင်းα€œα€„်းα€™α€žိα€›ှိα€›α€žော်α€œα€Š်း α€€ျောα€€်တုံး၊ တင်းပုတ်α€™ျားα€–ြင့် α€”ှα€…်α€–α€€် တိုα€€်ခိုα€€်α€€ြခြင်းα€–ြα€…်α€€ြောင်း α€žα€α€„်းα€™ျားထွα€€်ပေါ်α€”ေပါα€α€š်။ α€’ေα€žα€ံα€™ျားကတော့ ထိα€”္α€’ိα€šα€…α€…်α€žားတွေα€Ÿာ α€›ိုα€€်α€”ှα€€်ခံα€›α€™ှုα€€ြောင့် α€žေဆုံးခဲ့ရခြင်းα€–ြα€…်α€€ြောင်း ပြောဆိုα€”ေα€€ြပါα€α€š်။

Crd..
#k.k#

α€™ူးα€šα€…်ဆေးဝါးတားဆီးα€”ှိα€™်နင်းα€›ေးα€›ဲတပ်α€–ွဲ့α€™ှ ပြင်ဦးα€œွင်α€™ြို့α€”α€š်တွင် α€…ိတ်α€€ြွα€›ူးα€žွပ်ဆေးပြားα€™ျား α€–α€™်းဆီးα€›α€™ိ.......

α€™ူးα€šα€…်ဆေးဝါးတားဆီးα€”ှိα€™်နင်းα€›ေးα€›ဲတပ်α€–ွဲ့α€™ှ ပြင်ဦးα€œွင်α€™ြို့α€”α€š်တွင် α€…ိတ်α€€ြွα€›ူးα€žွပ်ဆေးပြားα€™ျား α€–α€™်းဆီးα€›α€™ိ.......

6.22.2020

α€™ူးα€šα€…်ဆေးဝါးတားဆီးα€”ှိα€™်နင်းα€›ေးα€›ဲတပ်α€–ွဲ့α€™ှ တားဆီးα€”ှိα€™်နင်းα€›ေးα€œုပ်ငန်းα€™ျားဆောင်α€›ွα€€်စဉ် ပြင်ဦးα€œွင်α€™ြို့α€”α€š်တွင် α€…ိတ်α€€ြွα€›ူးα€žွပ်ဆေးပြားα€™ျား α€–α€™်းဆီးα€›α€™ိခဲ့α€€ြောင်း α€žိα€›α€žα€Š်။

α€–ြα€…်စဉ်α€™ှာ ဇွα€”်α€œ ၂၁ α€›α€€်α€”ေ့ ၀၅၃၀ ထချိα€”်တွင် α€™ူးα€šα€…်ဆေးဝါးတားဆီးα€”ှိα€™်နင်းα€›ေးα€›ဲတပ်α€–ွဲ့α€™ှ တပ်α€–ွဲ့ဝင်α€™ျားα€žα€Š် α€žα€α€„်းထရ α€žα€€်α€žေα€™ျားα€”ှင့်ထတူ ပြင်ဦးα€œွင်α€™ြို့၊ ရပ်α€€ွα€€်α€€ြီး(၁၉)α€›ှိ မင်းမင်းထောင်(ခ)α€–ိုးα€„α€š်α€”ှင့် α€Ÿိα€”်းα€€ိုα€€ို ၂၀ α€”ှα€…်တို့၏ α€”ေထိα€™်ထား α€›ှာα€–ွေα€›α€”်ဝင်α€›ောα€€်စဉ် မင်းမင်းထောင်(ခ)α€–ိုးα€„α€š် α€™ှာ α€”ေထိα€™်α€”ောα€€်α€˜α€€်α€›ှိ α€œျှိုထတွင်းα€žို့ ထွα€€်ပြေးα€žွားပြီး α€Ÿိα€”်းα€€ိုα€€ိုထား α€”ေထိα€™်တွင်တွေ့α€›ှိα€€ာ α€”ေထိα€™်ထိပ်ခန်းထတွင်းα€”ှင့် α€”ေထိα€™်α€›ှေ့တွင်ရပ်ထားα€žော α€™ော်တော်α€šာဉ်ထတွင်းတို့α€™ှ α€•α€œα€်စတစ်ကပ်ခွာထိတ်α€™ျားα€–ြင့်α€‘α€Š့်ထားα€žα€Š့် α€…ိတ်α€€ြွα€›ူးα€žွပ်ဆေးပြား ၁၀၂၀၀ ပြား(α€’ေα€žα€€ာα€œα€•ေါα€€်α€…ျေးတန်α€–ိုးငွေα€€ျပ် ၂၀၄ α€žိα€”်း)α€”ှင့် α€™ူးα€šα€…်ဆေးဝါးα€žုံးα€…ွဲα€›ာတွင်α€‘α€žုံးပြုα€žα€Š့် ဆက်စပ် ပစ္α€…α€Š်းα€™ျားထား တွေ့α€›ှိα€žိα€™်းα€†α€Š်းα€›α€™ိခဲ့α€žα€–ြင့် ပြင်ဦးα€œွင်α€™ြို့α€™α€›ဲစခန်းတွင် α€™ူးα€šα€…်ဆေးဝါးα€”ှင့် α€…ိတ်α€€ိုပြောင်းα€œဲ α€…ေα€žောဆေးဝါးα€™ျားဆိုင်α€›ာα€₯ပဒေα€–ြင့် ထမှုα€–ွင့်ထရေးα€šူပြီး α€€ွင်းဆက်α€™ျား α€–ော်ထုတ်α€…α€…်ဆေးα€œျα€€်α€›ှိα€€ြောင်း α€žα€α€„်းα€›α€›ှိα€žα€Š်။

Crd...
α€™ူရင်းα€›ေးα€žား α€žူထားα€œေးα€…ားα€œျှα€€်
#k.k

Saturday, June 20, 2020

ထိα€”္α€’ိα€šα€”ိူင်ငံα€™ွα€”်းα€α€Š့်α€€ောင်းကင်α€™ှာ α€”ေα€€ြတ်

ထိα€”္α€’ိα€šα€”ိူင်ငံα€™ွα€”်းα€α€Š့်α€€ောင်းကင်α€™ှာ α€”ေα€€ြတ်
-------------------------------------------------
၂၁.၆.၂၀၂၀ α€”ေα€€ြတ်α€™α€š်-

α€”ေα€€ြတ်ခြင်းဆိုတာα€”ှα€…်တိုင်းα€œိုα€œိုα€–ြα€…်တတ်တဲ့
α€–ြα€…်စဉ်α€™ျိုးα€™ို့ ထရမ်းထူးထွေဆန်းပြားα€œွα€”်းတဲ့
α€–ြα€…်ရပ်α€™ျိုးတော့α€™α€Ÿုတ်ပါα€˜ူး --

α€”ေα€€ြတ်တိုင်းα€œိုα€œို α€œα€•ြα€Š့် / α€œα€€ွα€š်α€”ေ့တွေ
α€™ှာ ပဲ α€–ြα€…်α€€ြတာα€™ျိုးပါပဲ ။ α€”α€€္ခတ်α€—ေဒင်ဂဏိ
တ ပိုင်း α€‘α€œိုထရတော့ α€›ာα€Ÿုဂြိုα€Ÿ် / α€€ိတ်ဂြိုα€Ÿ်
တို့ α€α€Š်α€›ှိα€›ာ α€›ာα€žီα€žို့ တနင်္ဂနွေ ဂြိုα€Ÿ်α€›ောα€€်ရင်α€–ြα€…်
တာα€™ျိုးပါပဲ --

α€’ီတော့ α€€ိတ်α€€ြတ်ရင်α€€ြတ်/ α€€ိတ်α€™α€€ြတ်ချင်
α€›ာα€Ÿု α€€ြတ်တာပါပဲ --

ထခုα€”ေα€€ြတ်α€€ α€™ေထုα€”်α€›ာα€žီ တနင်္ဂနွေ (α€”ေမင်း)
α€›ောα€€်α€›ှိခိုα€€် α€”ေα€€ြတ်α€–ြα€…်စဉ်α€€ြုံတာα€™ို့ ထိုα€”ေ
α€€ြတ်α€€ို α€›ာα€Ÿုα€€ြတ်α€œို့ခေါ်ပါα€α€š်---

α€”ေα€€ြတ်တဲ့ ထခါ ထဲ့α€’ီ့α€›α€€်ပိုင်းα€–ြα€…်α€œေ့α€–ြα€…်ထရှိ
တတ်တဲ့ ထကြောင်းα€€ α€€α€™္α€˜ာα€™ြေပြင်α€™ှာ α€›ာα€žီ
α€₯တု α€–ောα€€်ပြα€”်α€™ှု့တွေα€”ဲ့ α€žα€€်ဆိုင်တဲ့ထကျိုးဆက်
တွေ α€–ြα€…်ပေါ်α€œာတတ်ပါα€α€š်--

α€”ေα€€ြတ်ခြင်းα€”ဲ့ပါတ်α€žα€€်α€žα€€်ဆိုင်တဲ့ ထကျိုးဆက်
တွေα€€ို α€”α€€္ခတ်α€—ေဒင်α€‘α€šူဆပိုင်းထရရှေးα€–ြα€…်α€Ÿော
ပြောချα€€်တွေ α€›ှိပြα€”်ပါα€α€š်--

--ထဓီα€€ α€”ေα€€ြတ်ခြင်းα€–ြα€…်စဉ်α€žα€Š် α€”ိူင်ငံတစ်α€”ိူင်ငံ
၏ α€™ွα€”်းα€α€Š့်α€€ောင်းကင်α€™ှာα€€ြတ်ခြင်း ၊ α€”ိူင်ငံတစ်
α€”ိူင်၏ တိတ်α€…ွဲα€›ာα€žီ ပေါ်α€€ြတ်ခြင်း၊ α€”ိူင်ငံတစ်α€”ိူင်
ငံ၏ ဇာတာα€œα€‚်ပေါ် α€€α€™္α€™α€˜ာ၀ပေါ် α€”ေα€€ြတ်α€™ှု့
α€–ြα€…်ခြင်း ၊ α€”ေα€€ြတ်α€€ို α€™ြင်α€›α€žော α€”ိူင်ငံα€–ြα€…်ခြင်း
တို့ ထပေါ်α€™ူα€α€Š် α€Ÿောပြောα€€ြပါα€α€š်---

ထခု ၂၁ α€›α€€်α€”ေ့၏ α€”ေα€€ြတ်α€–ြα€…်စဉ်α€žα€Š် ထိα€”္α€’ိα€š
α€™ွα€”်းα€α€Š့် α€™ျဉ်းα€α€Š့်α€α€Š့်တွင် α€”ေα€€ြတ်ခြင်းα€€
ထိုα€”ိူင်ငံထတွα€€် ထနိα€Œα€›ုံ တွေ ၀င်α€œာα€”ိူင်ပါα€α€š်---

ထိုα€žို့ α€”ိူင်ငံ α€™ွα€”်းα€α€Š့်α€€ောင်းကင်α€šံα€”ေα€€ြတ်α€–ြα€…်
စဉ်α€”ှင့်ပတ်α€žα€€်α€žα€Š့် α€žα€™ိုင်းα€™ျား α€›ှိα€”ေပါα€α€š်
ထို α€–ြα€…်ရပ်α€žα€™ိုင်းတွေထဲα€€ ထနီးစပ်ဆုံး ပြောα€›
ရင် --

''α€›ုα€›ှားα€”ိူင်ငံ α€™ွα€”်းα€α€Š့်α€€ောင်းကင်α€šံα€™ှာα€”ေα€€ြတ်
ပြီး ထိုα€œα€‘α€ွင်း ထိα€™်α€”ီးချင်းα€šူα€€α€›ိα€”်းα€”ိူင်ငံα€”ှင့်
α€…α€…်α€–ြα€…်ခဲ့ပါα€α€š်''

ထခု ထိα€”္α€’ိα€šα€”ိူင်ငံ α€™ွα€”်းα€α€Š့်α€”ေα€€ြတ်ခြင်းα€Ÿာ
α€˜ေးα€˜α€šာα€€ြီးထွားα€™ှု့ α€”ှင့် α€…α€…်α€™α€€် α€–ြα€…်α€œာ
α€”ိူင်ခြေ α€€ိုα€žα€ိပြုα€›α€™ှာ α€–ြα€…်ပါα€α€š်---

α€”ောα€€်တစ်ခုα€€ α€”ေα€€ြတ်ပြီး (၁၄)α€›α€€်ထကြာ
α€œα€€ြတ်α€™α€š် α€œα€€ြတ်ပြီး (၁၄)α€›α€€်ထကြာα€”ေ
α€€ြတ် α€™α€š် ဆိုရင် ပြင်းထန်တဲ့ ဆိုးα€€ြိုးတွေα€€
α€™္α€˜ာα€€ြီးα€€ိုα€›ောα€€်α€œာတတ်ပါα€α€š် ထခု α€œα€€ြတ်
α€”ေα€€ြတ် α€–ြα€…်စဉ်α€Ÿာ (၁၄)α€›α€€် ထကွာα€™α€Ÿုတ်α€œို့
α€…ိတ်α€žα€€်α€žာရပါα€α€š်--

α€”ံပါတ် -၂  ထနေα€”ဲ့ α€™ေထုα€”်α€›ာα€žီ α€”ေα€€ြတ်ခြင်း
α€Ÿာ ထမေα€›ိα€€α€”်ပြα€Š်ထောင်α€…ု α€œွတ်α€œα€•်α€›ေး
ဇာတာ α€œα€‚်ပေါ် α€”ေα€€ြတ် ခြင်းα€€ြောင့် ထမေα€›ိ
α€€α€”် ထတွα€€်α€œα€Š်း α€žα€ိထားα€›α€”်α€œိုထပ်α€œာပါ
α€α€š်---

α€”ံပါတ်-၃ တရုတ် α€˜α€„်္α€‚α€œားα€’ေးα€›ှ် ပါα€€α€…်စတန်
ထီα€›α€”် α€”ိူင်ငံတို့ ၏ ထကြပ်α€‘α€α€Š်းα€™ျားα€–ြα€…်ပေါ်
α€œာα€™α€Š်α€€ို α€”ေα€€ြတ်α€€ α€›α€Š်α€Šွှα€”်းပြα€”်ပါα€α€š်---

ထိုα€”ေα€€ြတ်α€–ြα€…်စဉ်α€žα€Š် α€™ြα€”်α€™ာထတွα€€် α€™ြောα€€်
α€˜α€€် ခြα€™်းα€–ြα€…်α€žော တရုတ်α€”α€š်စပ် α€˜α€„်္α€‚α€œားα€’ေး
α€›ှ်α€”α€š် စပ် ထခြေα€”ေα€™ျားα€€ို α€žα€ိထားα€›α€”်α€œိုထပ်
ပါα€α€š်--

α€”ေα€€ြတ်ပြီး α€”ောα€€်ပိုင်းထိုα€€ဲ့α€žို့ ထဆိုးα€™ျားα€›ှိα€ž
α€œို ထကောင်းα€™ျားα€œα€Š်းα€›ှိပါα€α€š်။ ထကောင်း
α€™ျားα€€ ဂြိုα€Ÿ်တို့α€žα€Š် α€›ာα€Ÿုα€”ှင့် α€€ိတ်ဂြိုα€Ÿ်α€€ြား
ရပ်α€α€Š်α€”ေα€€ြပါα€α€š်--

ထိုα€žို့α€žောရပ်α€α€Š်α€™ှု့α€€ို α€”α€€္ခတ်α€—ေဒင် α€‘α€šူဆ
ထရ (α€€ာα€œα€žα€—္α€—) α€šုဂ် α€œို့ဆိုα€€ြပါα€α€š်။ α€α€”α€Š်း
ပြောရရင် α€€α€™္α€˜ာα€€ြီးα€›ဲ့ ထမှောင်α€€ာα€œ α€™ို့ α€›ောဂ
ကပ်ဆိုးတွေα€€ မဆုတ်ခွားα€”ိူင်ပါα€˜ူး--

ထခုဆိုα€œျင် α€”ေα€€ြတ်ပြီး တစ်α€œα€α€”့် ထကြာα€œောα€€်
တ္ငင် (α€€ာα€œ α€žα€—္α€—) α€šုဂ်α€™ှ α€‘α€žα€€်ဝိဉာဉ်α€žα€α€„်ဂြိုα€Ÿ်
α€”ေမင်းα€žα€Š် α€›ုα€”်းα€€α€”်α€œွတ်α€™ြောα€€်α€žွားα€™ှာα€™ို့ α€€ာα€œ
α€žα€—္α€—α€šုဂ် ပျα€€်ပြေα€œာ၍ α€€α€™္α€˜ာကပ်α€›ောဂါα€™ျားα€œα€Š်း
α€™α€œွဲ α€™α€žွေ α€€α€™္α€˜ာα€™ြေα€™ှ ဆုတ်ခွာα€žွားα€œိα€™့်α€™α€Š်α€–ြα€…်ပါ
α€€ြောင်း ---

α€™ြα€”်α€™ာα€”ိူင်ငံထတွင်း ထိုα€”ေα€€ြတ်α€–ြα€…်စဉ်၏ ထဆိုး
α€™ျားα€™ှာ α€’ဲ့ α€™α€›ောα€€်α€”ိူင် α€žွα€š်ဝိုα€€်ပဲ့ စင်α€œာα€žော
ထစ α€™ျားα€œောα€€်α€žာα€›ှိα€œိα€™့်α€™α€Š်
Crd

α€žောကကင်းα€…ွာα€›ှင်α€žα€”်ပါ

  α€˜α€α€†ိုတာ α€›ာα€žီα€₯တုဆန်α€α€š်။ ထမြဲတမ်း α€žာα€šာα€™α€”ေα€”ိုင်α€žα€œို ထမြဲတမ်းα€œα€Š်း ဆိုးα€›ွားα€™α€”ေα€”ိုင်ပါα€˜ူး။ α€”ေα€žာတဲ့ထခါ α€›ှိα€™α€š်။ α€™ိုးထုံ့တဲ့ထခါ α€›ှိα€™α€š်။ α€™ိုးα€›ွာတဲ့ထ...