Monday, June 22, 2020

မြစ်ဆုံထက်ပိုပီး မြန်မာပြည်က တရုတ်ကြီး လိုချင်နေတဲ့အရာ.. မိခင်ဧရာဝတီမြစ်

မြစ်ဆုံထက်ပိုပီး မြန်မာပြည်က တရုတ်ကြီး လိုချင်နေတဲ့အရာ.. မိခင်ဧရာဝတီမြစ်ကြီးရဲ့ ဦးခေါင်းကစ တရုတ်ကြီးအဆိပ်ခတ် ခံလိုက်ရပြီလား ..မြစ်ဆုံထက်ပိုပီး မြန်မာပြည်က တရုတ်ကြီး လိုချင်နေတဲ့အရာ..

..မြစ်ဆုံထက်ပိုပီး မြန်မာပြည်က တရုတ်ကြီး လိုချင်နေတဲ့အရာ.. မိခင်ဧရာဝတီမြစ်ကြီးရဲ့ ဦးခေါင်းကစ တရုတ်ကြီးအဆိပ်ခတ် ခံလိုက်ရပြီလား ..မြစ်ဆုံထက်ပိုပီး မြန်မာပြည်က တရုတ်ကြီး လိုချင်နေတဲ့အရာ..၁၉၉၄ ခုနှစ် လောက် ကတည်းက မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံနယ်စပ် ဒေသဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ၊ ဖီမော်၊ စင်ကြိုင်၊ ကန်ပိုင်တီစတဲ့ ဒေသတွေမှာ တရုတ် ကုမ္မဏီတွေက Rare Earth တွေရှာဖွေတူး ဖော်နေခဲ့ကြ ပါ တယ် ။တူးဖော်ပုံက Rare Earth ထွက်တဲ့ လုပ်ကွက် မှာ မြေကျင်း တွင်းဝ အကျယ် ၆ လက်မ၊ အနက် ၁၂ မီတာ အထိတူးပြီး အဲဒီ ကျင်းထဲ ကို အမိုနီယမ်ဆာလ်ဖိတ် (NH4)2 SO4 တွေ ၊အက်စစ်တွေ အပါအဝင် တခြား chemical compound ရောထား တဲ့ အရည်တွေ ထည့် တယ်…


အဲဒီဓာတ်‌ပေါင်းရည်တွေနဲ့ ဓာတ်ပြုပြီး ထွက်လာတဲ့ ပျော်ရည်တွေ ကို ကျင်းတွေအောက် မှာ ဂလှိုဏ်ဖောက်ပြီး သတ္တုရည်တွေ ကို ၁၀-၂၀ လောက်အကျယ်ရှိပြီး မိုးကာစ ခံထားတဲ့ သိုလှောင်ကန်တွေထဲ ကို
ထည့်‌လှောင်ပါတယ် လှောင်ထားပြီး မြေရှားရည်တွေ အနည်ထိုင်လာတဲ့ အခါ အပေါ်ယံ ရေကြည်တွေကို ပြန်စုပ် ထုတ်တယ်၊ ရလာတဲ့ အနည် အစိုတွေ ကိုတော့ အနည် သိုလှောင်ကန်ထဲကို ထည့်ပြီး
အခြောက်ခံထား တယ်လို့ သိရပါတယ် သိုလှောင်ထားတဲ့ အနည်တွေခြောက်သွားပြီ ဆိုရင်တော့ မြေရှား လို့ ခေါ်တဲ့သတ္တု ကို ရရှိပြီဖြစ်လို့ အိတ်တွေထဲ ကို ထည့်ပြီး တရုတ်နိုင်ငံ ကို ကားကြီးတွေနဲ့သယ်ယူသွား ပါတယ် နိုင်ငံတကာမှာ ဘယ်လိုနည်း နဲ့ ထုတ်ယူကြတယ် မသိပေမယ့် အဲဒီနေရာမှာတော့ တရုတ်တွေက အဲဒီလိုနည်းတွေနဲ့ ထုတ်ယူနေကြတာပါ…မြေရှားသတ္တုတူးဖော်တဲ့အခါသုံးတဲ့ ဓာတ်ပေါင်းရည် နဲ့ တူးဖော်နည်း ကို မြင်ယောင်ကြည့် လိုက်ပါ ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲ …ဒီလိုတူးဖော်မှုတွေကြောင့် အဲဒီဒေသမှာ သဘာဝပတ်ဝန်းကျင်ပျက်စီး၊ သက်ရှိတွေ အဆိပ်သင့်သေကျေ ပျက်စီးရတာ မနည်းပါဘူး အခုထိလည်း ခံစားနေကြရတုန်းပါ လမ်းပန်းအဆက်အသွယ်ခက်ခဲတဲ့ဒေသဖြစ်နေတဲ့ အတွက် တခြား လူတွေသိ ပ်မသိခဲ့ကြတာပါ…ကမ္ဘာပေါ် မြေရှားသတ္တု ထွက်ရှိတဲ့နိုင်ငံ‌တွေ ရှိပေမယ့် နိုင်ငံအများစုက မထုတ်ယူကြ ပါဘူး ဘာကြောင့်လဲ ဆိုရင် သတ္တု‌တူးဖော်မှု မှာမြေရှားတူးဖော်မှုက သဘာဝဝန်းကျင် ထိခိုက် ပျက်စီးစေဆုံးဖြစ်နေလို့ပါ ဒါကြောင့် မြေရှားရှိတဲ့နိုင်ငံအများစုက သူတို့ ကိုယ်တိုင် တူးဖော်မှုမလုပ်ကြပဲ သူများဆီကေ နပဲ ဝယ်ကြတာများ ပါတယ်…
ခေတ်မီနည်းစနစ်တွေနဲ့ စနစ်တကျတူးဖော် တဲ့ နိုင်ငံတွေတောင် ဒီလိုလက်ရှောင်ကြတဲ့ မြေရှားသတ္တုကို မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာတော့ မြေကြီးထဲက တီတူးတာထက်ကိုလွယ်လွယ်ကူကူ တူးဖော်နေကြ ပေါပေါများများခွင့်ပြုပေးနေတာပါ…အခုလည်း မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ မြေဧက ၃ သိန်းခန့်မှာ ရွှေ၊ကြေးနီနှင့် ဆက်စပ် သတ္တုများ ရှာဖွေရေး စမ်းသပ်တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်ခွင့် ကို Fortuna Metals Co,Ltdကို ပြီးခဲ့တဲ့ မေလ ချပေးလိုက်ပြန်ပါပြီ…
ရွှေ၊ ကြေးနီနဲ့ ဆက်စပ်သတ္တုရှာဖွေခွင့်မှာ ဆက်စပ်သတ္တုဆိုတာ ပါနေတဲ့ အပြင် Rare Earth ထွက်တဲ့ ဒေသ၊ တူးဖော်နေကြတဲ့ နေရာဖြစ်နေတဲ့အတွက် Rare Earth ရှာဖွေစမ်းသပ်ဖို့ကရာခိုင်နှုန်းပိုများ နေတယ်လို့ ထင် ပါတယ် လက်ရှိချပေးတာက ရှာဖွေစမ်းသပ်ခွင့်ဆိုပေမယ့် သတ္တုဥပဒေအရဆိုရင် ရှာဖွေစမ်းသပ်ခွင့် ရတဲ့ ကုမ္မဏီကပဲ တူးဖော်ခွင့်ရ မှာဖြစ်ပြီးဆက်စပ်သတ္တုလို့ ဆိုထားတဲ့ အတွက်လည်း Rare Earth တွေ့ခဲ့ရင် တူးဖော်ခွင့်ရှိနေပါတယ် ဒီလိုအခြေအနေ မှာ တကယ်လို့ Rare Earth တွေ့ခဲ့မယ်၊ တူးဖော်ခဲ့မယ် ဆိုရင် ဘယ်လိုနည်း နဲ့တူးဖော် ထုတ်လုပ်မှာလဲအပေါ်မှာရေးခဲ့သလို နည်းနဲ့သာ ဆိုရင် မြန်မာတစ်နိုင်ငံလုံးကို အဆိပ်ခတ်လိုက်တာ နဲ့ အတူတူပါပဲ ။ ဘာကြောင့်လဲဆိုရင် ခေါင်လန်ဖူးဒေသဟာ မြန်မာ့အသက်သွေးကြောဧရာဝတီရဲ့ ရေဝေရေလဲဒေသဖြစ်နေလို့ပါ ။
ဘယ်လိုနည်း နဲ့ပဲထုတ်ထုတ် သေချာတာကတော့ အဲဒီနေရာမှာသာ Rare Earth ထုတ်ခဲ့ရင် အနည်းအများ အဆိပ်သင့်ကြရမှာပါပဲ ။
Rare Earth မထုတ်ပဲ တခြားသတ္တုတူးဖော်မယ် ဆိုရင်တောင် နောက်ဆက်တွဲ အနေနဲ့ သစ်တောပြုန်းတီးမယ် သတ္တုတူးဖော်တဲ့နေရာမှာ သုံးတဲ့ ဓာတုပစ္စည်းတွေ လည်း ဧရာဝတီထဲ ရောက်လာ မှာ အသေအချာပါ

Save The Ayeyarwaddy လို့အော်ခဲ့ကြတဲ့ လူတွေလက်ထက်မှာ မှ မြန်မာ့အသက်သွေးကြော ဧရာဝတီလည်း ဦးခေါင်းကစ အဆိပ်ခတ် ခံလိုက်ရပြီလား တွေးမိပြီး စိတ်မကောင်းဖြစ် ရပါတယ်…


Crd...
မူရင်းရေးသား သူအားလေးစားလျှက်
#k.k

No comments:

Post a Comment

သောကကင်းစွာရှင်သန်ပါ

  ဘဝဆိုတာ ရာသီဥတုဆန်တယ်။ အမြဲတမ်း သာယာမနေနိုင်သလို အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။ နေသာတဲ့အခါ ရှိမယ်။ မိုးအုံ့တဲ့အခါ ရှိမယ်။ မိုးရွာတဲ့အ...